ဘာကြောင့်မို ့အဲလောက်ထိ ကွာခြားသွားရသလဲ

ထိုင်းနိုင်ငံအလယ်ပိုင်းဒေသ တစ်ခုလုံးမကြာသေးမီရက်များဆီက ရေလွှမ်းမိုးခဲ့မှု
ကြောင့်နစ်မြုပ်ခဲ့ရသော ဟွန်ဒါကားများကို ဟွန်ဒါကုမ္ပဏီမှ ဖျက်ဆီးခဲ့ကြောင်း Dec 28 ရက်နေ ့ကသတင်းထုတ်ပြန်ပါတယ်။ဖျက်စီးခဲ့တဲ့ ဟွန်ဒါကားတွေဟာ အစီးပေါင်း ၁၀၅၅စီး
ဖြစ်ပါတယ်။ထိုကားအမျိုးအစားများကတော့ ဘရီရို၊ဂျက်ဇ်၊စီးတီး၊စီဗစ်၊ဟွန်ဒါ အက်ကော့ဖ်၊
စီအာဗွီ တွေဘဲဖြစ်ပါတယ်။
ယင်းကားများသည် ရေမြုပ်ခံရပြီးနောက် အင်ဂျင်မှဆီယိုစိမ့်ခြင်း၊ထိခိုက်ထားခြင်း၊စက်ပစ္စည်းအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။ထိုကားများကို ဝန်ချီစက်ဖြင့်ရွှေ ့ပြောင်း
ပြီးဖျက်ဆီးသည့်နေရာ၌ ထုချေကာသံရည်ကျိုပြီးနောက်ပြန်လည်အသုံးပြုမည်ဟုကြားရပါ
တယ်။
တဆက်တည်းမှာဘဲ ဟွန်ဒါကုမ္ပဏီမှ မိမိတို ့သည်အရည်အသွေးကောင်းမွန်သော မော်တော်
ယဉ်များကိုသာ ဝယ်ယူသူများအား ဖြန် ့ဖြူးသွားမည်ဟုကြေညာလိုက်ပါတယ်။

အင်း……စဉ်းစားရင်းနဲ ့မကောင်းဖြစ်တော့မယ်ဗျာ။ဘာကြောင့်များ နိုင်ငံခြင်းကပ်နေရဲ ့သားနဲ ့သူ ့အဆင့်ရဲ ့တဝက်လောက်လေးတောင်မမှီရသလဲတွေးမိပြန်ပါတယ်။ကျနော်တို ့နိုင်ငံများ. တော်ချက်ကတော့ သူများနိုင်ငံတွေက စွန် ့ပစ်၊မိုင်နှုန်းပြည့်၊reject ကားတွေကို သိန်းကိုရာချီ၊ထောင်ချီပေးဝယ်နေရတာ တခြားနိုင်ငံတွေအတွက်ရီစရာပါလားဗျာ။
အင်း…..ဟိုးတလော ဒါမှမဟုတ်ရင် တစ်ချိန်,…..
မင်းတုန်းမင်းနဲ ့ခေတ်ပြိုင်ထိုင်းဘုရင် မောင်းဂွတ်တို ့လက်ထက်မှာ နိုင်ငံပိုင်ဆိုင်ငွေခြင်းအတူတူဖြစ်ပါလျှက်…….
ခုတော့ဗျာ,,,,,,,,,,,,,,
ခွေးသူတောင်းစား၊ဖွတ်ကြားတွေကြောင့်…………

10 comments

  • ငပေါက်ဖော်

    December 30, 2011 at 9:02 pm

    ဟဲ့…ဟဲ့.
    ခွေးသူတောင်းစား၊ဖွတ်ကြားတွေနဲ ့နှိုင်းတာ ပြဿာ မရှိပေမဲ့
    တောက်တဲ့နဲ ့တော့ မနှိုင်းနဲ ့နော်

    တောက်တဲ့ က အကောင်ကြီးလေ ပိုတန်လေပဲကွဲ ့
    ဒင်းတို ့က ဘာမှ တန်တာဟုတ်ဘူးရယ်

  • tharbaw

    December 30, 2011 at 11:08 pm

    တောက်တဲ့ဆိုတမျိုးတော့ကောင်းသား….
    ခုက ဖွတ်ကျားဆိုပါလား….
    ကဲကဲ အစုတ်ဆိုတော့လဲ အစုတ်ပေါ့။မြန်မာပြည်မှာ အသစ်ကိုစီးနိုင်တာ
    လူနည်းစုဘဲရှိနေသေးတာလေ။

  • small cat

    December 31, 2011 at 6:27 am

    စီးနိုင်သူ တချို့ ရှိနေသေးတာတောင် လူတိုင်းကိုသွင်းခွင့်မပေးပါဘူးတဲ့ဗျာ။
    သူတို့စီးသလိုလိုက်စီးမှာစိုးလို့ထင်ပါ့။ မော်ဒယ်မြင့်ကားတွေ တင်သင်းဖို့
    ဘာများအခက်အခဲရှိနေရပါလိမ့်။

  • mgmgmone

    December 31, 2011 at 7:30 am

    စိတ်ကူးထဲမှာမတွေးဝံ့တော့ပါ။စိတ်မပါသလို ကြီးဒေါ်တို ့အမေ……
    တော်ပီ. ဒီတသက်ကားမစီးနိုင်တော့ဘူး….

  • Thel Nu Aye

    December 31, 2011 at 7:47 am

    တော်သေးတာ။ အဲဒီကားတွေသူတို့အဖျက်ဦးသွားလို့။နို့မဟုတ်ရင်ဒီကပြင်စီးပါမယ်ဆိုပြီးတောင်းဝယ်နေ အုံးမယ်။

  • water-melon

    December 31, 2011 at 9:07 am

    အဲဒီက ကားအစုတ်တွေက ဒီကကားတွေထက်ကောင်းတယ်ဗျ
    သူတို့ဆီမှာက လမ်းကကောင်း၊ရွှံဗွက်လည်းမရှိတော့ ကားတွေက ကီလိုပြည့်စီးထားလည်း ကောင်းနေတော့ ဒီကကောင်တွေက ကြိုက်နေတာဗျာ။
    ကားတွေကို တရားဝင်တင်သွင်းခွင့်ရနေတာကို ဘာလို့ကားအစုတ်တွေကို လေလံပစ်ပြီး ဝယ်နေကြတာလဲ သိပါဘူးတော် :rool:
    ရန်ကုန်မှာ ကားပြပွဲရှိတယ်ဆို။

  • မောင်သန်းထွဋ် ဦး

    December 31, 2011 at 10:29 am

    ကားပြပွဲတွေမှာလဲ အဟောင်းတွေဘဲပြပေးသွားမှာပါ။အသစ်တွေဆိုရင်လဲ အနားမကပ်ဝံ့တဲ့ဈေးတွေနဲ ့
    ဘယ်သူဝယ်စီးရဲ မလဲဗျာ။ပေးရမယ့်အခွန်လဲ ကြည့်ပါ ၁၆၅% ဆိုဘဲ။မူလတန်ဖိုးနဲ ့ပေါင်းလိုက်ရင် ကားသုံးစီး
    ဖိုးလောက်ဖြစ်နေပီ။တန်ဖိုးနည်း TATA ကားတွေလဲဝယ်လို ့မရနိုင်တော့ဘူး။ဦးပိုင်ငရောင်းခိုင်းတဲ့ဈေးနဲ့
    ကုမ္ပဏီကဈေးနဲ ့နှစ်ဆလောက်ကွာနေတော့ လောလောဆယ်မှာတော့ သာမန်လူလတ်တန်းစားတွေ လက်ထဲမှာ
    ကားဝယ်စီးဖို ့မဖြစ်နိုင်တော့ပါဘူး။လိုင်စင်မဲ့ နယ်စပ်ကနေသွင်းလာတဲ့ကားတစ်စီးလောက်တော့ လာမယ့်နှစ်မှာ
    ဝယ်စီးတော့မယ်။သိမ်းလဲပေးလိုက်တော့မယ်။လိုင်စင်နဲ ့ကားဆိုတသက်လုံးစီးရမယ် မထင်တော့လို ့ပါ။(စတာပါဗျ)

    မစီးရဲပါဘူး။တိုင်မယ့်လူကရှိနေတယ်။;)

  • phoekhwarchay

    December 31, 2011 at 1:35 pm

    မလုပ်နဲ ့ကိုယ့်လူ ….နာသွားနိုင်တယ်။သတိတော့ထားပါလေ။
    တိုင်မယ့်လူက အဆင်သင့်ပါဆိုတာကို တော့မမေ့ပါနဲ ့အုံး။

  • char too lan

    December 31, 2011 at 2:59 pm

    အိမ်ဂနွားတစ်ရှဉ်း ရေလည်သထားဒယ်
    ဟောင်းဟောင်း သစ်သစ် ဘာကားမှ ချိတ်မဝင်ချားဘူး 😛

  • Gipsy

    December 31, 2011 at 11:52 pm

    ကိုသန်းထွဋ်ဦးရေ လိုင်စင်မဲ့ကား ဝယ်စီးမယ်လို့တော့ ယောင်လို့တောင်မစဉ်းစားမိပါစေနဲ့..၊
    သကောင့်သား က သွားအဖြီးသားနဲ့ စောင့်နေသဗျို့…။

Leave a Reply