ဝေဖန်ရေးသမား ( CRITIC ) ဆိုတာ…..( ၁ )

alinsettDecember 30, 20111min1168

ဝေဖန်ရေးသည် ခက်ခဲ..နက်နဲသော ပညာရပ်တစ်ခုပြဖစ်ပါသည်။

အထူးသဖြင့် စာပေဝေဖန်ရေး.( အနုပညာဝေဖန်ရေး ) သည်..အလွန် နက်ရှိုင်းသော../ အလွန် သိမ်မွေ ့သော..

အရာ ဖြစ်သည် ။

စာပေ အနုပညာ ပစ္စည်းတစ်ခုကို ဝေဖန်တော့မည်..ဆိုလျှင်.. ဝေဖန်ရေးသမားသည်..သတိကြိးကြီးထားပြီး..

ဝေဖန်ရပါသည်။
စာပေ အနုပညာ၏ သဘော သဘာဝကိုက နက်ရှိုင်းသော..( ကျယ်ပြန် ့သော/ ဆန်းကြယ်သော..) ကြောင့်

ဖြစ်ပါသည်။
မော်ဒန် အနုပညာကို ဂန္ထဝင် ဝေဖန်ရေးဖြင့် ဝေဖန်လျှင်..မသင့်တော်…ပါ။…

ဂန္ထဝင် အနုပညာကို မော်ဒန်ဝေဖန်ရေး..ဖြင့် ဝေဖန်လျှင်လည်း.. တလွဲတွေသာ ဖြစ်လာပါလိမ့်မည်။

( ယနေ့ထိ မော်ဒန်အနုပညာအပေါ်..အပြစ်မြင်နေကြသူများသည်..မော်ဒန်အနုပညာကို ဂန္ထဝင် ဝေဖန်ရေး အစဉ်အလာများဖြင့်

တိုင်းတာ..ဝေဖန်ခဲ့ကြသောကြောင့်..ဟု ဆိုချင်ပါသည်။ )

သူ ့ဘက် ကမ်းက မီး…ဘယ်လောက် လင်းသလဲ..သိချင်လျှင်..ကိုယ့်ဘက်ကမ်းက မီးကို

မှိတ်ကြည့်ရပါမည်။ ။

မုန်းသော မျက်စိဖြင့် ကြည့်လျှင် မှားသလို..ချစ်သော မျက်စိဖြင့်လည်း ကြည့်ဖို ့ မလိုပါ။

သမာသမတ်ကျသော / မျှတ သင့်လျော်သော/ ဓမ္မဓိဋ္ဌာန် ကျသော အမြင် များဖြင့်သာ..ကြည့်ရပါမည်။

________________________________________________

ဝေဖန်ရေးသမား တစ်ယောက်သည်

၁ ။ ကိုယ့်အကြိုက်နှင့် ကိုက်ညီမှု / မညီ မှု..ဆိုင်ရာ သတ်မှတ်ချက်များကို စွန် ့လွတ်ရမည်။

၂ ။ လူမျိူးစွဲ ၊ ဘာသာ စွဲ ၊ အုပ်စု စွဲ ၊ ပုဂ္ဂိုလ်စွဲ များနှင့်..စနစ်ဝါဒအစွဲများ ( အခြားအစွဲများကိုလည်း.)

စွန် ့လွတ်ထားရမည်။

၃ ။ ဖန်တီးသူအပေါ်.အထင်သေးမှု..၊ ဖန်တီးထားသော အနုပညာအပေါ်..အထင်သေးမှုများ မရှိစေရ ။

အထင်ကြီးမှုလည်း မရှိစေရ ။ အထင်သေး ရှုံ ့ချ လိုခြင်း ၊ အထင်ကြီးလေးစားခြင်း..ဆိုသော အစွန်းနှစ်ဖက်မှ

လွတ်ကင်းနေရပါမည်။

၄ ။ ဝေဖန်ရေးသမားသည်..ကိုယ့် ဂုဏ် ကိုယ်မဖော်ရ ။ ကိုယ့်မှာရှိသော ဂုဏ် တစ်ခုခုဖြင့် ယှဉ်ထိုး ၍

မတိုင်းတာရ ။

၅ ။ ထိုအရာသည် အနုပညာပစ္စည်းဖြစ်သည်..ဆိုသော အချက်နှင့် မည်သည့် အနုပညာ အမျိုးအစားဖြစ်သည်..

ဆိုသော အချက်များကိုသာ… အဓိက ထားပြီး..ဝေဖန်သင့်သည်။

၆ ။ ဝေဖန်သူတွင် သင့်တင့်မျှတသော / စနစ်တကျရှိသော… သိအိုရီများ…၊ စံနှုန်းများ…စနစ်များ…

ရှိရပါမည်။

ရ ။ ဝေဖန်ရေးသမားသည် ထိုက်သင့်သော အရည်အချင်း ရှိရပါမည်။

( ထိုက်သင့်သော အရည်အချင်းဆိုသည်မှာ ပညာတတ် ဘွဲ ့များများရ ရမည် ဟု မဆိုလိုပါ ။

အနုပညာနှင့်ပက်သက်၍ ကျယ်ပြန် ့စွာ တတ်သိနားလည် ထားသော အရည်အချင်း ကို ဆိုလိုပါသည်။ )

ထိုအချက်များ မပါဝင်သော ဝေဖန်ရေး..သည် ဝေဖန်ရေး အမည် မခံထိုက်ပါ။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု.ပြုလုပ်ခြင်းသာ ဖြစ်ပါလိမ့်မည်။
________________________________________________

ဝေဖန်ရေးသမားတစ်ယောက် လိုက်နာသိရှိသင့်သော အချက်များကို (အတို ့အထိမျှသာ )

တင်ပြ ခဲ ့ပါသည်။

ကျွန်တော့် အယူအဆကို တင်ပြခြင်းသာ ဖြစ်၍ ကျွန်တော် နှင့် သဘောထားချင်း မတူညီသော

မိတ်ဆွေများလည်း..လွတ်လပ်စွာ ကွဲလွဲကြပါလိ်မ့်မည်။

မှားနေသော အချက်များ / လစ်ဟာနေသော အချက်များ ပါရှိနေလျှင်… ပြင်ပေး ကြပါ။

ကျွန်တော့် ထက် တတ်..သိ နားလည် သူများက ကျွန်တော့ အယူအဆ ထက် ပိုပြည့်စုံသော အချက်များကို ဖြည့်စွက်

တင်ပြပေးကြစေချင်ပါသည်။

အနုပညာလောက အတွက် အကျိုးများလိမ့်မည်…ဟု..ယုံကြည်ပါသည်။

___________________________

လေးစားစွာဖြင့်…

အလင်းဆက်

alinsett.art@gmail.com

8 comments

  • inz@ghi

    December 30, 2011 at 7:13 pm

    ဖတ်ရတာ အလွန် အရသာရှိတယ် ကို အလင်းဆက်ရေ …
    အဖိုးတန်စာစု လေးမို့ ကျေးကျေးပါ …

    လေလေးနည်းနည်း ကန်ခွင့်ပြုပါနော….

    အချိန် တိုက်စားမှု အတိုင်းအတာ တခု ကြုံလာတဲ့အခါ တခါတခါမှာ …အမှန်က အမှား ဖြစ်တတ်သလို
    အမှန်ကလည်း မှန်ချင်မှန်နေတာကိုးဗျနော….

    ရှင်သန်စဉ် မှာ မှားတယ် ညံ့တယ် မကောင်းဘူး ဆိုပြီး လူကြိုက်နည်းခဲ့တဲ့ ဗင်ဂိုး ..ရဲ့ ပန်းချီကားတွေဟာ ..
    နောက်ပိုင်း ရာစုနှစ်ပေါင်းများစွာ ..အမှန်တရား ဖြစ်လို့ လာခဲ့တာကိုးဗျာ…

    အစ်ကိုပြောတဲ့ နံပါတ် ၆။ ဝေဖန်သူတွင် သင့်တင့်မျှတသော / စနစ်တကျရှိသော… သိအိုရီများ…၊
    စံနှုန်းများ…စနစ်များ…ရှိရပါမည်။

    ဆိုတဲ့အချက် ကို ပြန်လည် ကိုးကားရရင် .. ထိုစဉ်က ဝေဖန်သူတွေလည်း သူတို့ စနစ်နဲ့ သူတို့တော့
    ဟုတ်နေခဲ့တာကိုးဗျာ…သည်မှာ အစလေးတစ်စ ကျနော် ဆွဲထုတ်မိတယ် … ခေတ် …. ခေတ်ပြောင်းသွားရင် ….
    ဆိုတဲ့အချက်ပါပဲ …… ခေတ် ပြောင်းသွားရင်ဖြင့် ယုံကြည် ခံယူမှုပါရဒိုင်းတွေ ..အလှည့်အပြောင်းဖြစ်လာရင်…
    စံနှုန်း တွေ စနစ်တွေ လိုက်ပြီး ရွေ့လျော ပေးရတယ် ဆိုတာ ကို တွေ့မိပါတယ်ဗျာ …

    ဝေဖန်သူတွေ အနေနဲ့ … အနုပညာ လက်ရာတစ်ခု (အထူးသဖြင့် အယူအဆသစ် နဲ့ ဖော်ကျူးထားသော)
    ကိုတွေ့ တဲ့အခါ …လက်ရှိ စနစ်နဲ့တော့ ဒါတွေ ကွာတယ် ..သည်လို အယူအဆ တွေ အမြင်တွေ
    ပြောင်းကြည့်ကြည့်မယ်ဆိုရင်တော့သည်လို လေးတော့ ဟုတ်သား …သည်လိုလေးတော့ လှသား
    ..ဆိုပြီး ခေတ်ကို ထောက်ချင့်ကာထည့်တွက် ဝေဖန် ပေးပါမှ သင့်လျော်မယ် လို့ ယူဆကြောင်းပါ
    အစ်ကိုရေ ..အစ်ကိုတို့ မော်ဒန် ဆြာတွေ ပိုသိပါတယ်ဗျာ ….

    ကျနော် မြင်မိတာလေး အားဖြည့်ကြည့်တာပါ…
    ဆွေးနွေးထောက်ပြပေးပါဦးနော…

    ခင်တဲ့
    ဂီ

  • alinsett

    December 30, 2011 at 7:27 pm

    ဂီ ရေ.. ကျွန်တော် နဲ ့..သဘောထားချင်း သိပ်မကွဲလွဲ ပါဘူး။

    ကျွန်တော်တို ့အားလုံးမှာ..အဲဒီလို အမြင်လေးတွေနဲ ့ကြည့်ရင် အနုပညာဟာ ပိုလှ လာမှာပါနော် ။

    ဒါပေမယ့် ခံစားသူ နဲ ့လေ့လာဝေဖန်သူ 2 မျိုး ကွဲတာကိုလည်း ကျွန်တော် ပြောချင်သေးတယ် ။
    ခံစားသူက သူ ့အကြိုက် နဲ ့ ကောင်းတယ် မကောင်းဘူးပြောပြိး..ဝေဖန်သူကျတော့ ဒီလို အကြိုက်နဲ ့ပြောလို ့မရဘူးပေါ့နော် ။
    ခေတ်ပြောင်းသွားရင်…..အနုပညာ ဖန်တီးမှု တစ်ခု အပေါ်..တိုင်းတာတာတွေက တော်တော် ပြောင်းလဲ..တယ် ။
    ခေတ်ဟောင်းက စနစ်တွေ နဲ ့ တိုင်းကြတာလေ.။

    ဒါပေမယ့် တကယ် တော်တဲ ့….လေးစားထိုက်တဲ ့ဝေဖန်သူတွေ လည်းရှိနေပါတယ် ။ သူ ့ဘက် ကို ယ့် ဘက် မျှမျှတတ ကြည့်ပြိး…ဝေဖန်တာတွေ..ရှိပါတယ် ။ ဥပမာ ဆရာဇော်ဇော်အောင်…။

    .ကျင်ငယ် စွန ့်တဲ ့ခွက်ကို အနုပညာ လိ ု့ ချပြ ဖူးတဲ ့သူတစ်ယောက် အကြောင်း ကျွန်တော် တင်ပြချင်သေးတယ် ။

    ဘာတွေ ဖြစ်ကုန်မလဲ..မသိဘုူးနော်။

    စာဖတ်သူများကို လေးစားစွာ..ခင်မင်လျက်…

    အလင်းဆက်

  • yaungchikha

    December 30, 2011 at 7:58 pm

    “ကျင်ငယ် စွန ့်တဲ ့ခွက်ကို အနုပညာ လိ ု့ ချပြ ဖူးတဲ ့သူတစ်ယောက် အကြောင်း ကျွန်တော် တင်ပြချင်သေးတယ်” ။
    စိတ်ဝင်စားစွာ စောင့်မျှော်ဖတ်ရူ့ပါမည် ……….

  • windtalker

    December 30, 2011 at 9:39 pm

    ကျုပ်ကတော့
    “ ဂျက် (ကွမ်းခြံကုန်း) ၊ မောင်သွေးချွန် ” တို ့ဆိုရင် အရမ်းကြိုက်သဗျား

  • ငပေါက်ဖော်

    December 30, 2011 at 10:24 pm

    ကိုအလင်းဆက်ရေ
    ဒီလောက် စပိနဲ ့ဆို
    ငဇာဂီရဲ့ စွာပေ တော်လှန်ရေးထဲ ဝင်လို ့ရပြီဗျ

  • Khin Latt

    December 31, 2011 at 12:47 am

    နောက်တစ်ခါ သူများကို ဝေဖန်မယ် ဆိုရင် အလင်းဆက်ရဲ့ အချက်လေးတွေကို သတိရပြီး ဝေဖန်ပါ့မယ်။
    အချက်လေးတွေ အားလုံးဟာ Fair Enough ပါဘဲ။
    ကျေးဇူးပါ။ 🙂

  • blackchaw

    December 31, 2011 at 4:12 pm

    လေးလေးစားစား ဖတ်ရှုသွားပါကြောင်း
    ဝေဖန်ရေးလုပ်မည့်သူများ ကိုးကားကိုင်စွဲသင့်သော
    တန်ဘိုးရှိသော ပို့စ်တစ်ခုပါဗျာ။
    စကားအတင်းစပ်
    ကျွန်ုပ်ဘလက်ကတော့ ဝေဖန်ရေးလုပ်နေတာမဟုတ်ကြောင်းလေးတော့
    သိထားကြစေချင်ပါကြောင်း။

  • alinsett

    December 31, 2011 at 9:09 pm

    ဟုတ်ကဲ့ ။ ကျွန်တော်..ရေးပြချင်တာတွေ..အများကြီးရှိနေပါတယ် ။
    အချိန် မရသေးလို ့ မတင်ပြသေးတာပါ ။

    တတ်နိုင်သလောက်..ချ ပြ ဖြစ်အောင်ကြိုးစားနေပါ့မယ် ။

    ဝေဖန်ရေးသမား မဟုတ်သူများလည်း…ဝေဖန်ရေးသမားဆိုသူများကို အကဲဖြတ်နိုင်အောင် တင်ပြလိုက်ပါတယ် ။

    ကျွန်တော် ကိုယ်တိုင်လည်း စာပေ စာအုပ်တွေ ကို ဝေဖန်ရေး လုပ်နေပါတယ် ။

    ကျွန်တော့ ဝေဖန်ချက်တွေ က ကျွန်တော် တင်ပြတဲ ့အချက်တေါ နဲ ့ လွဲနေခဲ ့ရင် ..ကျွန်တော့်ကို ထောက်ပြ ကြပါ..လို ့ ကျွန်တော် ပြောပါရစေ။ လူငယ်ဆိုတော့ ကိုယ်လုပ်တာတွေ မှန်သမျှ ကို အမှန်လို ့ ထင်နေတတ်လို့ပါ ။

    ကျွန်တော် က လူငယ် ဆိုတော့ အမှားတွေ မကင်းနိုင်ပါဘူး။
    ကျွန်တော့် စာပေဝေဖန်ရေးဆောင်းပါးတွေ ကို..ကျွန်တော် အတတ်နိုင်ဆုံး…သန် ့ရှင်း စင်ကြယ်အောင် ရေးပါ့မယ် ။
    ဒီကြားထဲ..က လွတ်ထွက်သွားတာတွေ ရှိရင် ပဲ့ပြင်..ပေးကြပါလို ့ တောင်းပန်ပါတယ် ။

    ကျွန်တော့် တကယ့်ကို …..မပြည့်ဝသေးလို ့ ပြောတာပါ ။

    စာချစ်သူများ အားလုံးကို လေးစား ခင်မင် ကျေးဇူးတင်လျက်ပါ။

Leave a Reply