ပရဟိတ (သို ့မဟုတ် ) အလှူ လုပ်ချင်သူများအတွက်

မောင် ပေDecember 30, 20111min18415





one day တုန်းကပေါ့ ။
အသိတစ်ယောက် နဲ ့စကားပြောကြရင်း ၊ အလှူလုပ်တဲ့ ကိစ္စ အကြောင်း ပြောဖြစ်သွားတယ် ။
ကျွန်တော် က ငွေ/ပိုက်ဆံ အလှူလုပ်ချင်နေတဲ့ အချိန် ၊ ဘယ်မှာ ဘယ်လို သွားလှူရမလဲ ဆိုတာ ကို ကျွန်တော် မသိဘူး ဖြစ်နေတယ် ။ ယခင်လှူခဲ့ဖူးတဲ့ နေရာတွေရှိပေမယ့် ၊ အခြားနေရာတွေမှာလည်း လှူချင်တာကိုးဗျ ။
ကျွန်တော် က စာတွေဖတ်ရင်း ၊ ကောက်ချက်ချ မိတဲ့ အယူဝါဒ တစ်ခု က ၊ “ လူ ဖြစ်လာတာ ဘာတာဝန်ရှိလဲ ၊ တွေးကြည့်တော့ မနည်းမနော ပါဘဲ ၊ အဲဒီ တာဝန်တွေ ထဲ မှာ ကိုယ် တတ်နိုင်တာ ဘာရှိလဲ ဆက်တွေးတော့ ၊ ပရဟိတ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ ့အစည်းတွေ ကို ကိုယ် တတ်နိုင်သလောက် သွားလှူ သွားထောက်ပံ့ ပေးရင် ကျွန်တော့် အတွက် အိုကေတယ် ။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် အတွက် ဘဲ ဖြစ်ဖြစ် ၊ ကိုယ်နေထိုင်တဲ့ အမိနိုင်ငံတော် ထဲ က လိုအပ်ချက်များအတွက် ဘဲ ဖြစ်ဖြစ် ၊ ကိုယ့်ရဲ ့လုပ်အားခကနေ ရလာတဲ့ ငွေအလှူဟာ အထောက်အပံ့ တစ်စုံတစ်ရာ ဖြစ်စေချင်တယ် ။ အကျိုးနဲနဲဘဲ ရှိရှိ ၊ အများကြီး ရှိရှိ ၊ ကိုယ့် အလှူဟာ အကျိုးဖြစ်စေတယ် ဆိုရင် ကျေနပ်တယ် ။ ဝမ်းသာ ပီတိ ဖြစ်တယ် ။ ”
ဆိုတော့က… ကျွန်တော် လုပ်အားခ ချွေးနည်းစာလေးတွေ စုပြီး လှူတော့မယ် ဆိုရင် ၊ နေရာ လိုက်ရှာရတယ် ။
တစ်ခါ က မန်းတလေး ပြည်သူ ့ဆေးရုံကြီး ကင်ဆာရောဂါကု ဌာန ကို ရောက်ခဲ့ဖူးတယ် ။
အဲဒီမှာ က တက်ရောက်ကုသခံနေတဲ့ ကင်ဆာရောဂါသည် တွေ ကို နေ ့တိုင်း ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာ စားချင်စဖွယ် ဖြစ်အောင် ချက်ကျွေးတယ် ။ ကင်ဆာရောဂါသည် တွေ ဆိုတာက ခံစားနေရတဲ့ ဝေဒနာကြောင့် ခံတွင်းပျက်တာကိုး ။
ဒါနဲ ့အဲ့တုန်းက ၊ တစ်ရက်စာ စားစရိတ် သွားလှူမယ် ဆိုပြီး ရောက်သွားတော့ ၊ အလှူလက်ခံ မယ့် လူက အစည်းအဝေးတက်နေတယ် တဲ့ ။ အစည်းအဝေး က လည်း ကြာဦးမှာ ဆိုတော့ ၊ ကိုယ်လည်း စိတ်မရှည် မစောင့်နိုင်တာ နဲ ့၊ မိဘမဲ့ကလေးတွေ ထိန်းသိမ်းစောင့်ရှောက်တဲ့ ကျောင်းမှာဘဲ သွားလှူလိုက်တော့တယ် ။
ကျွန်တော် ဆိုတဲ့ကောင်ကလဲ တတ်နိုင်လို ့၊ စိတ်ဝင်စားလို ့ ၊ အခုလှူမယ် ဆိုရင် ချက်ချင်းလှူလိုက်ရမှ ကျေနပ်တဲ့ ကောင်ဆိုတော့ဗျာ ။
အဲ..အခု ကျွန်တော်နဲ ့ကျွန်တော့် မိတ်ဆွေ နဲ ့စကားပြောဖြစ်ကြတော့ ၊ တောင်တန်းသာသနာပြု အဖွဲ ့ကို ပိုက်ဆံ ၊ အဝတ်အထည်ဟောင်း ၊ ဖိနပ်ဟောင်း ၊ ကျောင်းဝတ်စုံ ၊ ဆန်၊ ဆီ ၊ ဆား ၊ ဆေး ၊ပဲ စသဖြင့် အကုန်လှူလို ့ရတယ် ဆိုတာ သိလာရတယ် ။ ဖုန်းနံပါတ် ရလာခဲ့တယ် ။ ဒါနဲ ့ဖုန်းဆက်ပြီး လှမ်းချိတ်လိုက်တယ် ။
“ ဘယ်နေ ့ဘယ်ရက် ကို ကျွန်တော်တို ့လင်မယား လာလှူပါ့မယ် ပေါ့ ၊ အိုခေ တဲ့ ”
ဒါနဲ ့၊ အလှူလုပ်တဲ့ နေ ့ရက် ၊ ရောက်သွားတဲ့အခါကြမှ ၊ ကိုယ်လှူမယ့်နေရာ က မန်းတလေးမြို ့မှာ ဗြဟ္မစိုရ်နာရေးကူညီမှု အသင်း ကို စတင်တည်ထောင်ခဲ့တဲ့ “ဆရာတော် ဦးတိက္ခ ” ကျောင်းဖြစ်နေတာ သိရတယ် ။ ဝမ်းသာမိသွားတာပေါ့ဗျာ ။
တောင်စလင်းတိုက်သစ်မှာဗျ ။ အရင်က မရောက်ဖူးဘူးဗျ ။
အဲဒီမှာ ဗုဒ္ဓဘာသာ သာသနာ ပြန် ့ပွားရေး အသင်း ရုံးခန်းရှိတယ် ။ အလှူရှင်များ ရဲ ့အလှူငွေ များ ၊ စားနပ်ရိက္ခာများ ၊ ဘုရားဆင်းတုများ စသည်ဖြင့် အလှူလက်ခံတဲ့ နေရာပါဘဲ ။ ဗြဟ္မစိုရ် အသင်းတိုက် တည်နေရာ က တောင်ဘက် ကပ်ရပ်မှာ ။ အဲဒီမှာ ဒုတိယဥက္ကဌ နဲ ့တွေ ့ဆုံရပြီး ၊ ဆရာတော် က နယ်စပ်တွေ မှာ ၊ ချင်းတောင်ဒေသတွေမှာ ၊ မြန်မာနိုင်ငံ ခြေဖျားက ဒေသတွေမှာ သာသနာ ပြု လုပ်ငန်းတွေ ကို ကိုယ်တိုင်သွားရောက် ဦးဆောင် လုပ်ကိုင်နေကြောင်း သိရတယ် ။
ချင်းတောင်ပေါ်က လူတွေ ဟာ တဲ့ ၊ ပညာမတတ် ဆင်းရဲဒုက္ခများစွာနဲ ့တဲ့ ။ ပညာမတတ် ဆို ရာသီဥတုဆိုးဆိုးဝါးဝါးထဲမှာ နေရပြီး ၊ ပင်ပန်းကြီးစွာ ဝမ်းစာရှာဖွေနေရတာ ဆိုတော့ ပညာသင်ဖို ့ဝေးပြီပေါ့ ဗျာ ။
တစ်ချို ့ရွာတွေမှာ ဆိုရင်ဟင်းချက်ရင် သုံးရတဲ့ “ ဆား ” ဆိုတာကို လုံးဝ မတတ်နိုင်ကြရှာဘူးတဲ့ ။ ဆားတစ်ပိဿာ ၄၀၀ဝ ကျပ်တဲ့ဗျာ ။ သူတို ့တစ်နေကုန် ပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေမှ ငွေတစ်ထောင်ကျပ် လောက် ဘဲ ရတာဆိုတော့ ၊ ဘယ် ဝယ်စားနိုင်ကြမလဲ ဗျာ ။
နောက်ပြီး တစ်နှစ် ကို တစ်ခါလောက် ၊ အဲဒီဘက်တွေ က စိုက်ခင်းတွေ မှာ ကြွက်အုပ်တွေ က ဝင်သောင်းကျန်းကြသေးတယ်တဲ့ဗျ ။ စိုက်ထားသမျှ ဆန် တို ့ပြောင်းတို ့စသဖြင့်ပေါ့ဗျာ ၊ အကုန် ဖျက်စီး သွားတယ် တဲ့ဗျာ ။ ဆိုတော့က ၊ အငတ်ဘေး ဆိုက်ပြီပေါ့ ။ အဲ့ခါကြရင် တောင်တန်းဒေသတွေမှာ သာသနာပြုဖို ့ရောက်နေတဲ့ ဘုန်းတော်ကြီးများဆီမှာ လာပြီး အကူအညီတောင်းခံကြပါသတဲ့ ။
အဲဒီမှာ ဗုဒ္ဓဘာသာ သာသနာ ပြန် ့ပွားရေး အတွက် ရောက်နေတဲ့ ဘုန်းတော်ကြီးများ က ဘာလုပ်နေကြလဲ ဆိုရင် ၊ ရာသီဥတု ဆိုးတာ ကို အံတု ရင်း ၊ ဘာသာစကား အခက်အခဲ ကို ရင်ဆိုင်ရင်း ၊ စားနပ်ရိက္ခာရှားပါးမှု ကို အံတုရင်း ကျန်းမာရေးအခက်အခဲ ကို ရင်ဆိုင်ရင်း အဲဒီက ဒေသခံလူတွေ ရဲ ့အခက်အခဲတွေ ကို ဖြေရှင်းပေးနေပါတယ် ။
ဒေသခံတွေရဲ ့ကလေးငယ်တွေ ကို ပညာသင်ပေးတယ်ဗျာ ။ မွေးဖို ့ခက်ခဲလို ့မမွေးနိုင်လို ့ကျောင်းလာပို ့တဲ့ မိဘမဲ့ကလေးတွေ လဲ ရှိတယ်ဗျ ။ သူတို ့လေးတွေ ကို ကျွေးမွေး စောင့်ရှောက် ပညာသင်ပေးနေတယ် ဗျ ။ စောင် ၊ အဝတ်အစား ၊ ဖိနပ် ၊ ကျောင်းစာအုပ် အစုံပေါ့ဗျာ ။ ကျန်းမာရေး လည်း စောင့်ရှောက်ပေးတာ ပေါ့ဗျာ ။
ဒေသခံ လူတွေ ရဲ ့စားနပ်ရိက္ခာ အကူအညီတောင်းမှုများကို လည်း ဆန် တို ့ဆီ တို ့ပဲတို ့စသဖြင့် ထောက်ပံ့ပေးတယ်ဗျာ ။
နောက်ပြီး အနောက်တိုင်းဆေး ၊ တိုင်းရင်းဆေး အစရှိသဖြင့် ဆေးဝါးတွေ လည်း လှူဒါန်း ကူညီပေးနေတာ ဗျ ။
သူတို ့စိတ်ပါပြီ ဖြစ်လို ့ဗုဒ္ဓဘာသာထဲ ဝင်မယ်ဆိုရင်လည်း သရဏံဂုံ တင်ပေးတာပေါ့ ဗျာ ။
( အသုံးအနှုန်း မှားလျှင် ခွင့်လွှတ်ပါရန် လေးစားစွာတောင်းပန်အပ်ပါသည် )
ဒေသခံတွေ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီ ဆိုရင် လည်း ၊ ရဟန်းခံချင်တဲ့ သူ ကိုရင်ဝတ်ချင်တဲ့ သူ များ ကို စုပြီး ရှင်ပြုရဟန်းခံပေးတယ်ဗျာ ။ အိမ်မှာကိုးကွယ်ဖို ့ဘုရားဆင်းတု တွေ လှူပေးတယ်ဗျာ ။ တစ်ကယ်ကို ကောင်းမွန် တဲ့ လုပ်ရပ်တွေပါ ။
အသင်းကြီးဟာ အလှူရှင်များ လှူဒါန်းကြတဲ့ လှူဒါန်းပစ္စည်းများ ကို အဲဒီ ဘုန်းကြီးတွေ ဆီ ရောက်အောင် လမ်းစရိတ်ခံပြီး ပို ့ပေးနေပါတယ် ။
လမ်းစရိတ်ဆိုလို ့၊ ကားခ က လည်း မသေးဘူးဗျ ။ ချင်းတောင်ဘက် ကို ၁ဝဘီးကား တစ်စီးစာ ပို ့မယ် ဆိုရင် ကားခက ရှစ်သိန်းကျပ် ခန် ့ကုန်ကြတယ်ဗျ ။
ကျွန်တော်တို ့လင်မယား စိတ်ထဲမှာ စေတနာ သဒ္ဒါတရားတွေ ဖြစ်မိပြီး ၊ “ နယ်စပ်တောင်တန်းနဲ ့ကမ်းရိုးတန်း ဗုဒ္ဓဘာသာနာပြန် ့ပွားရေး အတွက် တစ်သိန်းကျပ် လှူဒါန်းခဲ့တယ် ဗျာ ”
နောက်တစ်ခု သိလာရတာက သမိုင်းမှာ ရေကန်ပေါင်း ၈၄၀၀ဝ ၊ ကျောင်းပေါင်း ၈၄၀၀ဝ ၊ စေတီဘုရား ၈၄၀၀ဝ လှူခဲ့တဲ့ အသောက မင်းကြီး ဟာ သူ လှူခဲ့တဲ့ အလှူတွေ အတွက် သာသနာအမွေဆက်ခံတဲ့ သူ ဖြစ်ပြီလား လို ့၊ မထေရ်မြတ် ကို မေးတော့ ၊ မိမိရင်မှ ဖြစ်သော သားကို ဖြစ်စေ ၊ သူတစ်ပါးရင်မှ ဖြစ်သော သား ကို ဖြစ်စေ ရှင်ပြု ရဟန်းခံ မှသာ သာသနာ့အမွေ ဆက်ခံကြောင်း ဖြေကြားလို ့၊ ဝမ်းသာအားရ နဲ ့သူ ့သားတော် နဲ ့အခြားသူများကို ရဟန်းခံ အလှူကြီးလုပ်တယ်တဲ့ဗျ ။
အခု ဒီ နယ်စပ်တောင်တန်း နဲ ့ကမ်းရိုးတန်း ဗုဒ္ဓဘာသာ သာသနာ ပြန် ့ပွားရေး အသင်းကြီးကလည်း လာမယ့် ၂၀၁၂ ထဲမှာ ရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာများ ကျင်းပပြုလုပ်ရန် အစီအစဉ် ရှိနေတာ ကို သိခဲ့ရပြီး လှူဒါန်းလို ့ရတာကို လည်း သိရလို ့၊ ရဟန်းနှစ်ပါးစာ အတွက် နှစ်သောင်းကျပ် လှူခဲ့သေးတယ်ဗျာ ။
နောက်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့လူတွေ ကိုးကွယ်ဖို ့ဘုရားဆင်းတု လှူလို ့ရတယ် ၊ ဆင်းတုတော် ရဲ ့ပုလ္လင်မှာ အလှူရှင် နာမည်ထိုးပေးတယ် တဲ့ဗျ ။ အဲဒါအတွက်လည်း ဆင်းတုတစ်ဆူ မှ ကိုးထောင်ကျပ် ဘဲ ကျသင့်တယ် ။
အဲဒါပြီးတော့ စိတ်ကြည်နူးချမ်းမြေ ့စွာနဲ ့ပြန်ခဲ့ကြပါတယ် ။ လက်ကမ်းစာစောင်လေးတွေ လည်း ယူခဲ့တယ် ။ အသိမိတ်ဆွေတွေ ကို ပြန်ဝေပေးဖို ့ ။
အခု ကျွန်တော် ရေးတဲ့ အကြောင်းအရာတွေ ကတော့ ၊ ဂေဇက်လာ ဂေဇက်ဝင် ဗုဒ္ဓဘာသာဝင် များကို အဓိက ရည်စူးပြီး ရေးတာပေါ့ ဗျာ ။ လှူချင်သူ များ အတွက် ဒီလိုနေရာမှာ ဒီလိုတွေလှူလို ့ရပါလား ဆိုတာလေး ကို သိစေချင်လို ့ပါ ခင်ဗျာ ။
အခြားဘာသာဝင်များအနေနဲ ့လည်း လှူချင် လှူလို ့ရပါတယ် ခင်ဗျာ ။
လိပ်စာကတော့ အပေါ်က ပုံထဲမှာ ပါပါတယ် ခင်ဗျ ။
ဒီလောက်နဲ ့ဘဲ ရပ်နားခွင့် ပြုပါခင်ဗျာ ။
အခုရေးတင်တဲ့ ပို ့စ်မှာ အမှားအယွင်း တွေ ့ရှိခဲ့ပါက စာရေးသူ ကျွန်တော့် ညံ့ဖျင်းမှုကြောင့် ၊ အသုံးမကျမှု ကြောင့်သာ ဖြစ်ပါကြောင်း ပါ ခင်ဗျား ။
စာလုံးပေါင်းအမှားအယွင်းများ တွေ ့ခဲ့ရပါကလည်း ခွင့်လွှတ်ပေးကြပါခင်ဗျား ။
ကျွန်တော် လှူခဲ့တဲ့ အလှူဒါနအတွက်လည်း ၊ ကျွန်တော်နဲ ့အတူ ကောင်းမှုကုသိုလ်အဖို ့ဘာဂ ကို ထပ်တူ ရကြစေဖို ့၊ “ အမျှ ၊ အမျှ ၊ အမျှ ” သုံးကြိမ် ဝေပေးလိုက်ပါတယ် ခင်ဗျာ ။
*********************
——- အားလုံးကို ကျေးဇူးတင်ပါသည် ——-

15 comments

  • ကိုရင်စည်သူ

    December 30, 2011 at 1:41 pm

    ရှေးအတိတ်ကလည်း ဒီလို ဒါနအလှူတွေပြုခဲ့လို
    အခုဘဝမှာ ရုပ်ချော၊ အရပ်ရှည်၊ သဘောကောင်းခဲ့..
    ခုဘဝကျတော့လည်း ဒီလိုမတူတဲ့နေရာတွေမှာ ဒါနအလှူတွေပြုမယ်ဆိုတော့
    နောင်ဘဝများတော့… ဒါနအကျိုးတွေ ထပ်ခံစားရဦးမယ်..
    သာဓု..သာဓု..သာဓု..
    ဒါနဲ့ စကားမစပ် ကိုပေရေ.. ဒီည ဘာဘူပွဲ ဘယ်အချိန်လဲဗျာ.. ???

    • windtalker

      December 30, 2011 at 2:18 pm

      ပွဲချိန်လေးကတော့ ““ ၂ချက် ၁၅ ”” တဲ့
      ကရင်စည်သူ ရေ ပို ့စ်တစ်ခု အနေနဲ ့တင်မယ် ကွာ ၊ ဟုတ်ဘီနော် ရဲဘော်

  • fatty

    December 30, 2011 at 2:01 pm

    သာဓုခေါ်ပါတယ် ကိုပေရေ …။
    ဝမ်းသာကြည်နူးရပါတယ်။ အဲဒီအလှူဒါနပြီးမြောက်ခဲ့ခြင်းကို
    အကြိမ်ကြိမ်ပွါးများပါလို့တိုက်တွန်းလိုက်ပါတယ်ဗျား …။

  • small cat

    December 30, 2011 at 2:31 pm

    လှူရမဲ့နေရာတွေက မြို့တိုင်းမှာ အများကြီးရှိနေပါတယ်။ ကျနော်တို့မြို့လေးက မူလတန်းကျောင်းမှာ ကျောင်းသားလေးတွေအတွက် လိုအပ်ချက်လေး တစ်ခုကို သွားလုပ်ပေးနေပါတယ်၊ သုံးသိန်းဘိုးလောက်ကုန်နေပါပြီ။ လုပ်နေရင်း နဲ့ ကျနော်လုပ်ပေးနေတာထက်ပိုအရေးကြီးတဲ့ လိုအပ်ချက် တစ်ခု တွေ့ပါတယ်၊ ကျနော့အားနဲ့ မတတ်နိုင်တဲ့ ကိစ္စပါ။
    တစ်နေ့ သူငယ်တန်း ကျောင်း သားလေးတစ်ယောက် အတန်းထဲမှာ မစင်စွန့်ချပါတယ်၊ သူ့လွယ်အိတ်တွေကော ဘေးနားက ကလေးလွယ်အိတ်တွေကောပေကုန်ပါတယ်။
    ဆရာမက နှာခေါင်းပိတ်ထွက်လာပြီး လေးတန်းကျောင်းသားလေးတစ်ယောက်ကိုခေါ်ပြီး သန့်ရှင်းရေး လုပ်ခိုင်ပါတယ်။ ကလေးကိုအိမ်ပြန်ပို့ခိုင်းလိုက်ပါတယ်။ ကလေးကဗိုက်ပူနံကားလေးပါ၊ ဝမ်းပျက်နေတဲ့ပုံရပါတယ်။ ကျောင်းကလည်း တော်တော်ဆင်းရဲတဲ့ကျောင်းပါ၊ ကျောင်းဆောင်ထဲမှာ တစ်ခန်းနဲ့တစ်ခန်း ခြားတဲ့ ပါ့တေးရှင်းမရှိပါဘူး။ ပတ်ဝန်းကျင်လည်းလုံးဝ သန့်ရှင်မှု မရှိတာကိုတွေ့ရပါတယ်။ ကျောင်းအိမ်သာကိုကျနော်သွားကြည့်တော့ လေးခန်းတွဲတလုံးက လုံးဝသုံးလို့မရတော့ပါ၊အမိုးမရှိပါ၊တံခါးမရှိပါ။ အုတ်နံရံအကာတွေ ဆွေးမြေ့နေပါပြီ။ ကျောင်းဆောင်နှစ်ခုကြားမှာ ဆောက်ထားတဲ့ ခပ်စုပ်စုပ်နှစ်လုံးတွဲ တစ်လုံးရှိပါတယ်၊ တံခါးတွေပျက်နေပါပြီ၊ သုံးလို့ရပါသေးတယ်။ ရှေ့မှာရေအိုင်နဲ့မို့ လျှောက်လမ်းကို သဲအိပ်လေးတွေခင်းထားပေးပါတယ်။ နောက်အဖွဲ့အစည်းတစ်ခုကဆောက်ပေးထားတဲ့ သုံးခန်းတွဲတစ်လုံးလည်းရှိပါတယ်၊ကောင်းပါတယ်။ ၊ရေထဲမှာပါပဲ ၊လမ်းကိုသဲအိတ်လေးတွေ ခင်းထားပါတယ်၊ကျား/မ၊ခွဲမထားပါဘူး။ ကလေးငယ်လေးတွေ အဲဒီအိမ်သာကိုသွားဖို့ ခက်ပါတယ်။ တစ်ခန်းကဆရာမတွေအတွက် သော့ခတ်ထားပါတယ်။ ကျောင်းသား (၂၆၀) ကျော်ရှိတယ်လို့သိရပါတယ်။ အိမ်သာလောက်ပုံမပေါ်ပါ။ အိမ်သာပျက်လေး ပြင်ပေးချင်ပါတယ်၊ အိမ်သာသွားလမ်းလေးခင်းပေးချင်ပါတယ်၊ကြောင်လေး မတတ်နိုင်ပါ။ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးက အရေးကြီးပါတယ်။

    • windtalker

      December 30, 2011 at 2:33 pm

      ကျွန်တော် အခု တင်တဲ့ လိပ်စာ ကို
      စမောကတ် တို ့မြို ့နာမည် ကျောင်းလိပ်စာ ကြုံနေရတဲ့ အခက်အခဲ တွေ လိုအပ်ချက်တွေ ကို စာရေးပို ့ပေးပြီး အကူအညီ တောင်းခံ လို ့ရပါတယ် ခင်ဗျာ ။

  • ms.pay sote

    December 30, 2011 at 3:08 pm

    သာဓု သာဓု ခေါ်မိပါတယ် ကိုမေပေါင်ရေ

  • ငပေါက်ဖော်

    December 30, 2011 at 3:08 pm

    အင်း.
    အရင်တစ်ခါ ကထိန်ခင်းပြီးကျောက်အောင်တော့ ရန်ကုန်တောင် လာပြီးပြုစုသွားတယ်
    အခုလဲ
    လှူပြန်ပတဲ့..
    ဒီတစ်ခါအောင်ရင်တော့
    အမေဒီကန်သွားပြီး သဂျီးဆီတောင် သွားလည်မလားပဲ

    အရဂါးနောက်ဒါပါဗျာ..
    သာဓုခေါ်ပါ၏..
    သာဓု

    • windtalker

      December 30, 2011 at 9:42 pm

      အမေဒီကန် ရောက်ရင်တော့
      ဟိုတစ်ခါ သဂျီးရိုက်ပြတဲ့
      ဖုန်းနံပါတ် တွေ အရင်နှိပ်ရမယ်မောင်

  • inz@ghi

    December 30, 2011 at 3:14 pm

    သာဓု သာဓု သာဓု စုစုပေါင်း သာဓု ၆ကြိမ်ခေါ်ဆိုပါ၏..
    (ခု၃ကြိမ် ချက်မှာ ၃ကြိမ် ဆိုတော့ ၆ကြိမ်)

    စကားမစပ်..အလှူရှင် ဇနီးမောင်နှံ ပုံလေးကော မမြင်ပါလားဗျ
    😛

  • amatmin

    December 30, 2011 at 5:42 pm

    သာဓု ဝင်ခေါ်သွားတယ်ဗျို့ …..ကိုပေရေ
    အင်း.. ဂလောက်တောင် ဒါန တွေပြုနေမှတော့ ဒီလိုလူမျိုး လူချစ်လူခင်များတာ ဘာစမ်းသဒုံး.. 🙂
    ဒါနဲ့နောက်တခါ ကျောက်အောင်ရင် ရွာသားတွေကို လှူဗျနော်..

  • mandalarthu

    December 30, 2011 at 6:56 pm

    သာဓုပါကိုပေေ၇
    အမှန်တကယ်လိုအပ်တဲ ့နေရာတွေကို လှူဒါန်းလိုက်တဲ ့အခါ ခံစားရတဲ ့ဝမ်းသာကြည်နူးမှုုက ဘာနဲ ့မှ
    မလဲနိုင်တာမို ့ကိုပေတို ့ဇနှီးမောင်နှံ တို ့ယခု ထက်ပို ပြီး ဆက်လက်တိုးတက်လှူဒါန်းနိုင်ပါစေလို ့
    ဆန္ဒပြုရင်း …..သာဓု (၃)ကြိမ် ကို ဝမ်းမြောက်ပီတိ ဖြစ်စွာခေါ်သွားပါကြောင်း……..

  • yaungchikha

    December 30, 2011 at 8:13 pm

    ကိုတော်ကာတို့ ဇနီးမောင်နှံ ဒီထက်မက အလှူကြီးတွေ ပေးနိုင်ပါစေလို့ ဆုတောင်းပေးရင်း………. ကုသိုလ်ဒါနအတွက် သာဓု………. သာဓု………… သာဓု……… ပါ…………

  • pooch

    December 30, 2011 at 10:41 pm

    သာဓုပါရှင် … ခုလို မျှဝေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်…….ဒီလိုစိတ်ကလေးရှိတာကိုလည်း လေးစားပါတယ်…
    နောက်များလည်း ဒီထက်မက လှူနိုင်တန်းနိုင်ပြီး …. သိန်းသောင်းချီတဲ့ ကျောက်ကောင်းများလည်း ပွင့်နိုင်ပါစေ…… ဘေဘီလေးနဲ့လည်း ဆယ်သက်ဆယ်ကမာ္ဘချစ်နိုင်ပါစေ…

  • Khin Latt

    December 31, 2011 at 2:49 am

    အကြောင်းအရာ စုံစုံလင်လင် နဲ့ ဒါန ပြုနိုင်အောင်/ ဒါနပြုချင်စိတ်ပေါ်အောင် ရေးထားတာ အတွက် ကျေးဇူးပါ။
    ကျွန်မ လဲ အဲဒီလို တောင်တန်းသာသနာပြု ခြင်း အကြောင်းကို စိတ်ဝင်စားပါတယ်။
    အရင်က တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ရှိဘူးတယ်။ တစ်ပါးတည်း ကြွပြီး သာသနာပြုတာ။
    အခုတော့ ပျံလွန်တော်မူသွားပြီ။ သူရေးတဲ့ စာအုပ်တွေကို ဖတ်ဘူး၊ သူ့အကြောင်းကိုလဲ ကြားဘူးကြမှာပါ။
    ကြုံတုန်း ဝါသနာ အရ လျှာရှည်လိုက်တာပါ။

    ကိုကြောင်လေး ရေ “ကို windtalker” ပြောသလို အဲလိုမျိုး နေရာလေးတွေ ရဲ့ ဆက်သွယ်လို့ ရမဲ့ လိပ်စာ လေးတွေ ကြုံရင် ပေးထားပါလား။
    ချို့တဲ့ တဲ့ ကျောင်းလေး နဲ့ ခလေးတွေ အကြောင်းကြားတာ စိတ်မကောင်းပါဘူး။
    အဲဒီကျောင်းလေးက သူတို့ချည်းတော့ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံ ရဲ့ များပြားလှစွာ သော Poverty Story တွေ ထဲက အကြောင်းလေးတစ်ခုပေါ့။

    • windtalker

      December 31, 2011 at 11:21 am

      မင်္ဂလာပါ မခင်လတ် ခင်ဗျာ
      ဆရာတော် ဦးတိက္ခ ဟာ သက်တော် ၇ဝ ပြည့်ပြီး ပြီ ဖြစ်ပြီး ၊ သက်တော် ၇၅ နှစ်အထိ နယ်စပ် တောင်တန်း နဲ ့ကမ်းရိုးတန်း ဒေသများကို ၊ ကိုယ်တိုင် သွားရောက် သာသနာပြုဖို ့ စီစဉ်ထားတယ် လို ့သိရပါတယ် ။ ဆရာတော်ကြီးဟာ သက်တော်၇ဝကျော်ပြီ ဖြစ်ပေမယ့် ၊ ဆောက်တည်တဲ့ သီလ ၊ ပြုလုပ်တဲ့ ကောင်းမှု များကြောင့် အရွယ်တင်တာ ကို ဖူးမျှော်ရပါတယ် ခင်ဗျား ။
      ဆရာတော်ကြီးဟာ ကချင်ပြည်နယ် က စစ်ဘေးဒုက္ခသည်တွေ ဆီ လည်း သွားရောက်ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ် ။

Leave a Reply