မီးဘေးဒုက္ခသည်များအားလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးကူည

WowDecember 30, 20111min936

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်ရှိ မီးဘေးဒုက္ခသည်များအား ဒီဇင်ဘာ ၃ဝ ရက် (ယနေ့ ) နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးကူညီ ခဲ့ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒါ့အပြင် NLD မှ ကိုထွန်းထွန်းဦးကလည်း ဒီနေ ့ရံပုံငွေပွဲကိုသွားရောက်အားပေးကြတဲ့ပရိသတ်ကြီးကို အောက်ပါအတိုင်းအထူးသတိပေးသွားပါတယ်….
ကိုယ်လုံခြုံရေးကို ကိုယ်ဂရုစိုက်သလို အပြင်ဘက်မှာလည်း လုံခြုံရေးတွေအများကြီးချထားပါတယ်။
ကျနော်ဒီလိုသတိပေးချက်ရေးရတာနဲနဲနောက်ကျသွားပါတယ်၊ တောင်းပန်ပါတယ်။
ကျနော်စဉ်းစားမိတာက ပထမတကြိမ်ပွဲကိုသွေးထိုးစမ်းပြီးပြောင်းပေးခဲ့ရပြီးပြီ ။
လှည်းတမ်းလမ်းဆုံ ဗုံးပေါက်တယ် တနေ ့က အကြီးကျယ်ဆုံးမီးလောင်မူဖြစ်တယ် ဒါတွေဟာတိုက်ဆိုင်မူဖြစ်ရင်အလွန်ကောင်းပါတယ်။
ဒီလို နိုင်ငံရေးနေဝင်ရီရော(လူလုံးမကွဲတဲ့အချိန်မှာ)အထူးသတိထားကြပါ။ ဒီနေ့ပွဲဟာ သမိုင်းဝင် အကြီးကျယ်ဆုံးပွဲကြီးတခုပါ။
ဦးသိန်းစိန်အဖွဲ ့မှာလည်းမလိုလားသူတွေရှိနေတယ်ဆိုတာ အားလုံးအသိပါ တော်လှန်ရေးအဖွဲ ့အမည်ခံလုပ်စားများကလည်း (တကယ်တော်လှန်ရေးလုပ်နေသောသူများကိုလေးစားပါတယ်) အဖျက်လုပ်ငန်းမစွမ်းဆောင်နိုူင်ကြပါ(လေနဲ ့တောင်းစားတဲ့အဆင့်ဘဲရှိပါတယ်) အရင်ဦးနေဝင်းလက်ထက်ကတည်းက ယနေ ့ထိအဖျက်လုပ်ငန်းလုပ်ဖို ့ဖွဲ ့စည်းထားတဲ့အဖွဲ ့တွေရှိပါတယ်။
ဒီပွဲမှာသူတို ့ဝင်နှောက်မလားမသိဘူး စိုးရိမ်လို ့ရေးတာပါ (ကြောက်စရာတော့မလိုပါဘူး သတိထားရအောင်ပါ)
အားလုံးသတိရှိပြီးကြောက်စိတ်ကိုဖယ်ကာ ကျနော်တို ့ခေါင်းဆောင်အန်တီစုနဲ ့အတူ လိုအပ်တဲ့နေရာတွေကူညီနိုင်အောင်ဝိုင်းကြိုးစားပေးကြပါ။

(ညီညွတ်ခြင်းကိုဘယ်အမှောင့်ပရောဂမှမနှောက်ယှက်နိုင်ပါ)

6 comments

  • Wow

    December 30, 2011 at 12:56 pm

    ကျဆုံးလေသောမီးသတ်ရဲဘော်များနှင့်တကွ သေဆုံးသူအားလုံး ကောင်းရာသုဂတိလားပါစေ…
    May God bless all of passed away & be peace at Heaven!

  • Burmese or Chinese

    December 30, 2011 at 1:33 pm

    လေးစာပါတယ်…………………..

  • etone

    December 30, 2011 at 2:09 pm

    ညီညွတ်ခြင်းကိုဘယ်အမှောင့်ပရောဂမှမနှောက်ယှက်နိုင်ပါ ဆိုတာကတော့ ဟုတ်ပါတယ် … ။
    ဒါပေမယ့် လူနှစ်ယောက်ရှိနေလျှင်တောင် စိတ်သုံးမျိုးဖြစ်နေတာ .. .ဘယ်လိုများ ညှိယူရပါလိမ့်လို့ပဲ တွေးတောမိပါတော့တယ် … ။

    (ပို့စ်နဲ့မဆိုင်တဲ့ ကလေးတွေပြောပြောနေတဲ့ စကားလေး သတိရမိတယ် … ကိုရင်တွေခုန်တယ် .. ဘုန်းကြီးကျောင်းမှာတဲ့ … ဟီး 😆 )

    • Wow

      December 30, 2011 at 5:55 pm

      ဆုံမှတ်ခြင်း၊ မျှော်လင့်ချက်ပန်းတိုင်ခြင်း တူရင်တော့ မတူတာတွေဘေးဖယ်ပြီး အကြမ်းမဖက် လွတ်လပ်မျှတစွာ သဘောကွဲလွဲခွင့်ရကြမယ် လို့မျှော်လင့်ရတာပဲ အီတုံးရယ်….

  • water-melon

    December 30, 2011 at 2:27 pm

    New Year တောင်မလည်ရဲတော့ဘူး။ကြောက်တယ် 😆

    • Wow

      December 30, 2011 at 5:57 pm

      အင်း ဘာပဲပြောပြော ဘုရားတရားမြဲအောင်လုပ်ပေးတယ်လို့ပဲ ယူဆရမလား (အဲလေ ဟုတ်ပေါင်)… 😀 😀

Leave a Reply