မင်္ဂလာဈေး ဆိုင်ခန်းများမှ ပစ္စည်းများ ထုတ်ယူခွင့်ပြုပြီ

klnMay 29, 20101min400

မေလ ၂၄ရက်နေ့က် စတင်၍ မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးရှိ ဆိုင်ခန်းများမှ ပစ္စည်းများကို မေ ၂ရနံနက် ၆နာရီမှစတင်၍ သက်ဆိုင်ရာမှ ပိုင်ရှင်များကို ထုတ်ယူခွင့်ပြုခဲ့သည်။ ပစ္စည်းများ ထုတ်ယူခွင့်ပြုခဲ့သော ဆိုင်ခန်းများမှာ တတိယထပ်ရှိ ဆိုင်ခန်းများကို ထုတ်ယူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ပထမအသုတ်အဖြစ် နံနက်ပိုင်းတွင် ဆိုင်ခန်း ၄၀ဝနှင့် နေ့လည်ပိုင်းတွင်ဆိုင်ခန်း ၃၉၁ခန်းကို အလှည့်ကျစနစ်ဖြင့် ထုတ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။ “ဆိုင်ခန်းခုံပေါ်က ပစ္စည်းတွေကတော့ ရေမစိုဘူး။ အကောင်းအတိုင်းပြန်ရတယ်။ အောက်နားကပစ္စည်းတွေပဲနည်းနည်းရေစိုတယ်” ဟု ဈေးအတွင်း ပစ္စည်းထုတ်ယူခွင့်ရရှိခဲ့သူတစ်ဦးက ပြောကြားသည်။ ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများ ထုတ်ယူရာတွင် ဈေးဆိုင်ခန်းပိုင်ရှင်နှင့် အလုပ်သမား ၃ဦးအပါအဝင် တစ်ဆိုင်လျှင် စုစုပေါင်း ၄ဦး ထုတ်ယူခွင့်ရပြီး ပစ္စည်းသယ်ရန် အချိန် ၁နာရီခွင့်ပြုထားကြောင်း သိရသည်။ ဆိုင်းခန်းများမှ ပစ္စည်းများထုတ်ယူရာတွင် မေ ၂ရရက်တွင် တတိယထပ်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ ၎င်းနောက် ပထမထပ်ကို ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ ပထမထပ် ပြီးနောက် ဒုတိယထပ်နှင့် မြေညီဆိုင်ခန်းများရှိ ပစ္စည်းမျာကို ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၁ဝခုနှစ် ဇွန်လ ၂ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။