Ministry for Work Safe လိုနေပြီ

phone_kyawDecember 30, 20111min695

Occupational Health and Safety ကိုဘာသာမပြန်ပဲ ဒီအတိုင်းပဲ ဖတ်ကြည့်ပါ။ ဒီပညာရပ်ကို မြန်မာနိုင်ငံမှာ သင်ကြားနေတာမရှိပါဘူး။ ဒီလိုဘာသာရပ်ဟာ ယနေ ့ခေတ်ကာလမှာ အထူးပဲ အရေးကြီးတယ်။

လုပ်ငန်းခွင်တိုင်းမှာ စက်ရုံအလုပ်ရုံတိုင်းမှာ ဒီဘာသာရပ်နဲ ့သက်ဆိုင်တဲ့ဌာနရှိရတယ်။ ရှိမှလည်း လုပ်ငန်းရှင်နဲ ့အလုပ်သမားတွေနှစ်ဘက်လုံး အကျိုးခံစားခွင့်ရှိနိုင်မယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာ ဒီလိုအလုပ်နဲ ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့လူတွေအများအပြားရှိတယ်။

လစာလည်းအတော်ကောင်းတဲ့အလုပ်တစ်ခုပါ။ ဩစတျေးလျနိုင်ငံမှာ ဒီဘာသာရပ်နဲ ့ဘွဲ ့ရပြီး အတွေ ့အကြုံလေးငါးနှစ်လောက်ရှိတဲ့သူတစ်ဦးရဲ  ့လစာဟာ တနှစ်ကို ဒေါ်လာသိန်းချီရှိပါတယ်။

နိုင်ငံတိုင်းမှာ Ministry For Work Safe ဆိုတဲ့ ဝန်ကြီးဌာနရှိပါတယ်။ နိုင်ငံအများစုကို ပြောတာပါ။ တချို ့သော ဆင်းရဲတဲ့နိုင်တွေမှာတော့မရှိပါဘူး။ ဒီထဲမှာ ကျနော်တို ့တိုင်းပြည်ပါတယ်လို ့ပြောနိုင်ပြီ။

တာမွေမှာ ဖြစ်ပွားတဲ့ မီးလောင်ပေါက်ကွဲမှု ကိုလေ့လာကြည့်ပါ။ လုပ်ငန်းခွင်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေကို လူတွေနဲ ့နီးတဲ့နေရာမှာ ထားတဲ့ကိစ္စဟာ အင်မတန်ကို အသိပညာခေါင်းပါးတဲ့ဖြစ်ရပ်တစ်ခုပါ။ အမှန်မှန်က ဒီပစ္စည်းတွေကို လူနေအိမ်နဲ ့ဝေးတဲ့နေရာမှာ သီးသန် ့ထားသင့်တယ်။ ထားရင်တောင် သေသေချာချာ သတိပေးတဲ့ ဆိုင်းပုဒ်တွေဘာတွေတပ်ဆင်ပြီး သိမ်းဆည်းသိုလှောင်သင့်တယ်။

အခုလို ဗဟုသုတခေါင်းပါးတော့ လူအတော်များများ သေကြေ ကြရတဲ့အထိ ဖြစ်ခဲ့ရပြီ။ အထူးသဖြင့် ကျနော်တို ့နိုင်ငံမှာ အထက်ကပြောတဲ့ Occupational Health and Safety ဆိုတဲ့ဘာသာရပ်ရယ်၊ လုပ်ငန်းခွင်လုံခြုံရေးအတွက် ဖွဲ ့စည်းထားတဲ့ ဝန်ကြီးဌာန မရှိလို ့ပါ။ ဒါ့ကြောင့် ဒီလို မဖြစ်သင့်တဲ့ဖြစ်ရပ်တွေ ဖြစ်နေပါတယ်။

ဒီပေါက်ကွဲမှု ဘာ့ကြောင့်ဖြစ်ရတယ်၊ ဘယ်သူ ့မှာတာဝန်ရှိတယ်၊ ပြီးတော့ ထိခိုက်တဲ့သူမှန်သမျှကို စက်ရုံပိုင်ရှင် (သို ့) စီးပွားရေးသမားက လုံးဝ အလျှော်ပေးရပါ့မယ်။ ပြီးရင် တရားဥပဒေအရ ထောင်ချသင့်တယ်။

ဦးပိုင်က ပိုင်တယ်ဆိုတော့ ဒီကိစ္စကို ဦးပိုင်က လုံးဝတာဝန်ယူရပါလိ့မ်မယ်။ အစိုးရအနေနဲ ့ ဒီအမှု ့အတွက် စုံစမ်းရေးကော်မရှင်ဖွဲ ့ပြီး စစ်ဆေးသင့်ပြီ။

ဒီလိုဖြစ်ရပ်နဲ ့အလားတူတဲ့ ပုံစံတွေ တိုင်းပြည်ထဲက နေရာအတော်များများမှာရှိနေတယ်။ စက်ရုံအလုပ်ရုံတိုင်းမှာ ဖုံးဖိလို ့မရတဲ့ဖြစ်ရပ်တွေကလွဲရင် သေးသေးမွှားမွှားဖြစ်ရပ်တွေဟာ လူမသိခဲ့ပါဘူး။ တာမွေက ကိစ္စကတော့ ဖုံးလို ့မရလို ့ ဒီလောက်ပေါ်ခဲ့တာပါ။

ဘက်ထရီစက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမလေး တစ်ယောက်ဟာ ဘက်ထရီအဆိပ်မိလို ့ တစ်သက်လုံးခလေးမွေးလို ့မရတဲ့အထိ ဖြစ်ခဲ့တယ်။ သူကတော့ ကျနော့် ဝမ်းကွဲ ညီမဖြစ်တယ်။ သူမလို စက်ရုံမှာ လုပ်တဲ့စက်ရုံအလုပ်သမားတိုင်းမှာ ဒီလိုရောဂါမျိုးရှိတယ်။ ကျနော်ညီမမှာ အထက်ပြောတဲ့ ပညာရပ်မျိုးနဲ ့ဗဟုသုတ မရှိတဲ့အတွက်ကြောင့် တရားစွဲရမှန်းလည်းမသိ၊ ဘယ်သူ ့ကိုတိုင်းရမှန်းလည်း မသိတဲ့သူဖြစ်နေခဲ့တယ်။

စစ်တပ်ထဲမှာ ခဲယမ်းမီးကျောက်တွေပေါက်ကွဲလို ့သေကြတဲ့ ရဲဘော်တွေလည်း မနည်းဘူး။ ဒါတွေကို အာဏာပိုင်လူကြီးတွေက ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မသိကြဘူး။ အထူးသဖြင့် ပညာမတက်တဲ့ ပြသာနာကြောင့်လို ့ကျနော်ထင်တယ်။

နိုင်ငံရေးသမားတွေကော ဒီလိုပြသနာကိုဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတာကို သိဖို ့လိုသလို၊ လက်ရှိအစိုးရကလည်း ချက်ချင်းအကောင်အထည်ဖော်ဖို ့လိုတယ်။ ဒါကတော့ ကျနော်အထက်ကပြောတဲ့ ဝန်ကြီးဌာနကိုဖွဲ ့ပါ။ Occupation Health and Safety ဘာသာရပ်တွေကို တက္ကသိုလ်တွေမှာ သင်ကြားပါ။ စက်ရုံတိုင်း၊ လုပ်ငန်းခွင်တိုင်းမှာ ဒီလို ဌာန နဲ ့အလုပ်အကိုင်တွေ ဖန်တီးပါ။ ဒါတွေကို ဝန်ကြီးဌာနက ဥပဒေနဲ ့တိတိကျကျ လုပ်ရင် အခုလိုမျိုး တာမွေမှာ ဖြစ်တဲ့မီးလောက်ပေါက်ကွဲမှုမျိုး နောက်ထပ်မဖြစ်အောင်ရှောင်ရှားနိုင်ပါလိမ့်မယ်။

နိုင်ငံရေးသမားတွေ၊ လူ ့အခွင့်အရေးလှုပ်ရှားသူတွေရှိသင့်သလို လုပ်ငန်းခွင်လုံခြုံရေးနဲ ့မြှင့်တင်ရေးဆိုင်ရာ လှုပ်ရှားသူတွေလည်း ရှိဖို ့လိုအပ်နေပါတယ်။

နောက်ဆုံးအနေနဲ ့မီးလောင်တိုင်း ရေနဲ ့ငြိမ်းရမဲ့ဆိုတဲ့ အသိပညာမျိုးနဲ ့လည်း မီးသတ်သမားတွေ မဖြစ်သင့်တော့ပါဘူး။

အဓိကပြသနာက ပညာမဲ့မှု ့ကြောင့် မသေသင့်ပဲသေ၊ မကုန်သင့်ပဲ ကုန်ခဲ့ပြီ။

5 comments

  • KoNyeinChan

    December 30, 2011 at 12:52 pm

    ဟုတ်ကဲ့ခင်ဗျ.. အခုဆိုရင် ဪစီနိုင်ငံသား ရွှေသတ္တုတွင်းဝန်ထမ်း ဘလော့ဂါ ကိုဘုန်းကျော်မှ မီးဘေးဒုက္ခသည်များအတွက် အလှူငွေ ဪစီဒေါ်လာ ၅သန်း လှူဒါန်းချင်ပါသဖြင့် အမြန်ဆက်သွယ်ပါရန်တဲ့……. 😀 😀 😀

  • chityimhtoo

    December 30, 2011 at 1:55 pm

    ဟုတ်ပ ငဘုန်းကျော်ရာ …မင်းက မီးသတ်သမားလုပ်ရမှာ ဒါမှ မီးထဲမင်းပါသွား ရင်ငါတို့ တွေဒေါသထွက်
    စရာမလိုတော့ဘူး……….ဂရုဏာသက်ရင်လည်းအလှူငွေထည့်ပါလားကွာ စောက်ကြီးစောက်ကျယ်ပြော
    မနေနဲ့

  • char too lan

    December 30, 2011 at 2:46 pm

    တာမွေမဟုတ်ဘူး မင်္ဂလာတောင်ညွန့် နီးတော့နီးတယ် မမှန်ဘူး 🙂
    အကြံပေးတာမှန်တယ်။ သူများနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ကို Safety Course ဆိုတာဒီမှာသေချာသင်ပေးလိုက်တယ် အလုပ်ကြမ်းသမားတွေဆိုတော့ ပညာရေးနိမ့်ကြတာများတယ် တချို ့နယ်ကလူတွေ ဗမာစကားမပြောတတ်လို့ တဆင့်ချင်းစီသင်ပေးရတာတွေလဲရှိတယ်။ တခြားနိုင်ငံတွေတော့မသိဘူး စင်္ကာပူမှာဖြေရတဲ့ Safety Course ကလွယ်တယ်လို့ ပြောပါတယ်။ စင်္ကာပူကကုမ္မဏီလဲ မြန်မာအလုပ်ကြမ်းသမားတွေအတွက် အခုနောက်ပိုင်း အဲ့ဒီ Course ကို
    မြန်မာစာနဲ့ဖြေခိုင်းနေပါပီ။ အဲ့ဒါကို Safety Course သုံးကြိမ်ကျပီးပြန်လာရတဲ့
    မြန်မာနိုင်ငံသားတွေရှိနေပါတယ်။ အခုအန ္တရာယ်ဖြစ်ရပ်တွေနဲ့ယှဉ်ရင် အမှန်တကယ်လိုအပ်တဲ့ အကြုံပြုချက်ပါပဲ။ လုပ်ငန်းရှင်တွေလဲ လူသားဆန်ဖို့လိုလာပါပီ။

  • zaw min

    December 30, 2011 at 6:52 pm

    အဲဒီလိုလုပ်ပါ ကိုရင်ဘုန်းကျော်ရယ်…တကယ်တော့ ကျုပ်တို့ဆီမှာလိုအပ်နေတာက အများကြီးပါပဲ…
    ဘယ်လိုဝိုင်းဝန်းကူညီ ဆောင်ရွက်ကြမလဲဆိုတာအရေးကြီးပါတယ်…

  • Foreign Resident

    December 31, 2011 at 10:34 am

    ကိုရင် ဘုန်းကျော် ရေ
    အဆဲခံခြင်လို့ကိုရေးတယ် ( ၃ ) မှာ
    နဲနဲ ပြန်ရေးထားတယ်နော် ။ 🙂

Leave a Reply