ကွဲသွားတာလား.. ခွဲလိုက်တာလား

နီကီတာDecember 30, 20111min17913

ကျွန်မကို အဖေဝယ်ပေးထားတဲ့ ဖန်ဘောလ်ပင်လှလှလေး ကျကွဲသွားခဲ့တယ်…။
အရမ်းတုန်လှုပ်သွားတယ်…။
တစ်နေ့မှာ ဒီအဖြစ်ကို အဖေရိပ်မိသွားခဲ့ပြီး..
“ဖန်ဘောလ်ပင်လေးရော..” လို့်မေးတယ်.
ကျွန်မလည်း စိတ်ကို တည်ငြိမ်စွာထားပြီး ဖြေဖို့ကြိုးစားခဲ့တယ်.
ဒါပေမယ့် စိတ်လှုပ်ရှားလွန်းလို့ အသံဟာတုန်သွားတယ်..
“ကျကွဲသွားတယ်”
“ဘာ”
စိတ်ဆိုးသွားလိမ့်မယ်ဆိုတာ သိပေမယ့် ဒီလောက်ဒေါသထွက်လိမ့်မယ်လို့ မထင်ခဲ့ဘူး..
“ထပ်ပြောစမ်း”
“ကျကွဲသွားတယ်”
အဲဒီနောက် ကျွန်မရဲ့က ပါးတစ်ဖက် ပူခနဲဖြစ်သွားပြီး ဖျာပေါ်ကို ပက်လက်လဲကျသွားခဲ့တယ်..ပြီးတော့
အဖေဒေါသထွက်လျှင် ထောင်တတ်လာသော နားထင်သွေးကြောများကို ကြည့်နေခဲ့မိတယ်..
အဖေက အပေါ်ကနေ စူးစူးဝါးဝါးနဲ့ ငုံ့မိုးကြည့်ပြီးတော့
ထပ်မေးတယ်…။
“မင်း ခွဲလိုက်တာလား.. ဒါမှမဟုတ် သူ့အလိုလို ကွဲသွားတာလား”
“ကျကွဲသွားတာပါ”

ထို့နောက် အဖေက စာရွက်ပေါ်မှာ ခဲတံနဲ့ “ကွဲသွားတယ်” “ခွဲလိုက်တယ်” ဆိုတာကို ရေးပြီးတော့
ကျွန်မ မျက်နှာနားကို ကပ်ပြီးတော့ပြတယ်….
“ဒီနှစ်ခုတူလား”
“မတူပါဘူး”
“ဒါကို ကြည့်ပြီး မြဲမြဲမှတ်ထား.. နောက်ဆို ဒီလိုပဲလုပ်” လို့ပြောတယ်
ရိုးသားစွာ ပြောဆိုခြင်းကို အသိမှတ်မပြုဘဲ မတရားနှိပ်စက်တဲ့ မိဘလို့ စိတ်ထဲမှာ အငြိုးတေးထားခဲ့မိတယ်…။

အဖေဟာ ထူးချွန်ထက်မြတ်တဲ့ လူတစ်ယောက်မဟုတ်ခဲ့ပါဘူး…။ စက်ရုံတစ်ခုရဲ့ မန်နေဂျာတစ်ယောက်ဖြစ်ပြီး သာမာန်ရိုးရိုးသာ ဘဝကို ကုန်လွန်ခဲ့တယ်…
ဒေါသကြီးလွန်းခြင်းဟာ သူရဲ့ ဝါသနာတစ်ခုလိုဖြစ်နေပြီး..သမီးကြီးဖြစ်တဲ့ ကျွန်မအပေါ် အဲဒီဒေါသတွေဟာ အမြဲတမ်းကျရောက်ခံခဲ့ရပါတယ်…။

လွန်ခဲ့တဲ့ ဆယ်နှစ်ကတော့ အဖေဆုံးသွားခဲ့ပြီ..။ သားသမီးကို အလိုမလိုက်ဘဲ ၊ လိုက်လျောခြင်းမပြုဘဲ
ပြုစုပျိုးထောင်ခဲ့တဲ့ အဖေ့ရဲ့ စိတ်ဓာတ်ဟာ လေးစားစရာကောင်းခဲ့တယ်မဟုတ်လား…။
အဲဒီကျေးဇူးကြောင့် ကျွန်မဟာ အခုချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး..
လှုပ်ရှားရုန်းကန်နိုင်ခဲ့ပြီလေ….။ ။

(ဂျာပွန် ဆောင်းပါးတစ်ပုဒ်အား ဘာသာပြန်ထားခြင်း)

13 comments

  • ငပေါက်ဖော်

    December 30, 2011 at 11:58 am

    ဘသူခွဲခွဲ ဒို ့မကွဲ
    အမြဲစည်းလုံးမည် ကရင်စည်

  • inz@ghi

    December 30, 2011 at 12:28 pm

    အင်း ..သည်ရက်ပိုင်း ဂျာပွန်စာ အတော် လေ့လာဖြစ်နေသလိုပဲ …
    ကောင်းတယ် ကောင်းတယ် …ဆက်လုပ် ဆက်လုပ်….
    listening နဲ့ speaking ပါလုပ်ဦး နော…..

    ခင်တဲ့

    • ကိုရင်စည်သူ

      December 30, 2011 at 1:31 pm

      ဂျာပွန်စာတွေ လုပ်ဖြစ်နေတာတော့ ပြောမနေနဲ့…
      ဖုန်းဆက်တိုင်း အိပ်နေတယ်ဆိုတာချည်းပဲ..
      သံရုံးမှာ ဖြေတဲ့ စာမေးပွဲတုန်းက
      စပီကင်နဲ့ လစ်စနင်းနဲ့မှာ ကျတယ်ဆိုလားပဲ… ကွိကွိ…
      ဖွသွားပါသည်… 😆 😎

      • နီကီတာ

        December 31, 2011 at 6:38 pm

        ဖွဟဲ့..
        အောင်စာရင်းတောင် မထွက်သေးဘူးနော်
        ပေါက်ကရတွေ လျှောက်ပြောနေတယ်….။ 👿

  • KoNyeinChan

    December 30, 2011 at 12:54 pm

    ဪ.. . နားထင်သွေးကြောများ ကိုး…..

    • ကိုရင်စည်သူ

      December 30, 2011 at 1:34 pm

      ဟေ့လူ.. ကိုငြိမ်းချမ်း နားထင်သွေးကြောက ဘာကိုဆိုလိုတာလဲဗျ..
      ပို့စ်နဲ့တော့ လားလားမျှမဆိုင်သလိုပဲ..
      ပြောချင်တာရှိ ဒဲ့ပြောခဲ့ပါလား… 😎 😎

      • lone

        December 30, 2011 at 3:13 pm

        ကိုရင်စည်သူကလည်းစိတ်ထိန်းပါဦး…ပို့စ်ထဲမှာပါတယ်လေ….(အဖေဒေါသထွက်လျှင် ထောင်တတ်လာသော….နားထင်သွေးကြောများ) ဆိုပြီး…. 😛

  • chityimhtoo

    December 30, 2011 at 1:47 pm

    နီကီတာရယ် ကွဲတာဆိုရင်တော့…. ဥပေါ်ကျောက်ပြင်ကျလည်း ဥကွဲ။ ကျောက်ပြင်ပေါ်ဥကျလည်းဥကွဲဆိုတာမင်းသိထားစေချင်တယ်။
    ပူသွားတဲ့မင်းရဲ့ပါးပြင်လေးတစ်ဖက်ကိုငါအစားပြန်လျော်ပေးပါ့မယ်……:P

    • windtalker

      December 30, 2011 at 2:20 pm

      ဟိုက်
      ချစ်ရင်ထူး က တော့ ဘုမသိ ဘမသိ
      ခပ်တည်တည် လုပ်ဘီ
      ရှောင်ထား ရဲဘော်
      နောက်ဆုတ်လော့ ရဲဘော်

    • နီကီတာ

      December 31, 2011 at 6:41 pm

      သတိ..
      ဆိုင်းဘုတ်ရှိသည်..။

  • etone

    December 30, 2011 at 4:55 pm

    အားမနာတမ်းဝေဖန်ရလျှင်တော့ .. အတ္တကြီးပြီး သားသမီးကို သေချာ မကိုင်တွယ်တတ်တဲ့ ..အဖေလို့ပဲ ဝေဖန်လိုက်ချင်ပါတယ် … ။
    မိဘနဲ့သားသမီးကြားမှာရှိတဲ့ လေးနက်တဲ့ ဆက်ဆံရေးကို ၊ အခကြေးငွေပေးပြီးတန်ဖိုးဖြတ်လို ့ရတဲ့ ပစ္စည်းနဲ့ လဲလိုက်လို့ပါပဲ … ။

    သမီးအတွက်သုံးဖို့ ဝယ်တောင်ပေးထားသေးတာပဲလေ .. ပေးပြီးလျှင် သမီးပိုင်ဖြစ်သွားပြီပဲ .. လုပ်ချင်သလို လုပ်ခွင့်တော့ ရှိမှာပါပဲ .. တမင်သက်သက်ခွဲလိုက်တာမဟုတ်ပဲ … မတော်တဆကိုင်ရင်းကျသွားတာပဲလေ…။ ကွဲတတ်တဲ့ပစ္စည်းကို မကွဲစေချင်လျှင် ဝယ်မပေးတာကမှ ကောင်းပါသေးတယ် … ။ 🙁

  • comegyi

    December 30, 2011 at 4:57 pm

    အို ငတို့များ
    ဂျာပွန်စာချင်လိုက်ပါဘိ
    …………….အားကျထှာ….သူများတွေ ရေးတာကို….
    ဘာပဲပြောပြော နီကီတာရေ့
    ဂျာပွန်စာလေးတွေ ဘာသာပြန်ပေး
    တာ ကျေးဇူးတင်လှပါကြောင်း…
    ခင်တဲ့ ….
    ကီးဂျမ်း….

    • နီကီတာ

      December 31, 2011 at 6:40 pm

      အရူးဘုံမြောက်ဖြစ်တော့မယ် ထင်တယ်…။ 😀

Leave a Reply