ဒီနေရာက ဘာလုပ်ဖိုပါလိမ့်

ngayeDecember 30, 20111min606

ဆေးရုံ ဆိုတာဆေးကုတဲ့နေရာလား။စာမေးပွဲဖြေရင်ခိုးချတဲ့နေရာလား

သမားတော်ဆိုတာဆေးကုတဲ့လူလား သူခိုးအားပေးလား

တခါတလေ ငရဲစိတ်ကုန်မိတယ်။ တကယ်ကြိုစားတဲ့လူတွေနေရာမရဘဲ အချောင်သမားတွေနေရရအောင် လုပ်ပေးတဲ့လူတွေကိုပေါ့

good govermentလိုအော်နေတဲ့အခါမှာပေါ့

တခါကဖြစ်ခဲ့တာပြောပြအုံးမယ်

ကြီးကြီမားမား လူကြီမင်းလေး လေးယောက်ဟာ သူတိုအရည်အမှန်ကိုပြသဖိုအတွက် ဘွဲစာမေးပွဲကို ဆေးရုံကိုအသုံးချခဲ့တာလေပါ

အထောက်လေးနဲ့ပေါ့

18.12.2011နေမှာမိတ္ထီလာကပြည်သူဆေးရုံးကြီးမှာပထမ(၂)ဦးဆေးရုံးအတက်ပြတယ်။နောက်ရက်တွေမှာနောက်နှစ်ယောက်ကလိုက်တက်ပြတယ်ဗျာ။

အတက်ပြတယ်လိုပြောတာနော။သားခများတွေကဆရာဝန်တွေဒုက္ခများမှာစိူးလိုဆေးရုံနားတောင်မသီဘူး။ဆေးရုံကိုဆေးရုံတက်လက်မှတ်ဘဲလာတယ်။

လူကမရှိ။ပိုင်သပေါ့.။ဒါပေသိဆေးရုံ့ကိုအဲလိုလုပ်ဖိုဆိုတာ တယောက်ယောက်တော့ပါနေပြီးပေါ့။လက်မှတ်ကလေးတော့ရောတင်ပေးလိုက်ပါတယ်။အဲဒီလက်မှတ်နဲ

အတူအထူကုသမားတော်ရဲစာတိုလေးပါဖတ်ကြည်ပေါ့

လူကြီးမင်းတွေက စာကူးပွဲအဲမှားလို စာမေးပွဲဖြေဖိုနာရီပိုင်းအလိုမှဆေးရုံးကိုရောက်လာတယ်။ပြီးတော့စာမေးပွဲဖြေဖို့သီးသန့်စီစဉ်ပေးထားတဲ့အခန်းထဲမှာပုံနှိပ်စာအုပ်ကြီးတွေနဲ

ကူးတော့တာပါဘဲ။ကသာတောင်တချိုလူကြီးမင်းတွေက ကူးရမှာတောင်မသိလိုအခန်းထိုင်အဲအဲ အခန်းစောင့်ဆရာမကတော ညွန်းတော်မူရတယ်။

မောင်မင်းကြီးသားများကဘွဲရမှရာထူးတက်မှာဆိုဘဲ။သူတို့တာဝန်နဲပတ်သတ်တဲလူတွေကိုရင်ပူလိုက်နော။

ပြီးသာနဲချက်ချင်တန်းပြန်တော့တာဘဲ။အဲအဲပြောဖိုမေ့သွားတယ်။အခန်းစောင့်ဆရာမကလေးက ပုဒ်မလေးနဲအညီဆိုဘဲ

တကယ်ဆေးရုံးတက်ပြီးကျိုးနေတဲ့ကလေးကို ဟိုဘက်ဒီဘက်မလှည်ရဘူးလို့တောင်ငေါက်ပြီး တိကျဖြေစေတဲ့ဆိုဘဲ

စေတနာတွေစေတနာတွေ

ကဲ

ဒီလိုကိစ္စတွေမှာဘယ်သူတွေတာဝန်ရှိလဲ။အဲသည်ကဆရာဝန်ကြီးသိပ်ကြင်နာတတ်တာနော

ဆေးရုံးကအလုပ်သင်ဆရာဝန် မြွေကိုက်တာတောင်လာမကြည်ဘူး။

တခါကကြုံဖူးတာပြောပြအုံးမယ်

ငရဲတိုကို   တပ်ကြပ်ကြီးယောက်ပြန်ပြောပြတာ

သူခများ ရှေးတန်းကပြန်လားနှစ်ပတ်ဘဲရှိသေးတယ်။အဝေးသင်ဖြေတာအခန်းစောင့်ဆရာမကစည်းကမ်းတင်းကြပ်တယ်တဲ့။

ှဘာဆိုဘာမှမလုပ်ရဘူးတဲ့။နောက်နှစ်ထပ်ကြိုးစားရတော့မယ်တဲ.။တိုင်းပြည်အတွက်အသက်စွန့်ခဲ့လူတွေတောင်မရခဲ့အခွင့်အရေး

ရတယ်လူတွေသာ ယားထူးကြီးနေရာကြီးရင်တော့

6 comments

  • Thel Nu Aye

    December 30, 2011 at 8:59 am

    ကောင်းလှောင့်တေးကောင်းလှောင့်တေး။ မိုးကောင်းတုန်းရွာထားကြအုံးပေါ့ကွာ။ အဲလိုလူမျိုးတွေကိုရေခွံစုတ်ပြစ်ချင်တယ်။ သူတို့မို့မရှက်။ မျက်နှာပြောင်တိုက်တာ။ ရွံတာ။

  • etone

    December 30, 2011 at 10:50 am

    ဒီလိုပို့စ်မျိုးကို လှိုက်လှိုက်လှဲလှဲ … ကြိုဆိုပါတယ် … 🙂

    စာမေးပွဲဆိုတာမျိုးက အရည်ချင်းကို စိစစ်ပေးတာဖြစ်လို့ … မတရားမှုနဲ့ ဖြေဆိုနေသူ ၊ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ .. ဇယားကပ်နေတာတွေကို ရှုတ်ချ၊ ဖော်ထုတ် ၊ အရေးယူသင့်နေပါပြီ ။ တကယ်ကြိုးစားလို့ တကယ် အရည်ချင်းပြည့်မှီသူတွေကိုသာ မြေတောင်မြှောက်ပေးသင့်တာပါ … စာမေးပွဲကို လုပ်ကြံပြီးအောင်တဲ့ လူတွေ ဘယ်လောက် အမြင့်ပဲရောက်ရောက် .. စိတ်ရော၊ကိုယ်ပါ အထင်မကြီးဘူး … ။

    စာမေးပွဲကို အများတန်းတူ သက်မှတ်ထားတဲ့နေရက် ၊ သက်မှတ်ထားတဲ့ အချိန်၊ သက်မှတ်ထားတဲ့ နေရာမှာသာ တူညီစွာ စစ်ဆေး ၊ဖြေဆိုသင့်ပါတယ် … ။
    မိမိရဲ့ ကံအကြောင်းပေးမကောင်းစွာနဲ့ (တကယ်နာမကျန်း) အရေးပေါ် ကိစ္စမျိုးဖြစ်ဦးတော့ … စာမေးပွဲခန်းကို မရောက်လာနိုင်တဲ့အတွက် ဖြေဆိုခွင့်မပေးသင့်ပါဘူး … ။

    လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပိုက်ဆံမျက်နှာကြည့်ပြီး အတ္တတစ်ခုထဲ ကိုယ်ကျိုးရှာသူတွေကို မေးလိုက်ချင်ပါတယ် … မိမိတို့ ရှာတဲ့ ပိုက်ဆံ လိပ်ပြာသန့်သန့် သုံးရဲရဲ့လား ။ ကိုယ့်လုပ်ရပ်ကြောင့် အိပ်ရေးဝဝ အိပ်နေရဲ့လားလို့ပါ … ။ ရှက်စရာကောင်းတဲ့ အပြုမူမျိုးမလုပ်ပဲ … မိမိတို့ စိတ်ဓါတ်ကို မြင့်တင်ကြပါလို့ပဲ တိုက်တွန်းလိုက်ချင်ပါတော့တယ် … ။ 🙄

  • ကြောင်ကြီး

    December 30, 2011 at 10:58 am

    သက်ဆိုင်ရာ လွှတ်တော်အမတ်မင်းထံ တိုင်ကြားသင့်ပါတယ်။ သူကိုယ်တိုင်ပါနေရင် နောက်ငါးနှစ်စောင့်ဆိုင်းသင့်ပြီး အဲဒါမှ သူပဲဆက်ဖြစ်နေသေးရင် နောက်ငါးနှစ်၊ အဲဒါလည်းမရသေးရင် နောက်ငါးနှစ်…. တော်တော့ကွာ နင်ကိုက မနေနိုင်မထိုင်နိုင် လက်ဆော့တာ… မသေမချင်းစောင့်ပေတော့….။

  • မှော်ဆရာ

    December 30, 2011 at 1:14 pm

    ဒါမျိုး မရှိသင့်တော့တာ အမှန်ပဲ …
    အခွင့်ထူးခံ လူတန်းစား လုံးဝအလိုမရှိ

  • windtalker

    December 30, 2011 at 1:39 pm

    ပညာတတ်ကြီး ဖြစ်သွားရင်….သွားရင်….

  • ကိုရင်စည်သူ

    December 30, 2011 at 1:49 pm

    အဲ့လိုလူတွေတော်တော်များများ မြန်မာပြည်ရဲ့
    ပညာတတ်ဆိုပြီး နေရာကောင်းတွေဝင်ယူထားလို့
    တကယ့် ပညာရှင်တွေ နေရာပျောက်ရတာ
    မနည်းမနောပဲ.. ဆန့်ကျင်တယ်ဗျာ… အဲ့လိုလူတွေကို
    စိတ်ရော.. ကိုယ်ရော.. လူရော.. ဘောလ်ကော ကပါအထင်မကြီးဘူး

Leave a Reply