ထိုင်းအလည်အပတ်ဗီဇာလိုအပ်ချက်ကြေညာ

klnMay 29, 20101min390

ထိုင်းနိုင်ငံကို အလည်အပတ်သွားရောက်ဖို့ဗီဇာလျှောက်ထားသူတွေအတွက် လိုအပ်တဲ့ထောက်ခံချက်တွေပူးတွဲတင်ပြဖို့မေလ ၁၄ရက်နေ့က ထိုင်းသံရုံးမှာကြေညာပါတယ်။ အရင်ကတိုးရစ်ဗီဇာလျှောက်ဖူးသူတွေအနေနဲ့ ဗီဇာလျှောက်တဲ့ အခါ လေယာဉ်လက်မှတ်အသွားအပြန်ကို မတင်ပြရဘူးလို့ သိရပါတယ်။ အခုအခါမှာတော့ အသစ်လျှောက်သူတွေရောနောက်တစ်ကြိမ်လျှောက်ထားသူ တွေပါလေယာဉ်လက်မှတ်အသွားအပြန်ကို ပူးတွဲတင်ပြရပါမယ်။ ပထမဆုံးအကြိမ်အသစ်လာလျှောက်သူတွေအနေနဲ့ လေယာဉ်လက်မှတ်အသွားအပြန်အပြင် ပိုင်ဆိုင်မှုအမည်ပေါက်ပစ္စည်းတစ်ခုခုကို နိုတြီဘာသာပြန်ဆိုပြီး ပူးတွဲတင်ရပါမယ်။ ဒါ့အပြင် ပိုင်ဆိုင်မှုရှိုးမန်းနီး ဒေါ်လာ ၆၇ဝကိုပါ ပြနိုင်ရမယ်လို့သိရပါတယ်။ ဗီဇာလျှောက်ထားသူတွေ အနေနဲ့ပတ်စပို့ (Passport) စာအုပ်ထုတ်ယူချိန်ကိုလည်း နေ့လယ် ၁း၃ဝနာရီမှ ၃းဝဝနာရီသို့ပြောင်းလဲသတ်မှတ်လိုက်တယ်လို့သိရပါကြောင်း ၂၀၁ဝခုနှစ်မေလ၂၈ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။