နံနက်ခင်းစိတ်ရွှင် အပိုင်းခြောက်

1 အစောဆုံးဒီဇင်ဘာနံနက်ခင်းလေးတစ်ရက်မှာ အပင်သေးသေးလေးက အပွင့်တွေဝေနေတာမြင်တော့
2 နေအထွက်မှာ ခွက်အပြည့် ယူခဲ့ပါတဲ့ လောလောဆယ် နေရောင်ခြည်တွေရမယ်နော်
3 ငါရှာတဲ့လှေလေးနှစ်စင်းကလဲအရောက် နေရောင်ကလဲ အခ..... လှပသောမြင်ကွင်လေးရလိုက်ပါတယ်
4 ပုဇွန်ဆီရောင်ကောင်းကင်အောက်က လှေလေးနှစ်စင်း.........
5 ဆောင်းဝင်စ နေခြည်နုနု နံနက်ခင်းလေးပါ
6ဆောင်းဝင်စ နံနက်ခင်းလေးပါ
7 ရောင်နီလာကိုလွန်မြောက်လာတဲ့ ကာလ နေအလင်းရောင်က ဆလိုက်မီးထွန်းသလိုဘဲ
8 ဒီပုံလေးကတော့ စွယ်တော်လမ်းဆိုတဲ့အထဲမှာ ပါဘူးတယ် နေရောင်အခ ကလှလွန်းလို့ပါ
9 နံနက်ချမ်းချမ်းစီးစီးမှာ ငါးအရှာထွက်တဲ့လှေငယ်လေးသုံးစင်း
10 ကာလာစုံနံနက်ခင်း
11 နေထွက်စ မနက်ခင်းလေးမှာတောင် မပြန်ချင်သေးတဲ့လမင်းက အနောက်ဘက်ကောင်းကင်မှာရှိနေဆဲ(ဒီပုံကတင်ဘူးပါတယ်)
12 ဒီနေရာလေးက မန်းလေးကန်တော်ကြီး ကုက္ကိုကျွန်းအဝင်လမ်းလေး လှပါတယ်

“နံနက်ခင်းစိတ်ရွှင်(အပိုင်းခြောက်)”

(ဆောင် မပီ့ တပီ နံနက်ခင်း)

ဆောင်းဝင်စ ဒီဇင်ဘာလဆန်းရက်များမှာ နှင်းကကျချင်သလို မကျချင်သလို။

ကျနော်ငယ်စဉ်ဖြတ်သန်းခဲ့ရတဲ့မန္တလေးဆောင်းရက်များမှာတော့ နှင်းမူံတွေ

ပိန်းပိတ်သော ဝိုးတဝါးရက်များစွာကို ကြုံတွေ့ခဲရသလို အေးချမ်းသောဆောင်းရက်များကို လဲ ဖြတ်သန်းခဲ့ရပါတယ်။

2000ခုနှစ်နောက်ပိုင်းဆောင်းရက်များကတော့ ဆောင်းမပီသတဲ့

ဆောင်းတွေဘဲဖြစ်လို့နေခဲ့ပါတယ်။

နှင်းနည်းနည်းလေးကျမလိုုလို အရောင်ပြတဲ့တစ်ရက် တကယ်လဲဓါတ်ပုံတွေရိုက်မယ်လုပ်ရော

နှင်းမကျဘဲ အလင်းရောင်လေးတွေလက်လာခဲ့ပါတယ်။

အဲဒီနေ့ကပုံတော်တော်များများကို စွယ်တော်လမ်းအမည်နဲ့တင်ခဲ့ဘူးပါတယ်။

နေ့တိုင်းလမ်းလျောက် ထွက်တဲ့အခါ ကင်မရာပါတဲ့ရက်တွေမှာ လက်ဆော့ဖြစ်ပါတယ်။

အဲတော့ နောက်ရက်တွေမှာ မြင်ရတဲ့နံနက်ခင်းတွေနဲ့ပေါင်းလို့ပြန်တင်ပေးလိုက်ပါတယ်။

မနက်အာရုံတက်ရောက်တိုင်း ဆရာမြို့မငြိမ်းရေးပြီး

ဦးအံ့ကြီးသီဆိုခဲ့တဲ့  “လူချွန်လူကောင်း”သီချင်းထဲက

မနက်ခင်းစိတ်ရွှင်ဆိုတဲ့စာသားလေးအတိုင်း နံနက်ခင်းပုံလေးတွေကို

မြင်ရသူတို်င်းစိတ်ရွှင်ပါစေလို့ ရည်ရွယ်ပြီးကျက်သရေရှိသောပုံလေးများကို တင်ပေးလိုက်ပါတယ်။

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(31-12-2011)

 

2 comments

  • windtalker

    December 31, 2011 at 12:09 pm

    အပင်သေးသေးလေး က အပွင့်တွေ ပွင့်တာမြင်တော့
    ကောသလ မင်းကြီး အိပ်မက်၁၆ ကို သတိရသွားတယ်ပေါ့နော်..

Leave a Reply