ပုပ္ပါးရောက်အမှတ်တရ

we R oneDecember 31, 20112min22119

Merry Christmas and Happy New Year ပါ ရွာသူ ရွာသား အပေါင်းတို့ရယ်။ နှစ်သစ်မှာ သူကြီးနဲ တကွ ရွာသူ ရွာသား အပေါင်းတို့ ကိုယ့်၏ကျမ္မာခြင်း စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံနိုင်ကြပါစေလို့ မေတ္တာ ပို့ သလိုက်ပါတယ်..။
၂၅ ရက်နေ့  ပုပ္ပါး ၊ ပုဂံ ညောင်ဦး ကို ခရီးသွားခဲ့ရပါတယ်။ ကျွန်မ တို့ ဟ company ရဲ့ ၁ဝ နှစ်ကျော် ကာလ အတွင်း ပထမဆုံး အကြိမ် ဝန်ထမ်းတွေ ကို လိုက်ပို့ပေးခြင်းဖြစ်ပါတယ်။ ည နေ  ရး၃ဝ က စပြီးကား ထွက်ပါတယ်…။ လမ်းမှာ ၁၁၅ မိုင်းရပ်လိုက် ၁၂၅ မိုင်ရပ်လိုက်နဲ အိပ်ပျော်လာခဲ့တာ ၂၆ ရက်နေ့ မနက် ၆ နာရီထိုးခါနီး ပုပ္ပါးကိုရောက်တော့မှ နိုးတော့တယ်..။

ကားပေါ်က ဆင်းတော့ တိုက်တဲ့ လေ က အေးစိမ့်ပြီး လတ်ဆက်နေတာ.. ရန်ကုန်မှာနေတာ ၁ဝ နှစ်ပါးရှိပြီ အဲလို လတ်ဆတ်တဲ့လေ မျိုး တစ်ခါမှ မရဖူးဘူး..။ မနက်၆နာရီ သာဆိုတယ် မှောင်မဲနေတုန်းမို့လို့ တောင်ကလပ်ပေါ်မတက်ခင်မှာ စားသောက်ဆိုင်ပေါ်မှာ ခနဝင်နားကြပါတယ်..။ နားနေရင်းတွေးမိတာ က ကျွန်မ တို့တောင်ကလမ်ပေါ်ရောက်မှ ကံဆိုးစွာနဲ မီးတောင် က ထပေါက်ရင်ဘယ်နယ်လုပ်မလဲလို့ပေါ့..။ ဝင်လာတဲ့ အတွေးကို စိတ်ထဲမှာ မထားပဲနဲ အပြင်ကို ထုတ်ပြောမိတော့ ဝိုင်းရီကြတယ်..။ မီးငြိမ်းတောင်ပါဆိုမှ ပေါက်မလားဟဲ့တဲ့..။ အဲဒါကို ကြားသွားတဲ့ ကျွန်မတို့ရဲ့ MD က ဝင်ပြောပါတယ်..။တောင်ကလပ်က မီးတောင်မဟုတ်ပါဘူးတဲ့.. .။ မီးတောင်က လွင့်ထွက်လာတဲ့ မီးတောင် အဖုန်းပါတဲ့..။ ဆိုလိုချင်တာက မီးတောင်က ပေါက်ထွက်ရင်နဲ အဲးဒီနေရာမှာ လျှော်ရည်ကျောက်တုန်းတွေ စုပြီး တောင်ကလပ် ဖြစ်လာတာလို့ပြောချင်တာပါ.။မနက်၆ နာရီ ၄၅ လောက်မှ တောင်ကလပ်ကို တက်နိုင်လောက်တဲ့ အလင်းရောင် ရလာပြီ မို့ ကျွန်မတို့ တွေ တောင်ကလပ်ပေါ် ကို စတတ်ကြပါတယ်။

တောင်ကလပ်ပေါ်တက်ဖို့ လှေကားရင်းကိုရောက်တယ် ဆိုရင်ပဲ ဘုးတွေမှာတွေ့ရတဲ့ အတိုင်းပဲ မယ်တော်ကြီး ကိုဆက်ကပ် ဖို့ ပန်းတွေ အတင်းလိုက်ရောင်းပါတယ်။ မသိချင်ယောင်ဆောင်ပြီး ရှေ့ကို ဆက်ပြီးတက်လာလိုက်ပါတယ်.။ သိပ်မကြာခင်မှာပဲ စိတ်အနှောင့် အယှက် ဖြစ်စရာ တစ်ခု က ထပ်ပေါ်လာပါတယ်.. ။ ဘာဘိုတော် ရဲ့ ရုပ်ထုလည်း မသိဘူး အဲးဒီ အရင် ရှေးခိုးပြီးမှ တောင်ပေါ် ကိုတက်ရတယ်တဲ့လေ အတင်းလော ခေါ်နေတယ်..။ လမ်းတစ်လျှောက်လုံးမှာ မယ်တော် ကို ကန်တော့ဖို့ ခေါ်လိုက် ဘိုးတော် ကို ကန်တော့ဖို့ခေါ် လိုက်နဲ  မကန်တော့ပဲ သွားရင် တောင်ကလပ်ပေါ်က ပဲ ပြုတ်ကျ သေးမလိုလို အန္တာရယ် တစ်ခုခု ပဲကြုံ ရတော့မလိုနဲ လိုက်ပြောနေတဲ့ ပုံစံတွေက…။
အရေးထဲ မျောက်တွေက တမှောင်.. တော်တော် လူပါးဝတဲ့ မျောက်တွေ လို့ပြောလို့ရတယ်..။

မနက်ပိုင်းမို့လို့လား မသိဘူး လမ်းတစ်လျှောက်မှာလည်း သန့်ရှင်းရေး မလုပ်ရသေး လို့ မျောက်ချီးတွေ ကိုမနည်းရှောင်ပြီး သွားနေရတယ်..။

တောင်တက် လှေကားပေါ် က အစာစားနေတဲ့ မျောက်

တက်ရတာ နည်းနည်း ပင်ပန်း ပေမဲ့ တောင်စောင်းတလျှောက် တိုက်လိုက်တဲ့ လေအေးအေး ကြောင့် နေလို့ထိုင်လို့တော့ အကောင်းသား။

မျောက်တွေ ကို ရှောင်ရင်း အတင်း ကန်တော့ခိုင်းတဲ့ လူတွေကို စိတ်တိုတို နဲ ပွစိပွစိ လုပ်ရင် တောင်ပေါ် ကိုရောက်လာပါတော့တယ်..။ ဘုရားကို ကန်တော့ပြီးတော့ သူငယ်ချင်းတွေနဲ ပုပ္ပါး အလှ ကိုခံစား ရင်း အမှတ်တရ ဓါတ်ပုံတွေရိုက်ကြတာပေါ့..။ သတိထားမိတာတော့ တောင်ပေါ်မှာ က တက်လမ်းတစ်လျှောက်လောက် လေမတိုက်ဘူး ဆိုတာပဲ.။ မိုးအုံ့နေတော့ နေကလည်း မထွက်  မြူတွေ ကဆိုင်းပြီး တောင်ပေါ်ကနေ သဘဝ အလှအပတွေ ကို ကောင်းကောင်း မတွေ့ရပါဘူး…။ ဒီလိုနဲ ပျော်ရွင်ခြင်းတစ်ဝတ် စိတ်တိုးခြင်းတစ်ဝက်နဲ တောင်အောက် ကို ပြန်ဆင်းခဲ့ပါတော့တယ်..။ အတက်လမ်းတစ်လျှောက် အတင်းလိုက်ကန်တော့ ခိုင်းတဲ့ လူတွေရော ၊ အတင်း မျောက်စာအတင်းလိုက်ရောင်းတဲ့ လူတွေရော ပန်းတွေ အတင်းလိုက်ရောင်းတဲ့ သူတွေ ရော လှည့်တောင် မကြည့်ကြတော့ ပါဘူး..။

တောင်ပေါ်မှာ ကောင့်ညှင်းပေါင်းစားနေတဲ့ မျောက်
တောင်ပေါ်မှာ ကောင့်ညှင်းပေါင်းစားနေတဲ့ မျောက်

 

တောင်ကလပ်ပေါ်ကနေ လှမ်းမြင်နေရတဲ့ တောင်မကြီး..
တောင်ကလပ်ပေါ်ကနေ လှမ်းမြင်နေရတဲ့ တောင်မကြီး..
တောင်ကလပ်ပေါ်က နေ လှမ်းမြင်ရတဲ့ တောင်အောက် ရှုခင်း
တောင်ကလပ်ပေါ်က နေ လှမ်းမြင်ရတဲ့ တောင်အောက် ရှုခင်း
တောင်ကလပ်ပေါ်ကနေ လှမ်းမင်ရတဲ့ ဧရာဝတီ မြစ်
တောင်ကလပ်ပေါ်ကနေ လှမ်းမင်ရတဲ့ ဧရာဝတီ မြစ်
တောင်စောင်းပေါ်က မျောက်သားအမိ
တောင်စောင်းပေါ်က မျောက်သားအမိ
တောင်အောက်ခြေ လှေကားပေါ်မှာ ရောင်းနေတဲ့ သစ်မြစ်သစ်ဥ သစ်ဖုတွေ ပါ..
တောင်အောက်ခြေ လှေကားပေါ်မှာ ရောင်းနေတဲ့ သစ်မြစ်သစ်ဥ သစ်ဖုတွေ ပါ..
တောင်အောက် က လှမ်းမြင်ရတဲ့ တောင်ကလပ်
တောင်အောက် က လှမ်းမြင်ရတဲ့ တောင်ကလပ်

ပုပ္ပါးမှာ တစ်ခု သတိထားမိတာ က ဘုရား ထက် နတ်ကွန်းတွေ ပိုများနေသလားလို့ပါ.။
ပုပါ္ပး ကနေ ပြီးတော့ ဗျတ္တ ပန်းဆက်လမ်းကနေပြီးတော့ ပုဂံ ကို ခရီးဆက်ခဲ့ကြပါတယ်..။ ပုပ္ပါး ကနေ ပုဂံတစ်လျှောက်မှာ လမ်းဘေး ဝဲယာ ကို ငေးပြီး အတွေးတစ်ခု ဝင်လာတာ က  ဗျတ္တ က လူ မယ်ဝဏ္ဏ က ဘီလူး ဘယ်လိုက ဘယ်လို ညားကြ ပြီးကလေး မွေးကြတယ် မသိဘူး..။ လူမဟုတ်ပဲ နဲ နာနာ ဘာဝ တွေနဲလည်း ကလေး ယူလို့ရသလားလို့..ပါ..။ 😀 စိတ်မရှင်းလို့ သူငယ်ချင်းကို ပြောပြတော့ သူက ဘာပြန်ပြောလဲ ဆိုတော့ တကယ်တော့ မယ်ဝဏ္ဏ က လူပါတဲ့..ပုပ္ပါးတော့ ထဲမှာလာပြီး ပုပ္ပါးတောင်မှာ သာသနာပြုဖို့အတွက် တရားအားထုတ်နေတာတဲ့.  တခြား လူတွေ က မယ်ဝဏ္ဏ ကို တွေ့ရင် ဘီလူရုပ်ပဲ မြင်ရတာတဲ မယ်ဝဏ္ဏ ရဲ့ အားထုတ်ထားတဲ့ တခိုးတော် ကြောင့်တဲ့ အဲဒီ အချိန်မှာ ဗျတ္တ က အနော်ရထာ မိဘုရား ပန်းဆက်ဖို့အတွက် ပန်းလာခူူရင်း နဲ မယ်ဝဏ္ဏနဲ တွေ့တာတဲ့..။ ဗျတ္တက ဇော်ဂျီဖိုဝင် သားကို စားထားတဲ့ အတွက် ဘီလူမ လို့မမြင်ပဲ လူလို့ပဲ မြင်ရာကနေ ချစ်သွားကြတာတဲ့..။ အဲဒီ အချိန်မှာ ကျွန်မ တွေးမိတာ က ပုဂံပြည်မှာ ဗုဒ္ဓသာသနာထွန်းကားနေပြီးလား..? နောက်တစ်ခု က ဗျတ္တ က မနက်တိုင်း ပုဂံကို ဗျတ္တပန်းဆက်လမ်းကနေ သွားရတယ် ဆိုတော့ ကားနဲ သွားရင်တောင် ၂ နာရီကျော်လောက် ကြာတဲ့ ခရီး ကို ဗျတ္တဘယ်လိုများ သွားသလဲ ဆိုတာကို တွေးရင်း နဲ ပြန်အိပ်ပျော် သွာလိုက် တာ ပုဂံ  ကို ရောက်တော့ နိုးတော့ တယ်.. 😀

ဆက်ပါအုံ့မည်…

we R one

19 comments

  • water-melon

    December 31, 2011 at 6:40 pm

    အယ် ကိုပေနဲ့ကိုပေါက်ဖော် ဗျ
    တောက်ညင်းပေါင်း စားနေတာ ဘယ်သူလေးလဲဂျာ့
    မဆူးတို့ သားအမိလည်းပါတယ် ဂျာ့
    ပုပ္ပါးအမှတ်တရဆို ဖိနပ်ပျောက်ဖူးတယ် ၈ တန်းနှစ်က သွားတာ အလှူငွေထည့်တုန်း ဘယ်သူသမသွားမှန်း
    မသိဘူး။
    ပုပ္ပါးကနေ ပုဂံဆက်မသွားဘူးလား ဟင်။

    • ဆူး

      December 31, 2011 at 6:49 pm

      ပုပ္ပါးမှာ ဆူး ရဲ့ ကင်မရာကို လုပြီး ထွက်ပြေးတဲ့ ဖရဲသီး လိုက်ရိုက်တာ ကြောက်ကြောက်နဲ့ သူ့ အမေ ရင်ခွင်ထဲ ပြေးပုန်းနေတယ် ကြည့်ပါလား.. ရုပ်ကိုက ဘုမသိ ဘမသိ လုပ်ပြနေတာ ကင်မရာ လုပြီး ထွက်ပြေးတုန်းက ဒီရုပ်လား.. လိုက်ရိုက်မှ အသနားခံနေတာ.. ဒီဖရဲသီးတော့ ၄စိတ်ခွဲပြီး အစိထုတ်ပြီး အရည်ညှစ်ခံရတော့မယ်။

    • ငပေါက်ဖော်

      December 31, 2011 at 9:26 pm

      ဟဲ့..ဟဲ့..
      အဲဒါ
      နာဟုတ်ဘူးကွဲ ့
      အဲဒါ..
      မပေနဲ ့ မဖွတ်ကျားကွဲ ့

      မပေက ခလေးနို ့တိုက်နေတယ်
      မဖွတ်က အပေါ်ဆုံးမှာ ငုတ်တုတ်

      ဒီ၂ယောက်
      ဘောင်းဘီလဲ မဝတ်ကျဘူး..တယ်လဲ အရှက်ကင်းကြတာပဲ

  • memeseku

    December 31, 2011 at 6:56 pm

    မြင်းရှိမှာပါ.
    supercustom လဲ lincene ချပေးနေတယ်တဲ့…အဲ.တုန်းက

    • we R one

      January 1, 2012 at 3:01 pm

      မြင်က ကားထက်မြန်ပ့ါမလား နော်.. အော် နောက်တစ်ခု သူတို့ က ဇော်ဂျီဖိုဝင်သား ကိုစားထားတာဆိုတော့ အစွမ်းရှိတယ်တဲ့.. မနက်က အဆောင် က အန်တီကြီးပြောတာ.. ဒီခေတ်မှာများ အဲဒီ ဇော်ဂျီဖိုဝင်သားတွေ လိုက်ရှာသင့်တယ်နော်.. လူတိုင်း ကောင်းကင်ကနေ ပျံသွားလို့ရတော့ လမ်းစရိတ်လည်းသက်သာ ကားတွေလည်း စီစရာမလိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် လည်းလျှော့ချ ပြီးသား ဖြစ်သွားတာပေါ့..။ ကဲ့ ရွာသူရွာသားတွေ စိတ်မဝင် စားကြဘူးလား ဇော်ဂျီဖိုဝင် သား ကို.. 😀

  • koaung

    December 31, 2011 at 7:04 pm

    တောင်မကြီးကပိုသာယာတယ် တောင်တက်ရင်ဂိုဒ်ကိုခေါ်ရတယ် သူတော်စင်တွေတရားကျင့်တဲ့ ဂူတွေပါရှိတယ် တောင်မကြီးထိပ်အထိတက်ဘူးတယ် ၂နာရီခရီးပဲ

  • koyinmaung

    December 31, 2011 at 8:22 pm

    ရောက်ဖူးချင်လိုက်တာ
    အခြေအနေမပေးသေးတော့
    ဓါတ်ပုံတွေနဲ့ဘဲအာသာဖြေနေရတယ်ကွယ်……

  • alinsett

    December 31, 2011 at 9:48 pm

    ရှုခင်းပုံတွေ ရော..မျောက် ပုံလေးတွေ ရော…တော်တော် ကြည့်လို ့ကောင်းပါတယ ်။ကိုယ်တိုင် ရောက်သွားသလိုပါပဲ.။

    ကျေးဇူးပါပဲ။
    နောက်ကိုလည်း ဒါမျိုး ပို့စ်လေးတွေ တင်ပေးပါဦးဗျ။

  • htoosan

    December 31, 2011 at 10:54 pm

    မျောက်တွေက အနား အကပ်မခံကြနဲ့နော် .. မထင်ရင် မထင်သလို ကိုက်သွားတတ်သလို အစာမြင်ရင်လည်း အတင်းလုတတ်ကြတယ်။ အတော်ဆိုးတယ် ။ ကိုယ့်ပစ္စည်းလည်း သတိထား။ မထင်ရင်လုသွားတတ်သေးတယ်။

  • pooch

    January 1, 2012 at 1:29 am

    ကြည့်ရတာ အလယ်ပိုင်းခရိုင်စိမ်းလန်းစိုပြေရေး စီမံကိန်းက တကယ်အောင်မြင်ပုံရတယ် …
    အပင်တွေ များပြီး စိမ်းညှို့နေတာပဲ………

    ဖိုဝင်သားစားထားလို့ ဘုန်းကြီးကျောင်းကိုတောင် ဇောက်ထိုးဖြစ်အောင် လုပ်နိုင်တဲ့ အစွမ်းရှိသူမို့ အဲ့ဒီခရီးကို တခဏချင်းနှင်နိုင်တာလို့ ပါးစပ်ရာဇဝင်တွေတော့ တင်ခဲ့တာပဲ……

  • M-Lulin

    January 1, 2012 at 9:40 am

    အောက်ဆုံးက စ ရင် ဒုတိယ မြောက် ပုံမှာ လေ .. ဗန်းထဲက သစ်မြစ်၊ သစ်ဖု ဆိုတဲ့ ထဲမှာလေ .. လိမ္မော်ရောင် သစ်မြစ် တွေ က ဘာလဲ ဟင် ၊ ဘယ်လို ခေါ်လဲ … 🙂

    • we R one

      January 1, 2012 at 3:05 pm

      မပြောတတ်ဘူး အဲဒါ တွေ က ဆေးဖက်ဝင် တယ်လို့ပဲရောင်းတဲ့ အဒေါ်ကြီးက ပြောတယ်.. မဝယ်ပဲနဲလာမေးနေလို့ သိပ်မကြည်ဘူး .. 😀

  • windtalker

    January 1, 2012 at 2:58 pm

    ဘာဘာညာညာ သိပ်မပြောချင်တော့ပါဘူး
    ညက ရှမ်းဆန်အရက်တွေ သောက်တာများပြီး
    ရင်တွေ ပူနေတယ် ဝရုန်းလေး ရေ
    ဆေးမြစ်လေးဘာလေး သွေးတိုက်စေချင်တယ်ကွာ

    • we R one

      January 1, 2012 at 3:08 pm

      ရင်ပူလာရင် ဘီယာဆိုင်းနာ သွားစို့လား ကိုမောင်ပေ ရဲ့ တဂျင်းရှိတယ်လေ.. 😀

      • windtalker

        January 1, 2012 at 3:30 pm

        ဆရာလေး က လိုက် ဒကာခံ မယ် ဆိုတဲ့ သဘောပေါ့နော်
        ပျော်လိုက်ထှာနှော် ဟီဟိ

        • we R one

          January 2, 2012 at 8:51 am

          ဆရာလေးနဲ ဘီယာဆိုင်နဲ မသင့်တော်ပါဘူး.. ဒါကြောင့် တခြားရွာသားတွေ ကိုသာ တိုက်ခိုက်လိုက်တော့နော်.. တာ့တာ 😀

  • အရင်က မြင်းခြံဦးဘသောင်းဆိုခဲ့တဲ့ တောင်တော်ပုပ္ပါးသီချင်းထဲက စာသားတွေသွားသတိရမိပါတယ်။
    (နဂါးလိမ်ချော်ဆစ်က စကားတောင်တော်ပန်းယနံ့လှိုင် လှမ်းဆွတ်ပါ့မေရယ်….
    လှမ်းဆွတ်ပါ မေရယ် ဘယ်သူပြိုင်လို့ လှပါတော့နိုင်)တဲ့………………
    နောက်သုမောင်ပြန်ဆိုထားတဲ့ တောင်တော်ရွှေပုပ္ပါးသီချင်းမှာတော့
    (စကားပွင့်ဂမုန်းရယ် အများဖြင့်သုံးတယ်
    ပုပ္ပါးတောင်မြတ် တောင်ကလပ်ဝယ်
    ဝိဇ္ဇာဇော်ဂျီ တပသီတွေဆေးကျိတ်ပါတယ်)
    လို့ဆိုထားပါသဗျာ။
    1978 ကျနော်တစ်ခေါက်ရောက်တယ် အရမ်းသာယာပါတယ်။
    နောက်တစ်ခေါ်က်ကတော့ ဘယ်တော့များမှ………………………….

  • ပုပ္ပားနတ်တောင်၊အခေါင်မြင့်ဖျား စုံတောပျား၌
    နံ ့ရှားကြိုင်လွင့်၊ခါတန်ပွင့်သည်

    ဆိုတဲ့ ပန်းပဲမောင်တင့်တယ်ရဲ ့နှမငယ် အကြောင်းကဗျာလေးကို သွားသတိရမိပါတယ်။ပုပ္ပားကို နှစ်ကြိမ်ရောက်ဖူးပေမယ့်
    တောင်မကြီးပေါ်မရောက်ဖူးသေးတော့ သွားချင်ပါသေးတယ်။

  • (ပုပ္ပားနတ်တောင်၊အခေါင်မြင့်ဖျား စုံတောပျား၌
    နံ ့ရှားကြိုင်လွင့်၊ခါတန်ပွင့်သည်)

    ရွှေနှင့်ယိုးမှား ပန်းစကား………..
    အင်မတန်လှတဲ့ကဗျာလေးပါခင်ဗျား……………..

Leave a Reply