မိနစ်ပုတ်ပြတ်စနစ်နဲ့ Skype ဝယ်နိုင်ပြီ

klnMay 29, 20101min401

နိုင်ငံတကာကိုဖုန်းခေါ်ဆိုနိုင်တဲ့ Skype ကလစဉ်မိနစ်ပုတ်ပြတ်စနစ်နဲ့ ကြိုက်နှစ်သက်တဲ့နိုင်ငံအလိုက် ရွေးချယ်ဝယ်နိုင်ပြီလို့သိရတယ်။ ပုတ်ပြတ်စနစ်ကို ဇွန်လ ၁ရက်နေ့ကစပြီး အသုံးပြုနိုင်မှာပါ။ လာရောက်ငွေမသွင်းနိုင်တဲ့သူတွေအတွက် အိမ်တိုင်ရာရောက်ကောက်ခံပေးမယ်လို့ဆိုပါတယ်။ လစဉ်ပုတ်ပြတ်စနစ်နဲ့မိနစ် ၆၀၊မိနစ်၁၂၀၊မိနစ်၁၀,၀၀ဝအထိဝယ်နိုင်ပါတယ်။ ပုတ်ပြတ်စနစ်ဝယ်မယ်ဆိုရင် ထိုင်း၊ စင်ကာပူ၊ အမေရိကန်၊ ကနေဒါတို့ကို တစ်မိနစ် ၇၅ပြားသာကျသင့်မယ်လို့သိရတယ်။ ‘ပုတ်ပြတ်စနစ်ကြောင့်ခေါ်ဆိုခတွေက ကျပ် ၁၀ဝလောက်ဈေးကျသွားတယ်၊ ပုတ်ပြတ်စနစ်မသုံးချင်ရင်လဲ အရင်ကလိုကြိုက်သလောက်ပြော ကျသလောက်ရှင်းစနစ်နဲ့ပဲဆက်ခေါ်နိုင်တယ်’လို့ Skyper Business Group မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သူက ‘Skype ရဲ့အားသာချက်က ဗီဒီယိုနဲ့အခမဲ့ပြောနိုင်တယ်၊ မြန်မာဘာသာနဲ့ချက်နိုင်တယ်၊မြန်မာဘာသာနဲ့လဲအိုင်ဖုန်းကိုအက်စ်အမ်အက်စ်ပို့နိုင်တယ်။ သူငယ်ချင်းလေးငါးယောက်နဲ့စကားဝိုင်းဖွဲ့ပြောဖို့တစ်ပြိုင်နက်ခေါ်ဆိုပြီး ဖုန်းပြောနိုင်တယ်’လို့ပြောပါတယ်။ Skype ရဲ့မိနစ်ပုတ်ပြတ်စနစ်ကို စင်ကာပူ၊ထိုင်း၊ ဟောင်ကောင်၊ အမေရိကန်၊ တရုတ်၊ မလေးရှား၊ ဒူဘိုင်း၊ ကိုရီးယား၊ ဂျပန်၊ တရုတ်(တိုင်ပေ) ၊ဂျာမနီ၊ နော်ဝေ၊ ဗြိတိန်၊ ရုရှား၊ မြန်မာ၊ အိနိ္ဒယ၊ ကာတာ၊ အိုမန်၊ ဩစတြေးလျား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နိုင်ငံတွေမှာဝယ်ယူနိုင်တယ်လို့သိရကြောင်း ၂၀၁ဝခုနှစ်မေလ ၂၈ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။