၃၀.၁၂.၂၀၁၁ လီဗာပူး vs နယူးကာဆယ်

မောင် ပေDecember 30, 20111min945

မင်္ဂလာပါ စာချစ်သူ စာဖတ်သူ ဘောဝါသနာရှင် အပေါင်းတို ့။
သည်ကနေ ့ည ၊ စနေနေ ့နံနက်စော ၂နာရီ ၁၅ မိနစ် အချိန် မှာ ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ “ လီဗာပူး – နယူးကာဆယ် ” ပွဲအကြောင်း ရေးပါမယ် ။
လီဗာပူး အသင်း ဟာ ပရီးမီးယားလိဂ် ၁၈ ပွဲ ကန်အပြီး မှာ ၈ ပွဲနိုင် ၊ ရ ပွဲသရေ ၊ ၃ ပွဲရှုံး ၊ ရဂိုး၂၁ ပေးဂိုး၁၄ ၊ ၃၁ မှတ် နဲ ့အဆင့် ၆ မှာ ရပ်တည်နေပါတယ် ။
နယူးကာဆယ် အသင်းကတော့ ပရီးမီးယားလိဂ် ၁၈ ပွဲကန်အပြီး ၈ ပွဲနိုင် ၊ ၆ ပွဲသရေ ၊ ၄ ပွဲရှုံး ၊ ရဂိုး၂၅ ပေးဂိုး၂၂ ၊ ၃ဝမှတ် နဲ ့အဆင့် ရ ပါ ။
အခုပွဲမကန်ခင် လီဗာပူး ကစားခဲ့တဲ့ ငါးပွဲမှာ သရေ ၊ သရေ ၊ နိုင် ၊ နိုင် ၊ ရှုံး
အခုပွဲမကန်ခင် နယူးကာဆယ် ကစားခဲ့တဲ့ ငါးပွဲမှာ နိုင် ၊ ရှုံး ၊ သရေ ၊ ရှုံး ၊ ရှုံး
လီဗာပူး အိမ်ကွင်းမှာ နယူးကာဆယ် ကို တွေ ့ဆုံခဲ့တဲ့ ပြီးခဲ့တဲ့ သုံးနှစ်စလုံး ၃-ဝ တွေ နဲ ့ချည်း အနိုင်ရခဲ့ပါတယ် ။
၁.၅.၂၀၁၁ လီဗာပူး ၃-ဝ နယူးကာဆယ်
၃.၅.၂၀၀၉ လီဗာပူး ၃-ဝ နယူးကာဆယ်
ဈေးအနေအထားအရ လီဗာပူး တစ်ဂိုးသွင်းရင် သရေ ကျမှာ ဖြစ်ပါတယ် ။
လီဗာပူး က ရှေ ့တန်းတိုက်စစ်ကစားသမား ဆွာရက်ဇ် ဟာ ဒီပွဲက စလို ့ပွဲပယ် ပြစ်ဒဏ် စခံ ရပြီ ဖြစ်ပါတယ် ။
လီဗာပူး အသင်း ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမား ၁၁ ယောက်မှာ
ဂိုး Reina
နောက် Johnson, Skrtel, Agger, Enrique
လယ် Maxi, Gerrard, Adam, Downing
ရှေ ့Kuyt, Carroll
နယူးကာဆယ် အသင်း ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမား ၁၁ယောက်မှာ
ဂိုး Krul
နောက် Simpson, Williamson, Coloccini, R Taylor
လယ် Ben Arfa, Cabaye, Tiote, Gutierrez
ရှေ ့Best, Ba
ဒီနှစ်သင်း ကစားသမားချင်း ယှဉ်ရင်
ဂိုး နေရာ မှာ လီဗာပူး ဂိုးသမား ရေနာ က နယူးဂိုးသမား ကား ထက် ပိုသာပါတယ် ။
နောက်တန်း နေရာမှာလည်း လီဗာပူး က ကစားသမားတွေ က အမှားနည်းတယ် ။ နယူး နောက်တန်း က တိုက်စစ်အားကောင်းတဲ့ အသင်းနဲ ့တွေ ့ရင် တစ်ဂိုးတော့ အောက်ထစ်ပေးရတာဘဲ ။
အလယ်တန်း ကတော့ ဂျာရတ်ပြန်ပါရင် ကွင်းလယ်ကစားကွက်မှာ လီဗာပူး က အသာစီး ရနိုင်ပါတယ် ။
ရှေ ့တန်း ကစားသမားချင်း ယှဉ်ရင် ဒမ်ဘာဘား ပါရင် နယူးကာဆယ် ဂိုးသွင်းနိုင်ချေ များသလို ၊ လီဗာပူး မှာ ကူရစ်နဲ ့ကာရိုး တွဲကစားမှာ ဖြစ်လို ့၊ ဆွာရက်ဇ် ထက်စာရင် ပိုကောင်းမှာပါ ။
ပြီးခဲ့တဲ့ ပွဲမှာ နယူးကာဆယ် က အဝေးကွင်းမှာ ဘော်တန် ကို ၂-ဝ နဲ ့အနိုင်ယူထားပေမယ့် ၊ သည်ပွဲမှာတော့ နယူး ပြန်ကျချိန်တန်ပြီ လို ့ယူဆပါတယ် ။
လီဗာပူး အနေနဲ ့လဲ ၊ ဆွာရက်ဇ် မပါခြင်း အကျိုးကျေးဇူးကို ခံစားရဖို ့ရှိပါတယ် ။
သည်ပွဲကို အာရှ ဘွတ်ကီ တော်တော်များများ က သရေ ခန် ့မှန်း ထားကြပါတယ် ။
ဥရောပ ဘက်က လဲ သရေ ဘဲ ခန် ့မှန်းထားပါတယ် ။
အနည်းငယ်သော ဘွတ်ကီများက သာ ၂-ဝ လို ့ခန် ့မှန်းပေးထားပါတယ် ။
လီဗာပူးကွင်းမှာ သုံးနှစ်ဆက်တိုက် ၃-ဝ နဲ ့အနိုင်ကစားခဲ့တာ ကို မမေ့သင့်ပါဘူး ။
တစ်ဂိုးသွင်းမှ သရေ ဘဲ ဆိုပေမယ့် ၊ အနိုင်တစ်ဂိုးတော့ သေချာပေါက် သွင်းမှာ ဖြစ်တဲ့ လီဗာပူး နဲ ့စွန် ့စားရင် ၊ အားလုံး အဆင်ပြေကြမှာပါ ။
*********************
——- ဖိုက်တာအားလုံး ရွှင်လန်းအောင်မြင်ကြပါစေ ——-

5 comments

  • ငပေါက်ဖော်

    December 30, 2011 at 3:14 pm

    စွန် ့စားမယ် အို ့ချစ်ရဲ့
    လိုက်ရဲလား
    စွန် ့စားမယ် အို ့ချစ်ရဲ့
    အိုး.ဝို

    အိုကေဗျာ
    လီဗာကို ပူးလိုက်မယ်.စိတ်ချ..စိတ်ချ

  • comegyi

    December 30, 2011 at 4:41 pm

    ရဲဘော် ကျုပ်တော့
    နူးကာဆယ် ပဲ…….ဗျာ
    နှစ်သင်းလုံးမှာ တစ်သင်းက
    ရိုလာကော်စတာ
    နောက်တစ်သင်းက
    ကကြောင်
    ဆိုတော့ ဘူဘူချင်းမှာ
    နူးကာဆယ်ပဲ
    အုန်း
    လိုက်တော့မယ် ……
    အိုကေပါစေဗျို့…..

  • amatmin

    December 30, 2011 at 5:35 pm

    လီဗာ လဲမနင်းချင်ဘူး. နယူးလေး လဲ မကြိုက်ဘူး..
    ဒီတော့ ဂိုးပေါင်းအောက်ပဲ အားကိုးမယ်ဗျာ..

    ကိုယ့်ကြိုက်တာ ကိုရွေး..ရုံးရင် ကိုယ့်ဘာသာပေး 😛

  • ကိုရင်စည်သူ

    December 31, 2011 at 2:08 pm

    ရဲဘော်ပေ… အောင်သေအောင်သားစားပြီး
    ဘယ်နားမှာ ကြိတ်ဥနေလဲ.. ထွက်ခဲ့လော..
    သင်ထွက်ခဲ့လော့..
    ကျွန်ုပ်တို့အား မျှဝေလော့… 😀 😀 😀

Leave a Reply