ရှိခိုးပါသည် ဝန်ချတောင်းပန်ပါသည် ဝိမုတ္တိတရားတော် မြတ်

ကျနော် မိုက်ကယ်ဂျော်နီအောင်ပု သည် ဗုဒ္ဓမြတ်စွာဘုရားရှင်တော် မြတ်၏ ဓမ္မတရားတော် မြတ်တို့ကို ယုံကြည် ကိုးစား သူဟု မိမိမကိုယ်မိမိ

ခံယူမိပါပြီး

https://myanmargazette.net/46818/uncategorized-other/copypaste  ဤ နေရာပါ မြတ်စွာဘုရားရှင်တော်မြတ်၏ ဓမ္မ ( နိဗ္ဗာန်ရောက်ကြောင်း ) တရားတော်မြတ်တို့တွင် ပါဝင်ထသော

ဝိမုတ္တိ ( လွတ်မြောက်ခြင်း ) တရားတော်မြတ်အား

ဤတွင် ကျနော် အနည်းငယ် ရှင်းပြလိုသည်မှာ

ရံခါ ကျနော်တို့သည် သံဝေဂ ဟု ဆိုအပ်သော မိမိ၏ ရုပ် ခန္ဓာပေါ်တွင် စက်ဆုပ် ရွှံရှာခြင်းဖြစ်သောအခါ

( ရုပ်ခန္ဓာသည် သက်ရှိ ထင်ရှားရှိပေ၏ )

ခန္ဓာ၌ ရွှံ့မုန်းမိတတ်ကြပေ၏

ထိုသောအခါ ခန္ဓာ၏ ငြိမ်းချမ်းခြင်းတရားအား ( ရုပ်ခန္ဓာတို့တွင် စိတ်သည်သာ ဦးဆောင်တတ်သည့်သဘောရှိလေ၏ ( အဘိဓမ္မာ ) )

စိတ်၏သဘောအရ သုရာသေရည်သောက်ပြီးစဉ်ဝယ် မူးယစ်စဉ်ခဏ၌ ဖြစ်သော မောဟ အား

လွတ်မြောက်ခြင်း ဝိမုတ္တိ ဟု မှားရွင်းစွာ ရေးသားခြင်းအား

ထိုသော ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ် နှင့် တစ်ကွသော

ဓမ္မံ တရားတော်မြတ်တို့သည် လည်းကောင်း

သံဃံ သံဃာတော် အသျှင် မြတ်တို့သည် အားလည်းကောင်း

အဟံ ကျနော်တည်းဟူသော မိုက်ကယ်ဂျော်နီအောင်ပု မှ ဦးခိုက် ရှိခိုး တောင်းပန်အပ်ပါသည်

( ဖေါ်ပြပါ လင့်၌ ရှိသော ဝိမုတ္တိတရား ဟူသည် သေရည်ကို သောက်ပြီးသကာလ မောဟကြောင့် မသိစိတ် ဖြစ်ခြင်းသည် အမှန် မဟုတ်ပါ )

 

5 comments

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 30, 2011 at 10:52 pm

    ကျနော် အမှန်တိုင်းကို ဝန်ခံပါတယ်ခင်ဗျ
    ( မောဟသည် ဝိမုတ္တိမဟုန်ပါ )
    ကျနော်၏ အမှားသည် ဓမ္မ ၏ အမှားမဟုတ်ပါ
    ကျနော်၏ အပြစ်သည်သာလျှင် ဖြစ်ပါသည်
    နောင်အခါ ထိုသော အပြစ်ကို ပြုပြင်ပါမည်ဟု အကြင်သူတော်ကောင်းတို့အား
    ခြေစုံ ဦးခိုက် ရှိခိုးတောင်းပန်အပ်ပါသည်ခင်ဗျ
    …..
    မိုက်ကယ်ဂျော်နီအောင်ပု
    michaeljonnyaungpu@hotmail.com

  • အဂ္ဂမဟာဂန္တ ဝါစက္က ပန္တိတ ဘိဝံသ အဘိဓမ္မာ ဘဒ္နန္တ ဦးဘဇင်းပေါက်

    December 30, 2011 at 11:14 pm

    မင်္ဂလာရှိသော လုပ်ရင်ပင် ဖြစ်ပါသည် အမောင်ပဉ္ဇင်းရေ
    အမှားကို အမှားမှန်းသိတာ ကြီးမားလှတဲ့ မင်္ဂလာပဲကွဲ ့
    ဒါကြောင့်
    တောင်းပန်သင့်တာ တောင်းပန်
    ဦးခိုက်သင့်တာ ဦးခိုက်ပါကွဲ ့
    အဲဒီအခါ
    မောင်ပဇင်း
    သေတောင် မဆင်းရဲဘူးကွဲ ့

    သာဓု..သာဓု..သာဓု..အဟွတ်အဟွတ်..

  • ချစ်စ/ဆရာ

    December 31, 2011 at 9:22 am

    ဟေ့အဖွားဂျီး
    ဂယ်တောင်းပန်ဒါလား
    နောက်တာယားဂျ

    သဂျီးမင်းခဗျ
    ဒီ
    မိုက်ခဲဂြိုလ်နီအောင်ဘု ဆိုတဲ့လူ တစ်ဂယ်တောင်းပန်တာမဟုတ်ပဲ
    မျက်ခွက်ပြောင်ဘီးတောင်းဘန်ဒါဆိုရင် ပြင်းပြင်းထန်ထန်
    အထူးသဖြင့်
    ရောဘတ်တိုကားလို ့စ်ရဲ့ ကစ်ခ် လောက်ပြင်းတဲ့ ပြင်းထန် တဲ့ အရေးယူမှုမျိုးဖြင့်
    အရေးယူပေးပါရန် မေတ္တ.ကွမ်းသီး ရပ်ခံပါတယ်ခဗျ

  • ကြောင်ကြီး

    December 31, 2011 at 1:02 pm

    ဒိန်း……ကိုအောင်ပု ပို့စ်တင်အပြီး မိုးကြိုးပစ်ချ ခံလိုက်ရခြင်းဖြစ်သည်။ မိုက်ကယ်ဂျော်နီအောင်ပုတယောက် cowရာသူ့ဂတိလားပါစေ…။

  • windtalker

    January 1, 2012 at 5:18 pm

    မှားတဲ့အခါလဲ မှားပေမပေါ့
    တစ်ခါတစ်လေ
    အာပုံ ကိုတောင်
    ပလိန်းစားခဲ့သေးတယ် မှုတ်လား
    အဟမ်းအဟွတ်

Leave a Reply