တို့ခြံထဲမှ ထိန်းသိမ်းသင့်သော ကြွက်ကြော်များ သို ့မဟုတ် ကြောင်ဝတုတ်ကြွက်မခုတ်

ကြောင်ဝတုတ်December 30, 20111min1349

ကြောင်တို့မည်သည် ကြွက်ဟူသောသတ္တဝါကို စားရန်စားဖွယ်အဖြစ်လည်းကောင်း၊ ဆော့ရန် ကစားစရာအဖြစ် လည်းကောင်း ထင်မြင်ယူဆထားကြသည်။ တကယ်ဆိုပါလျှင် ကြွက်ဟူသောသတ္တဝါမှာ ကိုက်ဖဲ့စားသောက်ရ မည်ဆိုလျှင် သစ်သားပင်မချန်ထားတတ်သော သတ္တဝါဖြစ်သောကြောင့် အနှီအကောင်သည် ကျွန်ုပ်တို့ကြောင် မျိုးကြောင်နွယ်များအတွက် ကျွေးမွေးစောင့်ရှောက်ချစ်ခင်တတ်သောလူသားတို့အား ပြန်လည်ကျေးဇူးဆပ်ရန် သဘာဝမှဖန်တီးလာသော ကျွန်ုပ်တို့၏မွေးရာပါတာဝန်ဖြစ်ပေါ်လာပေတော့သည်။

ကြောင်နှင့်ကြွက်၊ ဝက်သားနှင့်တရုတ်၊ ရခိုင်နှင့်ငရုတ်သီး ခွဲခြားမရသကဲ့သို့ သမိုင်းဝင်လက်တွဲဖော်ဒွန်တွဲလာ သည့် နေနှင့်လ ရွှေနှင့်မြကဲ့သို့ အဖက်အဖော်များဖြစ်ပေါ်လာခဲ့ပေ၏။

ကြောင်တို့မူလအစခေတ်တွင် ကြွက်များအား ပြေးပြေးလွှားလွှားသွားသွားလာလာ ဖမ်းယူစားသောက်ခဲ့ရသော ခက်ခဲ့သည့် ကြောင်တို့ခယောင်းလမ်းများရှိခဲ့ဖူးပါသည်။ ကြွက်နှင့် ငါးကြော်၊ ပုဇွန်ကြော်ဆိုသည်မှာ ကြောင်တို့ အတွက် အဖိုးမဖြတ်နိုင်သော စားသောက်ဖွယ်ရာကောင်းများဖြစ်ခဲ့ပါသည်။ လူသားတို့မှ ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ပိုင်ဆိုင်သော ကြောင်မျိုးနွယ်တို့အား အဖော်မွန်များမဖြစ်စတင် မွေးမြူသည့်အချိန်မှစတင်ကာ ကျွန်ုပ် တို့ကြောင်များကား လူသားတို့အတွက်လွန်စွာ အကျိုးမပြုသော ကြွက်သတ္တဝါတို့အား နှိမ်နင်းခြင်းဖြင့် လူသားတို့၏ ကျေးဇူးတရားများကို စွမ်းစွမ်တမံတန်ပြန်ခဲ့ကြကြောင်း မှတ်တမ်းမတင်ခင်အချိန်မှစ သိရှိခဲ့ကြပြီး ဖြစ်သဖြင့် ဆက်လက်ဖော်ပြခြင်းငှာမပြုတော့ပေ။

မြန်မာ့ရိုးရာစကားပုံလာ ကြောင်ဆရာကြွက်ဟူသောစကားကိုကား ကြောင်မျိုးနွယ်စု၏ဂုဏ်သိမ်ငယ်စေသော ကြောင့် ပယ်ဖျက်သင့်ကြောင်း အလျင်းသင့်ခိုက်ပြောကြားလိုပါသေးသည်။ ကြောင်တို့၏ အရှိန်အဝါကြီးမားလာ သည်နှင့်အမျှ အနှီကြွက်ဟူသောသတ္တဝါတို့သည် ခိုးကြောင်ခိုးဝှက်ရှာဖွေစားသောက်ရသောဘဝသို့ အလိုလို ရောက်ရှိလာသည်ဖြစ်သဖြင့် ဖိနှိပ်ထားသူတို့ တုန့်ပြန်တတ်သည့်အတိုင်း နည်းလမ်းသစ်များ၊ ဖောက်ထွင်းမှု အသစ်များအသုံးပြုလာမှုကို ကြောင်မျိုးနွယ်များကြုံတွေ့ခဲ့ရပြန်သည်။ သို့ရာတွင် ကြောင်မျိုးနွယ်များ၏ မဟာမိတ် လူသားတို့တီထွင်အသုံးပြုသော ဆေးဝါးများ (ကြွက်သတ်ဆေး)၊ လက်နက်ကိရိယာများ (ကြွက်ထောင်ချောက်)၊ လျှပ်စစ်သုံးကိရိယာများ (ကြွက်ပြေးစက်များ) အကူအညီဖြင့် ကြွက်များအား အနိုင်ယူခဲ့သည်ချည်းဖြစ်တော့သည်။

ထိုသို့ကြွက်ဖမ်းကြွက်လိုက်အလုပ်မှာကား ကျွန်ုပ်တို့မျိုးနွယ်စု၏ မိရိုးဖလာလုပ်ငန်းဖြစ်သော်လဲ တိုးတက်လာ သော ခေတ်စနစ်ကိုလိုက်ကာဖြင့် တိုးတက်သောအခြားအလုပ်အကိုင်များကို ကြောင်များလုပ်ကိုင်လာကြသည် ကိုလဲ သတိချပ်သင့်ပေသည်။ စစ်ရေးအရ အရေးကြီးသော စပိုင်ထောက်လှမ်းရေးလုပ်ငန်းများကိုပင် ကျွန်ုပ်တို့ ကြောင်မျိုးနွယ်စုတာဝန်ယူခဲ့ကြောင်း အထောက်အထားများရှိနေပြီဖြစ်သည်။

http://www.todayifoundout.com/index.php/2011/08/the-cia-once-tried-using-cats-as-spies/

 

ထိုသို့အရေးပါသောစပိုင်လုပ်ငန်းများအပြင် ဖျော်ဖြေရေးလုပ်ငန်းဖြစ်သော ရုပ်ရှင်လုပ်ငန်းများတွင်လဲ ကျွန်ုပ်တို့ကြောင်မျိုးနွယ်စုကဏ္ဍမှာ ချန်လှပ်ထားနိုင်စရာမရှိခဲ့တော့ပေ။ Garfield ကဲ့သို့ ကြောင်သရုပ်ဆောင် ပေါ်ပေါက်လာခြင်မှာလဲ ကျွန်ုပ်တို့မျိုးနွယ်စုအတွက် ဂုဏ်ယူစရာအတိဖြစ်ခဲ့ပါသည်။ ကြောင်တို့မှတစ်ဆင့် ဆင့်ပွားထွက်လာသော ကြောင်ကြီးမျိုးနွယ်များဖြစ်သည့် ကျား၊ ခြင်္သေ့၊ ကျားသစ်ကဲ့သို့သော ကြောင်မျိုးနွယ် များကို Apple မှထုတ်လုပ်သော OSX နာမည်များတွင် ဂုဏ်ပြုသုံးနှုန်းထားသည်မှာလဲ ကြောင်မျိုးနွယ်တို့၏ သမိုင်းဝင်ဂုဏ်ပြုခံရမှုပင်မဟုတ်ပါလော..

Black Cat ဟူသောတံဆိပ်ဖြင့် အဖျော်ယမကာလုပ်ငန်းတွင်လဲ ဂျော်နီလမ်းလျှောက်ကဲ့သို့ ကြောင်မျိုးနွယ်ဂုဏ် ဖော်ဆောင်ခဲ့သည်ချည်းဖြစ်၏။

မြန်မာနိုင်ငံမှ အဆိုကျော်ဖြူဖြူကျော်သိန်းပင်လျှင် စင်မြင့်ထက် ကြောင်သံအော်ဆိုပြခြင်းအားဖြင့် အနှီအဆို တော်မသည်ပင်လျှင် ကြောင်တို့အား တိတ်တခိုးအားကျခဲ့ဖူးသည်ဟု သက်သေခံနေပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ အညာဒေသတစ်နေရာမှ ရန်အောင်အမည်ရှိသောကြောင်တစ်ကောင်မှာ လူတို့စကားကိုပင် ပြန်လည်ပြောဆို နိုင်လောက်အောင် ညဏ်ရည်အထူးမြင့်ခဲ့သည်ဆိုသော သက်သေပင်ရှိခဲ့သည်။

ရှေးကျသော ယဉ်ကျေးမှုတွင်ပင် ကြောင်အား နတ်ဘုရား၏အမှတ်သကေတအဖြစ်မှတ်ယူခဲ့ဖူးသည်။

စုန်းအတတ်ပညာများတွင်လဲ ကြောင်းများသည် တစ်ခန်းတစ်ကဏ္ဍတွင် စွမ်းစွမ်းတမံပါဝင်ခဲ့သည်ချည်းဖြစ်၏။

http://pio.tripod.com/magicpaw/catmyths.html

ယခု ဂေဇက်တွင်ပင် ကြောင်မျိုးနွယ်စု၏ အင်တိုက်အားတိုက်ပါဝင် ရေးသားဆွေးနွေးခဲ့သည်များအား သဂျီး၊ တံခါးစောင့်ကြီးနှင့် အပေါင်းအပါတို့မှ လက်ခံအတည်ပြုခဲ့ပြီးဖြစ်ပါသည်။

ထိုသို့သောအကြောင်းခြင်းရာများကြောင့် ကြောင်တို့သည် ကြွက်ခုတ်ခြင်းဟူသော မိရိုးဖလာခေတ်ဟောင်း အလုပ်အကိုင်များကို စွန့်လွှတ်ပြီး ပိုမိုတာဝန်ကြီးသော ပိုမိုခေတ်မီသောအခန်းကဏ္ဍများတွင် တာဝန်ယူပြီးဖြစ် နေကြောင်း ကြောင်မျိုးနွယ်စုအားလုံးကိုယ်စား ကျွန်ုပ်ကြောင်ဝတုတ်မှ ဂုဏ်ယူဝံ့ကြွားစွာ ရေးသာဖော်ပြလိုက်ရ ပေတော့သည်။

 

ကြောင်ဝတုတ် (ကြောင်မျိုးနွယ်စုသမိုင်းဖော်ထုတ်သူ)

ရန်ကုန်၊ ၂၀၁၁ နှစ်ကုန်ပိုင်း

9 comments

  • ငပေါက်ဖော်

    December 30, 2011 at 12:04 pm

    ကြွက်မခုတ်တော့ဘူးဆိုပီး
    ငါးကြော် လာတွမ်ဖို ့မကြိုးစားနဲ ့
    နာတောင် ငါးပိရေနဲ ့လွေးနေရတာပါကွယ်
    ဒါကြောင့်
    ဝက်ကြောက်.ကြက်ကြော်..ဖာကြော်..ငါးကြော်တွေရှိတဲ့ သဂျီးအိမ်သာ ပြောင်းနေလိုက်ပါတော့

    • ငပေါက်ဖော်

      December 30, 2011 at 12:08 pm

      ကျေးဇူးပြု၍
      ဖာကြော် အစား
      ဖားကြော် ဟု
      ပြင်ဆင်ဖတ်ရှုပါရန်

  • ကြောင်ကြီး

    December 30, 2011 at 12:50 pm

    ကြောင်ဆရာကြွက်
    ဟောင်ကာနှက်
    တဘောင်အာပျက်
    ရှောင်ကွာတသက်…
    ဟဲ့သောက်ခွေး
    ကြောက်ခါပြေး
    ရောက်မှာဘေး
    ဟောက်ပါမနှေး..
    ကျားဆရာကြောင်
    ငါးရှာဆောင်
    ထွားကာအောင်
    စားမှာအကောင်…။

  • small cat

    December 30, 2011 at 1:54 pm

    အကို ဝတုတ်ကသာ ဂုဏ်ယူဝံ့ကြွားနေတာ…
    ကျနော့်မှာတော့ အမြီးတက်နင်းခံထားရလို့ ကျယ်ကျယ်မအော်ရဲဘူးဖြစ်နေတယ်။
    နောင် ဆို ပါးစပ်တောင် ဟနိုင်ပါတော့မလားမသိ။
    အခုလောလောဆယ်တော့ မနေနိုင်လို့ တပုဒ်လောက်တော့ အော်လိုက်ဦးမယ်။
    ညောင်……………..

  • ကိုရင်စည်သူ

    December 30, 2011 at 2:01 pm

    ရွာထဲမှာ ကြောင်ခုတ်တတ်သော မခုတ်တတ်သော
    ကြောင်အနွယ်ဝင်များကို ထာဝရလေးစားလျက်ပါဗျာ…
    မိညောင်.. ညောင်.. ညောင်…
    ညောင်.. ဝေါင်.. 😆 😆

  • FattyCat

    December 30, 2011 at 2:59 pm

    လုပ်လိုက်ပါပြီ ကိုရင်စည်သူရယ်..
    ကြောင်ခုတ်တတ်သော မခုတ်တတ်သော ကြောင်အနွယ်ဝင်များဆိုတော့
    ကြောင်တော် (ကျွန်တော်ကို ကြောင်သံဖြင့်ဖတ်ခြင်း) တို့က ဇာတ်တူသားစားတဲ့ ကြောင်တွေဖြစ်ကုန်ပီ…
    ကြောင်တော်တို့က ကြွက်ခုတ်တယ်နော်…ကြောင်ခုတ်ဘူး….

  • ကြေးမလောင်

    December 30, 2011 at 5:04 pm

    အစာရေစာပေါရင် ကြေးမလောင်လည်း စိတ်ဝင်စားတယ်။
    ပြောင်းမယ် ပြောင်းမယ်.. လိုင်စင်အရင်ကျအောင် လျှောက်လိုက်အုန်းမယ်။

  • windtalker

    December 30, 2011 at 7:56 pm

    ကြောင်ဝတုတ်
    စောင်ညအုပ်
    မှောင်ထမှုတ် ( မီးခွက် ၊ ဖယောင်းတိုင် )

  • FattyCat

    January 2, 2012 at 10:00 am

    ဟိုက်….
    ဘာတွေတုန်းဟ
    ကြောင်ကို အုပ်ဆောင်းနဲ့အုပ်ရင်တော်သေးတယ်….
    အခုတော့ စောင်နဲ့ညမှ အုပ်ထားတယ်…..
    မှောင်တော့မှ ထမှုတ်တယ်ဆိုပါလား……
    ဘီလိုဂျီးတုန်းဟ…ဘလိုမှတွေးလို့မရပါလား

Leave a Reply