“မေ့ပျောက်ထား၏ မထား၏”(အာဇာနည်နေ့)

“မေ့ပျောက်ထား ၏……… မထား၏”(အာဇာနည်နေ့)

 

မန်းလေးမှာရှေးကတည်းက ရှိနေတဲ့ ရှေးဟောင်းအိမ်တွေ၊ပြိုပျက်နေတဲ့ရှေးဟောင်းကျောင်းတွေ လူအများနေ့စဉ်ဖြတ်သန်းသွားလာနေပေမယ့် ရင်ထဲမှာတော့ ပျောက်နေရှာတဲ့ နေရာလေးတွေ

ကိုလက်ဆေ့ာထားတဲ့ကျနော်ဓါတ်ပုံတွေကို မြင်တဲ့မိတ်ဆွေတွေက

“ကိုပေါက်ရေကနောင်မင်းသားကြီးအုတ်ဂူကိုရော မှတ်တမ်းတင်မိသေးလား”လို့မေးကြပါတယ်။

အခုရက် မန်းလေးတောင်ပေါ်ကိုရောက်တဲ့အခါ တောင်ခြေမှာရှိနေတဲ့စန္ဒာမုနိနဲ့ကုသိုလ်တော်ဘုရား

တွေကို အပြင်ကသာ လှည့်ပါတ်ဖူးမျှော်ခဲ့ လက်ဆော့ခဲ့ပေမယ့် ဘုရားအတွင်းထဲကိုတော့ မရာက်ခဲ့ပါဘူး။

အဲတော့လဲ စန္ဒာမုနိ ဘုရားအတွင်းထဲမှာရှိတယ်ဆိုတဲ့ကနောင်မင်းသားရဲ့ အုဌ်ဂူကိုတော့ မှတ်တမ်းမတင်

ရသေးဘူးဖြစ်နေပါတယ်။

တစ်ရက်မှာတော့ အောင်ပင်လယ်မှာ ကနောင်မင်းသားကြီး ရေမြုတ်ဗုံးစမ်းခဲ့တဲ့အောင်ပင်လယ်ကပုံကို

တင်ပေးပါလို့ ဆိုလာသူကလဲရှိပြန်ပါတယ်။

ရှေးက ရှေ့ဆောင်ခဲ့ဦးဆောင်ခဲ့သူတွေကို မမေ့နိုင်စရာဖြစ်လို့လာပါတယ်။

မနေ့ကမုန်တိုင်းရှိတော့ ဆောင်းတွင်းကြီး တစိမ့်စိမ့်ရွာလို်က်တဲ့မိုးကဇူလိုင်လလို မိုးတွင်းကြီးမှာရွာတာနဲ့တူနေပါတယ်။

မိုးတွေရွာတော့ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ကနောင်မင်းသားကြီးအကြောင်းတွေးမိပါတယ်။

တိုင်းပြည်ကို တိုးတက်ခေတ်မီစေလိုတဲ့စိတ်နဲ့ ကြံဆောင်နေဆဲ အလုပ်လုပ်လို့ကောင်းဆဲမှာအာဏာရူးသူရဲ့

လက်ချက်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။

တကယ်လို့များ ကနောင်မင်းသားကြီးသား အခုလို မကွယ်လွန်ခဲ့ရင်လို့တွေးမိပြန်ပါတယ်။

အတွေးတွေဆက်သွားတော့ အခုလိုမိုးတွေ တစိ်မ့်စိမ့်ရွာတတ်တဲ့ဇူလိုင်လရဲ့တစ်ရက်မှာ မိုက်မဲသူလက်ချက်နဲ့ကွယ်လွန်ခဲ့ရသူဗိုလ်ချုပ်အောင်ဆန်းကိုသတိရမိပါတယ်။

“ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ………………………..

ဇာတိနတ်မောက်မကွေးခရိုင်သိကြများခုတိုင်……………………….

၁၉၄ရပြောင်းကြွတမလွန်……………………….

မျက်ရည်ဖြိုင်လို့ ဘဝင်ညိုှး…………………………….

ဇူလိုင်တစ်ဆယ့်ကိုး” ဆိုတဲ့ ငယ်ငယ်က အတန်းထဲမှအော်ဆိုခဲ့ရတဲ့ကဗျာလေးကိုလဲ

တစ်ပိုင်းတစ်စ သတိရမိပါတယ်။

 

အခုခေတ်စာစောင်တွေမှာ အင်တာနက်သတင်းတွေမှာ

“ဖေဖော်ဝါရီ၁၄ ဗယ်လင်တိုင်းနေ့မှာချောကလက်ပေးဘို့သတိရကြ လူငယ်အားလုံးဒီနေ့ကိုသိနေကြပေမယ့်

ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ရက်နဲ့ ဗိုလ်ချုုပ်မွေးနေ့ဖေဖော်ဝါရီ၁၃ကိုတော့ မသိကြတော့ဘူး”ဆိုပြီးလူငယ်

တွေကို အပြစ်တင်တဲ့ လေသံတွေ ကျယ်လောင်ခဲ့ဘူးပါတယ်။

ကျနော်တို့ရဲ့အဖိုးအဖွားတွေ ဒေါ်ကြီးဒေါ်လေးတွေ ကအိပ်ယာဝင်ပုံပြင်လို ပြောပြခဲ့ကြသလို

ကျနော်တို့ရဲ့အဖေအမေတွေက ကျနော်တို့ကို ပုံပြောသလို ပြောပြခဲ့ကြသလို

ကျနော်တို့ရဲ့ဆရာဆရာမတွေက စာသင်ချိန်တွေမှာ အားလပ်တဲ့အချိန်တွေမှာ ဗဟုသုတရအောင်

စိတ်ထဲစွဲနေအောင်ပြောပြခဲ့ကြသလို………………

ကျနော်တို့လို့အဖိုးအဖွားတွေ………………………..

ကလေးတွေရဲ့ အဒေါ်တွေ ဦးလေးတွေ………………………

မိခင်ဖခင်ဘဝကိုရောက်နေပြီဖြစ်တဲ့ ကျနော်တို့ရဲ့သားသမီးတွေ…………………

စာသင်ကျောင်းကဆရာဆရာမတွေ…………………….

အားလုံးက ကျနော်တို့ရဲ့မြေးဘဝရောက်နေတဲ့အခုခေတ်ကလေးတွေကို

ဂုဏ်ယူစရာလေးစားစရာကောင်းတဲ့ မြန်မာ့ လူစွမ်းကောင်းတွေ မြန်မာ့ရှေ့ဆောင်လူတွေ

အကြောင်းကိုရော ပြောပြခဲ့ကြပါသလားလို့တွေးမိပြန်တော့ ရလာတဲ့

အဖြေကတော့ “ဟင့်အင်း” ပါဘဲ။

အဖိုးအဖွား ဒေါ်ဒေါ်ဦးဦး ဖေဖေမေမေ ကိုကိုညီညီအားလုံးကတော့

ဝမ်းတစ်ထွာကို ခက်ခဲပင်ပန်းစွာရှာဖွေစားသောက်ရတာကိုအကြောင်းပြရင်း

သင်လို့မကုန်မဆုံးနိုင်တဲ့ပညာတွေနောက်လိုက်ရင်း………………

လိုက်မမီနိုင်အောင်အပြောင်းအလဲမြန်ဆန်လွန်းလှတဲ့ခေတ်မီပစ္စည်းတွေ

ခံစားစရာတွေနောက်လိုက်ရင်း ကိုယ့်နံဘေးမှာရှိတဲ့ ကလေးတွေကို သိကောင်းစရာတွေ

ပေးဝေဘို့ မေ့နေခဲ့ကြပါတယ်။

 

ကျနော်တို့ငယ်စဉ်ကာလများမှာ နေ့စဉ်သုံးစွဲရတဲ့ပိုက်ဆံက ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံရိပ်တွေ။

တစ်ပြားငါးပြား က အစပြုလို့ တစ်ကျပ် ငါးကျပ် တစ်ဆယ် ကျပ်နေ့စဉ်သုံးသမျှပိုက်ဆံက

ဗိုလ်ချုပ်အောင်ဆန်းပုံတွေနဲ့ဆိုတော့ မေ့စရာလုံးဝမရှိပါ။

အိမ်နံရံ၊ကျောင်းနံရံ ၊ရှိသမျှနံရံတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့လွတ်ကင်းခဲ့သောနေရာမရှိ။

ပြောင်းမရတဲ့ကျနော်တို့ ခေါင်းက ဆံပင်ပုံစံတောင် ရှေ့တစ်လက်မနောက်ပြောင်” ဗိုလ်အောင်ဆန်းကေ”နဲ့

ကလေးဘဝက နေခဲ့ရပါတယ်။

 

မူလတန်း အလယ်တန်း အထက်တန်း ကျောင်းသားဘဝ တစ်လျှောက်လုံး

တနင်္လာနေ့မနက် စုဝေးချိန်မှာ ကျောင်းသားခေါင်းဆောင်ရဲ့

“ကျဆုံးလေပြီးသော………………………………………ကိုအလေးပြု”ဆိုတဲ့အသံကို နာခံရင်း

ငြိမ်သက်စွာ ခေါင်းငုံ့လို့ အလေးပြုနေချိန်များကလဲ မမေ့သင့်သူလို့ သတိပေးနေသလို။

အထူးသဖြင့်ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ ဇူလိုင်၁၉ရက်  အာဇာနည်နေ့မှာ…………………………….။

 

ကျနော်သိတတ်စ ကျောင်းနေစအရွယ် တစ်ရက် မနက်ခင်းလေးမှာ ဟင်းချက်လက်စတွေကို

ခဏထား အဖွားကကျနော့်လက်ကို ဆွဲလို့ခြံဝင်းကနေအပြင်ထွက် ၂၆ဘီလမ်း လမ်း၈ဝ ကျုံးဒေါင့်ဘက်ကို ခေါ်သွားခဲ့ပါတယ်။

ကျနော်တို့ကျုံးဘေးရောက်တော့ ခါတိုင်းထက်လူပိုစည်နေတာတွေ့ရသလို တစ်စုံတစ်ရာကိုအားလုံးကစောင့်စားနေသလိုပါဘဲ။

ခဏနေတော့ရဲဝါယာလက်ကားတွေရယ် မီးသတ်ကားတွေရယ်ရောက်လာပြီး                                               ကျုံးဒေါင့် လေးဘက်လေးတန်မှာနေရာယူထားကြပါတယ်။

သိပ်မကြာခင် “ေ-ဝါ်…………………………”ဆိုတဲ့ဝါယာလက်သံ၊ ဥဩဆွဲသံတွေထွက်ပေါ်လာချိန်မှာ

လမ်းပေါ်မှာလှုပ်ယှားသွားလာနေသမျှသက်ရှိလူ သက်မဲ့ယာဉ်ရှိရှိသမျှအားလုံးတစ်ပြိုင်ထဲရပ်။

သက်ငြိမ်ပန်းချီကားတစ်ချပ်လို။

ဥဩသံတွေငြိမ်သက်မှာ အားလုံးပုံမှန်အတိုင်းလုှူပ်ယှား။

အဖွားရှင်းပြမှသိရတဲ့ “ဒီအချိန်မှာ ငါတို့ရဲ့ ဗိုလ်ချုပ်က မသာမာသူလုပ်ကြံခံရတဲ့အချိန်လေငါ့မြေးရဲ့၊

သူတို့အာဇာနည်တွေရဲ့ ကျေးဇူးကို သိတတ်တယ်အောင့်မေ့တယ်ဆိုတဲ့သဘောကိုု ပြရတာပေါ့ကွယ်”

လို့ရှင်းပြတဲ့အခါ သိပ်နားမလည်ပေမယ့် ဒီနေ့ ဒီအချိန်ရောက်လို့ ဥဩသံကြားရင် ခေတ္တငြိမ်သက်ရမယ်ဆိုတဲ့

အသိကတော့ရင်ထဲမှာစွဲမြဲခဲ့ပါတယ်။

မူလတန်း လွန်မြောက်အလယ်တန်းကျောင်းသားဘဝမှာတော့

“အာဇာနည်နေ့တို့မမေ့”ဆိုတဲ့ဆောင်ပုဒ်ကလေး က ဇူလိုင်လရောက်ရင် ပိုမိုအသက်ဝင်လို့လာတတ်ပါတယ်။

စာစီစာကုံးပြုင်ပွဲတွေ ဟောပြောပွဲတွေ ကရပ်ကွက်ထဲ ကျောင်းထဲမှာ ကျင်းပကြ

အာဇာနည်နေ့ည  ရှစ်နာရီသတင်းပြီးရင် ကျန်တဲ့အစီအစဉ်တွေရပ် ဗိုလ်ချုပ်အောင်ဆန်းရဲ့

(အခုနားထောင်ရင်တောင် ခေတ်နဲ့ညီ ခေတ်မှီနေသေးတဲ့)

ရဲရဲတောက်မိန့်ခွန်းတွေကို နားဆင်ရ။

ရုပ်ရှင်ရုံမှာ ကျောင်းတွေမှာ ဗဟိုသတင်းစဉ်ကရိုက်ကူးထားတဲ့ ဗိုလ်ချုုပ်တို့လုပ်ကြံခံရတဲ့

မှတ်တမ်းသတင်းကို ပြတော့ ပြန်ကြည့်ရဆိုပြန်တော့

အငွေ့သေစရေနွေးအိုးကို ပြန်လည်မီးထိုးပေးသလို မေ့လျော့စပြုနေတဲ့

အာဇာနည်တွေကို ချစ်ခင်စိတ်တွေက ပြန်လည်နိုးထလို့လာပြန်ပါတယ်။

နှစ်ပေါင်းအတော်ကြာတဲ့အထိ ဒီအချိန်ရောက်တိုင်း ဥဩဆွဲသံကြားရရင်

သက်ငြိမ်ပန်းချီကားတစ်ချပ်လို ရောက်တဲ့နေရာမှာရပ်တန့်ခဲ့ရပါတယ်။

ဒီလုပ်ရပ်က မြန်မာတပြည်လုံးတချိန်ထဲတစ်ပြိုင်နက်ထဲလုပ်တယ်လို့ ထင်မိပါတယ်။

အခုနောက်ပိုင်းမှာတော့ ဒီလိုသက်ငြိမ်ပန်းချီကားလေးတွေကို

မကြုံတွေ့ခဲ့ရတာနှစ်များစွာကြာခဲ့တာတော့ အမှန်ပါဘဲ။

 

တင်းမာသူနဲ့ခက်ထန်သူအကြား၊

အကြောင်းရှာသူနဲ့အကြောင်းပြသူကြား

မေ့ဖျောက်သူနဲ့မေ့ပျောက်သူ တို့အကြား မြေဇာပင်ပမာ ပျောက်ကွယ်သွားခဲ့ရသူ

ကတော့ မြန်မာ့သူရဲကောင်း ဗိုလ်မင်းရောင် နဲ့ ဦးဖာ ဒေါ်စုုတို့ရဲမျုးိဆက်

မသမာသူလက်ချက်နဲ့ ကျဆုံးခဲ့ရသူ ဗိုလ်ချုပ်အောင်ဆန်းပါဘဲ။

နေ့စဉ်သုံးစွဲနေတဲ့ငွေစက္ကူတွေပေါ်မှာ၊

နံရံတွေပေါ်မှာ တစစနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။

မေ့ဖျောက်ခံရတော့လည်း တစ်စ ထက်တစ်စ မေ့ပျောက်သွားတာ မဆန်းဘူးလို့ပြောနိုင်ပါတယ်။

အခုချိန်မှာတော့ တင်းမာမူတွေလဲပြေလျော့လို့သွားပါပြီ။

အရင်က မရှိခဲ့ဘူးသော ကောင်းသောအပြောင်းအလဲများကိုလည်း

လောလောဆယ်မြင်တွေ့နေရပါပြီ။

ဒီတော့ အဲဒီရက် အဲဒီအချိန်မှာ ကျနော်မြေးကလေးကိုလက်ဆွဲ ကျုံးဒေါင့်ကိုသွား

ဥဩသံတွေနာခံရင်း သက်ငြိမ်ပန်းချီကားတစ်ချပ်ထဲမှာကိုယ်လဲပါဝင်။

ပြန်လည်လို့ အသက်ဝင်လာချိန်မှာတော့ ကျနော့်မြေးလေးကို

“ဟုးိလွန်ခဲ့တဲ့…………………နှစ်က ဒီအချိန်မှာပေါ့………..”လို့အစချီပြီး

ကျနော့်အဖွားကျနော်ကိုပြောပြခဲ့သလို့ ကျနော့်မြေးလေးကိုလဲ လက်ဆင့်ကမ်းလို့

ပြောပြခွင့်ရချင်စမ်းပါဘိတယ်…………………………………………

 

 

 

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

(30-12-2011)

 

 

 

 

 

 

 

 

 

12 comments

  • ဒီအကြောင်းလေးကတော့ တစ်ည ဂီဂီနဲ့စကားပြောနေရင်းဖျပ်ကနဲရင်ထဲရောက်လာတာလေးကို တင်ပေးလိုက်တာပါ။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 30, 2011 at 9:51 am

    လေးဘောက်ကသာ ပြောနေတာ
    ဟိုသဘုန်ကတော့ ဒီလိုပြောနေဒယ်
    …………………………………….
    …………………………………….
    အာဇာနည်နေ ့ဆိုတာ အခြားသူတွေအတွက် လုံးဝကို မတရားတဲ့နေ ့- phone_kyaw
    …………………………
    နေ ့တွေအကြောင်းကို တွေးနေမိတယ်။ အထိမ်းအမှတ်နေ ့တွေအကြောင်းပါ။ ဥပမာ လွတ်လပ်ရေးနေ ့၊ အာဇာနည်နေ ့၊ အမျိုးသားနေ ့ စတဲ့နေ ့ကြီးမြတ်ကြီးတွေကို ဘယ်သူတွေက သတ်မှတ်တာလဲ။ ဘာ့ကြောင့်သတ်မှတ်တာလဲဆိုတဲ့ အကြောင်းကို တွေးမိတယ်။ ဒီအထဲကနေ အာဇာနည်နေ ့အကြောင်းနဲ ့ပက်သက်ပြီး တွေးမိတာကို ရှယ်ပေးချင်တယ်။ သဘောမတူမဲ့သူများမယ်လို ့ယူဆတယ်။
    ကျနော့်အမြင်က အာဇာနည်နေ ့ဆိုတာ တိုင်းပြည်မှာမရှိသင့်ဘူးလို ့ယူဆတယ်။ ဘာ့ကြောင့်လဲဆိုတော့ တခြားသူတွေအတွက် မတရားလို ့ပါ။ အာဇာနည်နေ ့ဟာ ဗိုလ်ချုပ်အောင်ဆန်းတို ့ဝန်ကြီးအဖွဲ ့လုပ်ကြံခံရလို ့သေသွားတဲ့နေ ့ကို ခေါ်တာပါ။ တကယ်လို ့သူတို ့မသေခဲ့ရင်လည်း အာဇာနည်နေ ့ရှိမှာမဟုတ်ဘူး။ အာဇာနည်နေ ့မှာ အာဇာနည်သူရဲကောင်းတွေဖြစ်နေတဲ့ လူတွေက လက်ချိုးရေလို ့တောင်ရတယ်။ ဒီအထဲမှာ ရဲဘော်ကိုထွေးလို လူတောင် အာဇာနည်ဖြစ်သွားတော့ မနာလိုစရာတောင်ကောင်းနေသေးတယ်။သူ ့ကိုကြတော့ ဆင်ဖြူတော်မှီပြီး ကြံစုပ်တဲ့လူလို ့ပြောလို ့ရမလား။
    ရဲဘော်သုံးကျိပ်ဝင်တွေ၊ လွတ်လပ်ရေးအတွက် တိုက်ခဲ့တဲ့လူတွေ၊ ဗကပက လူကြီးတွေ စတဲ့ ရေတွက်လို ့မရတဲ့ သူရဲကောင်းတွေလည်း မြန်မာ့လွတ်လပ်ရေးအတွက် လုပ်ခဲ့ကြတာပဲ။ သေတဲ့သူလည်း သေကုန်ကြပြီ။ ရှင်တဲ့သူလည်းရှိတာပဲ။ သူတို ့ကြတော့ အာဇာနည်မဖြစ်ပဲ လုပ်ကြံလို ့သေတဲ့သူမှ ဖြစ်တယ်ဆိုတော့ စဉ်းစားစရာပဲ။ ဆိုတော့ သူများလုပ်ကြံလို ့သေမှ သူရဲကောင်းဖြစ်မှာလား။ တိုက်ပွဲမှာ ကျခဲ့တဲ့လူတွေလည်း အာဇာနည်မဖြစ်ထိုက်ဘူးလား။ ကျနော့်အမြင်ကတော့ အာဇာနည်နေ ့မှာ သတ်မှတ်ထားတဲ့ အာဇာနည်တွေရဲ ့စာရင်းကို ပြင်သင့်ပြီလို ့ထင်တယ်။ဒါမှမဟုတ် အာဇာနည်နေ ့ဆိုပြီး မရှိသင့်ဘူး။ ဒီနေ ့အစား ဗိုလ်ချုပ်အောင်ဆန်းတို ့အဖွဲ ့လုပ်ကြံခံရလို ့သေတဲ့နေ ့ဆိုပြီး သတ်မှတ်သင့်ပါကြောင်း။ ဒါမှမဟုတ် ဗိုလ်ချုပ်ကျဆုံးတဲ့နေ ့။
    http://myanmargazette.net/89482/uncategorized-other/copypaste
    …………………………………….
    …………………………………….

  • Thel Nu Aye

    December 30, 2011 at 10:27 am

    ကောင်းလိုက်တဲ့ဆောင်းပါလေးပါရှင်။ ကျေးဇူးပါ။ ကူးပြီးသိမ်းထားလိုက်ပါတယ်။ ကျွန်မသားလေးကြီးလာရင်အရင်ပေးဖတ်မှာပါ။ လက်ဆင့်ကမ်းခွင့်လဲပြုပါ။

  • ငပေါက်ဖော်

    December 30, 2011 at 10:57 am

    အများအတွက်
    အကုန် စွန် ့ခဲ့ကြတဲ့ အာဇာနည်တွေ……….
    မေ့ပျောက်မထားသင့်တဲ့
    အာဇာနည်တွေ………………..
    ကျနော်တို ့မြေးလေးတွေကိုလဲ

    ခုလိုပဲ
    လက်ဆင့်ကမ်းဖို ့
    လူတိုင်း
    တာဝန်ရှိတယ်လို ့ ထင်ပါတယ် ဦးဦးပေါက်ကြီးရေ

  • windtalker

    December 30, 2011 at 12:29 pm

    ၅တန်းကျောင်းသား ဘဝ က စာစီစာကုံး ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ဖူးတယ်ဗျ ၊ ဆုတော့မရခဲ့ဘူး ။ ကိုပေါက်ပြောသလိုပါဘဲ .. ကျွန်တော်တို ့ငယ်ငယ်တုန်းက ပိုက်ဆံစက္ကူမှာ ဗိုလ်ချုပ်ပုံ ကို ခန် ့ခန် ့ငြားငြား နဲ ့၊ တစ်ခုခု ဝယ်ဖို ့လုပ်တိုင်း တွေ ့မြင်ခဲ့ရတယ် ။ ယနေ ့ခေတ်မှာတော့…

  • ကြောင်ကြီး

    December 30, 2011 at 12:37 pm

    မမေ့ပေမဲ့ မေ့တေ့တေ့ရှိနေတာ ကိုယ်ရယ် တိုးရယ် စိုးစိုးရယ်။။။။။။

  • TTNU

    December 30, 2011 at 1:36 pm

    ကိုပေါက်ရေ…
    အာဇာနည်နေ့ကိုတော့ ..မမေ့သင့်ကြပါ။
    အခုတော့ အာဇာနည်တွေအကြောင်း ဂျာနယ်များမှာ
    အဆက်မပြတ်ဖော်ပြနေပြီမို့ ကလေးတွေ စာဖတ်ဖို့သာလိုပါတော့တယ်။

  • char too lan

    December 30, 2011 at 1:37 pm

    တစ်မြို ့လုံး ဥဩဆွဲပီး ခတ္တအလေးပြုကြတယ်ဆိုတဲ့
    ခေတ်ကိုတောင် မမီခဲ့ပါဘူး။
    ဒါပေမယ့်တစ်နှစ်မှ မေ့လဲမမေ့ပါဘူး ……

    • amatmin

      December 31, 2011 at 9:23 am

      ကိုပေါက်ရေ..
      လွှတ်တော် မေးခွန်းထဲမှာ အဲဒီ ဥဩ ဆွဲဖို့ ကိုတင်ပြတော့..
      သူတို့ပြန်ဖြေတာက အဲဂလို ဥဩဆွဲ ဖို့ရပ်တန့် ရမယ်ဆိုရင်
      များပြားလှသော သွားလာနေတဲ့ ကားတွေ အက်စီးဒင့် ဖြစ်ကုန်မှာ
      စိုးကြောက်လို့ လုပ်ခွင့်မပေးပါတဲ့..
      နောက်ဆုံးဗျာ အဲလို ဥဩပေး မဆွဲတာတောင်မှ တခြားနည်းလမ်းနဲ့
      ဖော်ပြမယ်ဆို ရပါသေးတယ်..
      အခုက အိမ်တိုင်းမှာ လွယ်လွယ်ကူကူ လုပ်လို့ရနေတဲ့ နိုင်ငံတော် အလံ ထောင်ပြီးအလေးပြုဖို့ကိုတောင် လူတွေ ကိုယ်နှိုက်က
      မေ့ပျောက်ထားကြတာကိုး. 🙁

  • small cat

    December 31, 2011 at 6:56 am

    ဒါတွေကို ဘယ်သူဖျောက်လိုက်တာလဲ?
    ဆရာမကြီးရေ စာတွေကို ကျောင်းသုံးစာအုပ်တွေထဲ ပြန်ပြဌာန်းသင့်ကြောင့် ထင်မိပါတယ်။

  • water-melon

    December 31, 2011 at 9:19 am

    ဘယ်သူဖျောက်လိုက်တာလဲဆိုတော့ ဒေးဗစ်ကော်ပါဖီးတော့ ဟုတ်ဘူး
    ဟိုလူကြီး ဟိုလူကြီး
    ဗိုဟ်ချုပ်ကို ပြည်သူတွေရင်ထဲက မေ့မေ့ပျောက်ပျောက်ဖြစ်တာလုပ်တာ
    ဟိုလူကြီး ဟိုလူကြီး
    သူ့ကိုသူ ဆရာကြီးလို့ထင်နေတဲ့
    ဟိုလူကြီး ဟိုလူကြီး
    :mrgreen:

Leave a Reply