“လက်သီးပုန်းအနီ တူညီခြင်းအစိမ်းနှင့် ရွာသူရွာသားများ၏ကော်မင်းများ”

“လက်သီးပုန်းအနီ တူညီခြင်းအစိမ်းနှင့် ရွာသူရွာသားများ၏ကော်မင်းများ”

 

ကျနော်2009ခုနှစ် အခုလိုအချိန် ဒီဇင်ဘာလမှာ အင်တာနက်ကို ဝင်ပြီးစာစရေးပါတယ်။

စရေးရေးခြင်းကတော့ ကိုယ်ကဘာမှလဲမတတ်တော့ အသိတစ်ယောက်ကပေးလာတဲ့

မြန်မာသူငယ်ချင်းများနေ့ အဖွဲ့ထဲကိုစဝင်ဖြစ်ပါတယ်.။

အဲဒီအချိန်ကတော့ အင်တာနက်ကို တစ်ပါတ်တစ်ရက် အလုပ်ပိတ်တဲ့ဥပုဒ်ရက်မှာဘဲရောက်ပါတယ်။

စဝင်စက “ပျော်အောင်နေနိုင်ဘို့”လို့အမည်ရတဲ့ စာတိုလေးတစ်ခုရေးလိုက်ပါတယ်။

နောက်တစ်ပါတ်အင်တာနက်ဆိုင်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ ကော်မင်းလေးတွေ

တွေ့လိုက်တော့ စိတ်ကြီးဝင်သွားပါတယ်။

ကော်မင်းက လေးခုတောင်မှဗျာ။

အဲဒီမှာ အတော်လေးပျော်သွားပါတယ်။

င့ါကိုအားပေးသူတွေရှိတယ်ပေါ့။

ဒါနဲ့ဘဲစာတွေဆက်ရေးဖြစ်ပါတယ်။

စာတွေတင်လိုက်ကော်မင်းတွေရလိုက်နဲ့ပေါ့။

ကော်မင်းပေးတဲ့လူတွေက လဲ ဒီလူတွေဘဲဖြစ်နေတာ ကြာလာတော့ သိလာပါတယ်။

ကျနော် ပိန်းတာတော့မပြောပါနဲ့တော့ နောက်မှရိပ်မိတာ အဲဒီလူတွေက ဆိုက်ထဲက အက်ဒမင်လူကြီးမင်းများဖြစ်နေတာကိုပါ။

ရေးတဲ့လက်သင်ကို ရေးရဲအောင် အားပေးတာပါဘဲ။

တစ်ရက်မှာတော့ အင်တာနက်ဆိုင်ထဲမှာ ကလေးတွေဆူညံပြီး ချက်တင်ထိုင်တာတွေ့တော့

“ချက်တင်ချစ်သူ” ဆိုပြီး ပေါ့ပ် ကဗျာလေးရေးလိုက်တာ ကော်မင်းတွေရာကျော်အောင်ရဘူးသွားပါတယ်။

နောက်တော့ ရေးသက်လဲရလာတော့ ဆိုက်ပေါင်းစုံမှာရေးတော့ လူပေါင်းစုံရဲ့ကော်မင်းတွေကို ရလာရ

ဖတ်လာရပါတယ်။

သဘောတူလို့ လက်ခုပ်တီးသူ သဘောမတူလို့ လက်အောက်စိုက်သူ

ကလော်တဲ့သဘောနဲ့ မတော် တရော်ဆဲသူစုံလို့ပါဘဲ။

ကျနော်လဲ ပို်စ်တွေဆက်တိုက်ရေးတာ အပုဒ်လေးငါးဆယ်လောက်ရောက်သွားပါတယ်။

2010 အေပရယ်လ မှာ ကျနော်ဆီကို မန်းလေးဂေဇက် အသင်းဝင်ဘို့စာလေးတစ်စောင်ရောက်လာပါတယ်။

သူ့ဆွဲဆောင်မူ့က ကောင်းပါတယ်။

စာရေးရင်အမှတ်ပေးမယ် အမှတ်တစ်သိန်းရရင် ပိုက်ဆံပေးမယ်ဆိုတော့ မက်မောချင်စရာ။

အင်တာနက်စာရေးတယ်ဆို တာ ကျနော်တို့လို “ဖိုးရေးချင်”တွေ ခဗျာမှာ အချိန်ကုန် ငွေကုန်

အင်အားကုန် အောင် အားထုတ်မှ စာလေးတပုဒ်ထွက်လာ။

အဆင်ပြေတာကတော့ဘယ်သူ့ဆီမှ တင်ပြစရာမလို၊

အယ်ဒီတာမလို ဆင်ဆာမလိုဘဲ ကိုယ်တင်ပြချင်တာ ချက်ခြင်း စာမျက်နှာပေါ်ရောက်သွားတာကိုး။

ဖတ်ပြီးကြိုက်တယ် မကြိုက်ဘူးကလဲ တင်ပြီးလို့ ခဏအတွင်းမှာကော်မင်းတွေတက်လာတာကိုး။

နောက်တော့ လဲ “ရေးချင်ပိုး”ရဲ့အရှိန်ရယ် ကော်မင်းတွေရဲ့ အားပေးတာတွေရယ်ပေါင်းပြီးစာတွေ

ရာချီပြီးရေးဖြစ်ပါတော့တယ်။

အဲဒီကစပြီး  အသင်းဝင်ဘို့စာတွေရောက်လာလိုက်ကော်ပီကူးပြီး တပြိုင်တည်းတင်ပေးလိုက်နဲ့  နိုင်ဆိုက်ပေါင်းစုံမှာရေးဖြစ်ခဲ့ပါတယ်။

(ရွှေအိမ်စည် ဩဘာပေးခဲ့သလို  နိုင်ဆိုဒ်ပေါင်းစုံမှာလှည့်လိမ်နေတဲ့သူဖြစ်မှန်းမသိဖြစ်လာပါတယ်)

အဲဒီမှာသိလာတာက မန်းလေးဂေဇက်မှာပေးတဲ့ကော်မင်းတွေက စာကို တကယ်ဖတ်ပြီးမှ ပျစ်ပျစ်နှစ်နှစ်ဝေဖန်

တဲ့ ဆိုက်ဆိုတာသိလာပါတယ်။

အတော်များများဆို်က်တွေက လူငယ်တွေနဲ့သာ ဖွဲ့စည်းထားတာများတော့ ကြိုက်တယ်မကြိုက်ဘူးလောက်ပါဘဲ။

“ဟိုမရောက် ဒီမရောက်ပေါက်တတ်ကရ”ဆိုတဲ့ပိုစ်မှာ ဝေဖန်ထားတာတွေက တကယ့်ကို အလေးအနက်ကြီး။

(အဲဒီမှာ အဘဖောနဲ့စတွေ့တာပါဘဲ။ရွာထဲမှာမပြောချင်တဲ့စကားတွေကို စာသီးသန့်သူ့ဆီပို့ပေးလိုက်တာပါ။ဲ)

နောက်တော့ မန်းလေးဂေဇက်မှာ ပင်တိုင်လိုရေးရင် ကော်မင်းတွေကို ဖတ်ရင်း ၊

တစ်ခါတစ်ရံမှာ မတူတဲ့အမြင်တွေကို အပြန်အလှန်ပြောရင်း စာတွေလဲပိုဲရေးဖြစ်ပါတယ်။

တစ်ခါတစ်လေမှာတော့ ရွာကို ထိပါးတယ်လို့ ထင်သူများကိုလဲ ကော်မင်းများနဲ့ တုန့်ပြန်ခဲ့ဘူးပါတယ်။

ကိုယ်ရေးတဲ့ပိုစ်ကို လာပြောတာမဟုတ်ပေမယ့် စာရေးဖော်အချင်းချင်းကို ထိခိုက်လာတယ်ထင်ရင်

ကော်မင်းတွေပေးပြီး တစ်တပ်တစ်အား ပါဝင်ဆင်နွဲခဲ့ပါတယ်။

အဲလို ကော်မင်းအပေးကောင်းလို့လဲ

(ကော်ဘရာက ကိုပေါက်က သူများကို နာအောင်အတော်လေးအကွက်ကျကျပြောနိုင်သူုလို့ မှတ်ချက်ပေး။

မနောဖြူလေးက ဟောင်ဖွာဟောင်ဖွာလုပ်တဲ့ကိုပေါက် ဆိုပြီး ရယ်သွမ်းသွေး။

အခုနောက်ဆုံး ဘလက်ချောတင်ပေးတဲ့ ကိုပေါက်ဆိုသည်မှာထဲမှာ မဝေက

အနေတော့အေးတယ် ရန်တွေ့ရင်တော့ အကွက်စေ့တယ်လို့ ကောက်ချက်ချခံရပါတယ်။)

ဒီမှတ်ချက်တွေက စိတ်ဆိုးစရာမဟုတ်ပါ.။

သူ့စိတ်ထဲရှိတဲ့အမြင်ကို ရင်းနှီးပွင်းလင်းစွာမှတ်ချက်ပေးတာကို လက်ခံရမှာပါဘဲ။

 

နောက်စာတွေအရေးများလာတော့ မိတ်ဆွေတွေလဲတိုးလာပါတယ်။

အဲတော့ သူသူကိုယ်ကိုယ် ပိုစ်အသစ်တင်ထားပြီးရင် အချင်းချင်းဖတ်ဖြစ်အောင်

ဝင်ရောက်ဆွေးနွေးဖြစ်အောင် အသစ်တင်ထားကြောင်း သတင်းပေးတတ်ကြပါတယ်။

တစ်ခါတစ်လေတော့လဲ ရွာကိုလာရောက်နှောင်ယှက်သူ လို့ထင်ရတဲ့ပိုစ်များကို ဝိုင်းဝန်း

ကော်မင်းတွေပေးကြပြန်တော့ “ခွေး” နဲ့အနိုင်းခံရတာမျိုးလဲကြုံဘူးပါရဲ့။

ဘယ်လိုဘဲပြောပြော မန်းလေးဂေဇက်က ကော်မင်းတွေက အဆီအသားပါတယ်လိုု့ဆိုချင်ပါရဲ့။

တစ်ခါတစ်ရံ တင်ထားတဲ့ပို်စ်နဲ့မဆို်င်တဲ့ ကွဲထွက်သွားတဲ့ဆွေးနွေးချက်တွေကလဲအားရစရာ။

(မအမ်းစကောင်း အမ်းစကောင်း)ဆိုတဲ့ အနုတ်ရှားတာကိုရေးထားတာကနေ ဒင်္ဂါးပြားတွေရဲ့

သမိုင်းကြောင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။

တစ်ခါတစ်လေတော့လဲ မဆို်င်တဲ့ဟာသတွေ တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းရာကနေ

အယူအဆမတူတာကနေ မာန်ဟုန်တွေပြင်းသထက်ပြင်းပြီး ဆဲကြဆိုကြထိဖြစ်တဲ့အခါလဲဖြစ်ပေါ့။

တစ်ခုရှိတာက ကော်မင်းဆိုတာ အသင်းဝင်ထားသူများသာပေးလို့ရတာလေးဖြစ်နေတော့

အပြင်က စာဖတ်သူများနဲ့ မသက်ဆိုင်ပြန်သလို အပြင်လူများဝင်ရောက် ဆင်နွဲလို့မရပြန်ပါဘူး။

(ရွာထဲမှာက အသင်းမဝင် ကော်မင်းမပေးပေမယ့် စာဝင်ဖတ်နေသူအများကြီးပါ)

 

တစ်ခါ သူကြီးက အသင်းမဝင်ပေမယ် အများနည်းတူ ပါဝင်ဆင်နွဲလို့ရအောင်

ဖန်စီရင်ပေးလိုက်တဲ့ ကြိုက်တယ် မကြိုက်ဘူး ဆန္ဒပေးလို့ရတယ်ဆိုတဲ့

အစိမ်း + နဲ့ အနီ- ကလေးကလဲ ခေတ်စားလို့လာပြန်ပါတယ်။

 

စစခြင်းကတော့ ဒီအနအစိမ်းလေးကို တကယ်ကိုကောင်းမွန်စွာအသုံးချခဲ့ကြပါတယ်။

ကို်ယ့်ရေးလိုက်တဲ့ကော်မင်းမှာ အနီလေးများတွေရင် ငါဘာများမှားသွားလဲ ဆို

အသဲအသန် ပြန်ဖတ်ရပါတယ်။

အစိမ်းလေးတွေများတွေ့ရင် ပျော်လို့ပေါ့  ငါကိုထောက်ခံသူတွေရှိတယ်ပေါ့။

နောက်တော့ အစိမ်းတွေများလာရင် ကော်မင်းကိုအရောင်ခြယ်ပေး

အနီတွေများလာရင် မသင့်တော်ရင် ကော်မင်းကို ဖတ်ချင်သူမှသာ ဖတ်လို့ရအောင်

ဖျောက်ထားပေးပါတယ်။

 

အခုနောက်ပိုင်းမှာတော့ ပေးထားတဲ့အခွင့်အရေးတွေကို တလွဲအသုံးချတဲ့သူတွေပါလာပါတယ်။

အနီမဖြစ်လောက်တဲ့ ကော်မင်းကို အနီတွေပေးလို့ပေး။

ရေးထားတာ ကောင်းတာ မကောင်းတာ ထက် ကိုယ်နဲ့စိတ်အခန့်မသင့်သူကို အနီတွေပေးလိုပေး။

ကိုယ်နဲ့ မသင့်မြတ်တဲ့အဖွဲ့ကလူတွေကို အနီပေးလိုပေးနဲ့ စည်းပျက်ကမ်းပျက်ဖြစ်လာပါတယ်။

အဘဆွေတို့လို သူများကို ညှာတာတတ်သူများကတော့ မရသင့်ဘဲရထားတဲ့ အနီတွေကို အချိန်ကုန်ခံ

ပြီးလိုက်ဖျက်ပေးပါတယ်။

(အနီရထားတဲ့ လူကို အစိမ်းရောင် +လေးပေးလိုက်ရင် အနီ-ပျောက်သွားပါတယ်။

ဒါပေမယ် အချိန်ကုန်ပါတယ်။)

နောက်ကိုယ့်မိတ်ဆွေတွေ ကို မပေးသင့်ဘဲ လက်ဆော့ပေးထားတဲ့ အနီကို တွေ့ရင် ဝိုင်းဖျက်ပေးကြသလို

ကိုယ့်မိတ်ဆွေနဲ့ သူများ အငြင်းအခုန်ဖြစ်ရင်လဲ ကိုယ်နှစ်သက်တဲ့ဘက်ကိုအစိမ်းပေး။

မိတ်ဆွေမှာ အနီတွေရနေရင် လဲဝိုင်းဖျက်ပေးနဲ့ အပြန်အလှန်ကူညီကြပါတယ်။

တကယ်တော့ အသင်းမဝင်သူများကို ပါဝင်ခွင့်ရအောင် စီမံပေးတဲ့ သူကြီးရဲ့ရည်ရွယ်ချက်တွေက

လက်ဆော့သူ သတ္တိကြောင်သူများလက်မှာပျက်စီးသွားတာပါဘဲ။

အကြောင်းအရာတစ်ခုကို ကိုယ်မကြိုက်တာကို မကြိုက်ဘူးပြောခွင့် ကြိုက်တာကို ကြိုက်တယ်ပြောခွင့်ကတော့

အသင်းဝင်တို်င်းမှာ ရှိပါတယ်။

ဒါပေမယ့် ကိုယ့်နာမယ်ကပေါ်နေမှာပါ။

အနီ-နဲ့ +အစိမး်ကတော့ ဘယ်သူဖြစ်ဖြစ်ဝင်ပေးလို့ရနေပါတယ်။

အဲတော သတ္တိကြောင်သူများကတော့ ဒီအခွင့်အရေးကို အသုံးချလို့ လက်သီးပုန်းထိုးနေတာကို

အသင်းဝင်ထားတဲ့ရွာသူရွာသားများ တစ်ဖက်သတ်ခံရတာပါဘဲ။

ဒီအထဲမှာ သူကြီးက ကိစ္စတစ်ခုကို ဒီ +တွေ -တွေနဲ့ ဆုံးဖြတ်မယ်လို့ ပြောခဲ့ဘူးပါသေးတယ်။

ကဲအခုတော့  သူရဲဘောကြောင်သူလက်ထဲမှာ ချောင်ထဲကနေ ချောင်းပစ်လို့ရတဲ့

လက်နက်ကတော့ရောက်နေပါပြီ။

ရှေးရှေးက အဆိုတော်ကြီးမေလှမြိုင်သီဆိုခဲ့တဲ့သီချင်းလေးတပုဒ်ကစာသားကို

သူကြီးအတွက် ရေးပေးလိုက်ပါတယ်။

ဒီလိုဘဲကြည့်နေလို့တော့ ပြီးမှာလားမောင်ရေ…………………………………..တဲ့။

ကဲ သူကြီးရေခင်ဗျားဖြေရမယ့်အလှည့်တော့ရောက်လာပြီနော်…….

ကိုယ်က စေတနာနဲ့ဆောင်ရွက်ထားတာကိုပေါက်ကရအသုံးချတဲ့လူတွေကတော့ရှိလာပြီ။

ကဲ အခုဘယ်လိုလုပ်မလဲ ? ? ? ?? ? ? ? ??

? ? ? ?? ? ? ? ?? ? ? ? ??

 

 

 

 

 

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

(31-12-2011)

 

 

 

 

 

 

 

 

 

65 comments

  • kai

    December 31, 2011 at 9:17 am

    အဲဒီအနီ-အစိမ်းနဲ့.. တခုခုဆုံးဖြတ်မယ်လို့.. ပြောမိခဲ့တယ်ဆိုရင်.. ပြန်ရုတ်သိမ်းပါရဲ့..။
    အဲဒါက.. တကယ်တော့ ကြာရှည်လည်းမခံပါဘူး..။
    စိတ်ထဲ.. တပါတ်..၂ပါတ်နေ..အလိုလိုပျက်ကုန်တယ်လို့မှတ်မိတာမို့.. စိတ်ထဲမထားတော့တာ အမှန်ပါ…။

    ရွာသူားတွေလည်း.. အဲလိုပဲသဘောထားစေချင်ပါတယ်.။

    ဆိုတော့…
    ဖေ့စ်ဘုတ်ခ်နဲ့ ချိပ်ပြီး.. like/Dislike လုပ်မလားတော့..စဉ်းစားနေပါတယ်.။
    ဘယ်သူဘာလုပ်ထားသလည်း သိသာကုန်မှာမို့.. ပုဂ္ဂလိကလွတ်လပ်မှုကာကွယ်အခွင့်ပေးတဲ့အနေနဲ့.. လုပ်/မလုပ် လွန်ဆွဲတွေးနေဆဲပါ..။

    အဲဒီလို… ဆြာပေါက်ရေ…။ 😆

    • inz@ghi

      December 31, 2011 at 9:23 am

      အလိုလိုပျက်ကုန်ဒယ် …ဟုတ်လား …ညာနဲ့…..
      ခုထိ …dark side of apple inc. မှာ ရဲရဲတောက်နေတုန်း..

      ဘဘဘလက်ညွှန်းလို့ …သွားဝင်ဖတ်ကြည့်ပါဒယ်. ..ဟံမာမင်း ..တေချင်ဒါဘာဘဲ ….

      နီလို့ စိမ်းလို့ အားမရလို့ …ကျုပ်ကိုအောက်ဆုံးမှာ Personally တောင်သမသွားသေးတယ်..
      ဝယ်သုံးနိုင်အောင် ကြိုးဇား ဦးတို့..ငမွဲ တို့ ….. အဆင့်မရှိဘူးတို့နဲ့ ….

      အသည်းနာတွားဘီ ……ဂယ် …ဂယ်…..
      :'(

    • နီကီတာ

      January 2, 2012 at 10:47 am

      ်facebook နဲ့တော့ မချိတ်ပါနဲ့ သူကြီးရယ် မကောင်းပါဘူး

      • inz@ghi

        January 2, 2012 at 10:50 am

        သိနေဒယ်သိနေဒယ် ..

  • ငပေါက်ဖော်

    December 31, 2011 at 9:28 am

    ပေါက်ကရရေးမိလို ့ နီပေးသွားတာ ပြဿနာမဟုတ်ဘူး
    ကောင်းကောင်းရေးလဲ တစ်ခါတလေ နီနီနေလို ့

    တော်တော်အသဲယားသဗျ
    နောက်တော့လဲ
    ဂရုကို မစိုက်ချင်တော့ဘူး..

    • inz@ghi

      December 31, 2011 at 10:04 am

      ဟုတ်ပါ့ ကောင်မရေ့…
      ညည်းပြောတာ မှန်ပါ့ ….

      ဒါပေသိ ကျုပ် ပေါက်ပန်း၄ဝ ရေးရင် … စိမ်းစိုနေဒါဘဲ ..
      အတည်များ ရေးလိုက်ရင် ……ရဲရဲတောက်ကုန်ရော ….

      ကျုပ်တော့ ဘာမှကို ကျောချင်လော့ဝူးရယ်..
      ဒါဗျဲ ….ဗျန်းဗျန်းဗျန်း…

      • ဆူး

        December 31, 2011 at 10:19 am

        အဲဒီ သဘောကို ကြည့်ချင်းဖြင့် ဂိဂိ တယောက် အတည်မရေးနဲ့ မဖတ်ချင်ဘူး ပေါက်ကရ ရေး အားပေးမယ် လို့ ပြောသလို ဖြစ်မနေဘူးလား..
        နာ အဲလို မြှောက်ပေးလို့ နာကို လာနီအုန်းမယ် ကြည့်ထားကွ..
        အဲလို ပြောရင်လည်း အနီ ပေးမှန်း ကြိုသလို့ မပေးဘူး ဆိုပြီး လုပ်ကြအုန်းမယ်။

  • water-melon

    December 31, 2011 at 9:34 am

    တစ်ချို့လူတွေက သူများကောင်းစားတာကို မမြင်ချင်လို့ လုပ်တယ်ထင်တာဘဲ။
    စိတ်ဓာတ်တွေသေးသိမ်နေလို့ မတိုးတက်တာပါ။စိတ်ဓာတ်လေးတွေ မသေးသိမ်ကြပါနဲ့
    မရေးနိုုင်ရင်လဲ ကိုယ့်ထက် စီနီယာတွေဆီက သင်ယူပါ လေ့လာပါလို့။

    ဟိတ်ဟိတ် ငါ့ comment ကို အနီမပေးနဲ့နော် 😆

  • htet way

    December 31, 2011 at 9:43 am

    တကယ်ပြောရရင် မန်းဂေဇက်ကဆိုက်ထဲမှာ အကောင်းဆုံးပဲ
    စာရေးတဲ့ သူတွေကလည်း အကောင်းစားတွေချည်းပဲ
    စာရေးဆရာတွေလည်းပါတာပဲ
    ရေးတဲ့ သူတွေ အကုန်လုံးတော်တယ်ဗျာ
    ဒါကြောင်စာရေးတဲ့ သူတွေက တန်ဖိုးရှိအောင် သတိထားရေးစေချင်တာပါ။

    • Wow

      December 31, 2011 at 11:03 am

      (ဒါကြောင်စာရေးတဲ့ သူတွေက တန်ဖိုးရှိအောင် သတိထားရေးစေချင်တာပါ။)
      ထက်ဝေပြောတာ ကြောင်စာရေးသူဆိုတော့ ဦးကြောင်ကြီးတို့အုပ်စုကိုပြောတာလားဟင်..င်..င်
      🙂 😀 😉

      • Wow

        December 31, 2011 at 7:03 pm

        ဟင့် နာ့လိုမသိနိုးနား အသစ်လေးကို အနီကတ်နှစ်ခါတောင်ပြသွားဒယ်…..
        ဘောဒိုင်တွေအားကျလို့ထင်ဒယ်… ယောက်ကျားဆို နောင်ဘဝ သေနတ်နဲ့ပစ်သတ်ခံရ၊ ဒါမှမဟုတ် ဆူဆိုဒ် လုပ်သွားတဲ့ ဘောဒိုင်တွေလိုဖြစ်ပါစေ…
        မိန်းမဆိုရင် ဘောဒိုင်တွေကိုအလှူကြီးပေးလိုက်၊ ဂေးဆိုရင် ဖြတ်ဖေါက်ချုပ် အစိမ်းလိုက် လုပ်ပေးခံရပါစေ…
        😀

  • Thel Nu Aye

    December 31, 2011 at 9:52 am

    မှန်ပါတယ်။ ဘာမှမဟုတ်လဲနီနေတာနားမလည်နိုင်တော့ပါဘူး။ တတ်စွမ်းသရွေ့တော့ပြန်လိုက်စိမ်းပေး ပါတယ်။ MG ကကော်မင့်တွေကစိတ်ဝင်စားစရာနဲ့မှတ်သားစရာများပါတယ်။ အရင်ကတခြားဆိုက်တွေဝင် ဖတ်ဖြစ်ပေမဲ့အခုတော့မန်းဂေဇက်တခုပဲဖတ်တော့တယ်။ သူကြီးပွိုင့်များများတခါထဲပေး။ ဟီး။

  • ဆူး

    December 31, 2011 at 9:55 am

    နီနီ စိမ်းစိမ်း ဖြစ်နေကျ ဓလေ့မို့ တော်တော် အသားကျနေပါပြီ။
    မခံချင်စိတ်ဖြစ်မိတာတော့ လူ့ဘဘာဝမို့ ဖြစ်တတ်ပါတယ်။
    ကိုပေါက်ပြောသလို အများကြီး စဉ်းစားဖို့တော့ လိုပြီ။
    ဆဲတာ ညစ်ညမ်းတာ မသင့်လျှော်တာ အသံပေးဖို့ ပလန်းနက်မှာလို ခေါင်းလောင်းလေး ထားပေးရင် ကောင်းမလား တွေးမိတယ် ဟိုကတော့ နိုင်ငံရေးပါလာတာ များလို့ ဘန်းမှာ စိုးလို့ အဘန်းမခံရအောင် နိပ်ခိုင်းထားတာ.. ဒီမှာတော့ တမျိုးပေါ့..

  • amatmin

    December 31, 2011 at 10:09 am

    ၂၀၁၂ မှာ ကောင်းမယ်ထင်တာလေး တခုတော့ နေ့တိုင်း လုပ်ဖြစ်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတယ်ဗျ..
    စိတ်အနှောင့်အယှက်ဖြစ်အောင် နီ ထားတာလေးတွေကို လိုက်ဖျက်တဲ့အလုပ်တော့ သဘောကျသား..
    သဂျီးရေ..အနီလိုက်ဖျက်ပေးဖို့တာဝန်ခံထားပြီး ပွိုင့်ပေးလိုက်ပါလား..ဟင်င် :p :p

    • soe myint su kyi

      May 9, 2012 at 2:26 pm

      ဟုတ်တယ်သဂျီးရေသူပြောထားတာလေးကိုတော့သဘောကျသား…အနီတွေကိုလိုက်ဖျတ်ပေးဖို ့တာဝန်ခံထားပြီး ပွိုင့်ပေးလိုက်တာကကောင်းမယ်ထင်ပါတယ်။

  • Shwe Tike Soe

    December 31, 2011 at 10:19 am

    ဖေ့ဘွတ်နဲ.တော့ မချိန်ပါနဲ. သဂျီးရယ်.. ကျွန်တော်တို.ရွာလေးသီသန်. ဆိုဒ်ကလေးဖြစ်ချင်လို.ပါ…
    သူတို.ဟာသူတို. နီနီ စိမ်းစိမ်း များသွားလို. ပြာသွားအုံး ကျွန်တော်တို.ကတော့ ရေးမှာပဲရေးမှာပဲ… 😀

  • အများအားဖြင့် တော့ မဖြစ်သင့်တဲ့အနီတွေကို ကျနော်လဲလိုက်စိ်မ်းပေးပါတယ်
    ကောင်းကောင်းမွန်မွန်ရေးထားတာကို အနီတွေပေးထားတာမြင်တော့ စိတ်မကောင်းတာအမှန်ပါဘဲ။

  • 2012 မရောက်ခင် သူကြီးအနေနဲ့ပြောင်းစရာရှိရင်ပြောင်းလို့ရအောင်တင်ပေးလိုက်တာပါ။

  • windtalker

    December 31, 2011 at 11:07 am

    ကျုပ်ကတော့ ဘယ်ဆိုက်မှာ မှ သွားမကြည့်ဖူးလို ့ အခြားမှာ ဘာတွေဖြစ်နေလဲ မသိဘူး
    သဂျီးကိုတော့ ဂေဇက်နဲ ့ပတ်သက်ပြီး ပစ်မထားစေချင်ဘူး
    ခက်တာက သူ ့မှာလဲ မယားနဲ ့သမီး နဲ ့ဖို ့အလုပ်များရသေးတာဆိုတော့….
    ကိုပေါက်တို ့အကြံပေးမှ ဖြစ်တော့မှာဘဲ

  • koyinmaung

    December 31, 2011 at 11:14 am

    ဟုတ်ပါတယ်ကျနော်လဲမနီသင့်လဲနီနေတာတွေ့ယင်
    ကိုယ်ပေးနိုင်တဲ့အခွင့်အရေးနဲ့တကြိမ်တော့ ပြန်စိမ်းပေးလိုက်ပါတယ်…
    အမြင်မတော်တဲ့အနီကိုရွာသူားများညီညီညာညာနဲ့ပြန်စိမ်းပေး
    လိုက်ကြတာပေါ့…ဟုတ်တယ်ဟုတ်…..

  • Foreign Resident

    December 31, 2011 at 11:19 am

    “ဟိုမရောက် ဒီမရောက်ပေါက်တတ်ကရ”ဆိုတဲ့ပိုစ်မှာ ဝေဖန်ထားတာတွေက
    တကယ့်ကို အလေးအနက်ကြီး။
    ( အဲဒီမှာ အဘဖောနဲ့စတွေ့တာပါဘဲ။
    ရွာထဲမှာမပြောချင်တဲ့စကားတွေကို စာသီးသန့် သူ့ဆီပို့ပေးလိုက်တာပါပဲ )

    ဟဲ့ ပလုတ်တုတ် ၊ သူ မှတ်ထားတယ်ဟ ၊ လူဆိုး ။
    ဘာများ ပြောမိလဲ မသိဘူး ။

    ကိုပေါက်ရေ အဲဒီ Post ရဲ့ Link လေးပေးပါအုန်း ။
    မမှတ်မိတော့လို့ ။

  • htoosan

    December 31, 2011 at 11:23 am

    အနီတွေ အစီမ်းတွေနဲ့ ကိုယ့်ကို အရောင်အဆိုးမခံပါနဲ့လား ။
    ကိုယ့်စေတနာ ကိုယ် အသိဆုံးဖြစ်သလို အများစုကလည်း သိကြမှာမို့လို့ အရောင်တွေကြောင့် အနှောက်အယှက် အဖြစ်ခံနေရင် နှောက်ယှက်ဖျက်ဆီးသူတွေ အောင်မြင်မှု့အနေနဲ့ ဂုဏ်ယူဝင့်ကြွားနေဦးမယ်။

    ငါ၏ကော်မန့်တို့သည် အနီတို့ဖြင့် ရဲရဲနီစေအံ့. သို့သော် ရေးမြဲရေးမည် ဟုသာ 😀 😀

    By the way , “Happy New Year to all.”

  • zoe

    December 31, 2011 at 12:55 pm

    အနီ အစိမ်း ကသတ်မှတ် ချက်တခုပါ ။ ကိုယ်ရေးတာ စေတနာ အမှန်တရားရှိရင် ဘာပေးပေးပါ ။သူ့လွပ်လတ် ခွင့်ပါ ။ စိတ်ထဲသိတ် ထားစရာ မလိုဘူးထင်ပါတယ် ။ သူငယ်ချင်းမိုလို့ အနီမြင်တိုင်း အစိမ်း ပြန်ပေး ရတယ် ဆိုတာလဲ အဲ တမျိုးပဲ ပေးသင့်လို့ပေးတာ လား။ နည်းလမ်းကျတာကို လိုက်နီ နေရင် ကလေးဆိုး တယောက် သောင်းကျန်း နေတယ်လို့ သဘော ထားလိုက် ပေါ့ ။ 😀

  • manawphyulay

    December 31, 2011 at 1:11 pm

    အင်း အနီ အစိမ်းကတော့ တချို့က ပုဂ္ဂိုလ်ဆော်ချင်တဲ့သူတွေလည်း လိုက်ပြီး အနီလုပ်လား လုပ်ရက်ပါပဲ။ တချို့ကျတော့လည်း ဒီပြင်နစ်နာမည်နဲ့ဝင် တစ်ဖတ်သတ်လိုက်ပြီး ဖိုက်လား ဖိုက်ရဲ့လဲ တွေ့ဖူးပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ရွာထဲမှာ နေပျော်သူအဖို့ ဒါတွေကိုတော့ မမှုပဲ ၂၀၁၂ ထိ ဆက်လက်ချီတက်သွားဖို့ စိတ်မှာ ကူးထားလိုက်ပါရဲ့……………..

  • မှော်ဆရာ

    December 31, 2011 at 1:25 pm

    အချိန်အားရင်တော့ မဖြစ်သင့်တဲ့ အနီတွေ လိုက်ဖျက်ပေးတယ် ။။
    ဒါပေမယ့် အလာပ သလာပ ရေးထားတဲ့ပိုစ်မှာ ကွန်မန်းတွေမှာ လူတစ်ယောက်ရဲ့ ကွန်မန်းတွေကိုပဲ ရွေးပြီးတော့အနီတွေ လိုက်ပေးသွားတာ တွေ့ဖူးတယ် …။
    ဒီတော့ အနီလိုက်ပေးတဲ့ သူရဲ့ စိတ်ဓါတ်ကို သိသွားတာပေါ့ဗျာ ..
    အရေးအသား မူ ဝါဒ ကိုမကြိုက်လို့ အနီပေးတာ မဟုတ်ပဲ လူကို တိုက်ခိုက်ချင်လို့ဆိုတာ ထင်ရှားနေတယ် .. ဒါကြောင့် ဒီလို ဒီလို တိုက်ခိုက်နေတဲ့ လူတွေ ရှိတယ် ဆိုတာ သိရအောင် သက်သက်ကို ဒီတိုင်းထားခဲ့တယ် ။ ဖျက်မပေးခဲ့ဘူး ..။
    တခြားမကြည့်နဲ့ဗျာ … ကျွန်တော့သားပုံလေး တင်ထားတဲ့ပိုစ်မှာတောင် အနီလာပေးသွားတယ် … ဘာဆိုင်လို့လဲဗျ …။ဘာအနီပေးစရာ ရှိလို့တုန်း …။

  • ဟုတ်ပြီ အခုပိုစ်မှလဲ အနီတွေလာပေးသွားတယ်လေ။
    မဖျက်ဘဲထားလိုက်ကြရအောင်။
    ဒါမှ သူကြီးဘာလုပ်သင့်တယ်ဆိုတာကို သိသွားမယ်။
    နောက်ကြွယ်တယ်တော့ မထင်ပါနဲ့။
    ဒီမန်းလေးဂေဇက်မှာ ရေးခွင့်ရသလောက် စာအမြဲရေးနေမှာပါ။
    အပြင်ဂျာနယ်မှာပုံနှိပ်တဲ့စာတွေတောင် ဒီဆိုက်မှာတင်ပြီးမှပုံနှိပ်တာပါ။
    ဘယ်သူဘယ်လိုနှောက်ယှက်ယှက် ရေးတာကတော့ ရေးနေမှာပါဘဲ။
    စိတ်ကောက်ပြီး မရေးဘူးလို့ ကြွေးကြော်သူကိုတောင်ရေးပါလို့တိုက်တွန်းခဲ့ပါတယ်။
    (တိုက်တွန်းတာနော် တောင်းပန်တာမဟုတ်ဘူး)

  • ဟဲ့ ပလုတ်တုတ် ၊ သူ မှတ်ထားတယ်ဟ ၊ လူဆိုး ။
    ဘာများ ပြောမိလဲ မသိဘူး ။
    လုံချည်(ပုဆိုး)မဝတ်ချင်ဘူး ဘောင်းဘောင်းဘဲဝတ်ချင်တယ်လို့ပြောတာထင်တယ်နော်

  • Moe Z

    December 31, 2011 at 2:23 pm

    နှစ်သစ်ကို ရဲရဲတောက် ကြိုဆိုလိုက်တာလားလေးပေါက်ရေ 😀 😀

    • ငပေါက်ဖော်

      December 31, 2011 at 3:18 pm

      မောင်ပေ့ ၂ခေါင်းလောက် ရဲပါသလား ခည

      • Moe Z

        December 31, 2011 at 4:02 pm

        ကိုပေ ကပိုနီမယ်ထင်တယ်နော်
        ဒါနဲ့ ဘဘပေါက်ဖော်နဲ့ဆိုရင်ရော 😛

        • ဆူး

          December 31, 2011 at 4:56 pm

          ပေါက်ဖော် နှာခေါင်း ပိုရဲမှာပေါ့။

        • inz@ghi

          December 31, 2011 at 5:24 pm

          ကပေါက်ဖော်နှာခေါင်းထက် ရဲတဲ့နှာခေါင်းရှိပါဒလယ်ကွယ်…

        • windtalker

          May 16, 2012 at 1:02 am

          အော် မိုးဇက် က မောင်ပေ့ကို ရှယ်တွယ်ခဲ့တာကိုး။

      • ငပေါက်ဖော်

        December 31, 2011 at 9:00 pm

        သဂျီးမင့်းချင့်
        သများ၂ခေါင်းကို ၂ခမ်းနီနဲ ့ ၂ခါတောင် လာတို ့သွားကြပါဒယ်..
        အဲဒါကြောင့်
        မိုက်ခဲဂျိုနီအောင်ဘုဆိုတဲ့လူဂို အရေးယူပေးဘာ

  • hmee

    December 31, 2011 at 3:00 pm

    လေးပေါက်ရေ ပြောကာမှ ရဲရဲကိုတောက်နေပြီဗျို့။ ဘယ်သူရဲရဲ မရဲရဲ တို့ကတော့ ဝါသနာပါလို့ကို ရေးတာမို့ ရေးမှာပဲ ရေးမှာပဲ။ 🙂

  • water-melon

    December 31, 2011 at 3:02 pm

    ရဲရဲတောက် ဒို့မြန်မာတွေ
    ဘယ် ကလေကပေက လက်အားယားပြီး အနီတွေပေးထားတာလဲကွ။
    ဒီကွန့်မန့် အနီပေးကြည့်
    မင်း ဂျော်လကီးဘဲ

    Happy New Year 2012

  • ကြိုက်သလောက် နီလို့ရပါတယ်။
    ကော်မင်းတစ်ခုကို အနီတစ်ခု နည်းပါသေးတယ်၊
    ကော်မင်းတစ်ခုကိုအနီတစ်ထောင်လောက်ရအောင် ပေးသင့်တာပါ။
    အနီလိုချင်လို့ကို ဒီပိုစ်ကိုရေးတာပါ။

  • zoe ရေ
    (အနီ အစိမ်း ကသတ်မှတ် ချက်တခုပါ ။ ကိုယ်ရေးတာ စေတနာ အမှန်တရားရှိရင် ဘာပေးပေးပါ ။သူ့လွပ်လတ် ခွင့်ပါ ။ စိတ်ထဲသိတ် ထားစရာ မလိုဘူးထင်ပါတယ် ။ )
    @@@နီတာစိမ်းတာအရေးစိုက်လို့ပြောနေတာမဟုတ်ဘူးကိုယ့်လူ။
    တကယ်စေတနာထားနေသူတွေက တော့ နီနီစိမ်းစိမ်းရေးမှာဘဲ။
    သူ့လွတ်လပ်ခွင့်ဆိုပေမယ့်လည်း သူများကို မစော်ကားရဘူးဆိုတာလောက်ကတော့ နားလည်သင့်တယ်။
    အနီပေးသင့်လို့ပေးတာ ကြိုက်သလောက်ပေး အနီတစ်သောင်းလောက်ပေးရတယ်။
    မပေးသင့်တာကို ပေးနေလို့ စော်ကားနေတယ် လူပါးဝနေတယ်လို့ ယုံကြည်လို့
    သက်သက်မဲ့လိုက်ပြီးဖျက်လိုဖျက်ဆီးလုပ်နေတာကို မကျေနပ်လို့ စာတစ်စောင်ပေတစ်ဖွဲ့လုပ်ပြီးရေးနေတာပါ။
    (နည်းလမ်းကျတာကို လိုက်နီ နေရင် ကလေးဆိုး တယောက် သောင်းကျန်း နေတယ်လို့ သဘော ထားလိုက် ပေါ့ ။ :D)
    ဆိုတာကိုပြောရရင် မန်းလေးဂေဇက်ဆိုတာ ကလေးကစားစရာနေရာမဟုတ်ဘူးလေ။
    အဲတော့ အဲဒီလူမျိုးကို ကလေးကစားကွင်းသွားပါလို့ပြောလိုက်ရုံပါဘဲ။
    ထပ်ပြောရရင် စာရေးသူဆိုတာ အဝေဖန်ခံနို်င်လို့ သူများဝေဖန်တာခံရဲလို့ စာရေးတာပါ။
    ရေးတဲ့လူက တောင် သတ္တိရှိရှိရေးရဲရင် ကော်မင်းပေးတဲ့လူက ဘာလို့ သတိ္တရှိရှိမပေးရရတာလဲ၊
    ရေးထားတဲ့စာကိုဝေဖန်ရင် ကြိုက်တယ်မကြိုက်ဘူး အတွက်အကြောင်းပြစရာမလိုပါဘူး။
    သူကြိုက်ချင်ကြိုက်မယ်။
    မကြိုက်ချင်မကြိုက်ဘူး ဒါက မြန်မာပြည်မှာအလွယ်တကုူသုံးနေကြတဲ့ လွတ်လပ်ခွင့်ပေါ့။
    မကောင်းဘူးပြောချင်ရင်တော့ ဘာလို့ မကောင်းဘူးလဲဆိုတာကိုထောက်ပြနိုင်တဲ့အကြောင်းပြချက်ရှိရပါတယ်။
    ဝေဖန်တယ်ဆိုရင် အကြောင်းပြချက်ပါရတယ်လေ။
    ဒါက အမှန်တရားပါ။
    အခုဟာက ကောင်းကောင်းမွန်မွန်ရေးထားတာတွေကို အောက်တန်းကျတဲ့စိတ်ဓါတ်တဲ့ဖျက်လိုဖျက်ဆီးလာလုပ်တဲ့သူတွေအကြောင်းကိုပြောနေတာပါ။
    ဒဲ့ပြောရရင် ကိုယ့်နာမည် မပေါ်လို့ အနီပေးရဲတဲ့ သူရဲဘောကြောင်တဲ့ လက်သီးပုန်းထိုးနေတဲ့လူတွေကို ပေါ်တင်ပြောနေတာပါ။

    (****ရေးထားတာ ကောင်းတာ မကောင်းတာ ထက် ကိုယ်နဲ့စိတ်အခန့်မသင့်သူကို အနီတွေပေးလိုပေး။

    ကိုယ်နဲ့ မသင့်မြတ်တဲ့အဖွဲ့ကလူတွေကို အနီပေးလိုပေးနဲ့ စည်းပျက်ကမ်းပျက်ဖြစ်လာပါတယ်။

    အဘဆွေတို့လို သူများကို ညှာတာတတ်သူများကတော့ မရသင့်ဘဲရထားတဲ့ အနီတွေကို အချိန်ကုန်ခံ

    ပြီးလိုက်ဖျက်ပေးပါတယ်။*****
    @@@@@နောက်ကိုယ့်မိတ်ဆွေတွေ ကို မပေးသင့်ဘဲ လက်ဆော့ပေးထားတဲ့ အနီကို တွေ့ရင် ဝိုင်းဖျက်ပေးကြသလို

    ကိုယ့်မိတ်ဆွေနဲ့ သူများ အငြင်းအခုန်ဖြစ်ရင်လဲ ကိုယ်နှစ်သက်တဲ့ဘက်ကိုအစိမ်းပေး။

    မိတ်ဆွေမှာ အနီတွေရနေရင် လဲဝိုင်းဖျက်ပေးနဲ့ အပြန်အလှန်ကူညီကြပါတယ်။@@@@@)
    ဆိုတာကို သေသေချာချာ ဖတ်ကြည့်ရင်
    (သူငယ်ချင်းမိုလို့ အနီမြင်တိုင်း အစိမ်း ပြန်ပေး ရတယ် ဆိုတာလဲ အဲ တမျိုးပဲ ပေးသင့်လို့ပေးတာ လား။)
    ဆိုတဲ့မေးခွန်းက ရှင်းသွားပါလိမ့်မယ်။)
    ထပ်ပြီးမှတ်မိအောင်ပြောရရင်
    တင်လာတဲ့စာတပုဒ်ကို ကော်မင်းကြိိုက်သလောက်ပေး ရေးချင်ရာရေး ရတယ်။
    သူက ကိုယ်ရေးတာ ကိုယ်တာဝန်ယူထားတဲ့လူလေ။
    ကျနော်ပြောနေတာက အနီပေးသင့်တဲ့နေရာမှာ ပေးထားသူကို မဆိုလိုဘူး။
    အနီမပေးသင့်တဲ့စာမှာ အပျင်းပြေလာ လက်ဆော့ နေတဲ့လူမျုးိ ကို တိတိကျကျ ရည်ရွယ်ပြီးပြောနေတာပါ။
    ို မပေးသင့်တဲ့ စာမှာ အနီလာပေးတဲ့သူက ကိုယ်လုပ်တဲ့ကိစ္စကို ကိုယ်တာဝန်မယူရဲတဲ့လူ။
    ဒီလိုလူမျုးိကတော့ အပြင်းထန်ဆုံးပြောရရင် လူ့အသိုင်းအဝိုင်းမှာတောင် မရှိသင့်တဲ့လူတန်းစားလို့ကျနော်က သတ်မှတ်ပါတယ်။

  • blackchaw

    December 31, 2011 at 4:15 pm

    ကိုပေါက်ရေ။
    တချို့က နာမည် ဘယ်နှစ်မျိုးလောက်နဲ့
    ဝင်ပြီး အနီတွေ လိုက်နှိတ်နေလဲမှ မသိတာဗျာ။
    နီချင်နီ စိမ်းချင်စိမ်း
    ပြစ်ထားလိုက်စမ်းပါဗျာ။
    အရေးလုပ်မနေပါနဲ့တော့။

  • naywoonni

    December 31, 2011 at 5:16 pm

    ရဲရဲတောက် တို့မြန်မာတွေပေါ့လေ…။ ကျွန်တော်ကတော့ နီလည်းကြိုက်ပါတယ်…။ စိတ်မဆိုးဘူး..။ တစ်ခါပြောဖူးတယ်လေ…။ နီတာ စိမ်းတာက ဝက်ဆိုဒ်ထဲမဝင်ခင် တခါလုပ်လို့ရတယ်…။ unknown ပေါ့…။ ပြီးတော့ ယူဇာနိမ်းနဲ့ ပါတ်ဝတ်ရိုက်ပြီးရင် တစ်ခါပြန်လုပ်လို့ရတယ်..။ စမ်းကြည့်ပြီးပြီ …။

  • yaungchikha

    December 31, 2011 at 8:36 pm

    အနီပေးထားတာတွေအများကြီးပါလား၊ ဘာသဘောမှမဟုတ်ပဲ အပျော်လိုက်စပြီး နီပေးနေတာထင်တယ်၊ ဘယ်တူတွေကများ နီပေးနေကြပါလိမ့်…………………… 🙂

  • ကြောင်ကြီး

    December 31, 2011 at 9:02 pm

    နာလုပ်ထှာ နာလုပ်ထှာ….။ ပျော်ဒယ် ပျော်ဒယ် တူနယ် တဲ့နယ် တူနယ် တဲ့နယ် 😆

  • သာမိညောင်

    January 1, 2012 at 2:33 am

    မှန်တယ် အန်ကယ်ပေါက်ကို သားသား ထောက်ခံတယ်
    အန်ကယ်ပေါက်ကို ဘုရားလူကြီးလုပ်ဘို့ သားသား အဆိုတင်သွင်းပါတယ်

  • Khin Latt

    January 1, 2012 at 3:15 am

    ကျွန်မအထင် တော့
    သူကြီး ရဲ့ motto “မတူ သော အမြင်ဖြင့် …. ” ဆိုတော့ ကာ …….
    တစ်ချို့ လဲ ကြိုက်သော်ငြား “မတူသော အမြင်နဲ့” ကြိုက်တာကို အနီပေး ကြတာ ထင်ပါရဲ့။
    စိတ်မရှိကြပါနဲ့။ (jk) 😉

  • small cat

    January 1, 2012 at 3:42 pm

    ပြောနေ ဆိုနေရင်းနဲ့ကို လက်မ ခုနစ်ချောင်းလောက် အောက်စိုက်နေပါလားဆရာပေါက်ရေ့။

  • ရတယ် ကြိုက်သလောက်စိုက်လို့ရပါတယ်။
    အမှန်တရားဆို တာ အဝင်ဆိုးပါတယ်။
    ကောင်းသောရည်ရွယ်ချက်နဲ့ရေးတာ တင်ပြတာကို မကြိုက်ဘူးဆိုရင်လဲ သူ့သဘော။
    ကြိုက်တယ်ဆိုရင်လဲ သူ့သဘော။
    ကျနော်က ကျနော့် အမြင်ကိုရေးတင်သွားပြီးပါပြီ။
    မနေ့ည နေ (ရ)နာရီလောက်မှာ ဝင်ကြည့်တော့ ပိုစ်ထဲက ကော်မင်းတွေမှာ သူကြီးရယ် zoe ရယ်
    ကျနော့် ဟာတစ်ခုသာအစိမ်းကျန်တဲ့ကော်မင်းအားလုံးအနီပါ။
    ကျနော်ပြောတာ နည်းလမ်းကျတယ် မကျဘူးဆုံးဖြတ်ရမယ်သူက ကျနော်မဟုတ်တော့ ဘူး။
    တကယ့်စာဖတ်သူအစစ်တွေက ဆုံးဖြတ်မှာပါ၊
    ကျနော့်အပိုင်းက ပြီးသွားပြီ။

  • ဒီပိုစ်ကတော့ မျက်စေ့လည်လောက်တယ်။
    အခုရဲပဒေါင်းခတ်အောင်နီလိုက်။
    အခုစိမ်းလိုက်၊
    အခုဘာမှမရှိုလိုက်နဲ့။

  • unclegyi1974

    January 1, 2012 at 11:31 pm

    ကိုရင်ပေါက်စိတ်ေလျော့စိတ်လျော့
    စိတ်တိုရင်နှလုံးရောဂါဖြစ်နိုင်တယ်
    အခုလည်းနီမရစိမ်းမရဖြစ်နေပါပြီ
    အမှန်ကzoe ပြောတာလည်းမမှားပါဖူး
    ဘယ်သူကဘယ်လိုနီနီ ဖတ်နေသူတွေကသိနေတာပဲမြင်နေတာပဲ
    သူတို့လူပါးဝတာကတပိုင်း
    သူတို့ကမှလူကြာထဲမဝင်ရဲလို့လက်သီးပုန်းထိုးနေရတဲ့ဘဝ
    သနားလိုက်တာကွယ်လို့သဘောထားကြည့်လိုက်ပါလား
    စိတ်အေးသွားပါမယ်
    ဘကတော့နီလည်းရတယ်စိမ်းလည်းရတယ်ဝါလည်းရတယ်
    အေးဆေး

  • စိတ်တိုရင်နှလုံးရောဂါဖြစ်နိုင်တယ်
    စိတ်မတိုဘူး အန်ကယ်ဂျီးရေ………..
    ပြောသင့်တာကို အမှန်အတိုင်း စိတ်ထဲရှိတဲ့အတိုင်းပြောတာပါ။
    ကျနော်တို့ဆီမှာက ခွင့်လွှတ်လိုက်ပါကွာ ဆိုပြီးသဘောထားကြီးပြကြလို့
    လူပါးအဝခံရတဲ့ကိစ္စတွေအများကြီးလေဗျာ။

  • MaMa

    January 2, 2012 at 8:40 am

    ကိုပေါက်ရေ-
    အခုပိုစ့်ကို မန့်မယ်ဆိုပြီး ဝင်လိုက်၊ အနီတွေ ရဲ နေတာ တွေ့တာနဲ့ လိုက်ဖျက်လိုက်၊ ကွန်ကျလိုက်၊ မီးပျက်လိုက်နဲ့ မန့်ဖြစ်တဲ့ဆီကို မရောက်တော့ဘူး။

  • ဆူး

    January 2, 2012 at 8:56 am

    စကားမစပ် လက်မ အောက်စိုက်တာ ရခု အပေါ်ထောင် ၂ခု တွေ့တယ်။
    တခါမှ မနိပ်ရသေးဘူး အခုမှ စနိပ်မလို့ နိပ်လိုက်တာ လက်မလေး သွားထောင်တာ ၂ခုက ၃ခုကို မတက်ဘူး။
    အဲဒါ ဘယ်လို ဖစ်လဲ တဂျီး ကို ပြန် မေးပေးကြပါဗျို့..

  • Moe Z

    January 2, 2012 at 10:10 am

    ဟုတ်တယ်မမဆူး မိုးစက်လည်းလက်မထောင်ကြည့်တာမရဘူး
    လေးပေါက်ရေ သဂျီးကချစ်လို့စတာဖြစ်မယ် စိတ်မဆိုးနဲ့ 😛

  • kai

    January 2, 2012 at 10:32 am

    ခုရက်တွေက.. တရက်အယောက်၆ထောင်နှုန်းနဲ့.. ကြည့်နေကြတာ…
    ဆိုတော့..
    အစိုးမရဖြစ်နေပါကြောင်း….။

  • AKKO

    January 2, 2012 at 11:47 am

    ကိုပေါက်ရေ အနီတွေ ၊ အစိမ်းတွေကို စိတ်ထဲ သိပ်မထားပါနဲ့။
    တကယ်သဘောထားကွဲလွဲလို့ အနီမှတ်တဲ့ လူရှိသော်လည်း ၊ အဖျက်စိတ်နဲ့ အနီလိုက်လုပ်တဲ့လူတွေလည်း ရှိပါတယ် ။ ဒါ့ပြင် ကိုုယ်သိတဲ့လူ အနီကော့မန့်ရနေတဲ့အခါ သူရေးထားတာ ကြိုက်ကြိုက်မကြိုက်ကြိုက် စိမ်းတဲ့လူလည်းရှိတယ် ။ ဒီတော့ အနီတွေ အစိမ်းတွေက သိပ်အရေးမကြီးဘူးလို့ ဆိုရမှာပေါ့ ။

    ဒါနဲ့ ဟိုးတလောက သဂျီးပြောဖူးတယ် ကော့မန့် အစိမ်းရတဲ့လူများလာလျှင် အောက်က ကြယ်တွေတိုးလာသတဲ့ ။ တိုးလာလျှင် ဘာဖြစ်မှာလဲတော့ သိချင်သား 😀

Leave a Reply