တဏှာရင်းခံ ၊ ပစ္စုပန်၌
မာန်နှင့်အတ္တ ၊ ကြောင်းခံကြသည်
ငါ့ကိုယ်ငါပင် ၊ အကောင်းမြင်၍်
သူ့ လျှင်ပြစ်တင် ၊မကောင်းမြင်သည်
ငါလျှင်သာက ၊ ပဓာနဟု
မုချအသိ ၊ ရှိပေ၏တည့်
ငါ၏ဥစ္စာ ၊ ငါ့ဟာပေတည်း
ငါပြီးမှပြီး ၊ ငါတည်းသဘော
ဟူသောအသိ၊ ဒိဌိကြိုးတုပ်
မြုပ်လမ်းအာရုံ ၊ စွဲငြိထုံက
ပါယ်ဘုံနစ်မြုပ် ၊ နှုတ်မရတည့်
ငါ၏ဘ၀ ၊ တောင့်တကုသိုလ်
ထိုထိုပြုထား..
ရှေးကံများကြောင့် ၊ ရကားခန္ဓာ
လောင်းကောင်သာတည့် ၊ ထမ်းကာအဟုတ်
ဝန်တာထုပ်အား ၊ ဒုက္ခကြီးစွာ့
ခံရအမှန် ၊ ဤသံသရာ
မျှောလမ်းမှာရပ်..
ဖြတ်ဖို့လျှင်က ၊ အပြောခန္ဓာ
ငါ,သူဆိုကာ ၊ မတွယ်တာနှင့်
နှစ်ဖြာရုပ်နာမ် ၊ သဘောခန္ဓာ
မရှိမှန်တည့် ၊ “ဆန်လမ်း”သည်ကား
ဘုရားတစ်ဆူ ၊ ပွင့်တော်မူမှ
ဟူကတစ်ခါ ၊ ပေါ်လာပေသည်
ဤဘုံဘ၀ ၊ လွတ်မြောက်ရဘို့
မဂ္ဂင်ရှစ်ပါး ၊ ကျင့်တရားနှင့်
အားထုတ်ပွားမှန် ၊နိဗ္ဗာန်ရည်မှန်း
“ဆန်လမ်း”ကိုသာ ၊ လျှောက်လှန်းစို့..။

aye.kk

About aye.kk

has written 245 post in this Website..