သားအတွက် မယားအတွက်

အမေ့အတွက် အဖေ့အတွက်

ညီငယ်နှမငယ် အတွက်

 

ငါ့ကိုအားကိုးနေတဲ့

မျှော်လင့်ချက် ပါးစပ်တွေအတွက်

ငါ့ကိုအားကိုးနေတဲ့

မျှော်လင့်ချက် ပန်းတိုင်တွေအတွက်.

ငါ့ကိုအားကိုးနေတဲ့

မျှော်လင့်ချက် အနာဂတ်တွေအတွက်

ငါ့ကိုမှီခိုနေတဲ့…..အတွက်…

အတွက်……………………..အတွက်..

 

ဇယားတွေဆွဲ အစီအစဉ်တွေချ

စိတ်ကူးတွေနဲ့  ရွှင်ပြ

ရှုပ်ပွေလှတဲ့ ဘ၀ခဏမှာ ရသလိုတော့ ပျော်အောင်နေရမှာပဲဟေ့

 

အင်း………….

မနက်ဖြန်အတွက် တောင်တောင်အီအီ  တွေး

အိပ်ရေးမ၀လို့  မိုးလင်းမှ ကြောင်စီစီမဖြစ်ဖို့ အရေး

အလကားရတဲ့ အိပ်စက်ခြင်းဆိုတဲ့ အားဆေးသာ

ငါ့အတွက် အသင့်တော်ဆုံးမို့ 

မျက်လုံးစုံမှိတ် မီးတွေပိတ်

သြော်…………..

သူတို့ တွေလဲ အိပ်ကြပါကောလား

 

ဥာဥ့်နက်လေ ချမ်းအေးလေ

အို….ဟေမာန်ဆောင်းရေ

တစ်ရေးအနိုးမှ

နင်ခြွေတဲ့လေကို ငါ့အညာစောင်က မခုခံနိုင်မှန်းသိပါရဲ့

 

အေးတယ်..ချမ်းတယ်

အနွေးထည်လဲ ငါ့ကိုမကယ်…

မိုးနတ်မင်းကြီးရေ့..

နွေးနွေးထွေးထွေးလေး ဇိမ်ယူခွင့်ရရင်

ဘယ်ပြောလို့ ကောင်း……..ကောင်း….

 

အုန်း.၀ုန်း.ဂျိမ်း.ဂျုံး..ဘုန်း..ခွမ်း..ဒိုင်း..ဂျလိမ်း..ဂျလိမ်း..

ဂိုထောင် ပေါက်တာတဲ့……..ပေါက်တာတဲ့..

ပေါက်တာတဲ့

 

ဒါဆို…………….

ဒါဆို…………………….

ဘယ်မလဲ င့ါသား.င့ါမယား

ဘယ်မလဲ င့ါခါး င့ါခေါင်း ငါ့ခြေချောင်း

ဘယ်မှာလဲ င့ါအသက် င့ါလက်

ဘယ်မလဲ င့ါအနာဂတ် ၀မ်းတစ်နပ်

ဘယ်မလဲ….. င့ါမြေငါ့ခြံ င့ါကာရံ

ဘယ်မလဲ…..ငါ့…

ဘယ်မလဲ…..ငါ့………..

ဘယ်မလဲ…..င့ါ……………………..

ဘယ်မလဲ..ဘယ်မလဲ………………………………..

 

 

 

 

အပူလှိုင်းဖြတ်တဲ့ ဆောင်းနံနက်

ကြိုသိခွင့်ရှိရင်

ငါ………………………………….

စောင်တောင်မခြုံတော့ဘူးဟေ့

:cry:

 

ကျနော်..

ကဗျာလဲ မရေးတတ်ပါ

စာလဲ သေချာမရေးတတ်ပါ

ဒါဟာ..

ကဗျာလား..စာလား ကျနော်သေချာမသိပါ

 

သေချာတာကတော့

မင်္ဂလာတောင်ညွန့် ပေါက်ကွဲမှုမှ ပေါ်ထွက်လာတဲ့

ကျနော့်ရင်ထဲက တုန်ခါမှုသာဖြစ်ပါတယ်

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး