အပူလှိုင်းဖြတ်တဲ့ ဆောင်းနံနက်

ဂ်စ္စူDecember 29, 20111min22328

သားအတွက် မယားအတွက်

အမေ့အတွက် အဖေ့အတွက်

ညီငယ်နှမငယ် အတွက်

 

ငါ့ကိုအားကိုးနေတဲ့

မျှော်လင့်ချက် ပါးစပ်တွေအတွက်

ငါ့ကိုအားကိုးနေတဲ့

မျှော်လင့်ချက် ပန်းတိုင်တွေအတွက်.

ငါ့ကိုအားကိုးနေတဲ့

မျှော်လင့်ချက် အနာဂတ်တွေအတွက်

ငါ့ကိုမှီခိုနေတဲ့…..အတွက်…

အတွက်……………………..အတွက်..

 

ဇယားတွေဆွဲ အစီအစဉ်တွေချ

စိတ်ကူးတွေနဲ ့ ရွှင်ပြ

ရှုပ်ပွေလှတဲ့ ဘဝခဏမှာ ရသလိုတော့ ပျော်အောင်နေရမှာပဲဟေ့

 

အင်း………….

မနက်ဖြန်အတွက် တောင်တောင်အီအီ  တွေး

အိပ်ရေးမဝလို ့ မိုးလင်းမှ ကြောင်စီစီမဖြစ်ဖို ့အရေး

အလကားရတဲ့ အိပ်စက်ခြင်းဆိုတဲ့ အားဆေးသာ

ငါ့အတွက် အသင့်တော်ဆုံးမို ့

မျက်လုံးစုံမှိတ် မီးတွေပိတ်

ဪ…………..

သူတို ့တွေလဲ အိပ်ကြပါကောလား

 

ဉာဉ့်နက်လေ ချမ်းအေးလေ

အို….ဟေမာန်ဆောင်းရေ

တစ်ရေးအနိုးမှ

နင်ခြွေတဲ့လေကို ငါ့အညာစောင်က မခုခံနိုင်မှန်းသိပါရဲ့

 

အေးတယ်..ချမ်းတယ်

အနွေးထည်လဲ ငါ့ကိုမကယ်…

မိုးနတ်မင်းကြီးရေ့..

နွေးနွေးထွေးထွေးလေး ဇိမ်ယူခွင့်ရရင်

ဘယ်ပြောလို ့ကောင်း……..ကောင်း….

 

အုန်း.ဝုန်း.ဂျိမ်း.ဂျုံး..ဘုန်း..ခွမ်း..ဒိုင်း..ဂျလိမ်း..ဂျလိမ်း..

ဂိုထောင် ပေါက်တာတဲ့……..ပေါက်တာတဲ့..

ပေါက်တာတဲ့

 

ဒါဆို…………….

ဒါဆို…………………….

ဘယ်မလဲ င့ါသား.င့ါမယား

ဘယ်မလဲ င့ါခါး င့ါခေါင်း ငါ့ခြေချောင်း

ဘယ်မှာလဲ င့ါအသက် င့ါလက်

ဘယ်မလဲ င့ါအနာဂတ် ဝမ်းတစ်နပ်

ဘယ်မလဲ….. င့ါမြေငါ့ခြံ င့ါကာရံ

ဘယ်မလဲ…..ငါ့…

ဘယ်မလဲ…..ငါ့………..

ဘယ်မလဲ…..င့ါ……………………..

ဘယ်မလဲ..ဘယ်မလဲ………………………………..

 

 

 

 

အပူလှိုင်းဖြတ်တဲ့ ဆောင်းနံနက်

ကြိုသိခွင့်ရှိရင်

ငါ………………………………….

စောင်တောင်မခြုံတော့ဘူးဟေ့

😥

 

ကျနော်..

ကဗျာလဲ မရေးတတ်ပါ

စာလဲ သေချာမရေးတတ်ပါ

ဒါဟာ..

ကဗျာလား..စာလား ကျနော်သေချာမသိပါ

 

သေချာတာကတော့

မင်္ဂလာတောင်ညွန် ့ပေါက်ကွဲမှုမှ ပေါ်ထွက်လာတဲ့

ကျနော့်ရင်ထဲက တုန်ခါမှုသာဖြစ်ပါတယ်

 

28 comments

  • comegyi

    December 30, 2011 at 12:49 am

    ဒါကဗျာဟုတ်ဟုတ် မဟုတ်ဟုတ်
    ကဗျာရေးတတ်တတ် မတတ်တတ်
    ဒါ ပေါက်ဖော်ရဲ့
    စာနာနှလုံးသား အလှတရားဖြစ်ပါကြောင်း …..
    ………….
    ငပေါက်ရေ့
    ကဗျာလေး အရမ်းကောင်းပါတယ် ……..

  • padonmar

    December 30, 2011 at 12:54 am

    ဟုတ်ပါရဲ့ ကပေါက်ဖော်ရယ်၊
    နောက်ဘဝဆိုတာ မနက်ဖန်ထက်နီးတယ်တဲ့။
    နာဂစ်အပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ အခုတော့ ကျွန်မတို့ရင်ထဲလည်း တုန်ခါမိပါတယ်။

  • MaMa

    December 30, 2011 at 6:31 am

    ပေါက်ဖော်ရဲ့ တုန်ခါမှုက လူတိုင်းရဲ့ရင်ထဲက တုန်ခါမှုကို ဖော်ပြပေးလိုက်သလိုပါပဲ။ 🙁

  • koyinmaung

    December 30, 2011 at 8:48 am

    ကံကြမ္မာဆိုးဆိုတာ အချိန်အခါသတ်မှတ်မှု့
    မရှိတဲ့ပြရုပ်တခုပါလား..
    ကွယ်လွန်သွားကြတဲ့ပြည်သူတွေနဲ့ဝန်ထမ်းအားလုံး
    ကောင်းရာမွန်ရာရောက်ကြပါစေလို့ဘဲဆုတောင်းလိုက်ပါတယ်..
    ………ကိုပေါက်ဖော်ရေ……….

  • Shwe Tike Soe

    December 30, 2011 at 8:54 am

    အော်ကိုဖော်ကြီးရယ်… ကိုဖော်ကြီးတုံသလို ကျွန်တော်လဲ တုံပါတယ် ရင်…. ကိုဖော်ကြီးမှာ ရင်တုံရင် ဖြေစရာ ပုလင်းလေးကိုင်းထားသေးတယ်…… ကျွန်တော်တို.မှာဖြင့် ရှိတောင်မရှိဘူး….. 😀

  • htoosan

    December 30, 2011 at 9:48 am

    မတော်တဆ အဖြစ်ကနေ တုန်ရတာ ထက် လူလုပ်လို့တုန်ကြရတာ ပိုလို့ ဝမ်းနည်းဖို့ကောင်းပါတယ်။
    နယ်စပ်များမှ လက်နက် ဗုံး ပေါက်ကွဲ တုန်ခါသံများ အမြန်ရပ်တန့်နိုင်ကြပါစေ။ အဲ့ဒိ တုန် သံ တွေ ကြားမှာ ကြောက်နေရသူများ ဘယ်လိုနေကြမလဲနော် .. 😳

  • ငပေါက်ဖော်

    December 30, 2011 at 9:54 am

    မင်္ဂလာတောင်ညွန် ့
    ပုံတွေပါ မြင်ရပြီးနောက်
    ကျနော် တစ်ကယ်ကို ကြောက်မိတယ်ဗျာ
    အနီးနားကလူတွေ
    ကိုယ့်ကိုယ်ကို ဘယ်လိုသေလို ့သေမှန်းတောင် သိခွင့်ရလိုက်မယ်မထင်

    ဒီလိုအဖြစ်ဆိုး အမျိုးမျိုးမှ
    လူတိုင်း
    ကင်းဝေးနိုင်ကြပါစေ..ရှောင်ကျဉ်နိုင်ကြပါစေဗျာ..

    ကျနော့တုန်ခါမှုကို အဓိပ္ပါယ်ဖော်ပေးတဲ့.နားလည်ပေးတဲ့ ရွာသူ၊ရွာစားအပေါင်းအားလဲ အထူးပဲ
    ကျေးဇူးတင်ပါလယ်ချင့်
    😆

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 30, 2011 at 10:05 am

    ကိုယ့်ကို အားကိုးနေကြတဲ့သူတွေ
    ဟိုလူတွေ
    ဒီလူတွေ
    သူတို့တွေ
    ဪ…………………………….
    ငါ့ကိုယ်ငါမေ့နေလိုက်တာ
    ငါသူတို့တွက် ပူသလောက် သူတို့ ငါ့တွက်မပူကြပါလား
    ငါ့အတွက်ငါပူပန်ကြည့်ဦးမှ
    ဪ …………….
    ငါ တော်တော်ပူနေတာဘဲ
    ပူဆို မနေ့က ပေါင်းထားတာတွေ များနေတဲ့ဟာ
    မဖြစ်ဘူး နှုတ်ရမယ်
    ဂွပ် ဂွပ် ဂွပ်
    ဟိုက် !!!!!!!!!!!! အနှုတ်လွန်သွားပြီ ပြန်ပေါင်းမှ
    ဂွပ် ဂွပ် ဂွပ် … အေ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ဘယ်ခွေးးးးးးးးးးးးးမှ လူမထင်ဘူး
    အလို !!!!!!!!!!!!!!!!!!!! များသွားပြန်ပြီ ပြန်နှုတ်ဦးမှ
    ဂွပ် ဂွပ် ဂွပ်
    ပြန်ပေါင်းဦးမှ ဂွပ် ဂွပ် ဂွပ်
    အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း အနှုတ် အပေါင်း

    • ချစ်စ/ဆ ရာ

      December 30, 2011 at 10:09 am

      သင်တို့၏ နောက်ဆုံးဘဝများ စိတ်တိုင်းကျစေဘို့ အရေး
      မနှေးပင်ယ္ခု ဆက်သွယ်ပါ
      ချစ်စ/ဆရာ
      အခေါင်းရောင်းဝယ်ဖေါက်ကားရေး CO,LTD

      • ကြောင်ကြီး

        December 30, 2011 at 11:41 am

        ဘပုအတွက်ဆိုရင် ကြောင်ကြီးတာဝန်တယ်။ မေပေါင်ရေ..ဖဲဝိုင်းလေလံပစ်ဖို့ရှိဒယ်၊စိတ်ဝင်စားရင် အမြန်ဆက်သွယ်ပါ။
        ကပေါက်ဖော်ရေ….
        တုန်ခါမှ
        ပုံလာမယ်
        နုံခြာလို့မဟုတ်
        ရုံခါချင်လို့ပါ..။။။ 😀

        • windtalker

          December 30, 2011 at 10:00 pm

          တုန်ခါ လို ့ခြုံခါချင်ပြီ ဆိုရင်တော့
          ကြုံလာလို ့ပြောရဦးမယ်
          ၁၉လမ်းက ငါးဖင်တုတ်ထိုး
          ငါးဖင်တုတ်ထိုး တဲ့ဗျာ
          မှတ်ထားနော်

        • ငပေါက်ဖော်

          December 30, 2011 at 10:34 pm

          ဟဲ့.. ဟဲ့..
          ငါးဖင်ကနေ
          င့ါဖင် ဖြစ်လို ့ကတော့ မချောင်လှဘူးကွဲ ့

    • ငပေါက်ဖော်

      December 30, 2011 at 10:14 am

      တယ်..
      ဒီအဖွားကြီး ဟိုကန်မတွေ..
      ကုန်းကုန်း ကုန်းကုန်းနဲ ့..မျက်စိနောက်သကွဲ ့

      ဖင်ကို ဒူးနဲ ့တိုက်လိုက်ရ
      ဂျွမ်းပစ်တော့မယ်

      2012 မရောက်ခင်ကတည်းက ကြိုလှုပ်နေကြဘီ…ဘွားဆူးရေ

      • ကြေးမလောင်

        December 30, 2011 at 5:50 pm

        ကြေးမလောင် လည်း ကိုပေါက်ဖော် လှုပ်ပြီးရင် ကြေးမလောင် အရင် လှုပ်တာ ကွန်မန်း မပေးရသေးလို့ လူမမြင်တာ.. ဟိဟိ..
        သူကျတော့ လှုပ်ပြီး.. သူများ လှုပ်တာ ကြည့်မရ ဖြစ်ပုံရတယ်။

  • etone

    December 30, 2011 at 11:09 am

    ကိုပေါက်ဖော်ရဲ့ အရေးသားကတော့ လန်ထွက်နေတာပဲနော် … ။ ထိထိမိမိရေးပြသွားနိုင်တဲ့ ကဗျာကောင်းလေးတပုဒ်မို့ နှစ်သက်မိပါတယ် … ။

    • zarlay

      December 30, 2011 at 12:42 pm

      ကိုပေါက်ဖေါ် ရဲ့ကဗျာကိုဖတ်ပြီး အရမ်းကို နှစ်ခြိုက်စွာခံစားမိတဲ့အတွက် ကျေးဇူးအရမ်းကိုတင်ပါတယ် တဆက်တည်း မြန်မာပြည်အတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးလည်း တဦးနဲ့တဦး စေတနာ ထားကြပြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့နေထိုင်နိုင်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲနော်

  • char too lan

    December 30, 2011 at 1:08 pm

    တော်တယ် တကယ်ချီးကျူးပါတယ်
    ပျင်းနေလို့ပဲ ရေးရေး
    အလုပ်မရှိလို့ပဲ ရေးရေး
    လက်ကြောမတင်းလို့ပဲ ရေးရေး
    ရသပေါ်လွင်ပါတယ် …………..
    သေပီးဘာဖြစ်မလဲမသိပေမယ့်
    သေဖို့ အဆင်သင့်ထားမှရမယ် ….

  • ကိုရင်စည်သူ

    December 30, 2011 at 1:22 pm

    ကြိုက်ဒလယ်… ကြိုက်ဒလယ်..
    အဲ့ဒါ မော်ဒန်ပို့စ်…
    အဲ့လိုအရေးအသားတွေ
    အဲ့လို တက်တူးနဲ့
    လူကြီးရဲ့ ခေါင်းထဲမှာရှိတာ
    ထင်ကိုထင်ဝူး… ဟီးးး 😛 😛 😛

  • ငပေါက်ဖော်

    December 30, 2011 at 3:18 pm

    အခုလိုအားပေးကြတဲ့အတွက်
    ရွာစူရွာစားအပေါင်းအား အထူးပဲ ကျေးဇူးတင်ပါလယ်ဂျာ

    • inz@ghi

      December 30, 2011 at 3:23 pm

      အားပေးနောက်ကျတွားဒါ ခွင့်လွှတ်ပေးဇေဂျင့်…

      • ငပေါက်ဖော်

        December 30, 2011 at 3:33 pm

        ဝုတ်ကဲ့ပါချင့်
        ခွင့်လွတ်ပါလယ်ချင့်
        😆

  • “ဘီလူးကြီး”ogre

    December 30, 2011 at 7:41 pm

    ငပေါက်ကြီးရေ
    ပေါက်ကွဲသံကြောင့် ငါလဲခုထိရင်တုန်မပြောက်သေးဘူး
    ရင်းတုန်ပျောက်အောင်..ဂွပ်..ဂွပ်…အေ့…
    ကောင်းတယ်စတော်ဘယ်ရီလိုပဲ…အေ့…. 🙂 😛

  • “ဘီလူးကြီး”ogre

    December 30, 2011 at 8:34 pm

    ဟယ်ငါမျက်စေ့မှားတာလား
    post by မှာ ချစ်စ/ဆရာတဲ့
    ဖွင့်တော့ ငပေါက်ဖော်ကြီးဟ

    • ငပေါက်ဖော်

      December 30, 2011 at 8:51 pm

      လျှော့သောက် လျှော့သောက် 😆

      အရဂါးနောက်ဒါ
      အနော်လျှောက်ဆော့နေဒါပါ

  • unclegyi1974

    December 30, 2011 at 10:22 pm

    ဒါကြောင့်ပြောတာမန်းတောင်ရိပါခိုလို့
    ဒို့မန်းလေးမှာဒါမျိုးတခါမှမရှိ
    မန်းလေးကြောက်တာမီးတခုပဲရှိ
    ကြောက်ကြောက်

  • pooch

    December 30, 2011 at 10:46 pm

    ပေါက်ဖော်ရဲ့ ရင်တွင်းဖြစ်လေးက ရင်ထဲက လာတာမို့ …. ဖတ်ရသူများကိုလည်း ရင်ထဲထိအောင် တုန်ခါစေပါတယ်…….
    မသိမသာနဲ့ ပေါက်ဖော်တယောက်လည်း ပိုပိုတော်လာတယ်မှတ်တာပဲ…..

  • yaungchikha

    December 31, 2011 at 9:38 am

    ကိုပေါက်ဖော် ကဗျာလေးက ကောင်းတယ်…………..
    “အပူလှိုင်းဖြတ်တဲ့ ဆောင်းနံနက်
    ကြိုသိခွင့်ရှိရင်
    ငါ………………………………….”
    ကဗျာလေးဖတ်ပြီး တုန်ခါသွားပါတယ်နော် …………… 🙂

    • ငပေါက်ဖော်

      December 31, 2011 at 9:44 am

      သများကု ခုလို အားပေးကြလို ကျေးဇူးတင်ပါလယ်ချင့်
      နောက်လဲ အားပေးကြပါချင့်
      ပုံ၊
      သများပေါက်

Leave a Reply