ကူတို့ဆိပ် ….

fattyDecember 29, 20111min923

ဒလဘက်ကိုကူးတဲ့ ဒီသမ္ဗာန်တွေပေါ်မှာ
တလောက သိန်းရာနဲ့ထောင်နဲ့ချီပြီးတင်လို့
ကူးချီသန်းချီလုပ်နေကြလေရဲ့။
ဒလ ဘက်ကမြေကွက်တွေကိုအလုအယက်ဝယ်ကြတာလေ
အခု ၁ဝ ပေ x ၅ဝ ပေ တကွက် ကို သိန်း ၅ဝ လောက်ဖြစ်နေပါပြီ။

တလောက ပေ ၅ဝ ပါတ်လည်တကွက်ကို သိန်း ၇ဝ နဲ့ယူပါလားတဲ့
ဟော တပါတ်ဘဲရှိသေးတယ် သိန်း ၇၀ဝ ဖြစ်သွားပါတယ် ။
အဝေးရောက်တို့ စီစဉ်နိုင်အောင် သတင်းလေးပေးတာပါ ..။
ရင်းနှီးမြှုပ်နှံမှုလေးလုပ်ထားနိုင်အောင်လို့လေ …။

အခုရက်ပိုင်း ကြည့်မြင်တိုင် ဟိုဘက်ကမ်းမှာဟော့နေပြန်ပါပြီ။
နောက်မကျစေကြနဲ့ပေါ့ ….။

3 comments

  • comegyi

    December 29, 2011 at 11:07 pm

    လေးဖက်ရေ့
    ဓါတ်ပုံလေးတွေကို အဝကြည့်ထားဦးမှ
    နောက်ဆို ဒီနေရာ ဒီလိုလေးတွေ
    ရှိမှာ မဟုတ်တော့ဘူး …..

  • char too lan

    December 30, 2011 at 10:32 am

    အရင်ကမြေဝယ်ထားတဲ့ လူတွေတော့ ထောပေါ့
    ပြောမယ့်သာပြောတာပါ…. ကျူးကျော်တွေကပိုများသား
    အခုဘယ်လိုဖြစ်နေလဲဆိ်ုတော့ သံလျှင်အောင်ချမ်းသာနဲ့ တစ်ချို ့နေရာတွေမှာ မြေပ်ိုင်ရှင်တွေကပစ်ထားတာကြာနေပီဆိုရင် ရပ်ကွက်လူကြီးက
    မြေကိုဌားစားထားတယ် နှစ်ရှည်လများနေကြလာပီး အခုဈေးတွေတက်လာတော့
    မြေရှင်တွေကရောင်းမယ်လဲဆိုရော .. နှစ်ရှည်လများနေလာတဲ့သူတွေနဲ့ ကွိုင်ရော.. ဒင်းတို့တောင်းချက်ကြီးတွေကလန်ထွက်နေတာနော် မြေရှင်ထက်ကိုပိုလိုချင်နေကြတာ။
    သူတို့ဆောက်ထားတဲ့ ခပ်ရဲ ့ရဲ ့အိမ်လေးတွေက ၁ဝသိန်းလောက်ကုန်ထားပါတယ်ဆိုပဲ…။ သံလျှင်၊ ဒလ၊ မှော်ဘီ စတဲ့နေရာတွေမှာ အမှုတွေတက်လာတာများ … ရပ်ကွက်လူကြီး၊ ရပ်ကွပ်ငှက်ကထ၊ ရှေ့နေ၊ တရားသူကြီး၊ ဘာကြီး၊ ညာကြီး အကုန်ထောကြောပဲ လေးဖက်ရေ….

  • windtalker

    January 1, 2012 at 7:32 pm

    အချီကြီး ပွတဲ့အခါကြရင်
    ဦးဖက်တီး ကို လိုက်ပို ့ခိုင်းမယ်နော
    ပြီးရင်
    ဆယ်ကွက်လောက် ဝယ်ပြီး ဥထားလိုက်မယ်ဗျာ

Leave a Reply