“လက်သီးပုန်းအနီ တူညီခြင်းအစိမ်းနှင့် ရွာသူရွာသားများ၏ကော်မင်းများ”

“လက်သီးပုန်းအနီ တူညီခြင်းအစိမ်းနှင့် ရွာသူရွာသားများ၏ကော်မင်းများ”

 

ကျနော်2009ခုနှစ် အခုလိုအချိန် ဒီဇင်ဘာလမှာ အင်တာနက်ကို ဝင်ပြီးစာစရေးပါတယ်။

စရေးရေးခြင်းကတော့ ကိုယ်ကဘာမှလဲမတတ်တော့ အသိတစ်ယောက်ကပေးလာတဲ့

မြန်မာသူငယ်ချင်းများနေ့ အဖွဲ့ထဲကိုစဝင်ဖြစ်ပါတယ်.။

အဲဒီအချိန်ကတော့ အင်တာနက်ကို တစ်ပါတ်တစ်ရက် အလုပ်ပိတ်တဲ့ဥပုဒ်ရက်မှာဘဲရောက်ပါတယ်။

စဝင်စက “ပျော်အောင်နေနိုင်ဘို့”လို့အမည်ရတဲ့ စာတိုလေးတစ်ခုရေးလိုက်ပါတယ်။

နောက်တစ်ပါတ်အင်တာနက်ဆိုင်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ ကော်မင်းလေးတွေ

တွေ့လိုက်တော့ စိတ်ကြီးဝင်သွားပါတယ်။

ကော်မင်းက လေးခုတောင်မှဗျာ။

အဲဒီမှာ အတော်လေးပျော်သွားပါတယ်။

င့ါကိုအားပေးသူတွေရှိတယ်ပေါ့။

ဒါနဲ့ဘဲစာတွေဆက်ရေးဖြစ်ပါတယ်။

စာတွေတင်လိုက်ကော်မင်းတွေရလိုက်နဲ့ပေါ့။

ကော်မင်းပေးတဲ့လူတွေက လဲ ဒီလူတွေဘဲဖြစ်နေတာ ကြာလာတော့ သိလာပါတယ်။

ကျနော် ပိန်းတာတော့မပြောပါနဲ့တော့ နောက်မှရိပ်မိတာ အဲဒီလူတွေက ဆိုက်ထဲက အက်ဒမင်လူကြီးမင်းများဖြစ်နေတာကိုပါ။

ရေးတဲ့လက်သင်ကို ရေးရဲအောင် အားပေးတာပါဘဲ။

တစ်ရက်မှာတော့ အင်တာနက်ဆိုင်ထဲမှာ ကလေးတွေဆူညံပြီး ချက်တင်ထိုင်တာတွေ့တော့

“ချက်တင်ချစ်သူ” ဆိုပြီး ပေါ့ပ် ကဗျာလေးရေးလိုက်တာ ကော်မင်းတွေရာကျော်အောင်ရဘူးသွားပါတယ်။

နောက်တော့ ရေးသက်လဲရလာတော့ ဆိုက်ပေါင်းစုံမှာရေးတော့ လူပေါင်းစုံရဲ့ကော်မင်းတွေကို ရလာရ

ဖတ်လာရပါတယ်။

သဘောတူလို့ လက်ခုပ်တီးသူ သဘောမတူလို့ လက်အောက်စိုက်သူ

ကလော်တဲ့သဘောနဲ့ မတော် တရော်ဆဲသူစုံလို့ပါဘဲ။

ကျနော်လဲ ပို်စ်တွေဆက်တိုက်ရေးတာ အပုဒ်လေးငါးဆယ်လောက်ရောက်သွားပါတယ်။

2010 အေပရယ်လ မှာ ကျနော်ဆီကို မန်းလေးဂေဇက် အသင်းဝင်ဘို့စာလေးတစ်စောင်ရောက်လာပါတယ်။

သူ့ဆွဲဆောင်မူ့က ကောင်းပါတယ်။

စာရေးရင်အမှတ်ပေးမယ် အမှတ်တစ်သိန်းရရင် ပိုက်ဆံပေးမယ်ဆိုတော့ မက်မောချင်စရာ။

အင်တာနက်စာရေးတယ်ဆို တာ ကျနော်တို့လို “ဖိုးရေးချင်”တွေ ခဗျာမှာ အချိန်ကုန် ငွေကုန်

အင်အားကုန် အောင် အားထုတ်မှ စာလေးတပုဒ်ထွက်လာ။

အဆင်ပြေတာကတော့ဘယ်သူ့ဆီမှ တင်ပြစရာမလို၊

အယ်ဒီတာမလို ဆင်ဆာမလိုဘဲ ကိုယ်တင်ပြချင်တာ ချက်ခြင်း စာမျက်နှာပေါ်ရောက်သွားတာကိုး။

ဖတ်ပြီးကြိုက်တယ် မကြိုက်ဘူးကလဲ တင်ပြီးလို့ ခဏအတွင်းမှာကော်မင်းတွေတက်လာတာကိုး။

နောက်တော့ လဲ “ရေးချင်ပိုး”ရဲ့အရှိန်ရယ် ကော်မင်းတွေရဲ့ အားပေးတာတွေရယ်ပေါင်းပြီးစာတွေ

ရာချီပြီးရေးဖြစ်ပါတော့တယ်။

အဲဒီကစပြီး  အသင်းဝင်ဘို့စာတွေရောက်လာလိုက်ကော်ပီကူးပြီး တပြိုင်တည်းတင်ပေးလိုက်နဲ့  နိုင်ဆိုက်ပေါင်းစုံမှာရေးဖြစ်ခဲ့ပါတယ်။

(ရွှေအိမ်စည် ဩဘာပေးခဲ့သလို  နိုင်ဆိုဒ်ပေါင်းစုံမှာလှည့်လိမ်နေတဲ့သူဖြစ်မှန်းမသိဖြစ်လာပါတယ်)

အဲဒီမှာသိလာတာက မန်းလေးဂေဇက်မှာပေးတဲ့ကော်မင်းတွေက စာကို တကယ်ဖတ်ပြီးမှ ပျစ်ပျစ်နှစ်နှစ်ဝေဖန်

တဲ့ ဆိုက်ဆိုတာသိလာပါတယ်။

အတော်များများဆို်က်တွေက လူငယ်တွေနဲ့သာ ဖွဲ့စည်းထားတာများတော့ ကြိုက်တယ်မကြိုက်ဘူးလောက်ပါဘဲ။

“ဟိုမရောက် ဒီမရောက်ပေါက်တတ်ကရ”ဆိုတဲ့ပိုစ်မှာ ဝေဖန်ထားတာတွေက တကယ့်ကို အလေးအနက်ကြီး။

(အဲဒီမှာ အဘဖောနဲ့စတွေ့တာပါဘဲ။ရွာထဲမှာမပြောချင်တဲ့စကားတွေကို စာသီးသန့်သူ့ဆီပို့ပေးလိုက်တာပါ။ဲ)

နောက်တော့ မန်းလေးဂေဇက်မှာ ပင်တိုင်လိုရေးရင် ကော်မင်းတွေကို ဖတ်ရင်း ၊

တစ်ခါတစ်ရံမှာ မတူတဲ့အမြင်တွေကို အပြန်အလှန်ပြောရင်း စာတွေလဲပိုဲရေးဖြစ်ပါတယ်။

တစ်ခါတစ်လေမှာတော့ ရွာကို ထိပါးတယ်လို့ ထင်သူများကိုလဲ ကော်မင်းများနဲ့ တုန့်ပြန်ခဲ့ဘူးပါတယ်။

ကိုယ်ရေးတဲ့ပိုစ်ကို လာပြောတာမဟုတ်ပေမယ့် စာရေးဖော်အချင်းချင်းကို ထိခိုက်လာတယ်ထင်ရင်

ကော်မင်းတွေပေးပြီး တစ်တပ်တစ်အား ပါဝင်ဆင်နွဲခဲ့ပါတယ်။

အဲလို ကော်မင်းအပေးကောင်းလို့လဲ

(ကော်ဘရာက ကိုပေါက်က သူများကို နာအောင်အတော်လေးအကွက်ကျကျပြောနိုင်သူုလို့ မှတ်ချက်ပေး။

မနောဖြူလေးက ဟောင်ဖွာဟောင်ဖွာလုပ်တဲ့ကိုပေါက် ဆိုပြီး ရယ်သွမ်းသွေး။

အခုနောက်ဆုံး ဘလက်ချောတင်ပေးတဲ့ ကိုပေါက်ဆိုသည်မှာထဲမှာ မဝေက

အနေတော့အေးတယ် ရန်တွေ့ရင်တော့ အကွက်စေ့တယ်လို့ ကောက်ချက်ချခံရပါတယ်။)

ဒီမှတ်ချက်တွေက စိတ်ဆိုးစရာမဟုတ်ပါ.။

သူ့စိတ်ထဲရှိတဲ့အမြင်ကို ရင်းနှီးပွင်းလင်းစွာမှတ်ချက်ပေးတာကို လက်ခံရမှာပါဘဲ။

 

နောက်စာတွေအရေးများလာတော့ မိတ်ဆွေတွေလဲတိုးလာပါတယ်။

အဲတော့ သူသူကိုယ်ကိုယ် ပိုစ်အသစ်တင်ထားပြီးရင် အချင်းချင်းဖတ်ဖြစ်အောင်

ဝင်ရောက်ဆွေးနွေးဖြစ်အောင် အသစ်တင်ထားကြောင်း သတင်းပေးတတ်ကြပါတယ်။

တစ်ခါတစ်လေတော့လဲ ရွာကိုလာရောက်နှောင်ယှက်သူ လို့ထင်ရတဲ့ပိုစ်များကို ဝိုင်းဝန်း

ကော်မင်းတွေပေးကြပြန်တော့ “ခွေး” နဲ့အနိုင်းခံရတာမျိုးလဲကြုံဘူးပါရဲ့။

ဘယ်လိုဘဲပြောပြော မန်းလေးဂေဇက်က ကော်မင်းတွေက အဆီအသားပါတယ်လိုု့ဆိုချင်ပါရဲ့။

တစ်ခါတစ်ရံ တင်ထားတဲ့ပို်စ်နဲ့မဆို်င်တဲ့ ကွဲထွက်သွားတဲ့ဆွေးနွေးချက်တွေကလဲအားရစရာ။

(မအမ်းစကောင်း အမ်းစကောင်း)ဆိုတဲ့ အနုတ်ရှားတာကိုရေးထားတာကနေ ဒင်္ဂါးပြားတွေရဲ့

သမိုင်းကြောင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။

တစ်ခါတစ်လေတော့လဲ မဆို်င်တဲ့ဟာသတွေ တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းရာကနေ

အယူအဆမတူတာကနေ မာန်ဟုန်တွေပြင်းသထက်ပြင်းပြီး ဆဲကြဆိုကြထိဖြစ်တဲ့အခါလဲဖြစ်ပေါ့။

တစ်ခုရှိတာက ကော်မင်းဆိုတာ အသင်းဝင်ထားသူများသာပေးလို့ရတာလေးဖြစ်နေတော့

အပြင်က စာဖတ်သူများနဲ့ မသက်ဆိုင်ပြန်သလို အပြင်လူများဝင်ရောက် ဆင်နွဲလို့မရပြန်ပါဘူး။

(ရွာထဲမှာက အသင်းမဝင် ကော်မင်းမပေးပေမယ့် စာဝင်ဖတ်နေသူအများကြီးပါ)

 

တစ်ခါ သူကြီးက အသင်းမဝင်ပေမယ် အများနည်းတူ ပါဝင်ဆင်နွဲလို့ရအောင်

ဖန်စီရင်ပေးလိုက်တဲ့ ကြိုက်တယ် မကြိုက်ဘူး ဆန္ဒပေးလို့ရတယ်ဆိုတဲ့

အစိမ်း + နဲ့ အနီ- ကလေးကလဲ ခေတ်စားလို့လာပြန်ပါတယ်။

 

စစခြင်းကတော့ ဒီအနအစိမ်းလေးကို တကယ်ကိုကောင်းမွန်စွာအသုံးချခဲ့ကြပါတယ်။

ကို်ယ့်ရေးလိုက်တဲ့ကော်မင်းမှာ အနီလေးများတွေရင် ငါဘာများမှားသွားလဲ ဆို

အသဲအသန် ပြန်ဖတ်ရပါတယ်။

အစိမ်းလေးတွေများတွေ့ရင် ပျော်လို့ပေါ့  ငါကိုထောက်ခံသူတွေရှိတယ်ပေါ့။

နောက်တော့ အစိမ်းတွေများလာရင် ကော်မင်းကိုအရောင်ခြယ်ပေး

အနီတွေများလာရင် မသင့်တော်ရင် ကော်မင်းကို ဖတ်ချင်သူမှသာ ဖတ်လို့ရအောင်

ဖျောက်ထားပေးပါတယ်။

 

အခုနောက်ပိုင်းမှာတော့ ပေးထားတဲ့အခွင့်အရေးတွေကို တလွဲအသုံးချတဲ့သူတွေပါလာပါတယ်။

အနီမဖြစ်လောက်တဲ့ ကော်မင်းကို အနီတွေပေးလို့ပေး။

ရေးထားတာ ကောင်းတာ မကောင်းတာ ထက် ကိုယ်နဲ့စိတ်အခန့်မသင့်သူကို အနီတွေပေးလိုပေး။

ကိုယ်နဲ့ မသင့်မြတ်တဲ့အဖွဲ့ကလူတွေကို အနီပေးလိုပေးနဲ့ စည်းပျက်ကမ်းပျက်ဖြစ်လာပါတယ်။

အဘဆွေတို့လို သူများကို ညှာတာတတ်သူများကတော့ မရသင့်ဘဲရထားတဲ့ အနီတွေကို အချိန်ကုန်ခံ

ပြီးလိုက်ဖျက်ပေးပါတယ်။

(အနီရထားတဲ့ လူကို အစိမ်းရောင် +လေးပေးလိုက်ရင် အနီ-ပျောက်သွားပါတယ်။

ဒါပေမယ် အချိန်ကုန်ပါတယ်။)

နောက်ကိုယ့်မိတ်ဆွေတွေ ကို မပေးသင့်ဘဲ လက်ဆော့ပေးထားတဲ့ အနီကို တွေ့ရင် ဝိုင်းဖျက်ပေးကြသလို

ကိုယ့်မိတ်ဆွေနဲ့ သူများ အငြင်းအခုန်ဖြစ်ရင်လဲ ကိုယ်နှစ်သက်တဲ့ဘက်ကိုအစိမ်းပေး။

မိတ်ဆွေမှာ အနီတွေရနေရင် လဲဝိုင်းဖျက်ပေးနဲ့ အပြန်အလှန်ကူညီကြပါတယ်။

တကယ်တော့ အသင်းမဝင်သူများကို ပါဝင်ခွင့်ရအောင် စီမံပေးတဲ့ သူကြီးရဲ့ရည်ရွယ်ချက်တွေက

လက်ဆော့သူ သတ္တိကြောင်သူများလက်မှာပျက်စီးသွားတာပါဘဲ။

အကြောင်းအရာတစ်ခုကို ကိုယ်မကြိုက်တာကို မကြိုက်ဘူးပြောခွင့် ကြိုက်တာကို ကြိုက်တယ်ပြောခွင့်ကတော့

အသင်းဝင်တို်င်းမှာ ရှိပါတယ်။

ဒါပေမယ့် ကိုယ့်နာမယ်ကပေါ်နေမှာပါ။

အနီ-နဲ့ +အစိမး်ကတော့ ဘယ်သူဖြစ်ဖြစ်ဝင်ပေးလို့ရနေပါတယ်။

အဲတော သတ္တိကြောင်သူများကတော့ ဒီအခွင့်အရေးကို အသုံးချလို့ လက်သီးပုန်းထိုးနေတာကို

အသင်းဝင်ထားတဲ့ရွာသူရွာသားများ တစ်ဖက်သတ်ခံရတာပါဘဲ။

ဒီအထဲမှာ သူကြီးက ကိစ္စတစ်ခုကို ဒီ +တွေ -တွေနဲ့ ဆုံးဖြတ်မယ်လို့ ပြောခဲ့ဘူးပါသေးတယ်။

ကဲအခုတော့  သူရဲဘောကြောင်သူလက်ထဲမှာ ချောင်ထဲကနေ ချောင်းပစ်လို့ရတဲ့

လက်နက်ကတော့ရောက်နေပါပြီ။

ရှေးရှေးက အဆိုတော်ကြီးမေလှမြိုင်သီဆိုခဲ့တဲ့သီချင်းလေးတပုဒ်ကစာသားကို

သူကြီးအတွက် ရေးပေးလိုက်ပါတယ်။

ဒီလိုဘဲကြည့်နေလို့တော့ ပြီးမှာလားမောင်ရေ…………………………………..တဲ့။

ကဲ သူကြီးရေခင်ဗျားဖြေရမယ့်အလှည့်တော့ရောက်လာပြီနော်…….

ကိုယ်က စေတနာနဲ့ဆောင်ရွက်ထားတာကိုပေါက်ကရအသုံးချတဲ့လူတွေကတော့ရှိလာပြီ။

ကဲ အခုဘယ်လိုလုပ်မလဲ ? ? ? ?? ? ? ? ??

? ? ? ?? ? ? ? ?? ? ? ? ??

 

 

 

 

 

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

(31-12-2011)

 

 

 

 

 

 

 

 

 

65 comments

  • nozomi

    January 2, 2012 at 1:19 pm

    အခု ပို့စ်တွေမှာ အနီ အစိမ်း ပေးတာကို ဘယ်သူပေးတယ်ဆိုတာတော့ မသိနိုင်ဘူး

    သူများမသိနိုင်ပေမဲ့ ၊ ပေးတဲ့သူ ကိုယ်တိုင်တော့ သိပါတယ်
    အရေးအသား ၊ အယူအဆ ကြိုက်လို့ စိမ်းလိုက်တယ် ၊ အယူအဆကို သဘောမတူလို့ နီလိုက်တယ်ဆိုတာ ပြသာနာ မဟုတ်ပေမဲ့ အကြောင်းမဲ့ သက်သက် နီ သူတွေအဖို့တော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံ စရာပါ

  • Onyx

    January 2, 2012 at 1:43 pm

    ဘာကြောင့်နီတယ် စိမ်းတယ် ဆိုတာကို ရေးပြီးမှ နီလို့စိမ်းလို့ ရအောင်သာလုပ်ပေးပါ လို့သဂျီး
    ကျွန်တော်က အခု မှ စာစရေးမှာဆိုတော့ တော်ကြာနေ နီတွေပဲ ဆို စိတ်ပိန်သွားတော့မယ်

  • “ဘီလူးကြီး”ogre

    January 2, 2012 at 6:28 pm

    လက်ညိုးထောင်ကိုယ်ရောင်လင်းလိုက်မယ်
    အမှောင်တွင်းကမြင်စေ….တိန်တိန်တိန်…
    ကျုပ်လိုက်နီနေတာဗျ ..အကိုပေါက်ကိုမကျေနပ်လို့
    ကျုပ်ကို အပေါက်ကစောင့်မယ်တဲ့
    ဒီလူကြီးရက်စက်တယ် ..အကုန်နီပစ်မယ်..ဒါဗျဲ… 🙂 🙂

  • အပေါက်ကစောင့်ဆို မင်းနဲ့ငါက ဘဝတူတွေလေကွာ
    စပွန်ဆာ အတူတူရှာမယ်လေ
    ဒီလောက်ဆို သဘောပေါက်

  • padonmar

    January 2, 2012 at 8:54 pm

    ကျွန်မတို့က ကွန်မန့်ဆိုတာလည်း သဘောတူလို့ပေးတာဖြစ်ဖြစ် သဘောမတူလို့ပေးတာဖြစ်ဖြစ် ခင်လို့ အားပေးတာဖြစ်ဖြစ် စာရေးသူအပေါ်လေးစားမှု နဲ့ အချိန်ကုန်ခံ ဉာဏ်ထုတ်ရေးကြတာမို့လို့ အလကားနေရင်း နီခံရတာကို မနှစ်သက်နိုင်ပါဘူး။

  • မိုးတိမ်

    May 16, 2012 at 12:42 am

    မှန်ပါတယ်ခင်ဗျား။အချိန်ကုန်ခံပြီး +ve လုပ်ပေးခဲ့ဘူးကြောင်း ကော်မန့်တစ်ခုတွင်ရေးသားခဲ့ဖူးပါ၏။
    ဘာမှအပြစ်မလုပ်သောသူအား -ve ပေးသောစိတ်ဓါတ်ကို မခံစားနှိုင်ပါ။ကျွန်တော်ကတော့ ဟုတ်လို့ပေး
    ရင်ဘာမှမပြောလိုသော်လည်း မဟုတ်ပဲနီနေတာတော့ ပေးသူများအား ငကြောက်များဟုသာခေါ်ချင်ပါ
    သည်။အခွင့်ရေးသမားများ၊ အချောင်သမားများမှာ သည်ဒီလိုစိတ်ရှိကြောင်းသိပါ၏။တရားဝင် စာရေးတော့
    မည်ဖြစ်သဖြင့် gazette(တရားဝင်)ကျေငြာပါသည်။လက်သီးပုန်းများအား စိတ်ဝင်စားစရာဟု မမှတ်ယူပါ။
    ကြိုက်သလောက်နီနှိုင်ပါ၏။မှန်သာကိုသာပြောမည် လွန်လာရင် ဗျင်းမည်။မမှန်ဘူးထင်ရင် နီယုံမကလို့
    ဆဲချင်ရင် ဆဲနှိုင်ပါ၏။ဆဲသင့်သူကိုလဲ ကျွန်တော်ဆဲပါမည်။လွန်စွာမမိုက်ရိုင်းပါက အေးဆေးနေပါသည်။
    ကျွန်တော်မှားပါက ကြိုက်သလိုဆဲ ငြိမ်နေလိုက်ပါမည်။အခုတော့အပေါ်က ကွန်မန့်တွေမှာ အနီကော
    အစိမ်းကောမတွေ့သဖြင့် ဘာမှလုပ်မသွားပါ။
    စကားမစပ်။ ။ကိုပေါက် ခင်ဗျားရိုက်တဲ့ပုံတွေအရမ်းကောင်းတယ်။ပြောချင်နေတာကြာပေမယ့် ဝင်ရေး
    ရမှာပျင်းလို့ပါဗျ။ရေထဲနဲ့ အပြင်ကအလင်းပုံသိပ်ကြိုက်ခဲ့ပါတယ်။

  • မိုးတိမ်ရေ
    စာရေးမယ်ဆိုုလို့ ဝမ်းသာပါ၏။
    မတူသောအမြင်တွေဖလှယ်ကြတဲ့နေရာလေးမှာ ငြိမ်းချမ်းစွာကွဲလွဲကြပါစို့။
    ဓါတ်ပုံမှာတော့ ကျနော်က ကင်မရာသေးသေးနဲ့လက်ဆော့ နေတဲ့ဝါသနရှင်ပါ။
    နှစ်သက်တယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။.

  • Khaing Khaing

    May 16, 2012 at 11:38 am

    လေးပေါက်ရေ မတူသောအမြင်တွေဖလှယ်ကြတဲ့နေရာမှာ ငြိမ်းချမ်းစွာကွဲလွဲတာ ပျော်စရာပါ …… ကိုယ်မကျေနပ်တာကို မကျေနပ်သလိုဝေဖန်နိုင်ပါတယ် ……. နီတယ်ဆိုတဲ့သဘောက စာမရေးတတ် မဝေဖန်တတ်လို့ လက်သီးပုန်းလုပ်နေတဲ့သဘောဆောင်ပါတယ် ……. နောက်တခုက ပို့စ်ပိုင်ရှင်ကိုပဲ အမြင် မကြည်ရင်ဖြစ်ဖြစ် ကော်မန့်ပေးသူကိုအမြင်မကြည်ရင်ဖြစ်ဖြစ် ပြန်လည်ပြောဆိုဝေဖန်ချင်တဲ့သတ္တိကိုမွေး စေချင်ပါတယ် မမွေးနိုင်ရင် အဲဒီပို့စ်တွေထဲကို ဝင်မဖတ်စေချင်ဘူး ကိုယ့်ရဲ့လုပ်ရပ်ကို အများမသိပေမယ့် ကိုယ့်လိပ်ပြာ ကိုယ့်ကိုယ်စောင့်နတ်ကတော့သိနေမှာပါ ….. သူတပါးကိုလိမ်ခြင်းထက် မိမိကိုယ်ကိုလိမ်တာ အလွန်ကိုပင်ပန်းဆင်းရဲဒုက္ခများလှပါတယ် ………. နောက်တစ်ခုက ရွာထဲမှာအမြင်ကွဲလွဲတာလေးတွေကို ရွာအပြင်ကိုမခေါ်ခဲ့စေချင်ပါဘူး ……. ရွာထဲမှာဘယ်လိုပဲ သဘောထားကွဲလွဲပေမယ့် အပြင်မှာတော့ ခင်ခင် မင်မင်ပဲ နေသွားစေချင်ပါတယ် ……..

  • kyeemite

    May 16, 2012 at 4:17 pm

    ကြီးမိုက်ဘာမှဝင်ပြောစရာမလိုတော့ဘူးထင်ပါတယ်ကိုပေါက်..
    ပြောကြတာလည်းစုံနေပီဘဲလေ..ကြီးမိုက်ဆိုတဲ့ကောင်ကတော့
    နီနီ စိမ်းစိမ်း ..ရွာထဲမှာ ဆက်ပီးမိုက်ပါမည်။ဒါဗြဲ။

  • အတူတူဘဲ နီခြင်းစိမ်းခြင်း သူ့ဘာသာသူရှိနေပါစေ
    ကျနော်ကတော့ ကိုယ်လုပ်စရာကိုယ်ဆက်လုပ်မှာဘဲ။
    ဒါကြောင့် ပိုစ်တွေနေ့တိုင်းတက်နေတာပေါ့ ကိုမိုက်ေ၇

  • Mr. MarGa

    September 3, 2013 at 10:50 pm

    ဒီ အနီ အစိမ်း သံသရာ ဘယ်အချိန်မှများ အဆုံးသတ်တော့မယ်မသိ
    အခုထိတော့ အနီဂိုဏ်းက ဇွဲမလျှော့ဘဲ ဆက်လက် ချီတက်နေဆဲ ပါပဲ။

Leave a Reply