မြောက်ကိုးရီးယားကို အားကိုးအားထားပြုနေတဲ့ ဆရာတင်ပူဇော်ထားတဲ့ မြန်မာအစိုးရအနေနဲ့ အခု မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီ သေဆုံးခဲ့တာ မြင်ရတော့ ဝမ်းနည်းကောင်း ဝမ်းနည်းပေလိမ့်မည်။ သို့သော် လက်ရှိ မြောက်ကိုးရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်က မြန်မာအစိုးရတွေ သဘောကျစေမဲ့ မိန့်ခွန်းကို ပြောခဲ့ပါတယ်။

ဒီအခြေအနေမှာ မိုက်မဲတဲ့ ကမ္ဘာတစ်ဝှန်းက နိုင်ငံရေးသမားတွေရော ရုပ်သေးရုပ်ဖြစ်တဲ့ တောင်ကိုးရီးယားခေါင်းဆောင်တွေပါ ကျွန်တော်တို့ဆီက ဘယ်လို ပြုပြင်ပြောင်းလဲမှုကိုမှ မမျှော်လင့်ပါနဲ့ လို့ ယုံကြည်မှုအပြည်နဲ့ ခိုင်မာတည်ကြည်စွာ ကြေငြာအပ်ပါတယ်တဲ့ဗျာ။

ကဲ….မြောက်ကိုးရီးယားငရဲခန်းတွေဟာ ဆက်လက် တည်ရှိနေမှာဖြစ်ပြီး ဆင်းရဲမီးတွေဟာလည်း ဆက်လက်တောက်လောင်နေအုံးမှာဖြစ်ပါတယ်။ မြောက်ကိုးရီးယားကို ဆရာတင် ပူဇော်ပသနေတဲ့ မြန်မာ့ စစ်အာဏာရှင်တွေကော ပြည်တွင်းစစ်ငရဲခန်းတွေ ပညာမဲ့ ဆင်းရဲသား ဒုက္ခသည်တွေကို ဒီတိုင်းပဲ ဆက်လက် ဖြစ်စေဦးမှာလား။ ပညာတတ် စိတ်ထားမြတ်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ငရဲခန်းတွေ ဖျက်သိမ်းပြီး ဆင်းရဲမီးတွေ ငြိမ်းစေမှာလားဆိုတာကတော့…………….

“On this occasion, we solemnly declare with confidence that foolish politicians around the world including the puppet forces in South Korea should not expect any changes from us,” the North’s National Defence Commission said in a statement on Friday, carried by its official KCNA news agency.

About kknight

kk night has written 2 post in this Website..

The merchant of death who alives not dead.