““အာဏာရှင်ဟောင်း ဦးသန်းရွှေ သတိလစ်မေ့မျောနေ””

ဒီသတင်လေးက ရန်ကုန် မီးလောင်မှု့ကြောင့် နောက်ရောက်သွားရတဲ့သတင်းလေးပါ

မီးလောင်မှုသတင်းတွေချည်ပဲတက်လာလို့ ဒီသတင်းလေးကိုမတွေ့လိုက်ကြသူများအတွက်

ကော်ပီပတ် လုပ်လိုက်ပါတယ်။။

အာဏာရှင်ဟောင်း ဦးသန်းရွှေ သတိလစ်မေ့မျောနေ
ယခု ထက်တိုင် နိုင်ငံ တော် အာဏာ ကို ချုပ် ကိုင် ထား ဆဲ လို ့
ယူဆရတဲ့ မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဟာ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ ့ညနေ
က မြန်မာ ရုပ်ရှင် ဇာတ်ကားတစ်ခု ကို မြေးဖြစ်သူ နေရွှေသွေးအောင် အပါအဝင် မိသားစု နဲ ့
အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ ့ ညနေမှာ သတိ ပြန်လည် လာ ကာ

နောက်နေ ့ တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်
နေပြီး အခု ထက်ထိ အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း သူ ့ မိသား စု နဲ ့ နီးစပ် သူ တစ်ဦး က
FNG ကို အတည် ပြုပြောကြား ပါတယ်။
ကနဦးက သူဟာ သေဆုံးသွား ခဲ့ ပြီ ဟု သတင်းများ ထွက် ပေါ် ခဲသေး သည် ဟု နေပြည်တော်
ရှိ စစ်တပ် အရာ ရှိ အသိုင်းအဝိုင်း က အတည် ပြုပြောကြားသည်။
အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ ့ ကျန်းမာရေး အခြေအနေ နဲ ့
ပတ်သက်ပြီး ရန်ကုန် မြို ့ က သူ ့မိသား စု နဲ ့ နီးစပ် တဲ့ အကြီးစား စက်မှုလုပ်ငန်း ရှင် တစ်ဦး
က ” တနင်္လာ နေ ့မှာ ကျွန်တော် တို ့ စကြားတယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို ့
သမ္မတရော ၊ ကာကွယ် ရေး ဦးစီးချုပ် ရော အိမ်မှာ အသင့် ရှိနေကြရတယ်။ ကိုမာ လို သတိ
မလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ သူ ့ရဲ ့ လုပ်ဖော် ကိုင် ဖက် တွေ က စင်္ကာပူ မှာ သွား
ပြီး ဆေးကု သစေချင် တယ်။ မိသား စု က သဘောမတူ ဘူး” ဒါနောက် ဆုံး သိရတာ ပဲ ဟု
FNG သို ့ပြောသည်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ပြီး ခဲ့ သည့် မတ်လ ၃၁ ရက်နေ ့က စစ်အုပ်ချုပ် ရေး ယန္တယား
ဖြစ်သည့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ ့ဖြိုးရေး ကောင်စီ ကို ဖျက် သိမ်းကာ အများ
က သံသယ ရှိသည့် အရပ်သား အုပ်ချုပ် ရေး ကို အသက်ဝင်စေခဲ့ သည်။
ပြီးခဲ့ သည့် ဇူလိုင် လ ဆန်း က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် လည်း
သည်းထန်စွာ မကျန်းမမာ ဖြစ် ခဲ့ သည် ဟု သတင်း ရရှိသည်။
၎င်း သည် ယခု ထက် တိုင် သူ၏ ကိုယ်ရံတော် တပ် ဖွဲ ့နှင့် အတူ နေထိုင် ပြီး ၎င်း အဖွဲ ့ မှ ခေါင်း
ဆောင် ဗိုလ်မှုး ကျော်ကျော် သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ ခန္တ
ကိုယ်ကို ပင် စေ့စပ်စွာ ရှာ ဖွေ ပြီး မှ အိမ်ထဲ ဝင်ခွင့် ပြုသည် ဟု သိရသည်။
မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း သည် ၂၀၀ဝ ပြည့် နှစ် က
စင်္ကာပူ ဉ် သွားရောက် ဆေးကုသ ခံယူပြီး ၂၀၀၁ ခု နှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ်ခံရ
သည်။

http://www.thithtoolwin.com/2011/12/blog-post_29.html
ဒီဆိုဒ်မှာဝင်ရောက်ကြည်ရှုနိုင်ပါတယ်

။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။

17 comments

  • Khin Latt

    December 29, 2011 at 8:05 pm

    သူအရင်က ကျွန်မတို့ ပြည်သူ/သား တွေ အပေါ် ဘာလုပ်ခဲ့လုပ်ခဲ့ ၊ ဒီလို အချိန်မှာတော့ လူသားတစ်ယောက် အနေနဲ့ စာနာပြီး စိတ်မကောင်းပါဘူး။
    အားလုံး ဟာ အတိတ်ကံ နဲ့ ဆိုင်တယ်လို့ တွေးပြီး ခွင့်လွှတ် ဖို့ဘဲရှိပါတယ်။
    တကယ်တော့ နုနယ်ပျိုမျစ်မှုမှာ မာနတက်ခြင်း၊ ပညာဂုဏ်မှာမာနတက်ခြင်း။ အာဏာပေါ်မှာ ယစ်မူးခြင်း ဘာဘဲဖြစ်ဖြစ် အားလုံးဟာ မမြဲခြင်းမှာဘဲ လမ်းဆုံးကြောင်း ကျွန်မတို့ အတွက် သံဝေဂ ယူ လို့ရပါတယ်။
    Thanks for your Post ကိုဘီလူးရေ—

  • ငပေါက်ဖော်

    December 29, 2011 at 8:05 pm

    အဲလိုသတင်း ခဏခဏ ကြားရတယ်..
    ဘယ်အချိန်တော့ ကြွမလဲ မသိဘူး..
    သိပ်တော့ မကြာတော့ဘူး..ထင်တယ်..

    လူမုန်းခံပြီး သားစဉ်မြေးဆက်အတွက် လုပ်ပေးခဲ့သမျှ
    သေတဲ့အခါမတော့ နာမည်ဆိုးကြီးသာ သယ်သွားနိုင်ပါလိမ့်မယ် အဘရေ

    လားရာကောင်းအောင် မသေခင်လေး ပြင်သင့်တာသာ ပြင်ထားပေရော့..

  • koyinmaung

    December 29, 2011 at 9:44 pm

    ၂၀၀၈ခုနှစ်ကသတင်းကြီးထင်တယ်…

  • zay

    December 29, 2011 at 9:45 pm

    ဒီသတင်းတကယ်ဆိုရင် သူလုပ်သမျှအပြစ်သူခံရတော့မှာပေါ့ ငရဲမင်းကတော့အသင့်စောင့်နေတော့မှာပေါ့

  • Thel Nu Aye

    December 29, 2011 at 10:29 pm

    ဒီသတင်းကကြာပါပြီ။ ဦးသန်းရွှေနားပြီးသိပ်မကြာခင်မှာထွက်လာတဲ့သတင်းပါ။ ထင်တာတော့မိုးဦး ကျလောက်ကဖြစ်လိမ့်မယ်။ အရမ်းကြာသွားလို့သိပ်တော့မ မှတ်မိပေမဲ့ကြာတော့ကြာပြီဒီသတင်း က။ ပြန်လေ့လာပါဦး။

  • kai

    December 30, 2011 at 4:12 am

    FNG ရဲ့ August 4, 2011 ကသတင်း..အဲ..အဲ.. ဖြစ်ချင်တာလေးတွေ..တိုက်တွန်းတဲ့..ကောလဟသပါ..။
    စိတ်ပိန်ပါတယ်ကွယ်…။ 🙁

  • kokothandar

    December 30, 2011 at 9:07 am

    မသေသင့်သေးပါ ရေဂါမျိုးစုံက ပြည်သူတွေကိုယ်စား ပြန်နှိပ်စက်တာကို အကြိမ်ကြိမ် အခါခါ ခံစားရင်း သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းပေးနေပါတယ် ကြားမှာ ကိုမာရောဂါလဲ မဖြစ်ပါစေနဲ ့
    မျောနေရင် ဝေဒနာဆိုတာလဲ မသိဖြစ်နေလို ့နောင်တတွေ မရနိူင်ဘဲဖြစ်နေပါအုံးမယ်
    သူ ့ဆရာ ကိုနေဝင်း နှာဘူးကြီးတုံးက သူကမီးရှိုခဲ့တယ် ဒီအာဏာရူးကြီးကိုတော့ဘယ်သူကဘယ်လို စီရင်မှာပါလိမ့်မလဲနော်

  • Wow

    December 30, 2011 at 10:56 am

    အင်းမနေ့ကတဲက ဒီသတင်း Facebook နဲ့ သစ်လွင်ထူးဆိုဒ်မှာဖတ်ရတယ်၊ သတင်းအဟောင်း ဒါမှမဟုတ် ကောလဟာလ လို့ထင်လို့မတင်ဖြစ်တော့တာပါ….

  • char too lan

    December 30, 2011 at 12:07 pm

    ဖွဟဲ့!!
    ဖက် ဖက်.. နှုတ်စီးပါစေဗျာ ….

  • moethidasoe

    December 30, 2011 at 1:10 pm

    သတင်းအဟောင်းကြီးပါ ..
    ဒီအချိန်မှာ သူ့အကြောင်း ဘာ တင်တင် ဘယ်သူမှ စိတ်မဝင်စားတော့ပါ

    တကယ်

    (နာရေးမှ အပ)

  • pwint pwint

    December 30, 2011 at 2:50 pm

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

    kai says:
    FNG ရဲ့ August 4, 2011 ကသတင်း..အဲ..အဲ.. ဖြစ်ချင်တာလေးတွေ..တိုက်တွန်းတဲ့..ကောလဟသပါ..။
    စိတ်ပိန်ပါတယ်ကွယ်…။ 🙁
    Do & Don’t (Rules) ထဲက ဥပဒေ အမှတ် (၄) ကို ကျူးလွန်ဖောက်ဖျက်ပြီး ဖော်ပြထားတဲ့သတင်းကို အယ်ဒီတာချုပ်သူကြီးကိုယ်တိုင် ထောက်ခံအားပေး ကွန့်မန့်တွေရေးနေတာကို စိတ်တိုင်းမကျပါ။ ကိုယ်ရေးထားတဲ့ဥပဒေတွေ ခေတ်နဲ့မလျော်ညီဘူးတော့ဘူးထင်ရင် ရဲရဲဝံ့ဝံ့ဖြုတ်ပစ်စေချင်ပါတယ်။ အနီကာလာ ကနေ အပြာကာလာမျိုး ပြောင်းရုံနဲ့မလုံလောက်ပါဘူး။ ကိုယ်ကိုယ်တိုင် မလိုက်နာနိုင်တဲ့ စည်းကမ်းဥပဒေမျိုးကို အများတကာကို လိုက်နာခိုင်းဖို့ မသင့်တော်ပါ။

  • char too lan

    December 30, 2011 at 3:24 pm

    ဟိုက်ရှ်လကာရည် !!!! 😯

  • chityimhtoo

    December 30, 2011 at 3:49 pm

    အဟေးဟေးဟေး…မိုးဟေကိုလိမ်းတဲ့ လိုးရှင်းလိမ်းပေးလိုက်ရမယ်။ဒါမှငရဲပြည်ရောက်ရင်အပူသက်သာမှာ..

  • zaw

    February 27, 2013 at 3:57 pm

    တနှာရူးသေမှအေးမယ်

    သေလည်းအေးတာပဲ

  • mamanoyar

    February 27, 2013 at 4:11 pm

    ဒီသတင်းက ကြာပြီထင်တယ် အရင်နှစ်ကဖတ်ဖူးတယ်

    • နေဝန်းနီ

      February 27, 2013 at 9:49 pm

      ဖတ်ဖူးမှာပေါ့ အဟောင်းကြီးကို တော်တော်မေတ္တာရှိနေကြတယ်ထင်ပါ့ သူလည်းလေ လောကီးသားပေမို့ …………….. မပူပါနဲ့ တစ်နေ့ သေမှာပါ

Leave a Reply