အရိယသစ္စာအမည်ရ ဗုဒ္ဓဘာသာ (အညွှန်း)

ariyathitsaDecember 30, 20111min27118

Link-  http://www.ariyathitsa.org/(ပစ္စုပ္ပန္နကမ္မဒဿန အရိယသစ္စာ)

ဓမ္မဝိဟာရီဆရာတော်သည် ဗုဒ္ဓသာသနာတော်၌ ဘုရားရှင်၏ အဆုံးအမ မဟုတ်သော ပရမတ္တသစ္စာတရားများက နေရာယူနေပြီး ဘုရားရှင်၏ “ အရိယသစ္စာ အဆုံးအမ ” များ ကွယ်ပျောက်နေသည်ကို သိရှိရ၍ အရိယသစ္စာတရားကို ကြိုးစားရှာဖွေ ဖော်ထုတ်ခဲ့ပါသည်။

ဗုဒ္ဓဘုရားရှင်၏ဝါဒသည် “ကမ္မဝါဒ”သာဖြစ်၍ ကံသံသရာလည်ပုံကို မျက်ဝါး ထင်ထင်မြင်စေကာ အရိယသစ္စာတရားကို ဖော်ထုတ်နိုင်ခဲ့သည်။ ရောဟိတဿသုတ် အရ လောကသုံးပါး၊ ဝဋ်ဒုက္ခတရားနှင့် အရိယသစ္စာ တရားတို့သည် လူ၏ ဤသက်ရှိ အမှတ်သညာရှိသော တစ်လံမျှ ကိုယ်ကာယ (ပေါ်) ၌သာရှိကြောင်း၊ ရှေ့ဘဝပုဗ္ဗန္တာနုဒိဋ္ဌိ၊ နောင်ဘဝ အပရန္တာနုဒိဋ္ဌိ၊ သဿတနှင့် ဥစ္ဆေဒအစွန်း၊ အန္တဂ္ဂါဟိကဒိဋ္ဌိစွန်းများမှ လွတ်မြောက်ကာ ဘုရားရှင် သိရှိဘုရားရှင်သိရှိခဲ့ရသည့် အရိယသစ္စာတရားကို ဓမ္မဝိဟာရီဆရာတော်ကိုယ်တိုင် တွေ့ရှိသိမြင်ခဲ့ပါသည်။

ဗုဒ္ဓဘုရားရှင် သိရှိခဲ့သည့် အရိယသစ္စာကို ဘုရားသာဝကပီပီ တွေ့မြင်ရသည့်အခါ အဘိုးမဖြတ်နိုင်သောပျောက်ဆုံးနေသည့် ရတနာပစ္စည်းကို ပြန်လည်ရရှိသည့်အလာ ဖြစ်ခဲ့ရသည်။

ထို့ကြောင့်ဆရာတော်သည် မိမိအမှန်တကယ်သိမြင်သော အရိယသစ္စာ အသိအမြင်ဖြင့် ၁၉၈၁ – ခုနှစ်တွင် ဖွဲ့သစ်ဦးစ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံသို့ ဘုရားမယူသော ရှေ့ဘဝ နောက် ဘဝ အယူများကို မဟော မပြောကြပါရန် လျှောက်စာတင်ပြသည့်အခါ “ဗုဒ္ဓပဋိကုဋ္ဌ”ဟု အသတ်မှတ်ခံရသည့်အပြင် နောင်တွင် စတုတ္ထပါရာဇိကဖြင့် မှားယွင်းစွာ ဝိနိစ္ဆယ အပြုခံခဲ့ရရှာသည်။

ထို့ကြောင့်ဓမ္မဝိဟာရီဆရာတော်သည် ဗုဒ္ဓဘုရားမယူသော အယူများဖြစ်ကြသည့် ရှေ့ဘဝ၊ နောက် ဘဝ၊ သဿတ၊ ဥစ္ဆေဒဝါဒများနှင့် ပရမတ္ထဓမ္မတို့ကို လက်ခံကျင့်သုံးနေကြသည့် အသိုင်းအဝိုင်းဖြစ်သော ယနေ့ထေရဝါဒ ဗုဒ္ဓဘာသာကို ပယ်စွန့်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ပုဏ္ဏားကုန်း၊ မင်းလွင်ခြံတွင် ၁၃၄၄ – ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၃) ရက်၊ ကမ္ဘာသုံး ခရစ်နှစ် ၁၉၈၃ – ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် အရိယသစ္စာ အဝန်းအဝိုင်းဖြစ်သော “ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ” အဖြစ်ကြေငြာ၍ ထေရဝါဒမှ သီးခြားရပ်တည်ခဲ့ပါသည်။ ထိုသို့ရပ်တည်ကြောင်းကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံတော်အဖွဲ့အစည်း အဆင့်ဆင့်တို့အား တရားဝင်စာများ ပေးပို့ခဲ့ပါသည်။

ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာတရားကား ယနေ့ထေရဝါဒ၏ ပရမတ္ထဓမ္မ မဟုတ်၊ ဗုဒ္ဓတွေ့ရှိညွှန်ပြခဲ့သော အရိယသစ္စာဓမ္မသာဖြစ်သည်။ ယနေ့ထေရဝါဒသံဃာသည် ပရမတ္ထဓမ္မကို ဘုရားဟောတရားဟု ထင်မြင်ယူဆကာ ကျင့်ကြံပွားများသည့် ပရမတ္ထသံဃာသာ ဖြစ်သည်။ ပစ္စုပ္ပန်ကမ္မဝါဒကား အရိယသစ္စာကို ကျင့်ကြံပွားများသည့် အရိယသံဃာတို့၏ဝါဒဖြစ်သည်။

သို့ဖြစ်၍ ပရမတ္ထသံဃာနှင့် အရိယသံဃာတို့ ကျင့်ကြံပွားများသည့် ဓမ္မဝိနိယချင်း မတူကြပေ။ ထေရဝါဒက ရူပါရူပတရားတို့ကို ကျင့်ကြံပွားများကြ၍ ရုပ်နာမ်တို့ ချုပ်ငြိမ်းရာ သုညတနိဗ္ဗာန်သို့ ဆိုက်ရောက်ကြကုန်၏။ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာက ကာမ ရူပ အရူပ ကံသံသရာ၏ ဒုက္ခအဖြစ် သိအောင် ကျင့်ကြံ ပွားများစေ၍ ကံသံသရာ အပေါ် အစွဲဥပါဒါန်ခပ်သိမ်း ကင်းငြိမ်းသည့် အနုပါဒိသေသနိဗ္ဗာန်သို့ ဆိုက်ရောက်ရန် ကျင့်ကြံပွားများကြပေသည်။

ထို့ကြောင့် ထေရဝါဒအမြင်၌ တရားချင်းမတူ၍ အရိယသစ္စာဓမ္မ ဟောပြောကျင့်ကြံသူများကို ရှေ့ဘဝ၊ နောက်ဘဝ မယူသူများ၊ ရုပ်တရား၊ နာမ်တရား လက်မခံသူများ၊ အဓမ္မဝါဒီများဟု သမုတ်ကြ၏။

အမှန်စင်စစ် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် အရိယသစ္စာဓမ္မများကိုသာ (၄၅) ဝါ ကာလပတ်လုံး ဟောပြောသွားကြောင်း ပါဠိတော်ပိဋကတ်၌ အထောက်အထား အခိုင်အမာရှိ၏။

အရိယသစ္စာဓမ္မမျာသည်း ဗုဒ္ဓဘုရားရှင်၏ တရားဂုဏ်တော် (၆)ပါးနှင့် တိုက်ကြည့်က ညှိကြည့်က အဓမ္မ မဟုတ်၊ ဓမ္မများသာဖြစ်ကြောင်း တွေ့ရှိသိမြင် နားလည်နိုင်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘုရား၏ အရိယသစ္စဓမ္မကို ပြန်လည်ဖော်ထုတ် တွေ့ရှိခဲ့သည့် ဓမ္မဝိဟာရီဆရာတော် ဟောဖော် ညွှန်ပြသော အရိယသစ္စာတရားဓမ္မများကို သိမြင်နိုင်စေရန် အတွက် ဤ website ကို စီစဉ်ခြင်း ဖြစ်ပါသည် အဖွင့်စကားများဖြင့် စီစဉ်ထားတဲ့

                             ဗုဒ္ဓ၏ အရိယသစ္စာကို  သိရှိလိုသူများအတွက်    http://www.ariyathitsa.org/(ပစ္စုပ္ပန္နကမ္မဒဿန အရိယသစ္စာ)   တွင် လေ့လာနိုင်ဖို့  ညွှန်ပြလိုက်ပါသည်။

 

 

18 comments

  • ငပေါက်ဖော်

    December 30, 2011 at 8:49 pm

    မင်္ဂလာပါ ကိုကိုပြာ

  • uzin

    December 30, 2011 at 10:34 pm

    အဲဒီလို ကိုယ်နဲ့အယူမတူသူကို ကိုယ့်ရန်သူ၊ ကိုယ်သိတာလက်ခံတာသာ ဓမ္မ၊ ကိုယ်နဲ့မတူတာကို အဓမ္မလို့ ကြေညာသတ်မှတ်တာကတော့ ကြေညာရုံသတ်မှတ်ရုံမျှသာ ဖြစ်ပါလိမ့်မယ်။ သတ်မှတ်ခံရသူအဖို့မှာတော့ ထူးပြီး အကျိုးယုတ်စရာ၊ နစ်နာစရာမရှိပါဘူး။

    ဘုရားရှင်လက်ထက်တော်က ဘုရားရှင်ကို ဆဲဆိုကြိမ်းမောင်းတဲ့ ပုရဗိုဒ်တစ်ဦးကို ဘုရားရှင်က ပြန်လည်မိန့်ကြားတာရှိပါတယ်။ သင်ပြောတာတွေ၊ ဆဲဆိုတာတွေ ငါ့မှာ မရှိဘူး။ အဲဒါတွေက ငါမဟုတ်ဘူး။ ဒါကြောင့် သင်ပြောတာတွေ သင်ပြန်ယူသွားလို့ မိန့်ကြားတာကို လေ့လာမိပါတယ်။ ကျနော်ပြောတာ အပေါ်ယံမျှသာပါ။

    ဒီလိုပါဘဲ ။ ဒီနေ့ခေတ်ကြီးမှာ မိမိအယူအဆနှင့် မတူသူကို မတူသူအဖြစ်သာ သတ်မှတ်ရမှာပါ။ အဓမ္မ လို့ လုံးဝ သတ်မှတ်မရပါဘူး။ သတ်မှတ်လည်း အလကားသာ ဖြစ်ပြီး ထိုသို့ သတ်မှတ်ခြင်းသည်သာ အဓမ္မ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဘုရားရှင်မိန့်သလိုသာ နှလုံးသွင်းရပါလိမ့်မည်။

  • nyanakyaw

    December 30, 2011 at 10:45 pm

    အရိယသစ္စာ ဆိုတာ သစ္စာတရားလေးပါးတရားကို ပြောတာလား

    ဓမ္မစကြာမှာ ပါတဲ့ ဒုက္ခအရိယသစ္စာ၊ သမုဒယအရိယသစ္စာ၊ နိရောဓအရိယသစ္စာ၊ နိရောဓဂါမိနိပဋိပဒါအရိယသစ္စာ ကိုပြောတာလား ဖြေကြားပေးစေလိုပါတယ်။

    ဒီနေ့ ဗုဒ္ဓဘာသာလောကမှာ ဒီသစ္စာလေးပါးကို အရိယဆိုတဲ့ စကားလုံးကို ဘာကြောင့်ဖြုတ်ပြီး ပြောနေသလဲ ဆိုတာကို နားမလည်ဖြစ်နေလို့ပါ။ ဘုရားရှင်မြတ်ဗုဒ္ဓကိုယ်တိုင် တရားဦးဟောတဲ့ ဓမ္မစကြာမှာ အသေအချာထည့်ပြီး ဟောတာကို သာမန်သဘောနဲ့ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုပြီး အလွယ်ပြောဆိုနေတာကို ကြားသိနေရလို့ပါ။

  • shwemyintin

    December 30, 2011 at 11:21 pm

    Nyanakyaw ပြောတာဟုတ်ပါတယ်။ အရိယသစ္စာမှာလည်း သစ္စာလေးပါးရှိပါတယ်။

    တကယ်တော့ လူသားလောကကြီးရှင်သန်ဖို့အတွက် လောကမှာ သစ္စာသုံးခု ရှိမှသာ သာယာငြိမ်းချမ်းသော လောကကြီးအဖြစ် ရှင်သန်မှာပါ။
    (၁) သမုတိသစ္စာပါ။ (သတ်မှတ်ချက်၊ သမုတ်ချက်) အမှန်တရားပါ။ ဒီနေ့ ပြောဆိုသုံးစွဲနေကြတဲ့ အခေါ်အဝေါ်တွေပါ။ တနည်းပြောရင် အစုသစ္စာပါ။
    (၂) ပရမတ္ထသစ္စာပါ။ (အစိတ်သစ္စာပါ)။ သဘာဝတရားအရ အရာဝတ္ထု သက်ရှိသက်မဲ့အားလုံးကို ပိုင်းခြား ကြည့်လျှင် ဓာတ်သဘောအရ ဓာတ်လေးပါးဖွဲ့စည်းထားသော ရုပ်ပိုင်းနှင့် နာမ်ပိုင်း။ ဒါတွေကလည်း သူ့နေရာနှင့်သူတော့ အသုံးတည့်ပါတယ်။
    အပေါ်ကသစ္စာနှစ်ရပ်ကိုလည်း အရိယသစ္စာကဲ့သို့ သစ္စာလေးပိုင်းခွဲရပါတယ်။ တကယ်တော့ သမုတိသစ္စာ နှင့် ပရမတ္ထသစ္စာတို့သည် သူ့အမှန်တရားနှင့်သူရှိပါတယ်။ သို့ပေမယ့် ဒီသစ္စာနှစ်ရပ်သည် လူကို မငြိမ်းချမ်း၊ မလွတ်လပ်စေပါဘူး။ ထို့အပြင် ထိုသစ္စာနှစ်ရပ်သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါ။ ဘယ်သစ္စာကိုမှလည်း ပယ်လို့မရပါဘူး။ သစ္စာတစ်ခုမှနေပြီး အခြားသစ္စာကို မရှိဘူး၊ မမှန်ဘူးလို့ ပြောမရပါဘူး။ ပြောလည်း လုံးဝအကျိုးမရှိပါဘူး။
    (၃) အရိယသစ္စာကတော့ (ပရမတ်နှင့်သမုတိ) ထိုသစ္စာနှစ်ရပ်ဖြင့် ရှင်သန်နေသော လူ့တို့၏ အမှုကိစ္စများကြောင့် ဖြစ်ပေါ်သော မငြိမ်းချမ်းခြင်းတို့ကို အဖြေရှာပြီး လွတ်မြောက်မှုလမ်းကြောင်းကို ရောက်အောင်ပို့ဆောင်လမ်းညွှန်ပေးသော မြတ်ဗုဒ္ဓဖော်ထုတ်ခဲ့သော သစ္စာပါ။ ထိုသစ္စာကိုသိမှသာ လူသားလောကကြီးသည် သာမန်ရှင်သန်ခြင်းမျိုးမဟုတ်ဘဲ ငြိမ်းချမ်းလွတ်လပ်မှုအပြည့်ဖြင့် ရှင်သန်ရပ်တည် ခံစားနိုင်မှာပါ။

    မြတ်ဗုဒ္ဓဟောကြားသော ပဋိကတ်သုံးပုံထဲမှ သုတ္တန်ဒေသနာဟုပြောသော နိကာယ်(ငါး)ခုထဲတွင် အရိယသစ္စာကို သစ္စာလေးပါးကိုက် ဟောကြားထားတာကို များစွာတွေ့ရပါတယ်။

    ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေ သူများကိုအဓမ္မ၊ ဘာပြာ၊ ညာပြာ ပြောမနေပါနဲ့၊ ကိုယ်ကိုတိုင် တကယ်ပဲ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ပြီလို့ ယူဆရင် ဗုဒ္ဓအဆုံးအမ(သာသနာ)နဲ့ နေပြီး ငြိမ်းချမ်းခြင်းအသီးအပွင့်၊ အေးငြိမ်းချင်းရဿကို ဘယ်လောက် ငါရရှိခံစားနေရပြီလဲဆိုတာကို တစ်နေ့တစ်ရက်(၂၄)နာရီထဲမှ ၁ဝမိနစ်လောက် အချိန်ပေးပြီး လေ့လာ ဆန်းစစ်ဖို့ ကောင်းလှပါတယ်။

    ပြောတာကို ခံရသူအဖို့ကတော့ ခံရခါမျှသာ ဖြစ်ပါလိမ့်မယ်။ အပြစ်ပြောသောသူမှာသာ အပြစ်ပြောသောသူအဖြစ် ရောက်ရှိပြီး ထိုသို့အပြစ်ပြောရတာကိုခုံမင်နှစ်သက်ပြီး ငါဒီလို ပြောလိုက်တာ ကောင်းတယ်။ ဒင်း ခံပေရော့ ဆိုပြီး ဝမ်းသာ တစ်ဖန်ပြန်ပြောဖြင့် အပြစ်ပြောသူအဖြစ်သာ လူ့ဘဝရှင်သန်ရပ်တည် ရမယ့် အဖြစ်ရောက်ရှိမှာပါ။

  • blank

    December 31, 2011 at 9:30 am

    ဘုရားရှင်သိရှိခဲ့ရသည့် အရိယသစ္စာတရားကို ဓမ္မဝိဟာရီဆရာတော်ကိုယ်တိုင် တွေ့ရှိသိမြင်ခဲ့သည်ဟုဆိုပါသည်(ဘုရားလို့သာပြောလိုက်ပါ)။ ထိုဘုရားရှင်ကဲ့သို့ သိရှိခဲ့သော ဓမ္မဝိဟာရီဆရာတော် ရေးသားထားသည်များကို အောက်ပါအတိုင်း ဖတ်ရှုခဲ့ရပါသည်။

    လောက၌ အသိတရားသည် အာရုံနှင့်အာရုံခံအင်္ဂါတို့တိုက်ဆုံရာမှဖြစ်ပွားသော သဘောတရားဖြစ်ရာ၊ အာရုံနှင့်အာရုံခံအင်္ဂါတို့ အမှန်တကယ်တိုက်ဆုံခြင်းမရှိဘဲ ဖြစ်ပွားသော အသိတရားများသည် “မှားယွင်းသောအသိတရားများ” ဖြစ်ကြ၍၊ အာရုံနှင့်အာရုံခံအင်္ဂါတို့ အမှန်
    တကယ်တိုက်ဆုံမှ ဖြစ်ပွားသောအသိတရားသည် “မှန်ကန်သောအသိတရားများ” ဖြစ်ကြပေ
    သည်။ (တိုက်ဆုံမှသိနို်င်တယ်၊ မတိုက်ဆုံပဲသိတယ် ဘာပြောချင်မှန်းကိုသိပါဘူးဗျာ) (သာမညသဘောတရားကျမ်း စာ ၅၃ မှ)

    အောက်မှစာများကို ဓမ္မဝိဟာရီ ရှင်ဉာဏ၊ ရှင်ဂုဏတို့၏ဓမ္မဝိဟာရီ ကြေညာစာတမ်းမှ အမှတ်တရ ကူးယူဖေါ်ပြပါသည်။

    ဓမ္မဝိဟာရီတို့ အသက်ရှင်အောင် အားထုတ်မှု (အာယုသင်္ခါရ) မပြုရမည့်နေရာ ။ ။
    ဓမ္မဝိဟာရီတို့သည်မတရားဖမ်းဆီးချုပ်နှောင်ခံရလျှင်၊ဤမတရားဖမ်းဆီးအချုပ်အနှောင် တို့၌အသက်ရှင်အောင်အားထုတ်မှု(အာယုသင်္ခါရ)အစားအသောက်များ စားသောက်ခြင်းမပြုဘဲ ရှိကြပါသည်။(အသက်ကော ရှိမှရှိသေးရဲ့လားမသိ)

    ဓမ္မဝိဟာရီတို့ တားမြစ်ချက် ။ ။
    ဓမ္မဝိဟာရီတို့သည် ရပ်ရွာမြို့ပြအုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးအားလုံးတို့ တရားဓမ္မနှင့် မဆိုင်ဘဲ ပြုလုပ်စရာများ၌ ပါဝင်ပတ်သက်ခြင်းမပြု။ (ကိုမြင့်ဝင်းမောင်ရဲ့ ပုညကိရိယာဝတ္ထု ၁ဝ ပါးကိုမြောင်းထဲမှာသွားကောက်ရတော့မှာပဲ)

    ဓမ္မဝိဟာရီတို့ မပုတ်ခတ်ရသော စကား ။ ။
    ဓမ္မဝိဟာရီတို့သည် မည်သည့် ဘာသာတရား၏ ဟောပြောချက်နှင့်ကျမ်းထွက်ကိုမျှ မပုတ်ခတ်ရပါ။ (ဝိသုဒ္ဓိမဂ်ဘယ်လဲ တို့နိဗ္ဗာနဒီပနီ ဘယ်လဲ တို့က စတာနော် တကယ်ပြောတာဟုတ်ဖူး၊ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာတရားကား ယနေ့ထေရဝါဒ၏ ပရမတ္ထဓမ္မ မဟုတ်၊ ဗုဒ္ဓတွေ့ရှိညွှန်ပြခဲ့သော အရိယသစ္စာဓမ္မသာဖြစ်သည် ဒါကလည်းစတာနော်)

    ဓမ္မဝိဟာရီတို့အလုပ် ။ ။
    ဓမ္မဝိဟာရီတို့သည် တရားဓမ္မလုပ်ငန်းသာ အလုပ်ဖြစ်သည်။(ဘာမှမလုပ်နဲ့နော် တားမြစ်တာဟုတ်ဖူး တောင်းပန်တာနော်)

    ဓမ္မဝိဟာရီတို့အဝတ် ။ ။
    ဓမ္မဝိဟာရီတို့သည် ဘောင်းဘီအပြာ၊ အပေါ်ဝတ်အပြာ၊ ဝတ်ရုံအပြာနှင့် ဝတ်လဲပြာများကို ဝတ်ရုံသုံးစွဲကြသည်။ ( ပဲခူးဆယ်မိုင်ကုန်းက ဦးဥတ္တမ နဲ့မင်းသိက္ခာ(ကန်ကောက်) ခေါ် ရှင်ဥဂ္ဂဓမ္မတို့ကတော့ သင်္ကန်းဝတ်ကြီးနဲ့ဗျ အထဲမှာအပြာဝတ်ထားရင်တော့သိဖူးပေါ့ဗျာ)

    ဓမ္မဝိဟာရီတို့ မကိုးကားရသော စကား ။ ။
    ဓမ္မဝိဟာရီတို့သည် မည်သည့်ဘာသာတရား၏ ဟောပြောချက်နှင့်ကျမ်းထွက်ကိုမျှကိုးကား မပြောဆိုကြပါ။ (သေချာလားတော့သိဖူးနော်)

    ဓမ္မဝိဟာရီတို့ စကားမပြောရမည့် နေရာ ။ ။
    ဓမ္မဝိဟာရီတို့သည် မတရားလွှမ်းမိုးနှိပ်စက်ခံရလျှင် မတရားလွှမ်းမိုးနှိပ်စက်ခံရချိန်၌ စကားလုံးဝ မပြောဘဲရှိကြပါသည်။

    ဓမ္မဝိဟာရီတို့ မနေရမည့် နေရာ ။ ။
    ဓမ္မဝိဟာရီတို့သည် ဥပဒေကလွတ်လပ်ခွင့် မပေးသည့် မြို့ရွာ၊နိုင်ငံတို့၌ မနေဘဲ ရှိကြပါသည်။

  • nyanakyaw

    December 31, 2011 at 1:46 pm

    blank ကတော့ အရမ်းလေ့လာတယ်နော်၊ တော်တယ်ဗျာ၊ ကျနော်တို့ ဗုဒ္ဓဘာသာက လေ့လာဆန်းစစ်ပြီး အသုံးချရမယ့် ဘာသာပါ။ ကျနော်တို့အနေနဲ့ ကိုယ့်ငါးချဉ် ကိုချဉ် လုပ်လို့ မသင့်တော်ပါဘူး။ အခြားသော အယူအဆမတူတဲ့ ဘာသာတရားအားလုံးကို လိုက်လံလေ့လာသင့်ပါတယ်။

    ကို blank ရေးထားလို့ စုံစုံလင်လင်သိရတာဝမ်းသာပါတယ်။ ဒါပေမယ့် လက်သည်းကွင်း အတွင်းရေး ထည့်ရေးထားတာတွေကတော့ နည်းနည်း ပုတ်ခတ်ရေးထားသလို ဖြစ်နေတယ်။ တကယ် ပုတ်ခတ်ချင်တဲ့ စိတ်နဲ့ ရေးတာဆိုရင်တော့ အလွန်ဝမ်းနည်းဖွယ်ပါ။

    ကို blank က ဓမ္မဝိဟာရီ ကို ပြင်ပမှာတွေ့ဆုံဆက်ဆံလေ့လာဖူးသလား။ ကိုယ်နှင့် တစ်ခါမျှမတွေ့ဆုံဘူးသူ အပေါ်ကို (အသက်ကော ရှိမှရှိသေးရဲ့လားမသိ)လို့ ဆိုထားခြင်းသည် လူတစ်ဦးမှ လူတစ်ဦးအပေါ် ထားသင့်သော၊ ပြောသင့်သော စကားဟုတ်ပါ၏လော။ ထိုသို့ ပြောဆို ရေးသားလိုက်ခြင်းသည် ရေးသူ၏ စိတ်နေသဘောထားကို အများသူသို့ ထုတ်ဖော်ကြေညာ သလို ဖြစ်ပါသည်။

  • blank

    January 1, 2012 at 9:29 am

    ရှေ့နောက်မညီဘူးလို့ထင်တာကို တခါတရံ ပေါ့ပေါ့ပါးပါးလေးဖြစ်စေရန် ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ nyanakyaw က ပုတ်ခတ်ရေးထားသလိုဖြစ်နေတယ်လို့ မြင်တဲ့အတွက် ဝမ်းနည်းစွာ အနူးအညွှတ် တောင်းပန်ပါတယ်။ ဘာသာရေးနယ်မှာ ကျွန်တော်က ခရီးသွားတစ်ယောက်သာဖြစ်လို့ အမြင်မတော်လွဲမှားတာများတွေ့ရင်လည်း ယခုလိုပြောဆိုဆုံးမနိုင်ပါတယ်ခင်ဗျာ။ ယုံကြည်မှုတစ်ခုကို ထောင်ချခြင်း၊ ဒါဏ်ပေးခြင်းများနဲ့ မပြောင်းလဲစေနိုင်ဘူးဆိုတာကိုတော့ သေချာစွာလက်ခံထားပါတယ်။ ရှေ့နောက်ညီညွှတ်သော မှန်ကန်သောယုံကြည်ချက်များကို ကိုယ်စီပိုင်ဆိုင်နိုင်ကြစေရန်ဆန္ဒပြုပါတယ်။

  • realman

    January 1, 2012 at 10:58 am

    ပရမတ်တရားတွေက ဂျိန်းသာသနာ့ဒါယကာ အာသောကလက်ထက်မှာ ဗုဒ္ဓဘာသာထဲသို့ ဝင်ရောနှောလာသည်ဟု သိရှိရသည်။
    ယနေ့အခါမှာ ဒီပရမတ်တရားတွေက ဗုဒ္ဓဘာသာထဲ လွှမ်းမိုးနေလို့ ဗုဒ္ဓရဲ့ အရိယသစ္စာကွယ်ပျောက်နေခဲ့ရသည်။
    – – – – – – – – – – – – – – ။
    ပရမတ်တရားတွေက ပစ္စုပ္ပန် နာမ်၊ ရုပ်ကို အဓိကထား၏၊ ရှုခိုင်း၏။
    အရိယသစ္စာတရားက ပစ္စုပ္ပန် ကံ (သင်္ခါရ) တွေကို အစွဲကင်းဖို့ အဓိကထား၏၊ သုံးသပ်ဆင်ခြင်ခိုင်း၏။
    ။- – – – – – – – – – – – – – ။
    သင်္ခါရ အနက်ကို ပရမတ်သမားများက နာမ်၊ ရုပ်ဟု ယူဆကြ၏။ ဒါ့ကြောင့် (သင်္ခါရ)ဆိုတဲ့ နာမ်၊ ရုပ်တွေဟာ (အနိစ္စ)မမြဲ၊ (ဒုက္ခ)ဆင်းရဲ၊ (အနတ္တ) အစိုးမရဟု သင်္ခါရကို နာမ်ရုပ်ဟု ဘာသာပြန်မြင်ကြ၏။
    ။- – – – – – – – – – – – – – ။
    အရိယသစ္စာမှာ သင်္ခါရသည် ကံကို ပြောခြင်းဖြစ်၏။
    ဒါ့ကြောင့် (သင်္ခါရ)ဆိုတဲ့ (အစွဲနဲ့ပြုသော) ကံတွေဟာ ပြုလုပ်သူကို (အနိစ္စ)ပျက်စီးစေသည်၊ (ဒုက္ခ)ဆင်းရဲစေသည်၊ (အနတ္တ) အစိုးမရဖြစ်စေတယ်ဟု သင်္ခါရကို ကံဟု နားလည်ကြ၏။
    ။- – – – – – – – – – – – – – ။
    ဒါ့ကြောင့်
    ပရမတ္တသစ္စာက – – – – ပစ္စုပ္ပန် နာမ်၊ ရုပ်၊
    အရိယသစ္စာက – – – – ပစ္စုပ္ပန် ကံ ဘယ်ဟာ ဖြစ်ထိုက်တယ်ဆိုတာ
    ပရမတ္တသစ္စာနဲ့ အရိယသစ္စာ နှိုင်းယှဉ်လေ့လာကြဖို့ တိုက်တွန်းပါတယ်။

  • thitsamoe

    January 1, 2012 at 11:13 am

    င်္ကြိုက်တယ်….။ လောကမှာ..လေ့လာစရာတွေအများကြီးကျန်သေးတာကိုသိခွင့်ရဖို့ဆိုတာ..လွယ်တာမဟုတ်ဘူး..။ ကဲ…ခုပဲကြည့်…ဘုရားမပြောပဲ..မဖြေပဲထားခဲ့တဲ့တရားတွေရှိသေတယ်တဲ့..။ ဘာတဲ့…အဗျာကရဏသုတ်ဆိုလား…။ နောက်ပြီး ပရမတ္ထသစ္စာပဲကြားဖူးထားတာ..။ အရိယသစ္စာဆိုတာလည်းရှိသေးတယ်တဲ့..။

  • mgmaung

    January 1, 2012 at 5:25 pm

    ပရမတ်သံတွေ တညံညံနဲ့ ကြားခဲ့ရပြီးပြီ/
    အရိယသစ္စာ အသံ ခုမှ ကြားရတယ်/
    ကွဲပြားမှသာ ဗုဒ္ဓဘာသာဖြစ်မှာပါ။

  • lionking

    January 3, 2012 at 2:55 pm

    ဘာသာတရားဆိုတာ သူ့စကားလုံးကိုကြားတာနဲ့တင် လုံလောက်နေပြီ။
    သိပ်ချဲ့မနေကြနဲ့တော့။ နာမည်ကိုက “ဘာသာ”တဲ့။ ဘာသာဆိုတာအလင်းလို့ အဓိပ္ပာယ်ရှိတယ်ထင်ပါတယ်။
    ဒါဆိုရင် တရားက ဆောင်စရာပေါ့နော။
    နှစ်ခုပေါင်းလိုက်တော့ ရှင်းရောပေါ့။ လူကိုဆောင်စရာပေးတဲ့နေရာမှာ ဘာသာတရားအနေနဲ့ လင်းအောင် ရှင်းအောင်ဆောင်စရာဖြစ်ရမှာပေါ့။ အဲသလိုမဟုတ်ရင် ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့ ဘာသာတရားလို့ ပြောပြော အလကားပါပဲ။

  • mggwa

    January 12, 2012 at 1:58 pm

    ပရမတ္တသစ္စာကို ဘုရားဟောတဲ့အရိယသစ္စာပဲဆိုပြီး ပုံမှားရိုက်ထားတဲ့ ကိုယ်တော်တွေတော့ တွေ့ပြီပေါ့နော်။
    (ဆားပုလင်းနှင်းမောင်ပေါ်လာပြီ ဘယ်ပုံမှားရိုက်လို့ ရတော့မလဲ။ ဟုတ်တယ်မို့လား အိုင်ပီ ကိုအောင်ထွန်းရဲ့)

  • True Answer

    January 12, 2012 at 3:02 pm

    ထေရဝါဒ စာပေများတွင် ဟိန္ဒူဝါဒများရောနှောကာ မသန့်စင်ဟူပြီး မယုံကြည်သောစကားကိုဆိုသည်ကတဖက် –
    ထေရဝါဒစာပေများကို စွဲယူလျှက် မိမိတို့ဝါဒအတွက်
    အကိုးအကား အထောက်အထားပြုကာ ထင်ယောင်ထင်မှားပြုလုပ်နေခြင်းသည်ကားလည်းတဖက်…
    ပြုလုပ်နေသောကြောင့် မရိုးမသား ထင်ရောင်ထင်မှားလုပ်သော အယူဝါဒ အဖြစ် ယူဆပါသည်။

    ထေရဝါဒ၊ မဟာယန၊ ဝဇီရာယန ဗုဒ္ဓဘာသာအားလုံး
    -ရှေ့ဘဝနောက်ဘဝအယူ၊
    -ဘုရားအလောင်းအဖြစ် ဘဝပေါင်းများစွာ ပါရမီဖြည့်ကျင့်ရသောအယူ၊
    -လူ့ဘဝ အပြင် ပရလောက (အပါယ်လေးပါး) ရှိသေးသည်ဟူသောအယူ၊
    -ပဋိစ္စသမုပ္ပါဒ်၊ ဓမ္မစကြာ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးအယူ ၊
    -ကံကံ၏အကျိုး (အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ်အယူ)၊
    -ပါဏာတိပါတကံ အယူ(တိရစ္ဆာန်များပါပါဝင်သည်) အားလုံး အတူတူပင်ဖြစ်လေသည်။
    ထိုသဘောထား အခြေခံမျှ မတူညီနိုင်ပဲ ဗုဒ္ဓစာပေများကို အကိုးအကားပြုကာ
    မိမိတို့ဝါဒကို အများလက်ခံအောင် ဗုဒ္ဓစာပေများကို ထုတ်ယူကိုးကားလျှက် မိမိလိုသလို ဘာသာပြန်ပြီး
    ဗုဒ္ဓသာသာအမည်ဖြင့် သပ်လျှို လိမ်လည် လှည့်ဖြားခြင်းကို ရပ်တန့်သင့်ပေပြီ။

    မိမိတို့ အယူကို မိမိတို့ကိုယ်ပိုင်နာမည် မိမိဖာသာ လွတ်လွတ်လပ်လပ် တင်ပြသင့်ပါသည်။

    ခင်ဗျားတို့ တင်ပြနေသောဝါဒသည်
    ၂ဝ ရာစုအစ ပြင်သစ်ပညာရှင်တစ်ဦးတင်ပြခဲ့ပြီးသော ရုပ် ဝါဒသာဖြစ်ပါသည်။
    Existentialism ဖြစ်ပါသည်။ ဆရာဦးဆန်းလွင်မှ ဖြစ်တည်မှုသာ ပဓါန ဝါဒ ဟူသော အမည်ဖြင့် ဘာသာပြန်ပြီးဖြစ်ပါသည်။

    ဘုရားဟောများမှ ပါဠိစကားလုံးတချို့ကို ကွက်ပြီး မိမိအယူအတွက် လိုရာဆွဲယူဘာသာပြန်မှုအတွက်
    အသေးစိတ်ရှင်းလင်းချက် http://myanmargazette.net/64548/creative-writing

  • True Answer

    January 12, 2012 at 3:20 pm

    ဘုရားဟော အဓိပ္ပါယ်တူ ပါဠိစကားလုံးတွေ ကို
    မိမိထင်မြင်ရာ ပြောလျှက် ပုံမှားရိုက်ပြန်ပြီလား ဆရာတို့။

    အဓိပ္ပါယ်တူ စာလုံးကွဲ ကုလားကြီး နဲ့ အရာကြီး ကို မိမိလိုရာအဓိပ္ပါယ်ဖွင့်လျှက်
    ရှုပ်အောင်လုပ်ပြန်ပါပြီကော။

    အကျင့်တရား မှန်ကန်တဲ့နှလုံးသွင်းမှု ၊ open mind ဖြစ်မှုမပါဝင်ဘဲ – စကားလုံးတွေနဲ့ ရှင်းနေရတာ တော်တော်လေးတော့ လက်ဝင်အချိန်ကုန်ပါတယ်။
    တစ်ဦးတစ်ယောက်ရဲ့ သတ်မှတ်ချက်တွေကို အဟုတ်ထင်ဆုပ်ကိုင်ပြီး အမှန်တရားလုပ်နေရင်တော့ တကယ့်အမှန်တရားနဲ့ဝေးနေပါမယ်။
    ————————————————
    ခင်ဗျားတို့ နားလည်တဲ့ အရိယာသစ္စာ တော့မဟုတ်။
    တကယ့် အရိယာ သစ္စာအစစ် နဲ့ ပရမတ္တသစ္စာ တူတူပဲဖြစ်ပါသည်။

    ၁) အရိယာ သစ္စာလေးခု = ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓ သစ္စာ။
    ၂) ပရမတ္တသစ္စာလေးခု = စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗါန်၊။
    —————————————————————————————————
    ((နိရောဓ သစ္စာ)) နှင့် နိဗ္ဗါန် အတူတူ ဖြစ်ပါသည်။ (သူကြီး (သို့) kai အတူတူ ဖြစ်သကဲ့သို့ပင်)
    ————————————————————————————————-
    စိတ်၊ စေတသိက်၊ ရုပ် သုံးပါးသည် ((ဒုက္ခသစ္စာ)) ဖြစ်ပါသည်။
    —————————————————————————————————
    ထို့နောက် စိတ်၊ စေတသိက် နှစ်မျိုးတွင်…..
    ဘဝသစ်ကိုဖြစ်စေသော (သို့) ၃၁ ဘုံကိုလည်စေသော (သို့) ဘာမှအမှန် ညာမှအမှန်၊ ဘာဝါဒ၊ ညာဝါဒအဖြစ် အဟုတ်ထင်နေသော ငြင်းခုန်လိုနေသော ငြိတွယ်နေသော (သို့) လောဘ၊ ဒေါသ၊ မောဟ တို့ တိုးပွားစေသော (သို့) ပဋိစ္စသမ္မပ္ပါဒ် ဒုက္ခစက်ကို လည်နေစေသော (သို့) အိုနာသေ ဒုက္ခများကို မဆုံးနိုင်ဖြစ်စေသော –

    လောဘ၊ ဒေါသ၊ မောဟ နှင့်ယှဉ်သည့် စိတ်၊ စေတသိက်များ ကို ((သမုဒယသစ္စာ)) ဟု ခေါ်ပါသည်။
    ————————————————————————————————-
    အထက်ပါသမုဒယသစ္စာ နှင့် ဆန့်ကျင်ဘက် –
    ဘာမှအမှန် ညာမှအမှန်၊ ဘာဝါဒ၊ ညာဝါဒအဖြစ် မဆုပ်ကိုင်၊ မငြိတွယ် ဘဲ ….. အမှန်တရား ကို အသုံးချရုံသက်သက်၊ နားလည်ရုံသက်သက်သာဖြစ်သော (သို့) လောဘ၊ ဒေါသ၊ မောဟ မီး တို့ ချုပ်ငြိမ်း နည်းပါးရာဖြစ်သော (သို့) ပဋိစ္စသမ္မပ္ပါဒ် ဒုက္ခစက်ကို ရပ်စေသော (သို့) အိုနာသေ ဒုက္ခများကို အဆုံးသတ်စေသော-
    အလောဘ၊ အဒေါသ၊ အမာဟ နှင့်ယှဉ်သည့် စိတ်၊ စေတသိက်များ ကို ((မဂ္ဂသစ္စာ)) ဟု ခေါ်ပါသည်။
    ——————————————————————————
    လောကီ ဦးနှောက် အသိဉာဏ်ဖြင့် နားလည်မှုထက် ကျော်လွန်သော သီလ၊ သမာဓိ၊ ပညာ ဖြစ်ပါသည်။

    လူ့ဘဝ တစ်ဘဝတစ်နပ်စာအဆင်ပြေစေမည့် (တိရစ္ဆာန်ဘဝများမပါ) မိမိဖာသာ သတ်မှတ်ချက်များကို အရိယသစ္စာ ထင်မှတ်လျှက် မရမက ဘုရားဟော ပါဠိစကားလုံးများ လိုက်လံ တန်းညှိနေကာ အများကို ထင်ယောင်ထင်မှား ပြုလုပ်နေမှု ကို ရပ်တန့်သင့်နေပါပြီ။

    • mgmaung

      January 27, 2012 at 3:38 pm

      (တကယ့် အရိယာသစ္စာအစစ် နဲ့ ပရမတ္တသစ္စာ တူတူပဲဖြစ်ပါသည်။) True Answer က ဆိုပါက ဗုဒ္ဓဘုရားပင် ပွင့်စရာအကြောင်းမရှိသင့်တော့ပါ။
      ပရမတ္တသစ္စာ (ရုပ်၊ နာမ်)တရားများက ဗုဒ္ဓမြတ်စွာမပွင့်ခင်ကတည်းက ဂျိန်း နိဂဏ္ဍတို့၊ ဗြဟ္မဏတို့ ဟောပြောနေကြသောကြောင့်ဖြစ်ပေသည်။
      (ရုပ်၊ နာမ်) ပရမတ်တွေကို အဓိကထားရှုနေကြတဲ့ အစွန်းကိုရှောင်ပြီး လူ့ အမှုကံ (သင်္ခါရ)ကို အဓိက ထားရှုတဲ့ အရိယသစ္စာကို ဗုဒ္ဓဖော်ထုတ်ခဲ့တာဖြစ်ပါသည်။
      ဒါ့ကြောင့် ထိုခေတ်က ပရိဗိုဇ်များ ဗုဒ္ဓနှင့်တွေ့သည့်အခါ “(ရုပ်၊ နာမ်) ပရမတ်တွေက မြဲလား၊ မမြဲဘူးလား”ဟု မေးသည့် အခါတိုင်း ဗုဒ္ဓက “န ခေါအဟံ” “ထိုအယူ ငါမယူဘူး။ ဒါတွေကို ငါစိတ်မဝင်စားဘူး”ဆိုတဲ့ သဘောမျိုးနဲ့ ပြောဆိုခဲ့တာ အထင်းအရှားပါ။
      ထိုအခါ ပရိဗိုဇ်တွေက “ဒါ (ရုပ်၊ နာမ်) ပရမတ်)တွေကို မြဲလား၊ မမြဲဘူးလား ဆိုတာ မယူဘူး။ စိတ်မဝင်စားဘူးဆိုရင် ဘာလို့ ရဟန်းလုပ်နေတာလဲ “ဟု ပြန်မေးကြလေ၏။
      အဘယ့်ကြောင့်ဆိုရသော် ထိုခေတ်က ပရိဗုဇ် ရဟန်းဆိုပါက ယနေ့ခေတ် ရိပ်သာများလို (ရုပ်၊ နာမ် ပရမတ်)တွေနဲ့ပဲ အချိန်ကုန်နေကြလို့ ဖြစ်ပေသည်။
      ဗုဒ္ဓဘုရားက “ငါရဟန်းလုပ်တာ၊ ဤ အမှု ကံ (သင်္ခါရ)တွေဟာ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတွေ၊ ဤ အမှု ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေရတဲ့ အဖြစ်တွေဟာ အမှန်ဆင်းရဲတဲ့ ဒုက္ခသစ္စာတွေ၊ ဤ အမှု ကံ (သင်္ခါရ)တွေ မလွန်ကျူးတော့ရင် ငြိမ်းအေးစေမယ့် နည်းလမ်းဖြစ်သည့် မဂ္ဂသစ္စာနဲ့ ဤ အမှု ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေရတဲ့ အဖြစ်တွေ အမှန်ငြိမ်းအေးသည့် နိရောဓသစ္စာ”ဆိုတဲ့ လူတွေ ငြိမ်းအေးစေတဲ့ အရိယသစ္စာတရားလေးပါးကို ဟောပြောလိုလို့ ရဟန်းပြုတာ” ဟု ပြန်ပြောကြားလေ၏။
      ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် ပရမတ်ဝါဒီမဟုတ်ပါ။ လူ့ အမှုကံတွေကို တည့်မတ်ပေးသော အရိယသစ္စာပိုင်ရှင်သာ ဖြစ်ပါသည်။

      • lynnsatyar

        January 27, 2012 at 4:49 pm

        ပြောင်းပြန်တွေ ပြောနေပါသည်… ကောင်းမှုလုပ်၍ ကောင်းကျိုးရပြီး မကောင်းမှုလုပ်၍ မကောင်းကျိုးရခြင်းဟူသော ကံဝါဒသည် ဘုရားရှင် မပွင့်မီကတည်းက ပေါ်ပေါက်ခဲ့သော ကမာ္ဘ့နိယာမတရားဖြစ်သည် ။ ရုပ် ၊ နာမ် ၊ ပရမတ္ထ တရားတို့သည်သာ ဘုရားရှင် ပွင့်ထွန်းလာမှ ကြားနာကြရ သိကြရခြင်းဖြစ်သည် ။ ဘုရားရှင်သည်သာ ကံဝါဒ ဆိုပါက စိတ် ၊ စေတသိက် ၊ ရုပ်တို့အကြောင်းကို အဘိဓမ္မာကျမ်းကြီးတစ်ခုလုံးစာ ဟောကြားထားစရာ အကြောင်းမရှိချေ…။ မိုးပြာဝါဒရှင်တို့သည် အဘိဓမ္မာ တရားတော်ကြီးကိုပင် ဘုရားဟော မဟုတ်သယောင်ယူဆနေကြသည် ထင်ပါသည် ။ အလွန်ခက်ခဲနက်နဲသော တရားတော်ဖြစ်ခြင်းကြောင့် အဘိဓမ္မာဟုပင် အမည်တွင်ရသော တရားတော်ကြီးကို မည်သို့မျှ သာမာန်လူ၏ ဉာဏ်ဖြင့် ကြံစည်တွေးတော လုပ်ကြံဟောပြောနိုင်မည် မဟုတ်ပါ…။ ထိုဉာဏ်တော်ကြီးကိုပင် ရည်မှန်းကာ မြတ်စွာဘုရားရှင်အား ရည်စူးပူဇော်ရပါသည် ။ ထိုအဘိဓမ္မာတရားကို မြတ်စွာဘုရားရှင်က နတ်ပြည်တွင် အကျယ်ဟောကာ ရှင်သာရိပုတ္တရာအား အကျဉ်းဟောပြ၍ ရှင်သာရိပုတ္တရာက လူတို့အား မကျဉ်းမကျယ်ပြန်လည်ဟောပြသည်ဟု မှတ်သားရပါသည် ။ ထိုအချက်အားထောက်ကာ… အချို့ အနောက်တို်င်း ပညာရှင်တို့က အဘိဓမ္မာသည် ဘုရားဟောမဟုတ်ဟု ပြောဆိုကြပါသည် ။ အကယ်၍(အကယ်၍ဟု ပြောပါသည် ) အဘိဓမ္မာသည် ဘုရားဟောမဟုတ် ၊ ရှင်သာရိပုတ္တရာက ဟောပြောသည် ဟုပင် ယူဆကြည့်ကြပါစို့…။ ထိုမျှခက်ခဲနက်နဲသော တရားကို ဟောပြောနိုင်သော ဉာဏ်ကြီးရှင်ကပင် ဆရာတင်ရသော ရှင်တော်ဘုရား၏ ဉာဏ်တော်ကို မှန်းဆသိမြင်နိုင်ပါသည် ။ အကယ်၍ ရှင်သာရိပုတ္တရာကသာ လူတို့အား ဘုရားရှင်၏ အယူမဟုတ်သော ရုပ် ၊ နာမ် တရားများကို ဟောပြောခဲ့သည်ဆိုလျှင် ထိုစဉ်ကပင် ဘုရားရှင် တားမြစ်တော်မူမည် ဖြစ်ပါသည်…။ ဂေဇက်ရွာသူရွာသားများ ဆင်ခြင်စဉ်းစားကြစေလိုပါသည် ။

  • ကိုသစ္စာ

    February 2, 2012 at 4:11 pm

    မဟာယာနတွေမှ ဗုဒ္ဓက အဘိဓမ္မာတရားကို နဂါးပြည်မှာ ဟောသည်ဟု ဆိုကြပါသည်။
    ထေရဝါဒတွေကလည်း အားကျမခံ အဘိဓမ္မာတရားကို တာဝတိ ံတာတွင် ဟောသည်ဟု တတိယသင်္ဂါယနာတင်ပုဂ္ဂိုလ်တို့က လုပ်လိုက်ကြပြန်ပါသည်။
    စာရေးဆရာများက ယုတ္တိယုတ္တာရှိအောင် ရှင်သာရိပုတ္တရာတို့နဲ့ တန်ဆာဆင်ပြီး ရေးခဲ့ကြလို့ အဲဒီဇာတ်လမ်းတွေထဲမှာ နစ်နေကြခြင်းဖြစ်ပါသည်။
    ပထမသင်္ဂါယနာနဲ့ ဒုတိယသင်္ဂါယနာတင်တဲ့ အချိန်ထိ ဓမ္မ (သုတ္တံတရား)နှင့် ဝိနယ (ဝိနည်းတရား)သာ သင်္ဂါယနာ တင်သည်ဟု သိရပါသည်။ အဘိဓမ္မာကို သင်္ဂါယနာတင်သည်ဟု မတွေ့ရပါ။
    တတိယသင်္ဂါယနာနောက်မှ မဟာယာန အဘိဓမ္မာကျမ်းတွေကိ်ု အားကျမခံ ထေရဝါဒီတွေက ဇာတ်လမ်းဆင်ပြီး ဗုဒ္ဓဘုရားပဲ ဟောခဲ့သည့်ပုံစံဖြင့် ရေးသားခဲ့ကြသည်ဟု တွေ့ရပါသည်။
    အထက်ပါအချက်များကြောင့် အဘိဓမ္မာ ဘုရားဟော၊ မဟောကို ပညာရှင်များအားလုံး သဘောတူ အတည်မပြုကြပါ။
    ထေရဝါဒအယူယူသောနိုင်ငံများတွင်ပင်လျှင် အဘိဓမ္မာကို ဘုရားကိုယ်ဆိုင်ဟောခဲ့ပါသည်ဟု တရာသေလှေနံဓားထစ်ယူထားသူများမှာ မြန်မာပြည်မှ ပရမတ်ဝါဒီ အဘိဓမ္မာဘုန်းကြီးတွေပင်ဖြစ်ပေသည်။
    ယိုးဒယားနိုင်ငံနှင့် ကျန်ထေရဝါဒနိုင်ငံတိုမှ အဘိဓမ္မာကို ဘုရားကိုယ်တိုင်ဟောသည်ဟု အစွဲမသန်နိုင်ကြတော့ပါ။
    အဘယ့်ကြောင်းဆိုသော် အသိအမြင်များ တိုးပွားလာလို့ဖြစ်ပါသည်။
    တကယ်ကတော့ ဗုဒ္ဓဘုရား လေးဆယ့်ငါးဝါကာလပတ်လုံး မရပ်မနား အပင်ပန်းခံ ဟောကြားတော်မူခဲ့သည့် တရားတော်များမှာ လူသားတွေ ငြိမ်းချမ်းစေသည့် လူ့အမှုလမ်းညွှန် အရိယသစ္စာတရားလေးပါးသာလျှှင်ဖြစ်ပါသည်။
    (အကျယ်သိလိုပါက ယနေ့သာသာနာနှင့် ဗုဒ္ဓဘာသာ e-book
    http://sites.google.com/site/sayamvasi/ssarsanarandMyanmar.pdf?attredirects=0 တွင်ကြည့်ပါ။)

    ရုပ်၊ နာမ်တွေ ခွဲစိတ်နေလို့ လူ့အမှုတွေ ငြိမ်းနိုင်မလား?
    လူ့ အမှု ကံ (သင်္ခါရ)တွေကို ပိုင်းခြားသိမှ လူ့အမှုတွေ ငြိမ်းနိုင်မလားဆိုတာကို ဝါဒအစွဲမသန်တဲ့ စိတ်ထားဖြင့် ပိုင်းခြားဝေဖန်ကြည့်စေလိုပါသည်။

  • realman

    February 6, 2012 at 6:46 pm

    ပညာရှင်တို့ ဖွင့်ဆိုကြသော သစ္စာသုံးမျိုးဖြစ်တဲ့
    ၁။ သမုတိသစ္စာ (အစုသစ္စာ) – လူရဲ့ အစုဖြစ်တဲ့ လူအကောင်၊ ပုဂ္ဂိုလ်သတ္တဝါ အမှန်တရား၊
    ၂။ ပရမတ္တသစ္စာ (အစိတ်သစ္စာ) – လူရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရုပ်၊ နာမ် အမှန်တရား၊
    ၃။ အရိယသစ္စာ (အမှုသစ္စာ) – လူရဲ့ အမှုဖြစ်တဲ့ ကံ (သင်္ခါရ) အမှန်တရားကို သိကြဖို့ရာမှာ
    ကိုယ်က ဘယ်နယ်ပယ်က သူလဲ၊ ဘယ်လို ရပ်တည်နေရသလဲ အပေါ်မှာ မူတည်ပြီး ကိုယ်မဖြစ်မနေ သိအောင်လုပ်ရမှာ ဘာဆိုတာကိုတော့ ပြတ်ပြတ်သားသားသိဖို့တော့ လိုတာပေါ့။

Leave a Reply