အ​မေရိကန်သန်း​ကြွယ်သူ​ဌေး​ကြီး​ဂျော့ဆိုရော့စ် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​တွေ့​မည်

WowDecember 30, 20111min656

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အ​မေရိကန်သူ​ဌေး​ကြီး​ ​ဂျော့​ဆို​ရော့​စ်တို့​ လာမယ့်​ ဇန်နဝါရီ ၂ ရက် တနင်္လာ​နေ့​မှာ ​တွေ့​ဆုံဖို့​ရှိတဲ့​အ​ကြောင်း​ အန်အယ်လ်ဒီအသိုင်း​အဝိုင်း​က အတည်ပြု ​ပြောဆိုပါတယ်။

ဂျော့​ဆို​ ရော့​စ်ဟာ မိသား​စုနဲ့​အတူ သူပိုင်​လေယာဉ်နဲ့​ ဒီဇင်ဘာ၂၆ ရက်ကတည်း​က မြန်မာပြည်ကို အလည်ခရီး​ရောက်ရှိ​နေပြီး​၊​ ဒီဇင်ဘာ၂၈ ရက်မှာ​တော့​ အင်း​လေး​ကန်ကို သွား​ရောက်လည်ပတ် ​နေတယ်လို့​သိရပါတယ်။
ဂျော့​ဆို​ရော့​စ် အင်း​လေး​ကို လာလည်မယ့်​အ​ကြောင်း​ အင်း​တိုင်း​ရင်း​သား​ပါတီ ဥက္ကဋ္ဌ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။
“​ကျ​နော်တို့ ​ သတင်း​ရတယ်ခင်ဗျ။ ကိုယ့်​အဆက်အသွယ်နဲ့​ လုပ်ပြီး​တော့​ ဟဲဟိုး​လေယာဉ်ကွင်း​ကို ​ရောက်မယ်။ ​နောက် ​ညောင်​ရွှေအ​နောက်ဘက်ကမ်း​မှာ ရှိတဲ့​ ​ခေါင်တိုင်ဆိုတဲ့​ ​ကျေး​ရွာ​လေး​က ဟိုတယ်တခုမှာ သူတည်း​မယ်ဆိုတာ ကျ​နော်တို့​ သိရှိခဲ့​တယ်။”
အင်း​သား​ ပါတီအ​နေနဲ့​ ​ဂျော့​ဆို​ရော့​စ်နဲ့​ ​တွေ့​ဆုံဖို့​ရှိပြီး​၊​ ​တွေ့​ခွင့်​ရရင် အင်း​လေး​ကန် ​ရေရှည်တည်တံ့​ခိုင်မြဲ​ရေး​အတွက် ​ဆွေး​နွေး​မယ်လို့​လည်း​ ​ပြောပါတယ်။
အစိုး​ ရတာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံဖို့​ ရှိမရှိ မ​သေချာ​သေး​ဘဲ သူ့​ခရီး​စဉ်ဟာ အလည်အပတ်ခရီး​ ဖြစ်ဖို့​များ​တယ်လို့​ ရန်ကုန်ကုန်သည်စက်မှုလုပ်ငန်း​ရှင် အသိုင်း​အဝိုင်း​က ခန့်​မှန်း​သုံး​သပ်​နေကြပါတယ်။
ဂျော့​ဆို​ ရော့​စ် တည်​ထောင်ထား​တဲ့​ Open Society Institute (OSI) ဟာ ဒီမိုက​ရေစီထွန်း​ကား​ရေး​အတွက် အ​ထောက်အပံ့​ပေး​နေပြီး​ အဲ့​ဒီ​ထောက်ပံ့​မှုနဲ့​ Burma Project/ Southeast Asia Institute ကို တည်​ထောင်ထား​ပါတယ်။ အဲ့​ဒီ project ဟာ မြန်မာ့​အ​ရေး​ အ​ထောက်အပံ့​ပေး​ဖို့​ အဓိကဖွဲ့​စည်း​ထား​တာဖြစ်ပြီး​ အဖွဲ့​အစည်း​ပေါင်း​ ရာနဲ့​ချီကို နှစ်စဉ်​ထောက်ပံ့​ပေး​နေတာပါ။
ဒီဗွီဘီ
သစ်ထူးလွင် 12/28/2011 06:36:00 PM
……………………..
ကြားသိရတဲ့သတင်းများအရ ဂျော့ဆိုရော့စ်ဟာ ဗိုလ်ချုပ်အတ္တုပတိရုပ်ရှင်အတွက်လည်း တစ်ဦးတည်းအားလုံးတာဝန်ယူထောက်ပံ့လိုကြောင်း ပြောကြားထားတာရှိပါတယ်…

ဒီကိစ္စလဲ ဒေါ်စုနဲ့ဆွေးနွေးမယ်လို့ခန့်မှန်းရပါတယ်….

6 comments

  • inz@ghi

    December 30, 2011 at 12:26 pm

    အောင်မယ်ငီး …အာဗေတာရယ်…….
    ရေငတ်တွားဘီ…
    ရေသောက်ပီးပြန်လာမှ…. ပိုစ့်ပါ အကြောင်းအရာ ဆွေးနွေးတော့မယ်နော ….

    ခစ်ခစ်

    • Wow

      December 30, 2011 at 12:53 pm

      ဆူးကျေးဇူးနဲ့ လှုပ်လို့ရသွားဘီလေ…
      😀

  • မှော်ဆရာ

    December 30, 2011 at 1:02 pm

    နာလဲ ခေတ်နောက်မကျအောင် လှုတ်ဖို့ လိုလာပြီ …

    • Wow

      December 30, 2011 at 1:07 pm

      နှစ်သစ်ကို လှုပ်စိလှုပ်စိနဲ့ ကြိုကြတာပေါ့…
      😉

  • koyinmaung

    December 30, 2011 at 1:52 pm

    ဝမ်းသာစရာသတင်းတပုဒ်ပါလား
    Wowရေ…
    ဟိုဟာလေ့ကျင့်ခန်းလုပ်နေတာလား
    ပြုတ်ကျကုန်အုံးမယ်နော်..ဖြေးဖြေး

    • Wow

      December 30, 2011 at 6:02 pm

      ကိုရင်မောင်နော် မမယ်မကိုတိုင်လိုက်ရမလား…
      စတာ…
      ဆောင်းတွင်းဆိုတော့ လှုပ်နေမှကျမ်းမာရေးနဲ့ညီညွတ်ထှာ
      😀 😀 😀

Leave a Reply