အဆဲခံခြင်လို့ကိုရေးတယ် ( ၃ ) ( မီးသတ် )

Foreign ResidentDecember 31, 20111min32650

အဆဲခံခြင်လို့ကိုရေးတယ် ( ၃ )

အင်းးးးးး ဒီ Post ကတော့
ကြုံတုန်းလေး ကိုဘုန်းကျော် Post
“ Ministry for Work Safe လိုနေပြီ “ မှာ
ဝင်အဆဲခံလိုက်ဦးမှ ဆိုပြီး
Comment ဝင်ရေးရင်းက
ဖြစ်လာတာပါ။

ကိုဘုန်းကျော်ရေ
မြန်မာနိုင်ငံမှာ Occupational Health and Safety ကို
သင်ကြားနေတဲ့ နေရာ တော်တော်များများ ရှိပါတယ် ။
အလုပ်သမားဝန်ကြီးဌာန မှာလည်း အဲဒီ သင်တန်းရှိပါတယ် ။
အဘ ရဲ့ အမေက အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှာ
အလုပ်လုပ်ခဲ့ဘူးတဲ့ ဆရာဝန်မို့လို့ သိရတာပါ ။

မြန်မာနိုင်ငံထဲမှာ ထဲထဲဝင်ဝင် ပညာမသင်ခဲ့ရသေးပဲ
ပညာတတ် ဒါမှမဟုတ် နားကြီး မျက်စိကြီး အသိုင်းအဝိုင်း နှင့်လည်း မနီးစပ်ပဲ
ပြည်ပ ကနေဝေဖန်ရင် လွဲသွားနိုင် အစွန်းရောက်သွားနိုင် ပါတယ်ကွယ် ။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကတော့ ( အဘ Personal အမြင်ပါ )
Technically တတ်ကျွမ်းတဲ့ ပညာရှင် အနည်းငယ် ရှိပြီး ပြန့်ကျဲနေပါတယ် ။
လုံးဝ မရှိတာတော့ မဟုတ်ပါဘူးကွယ် ။
Updated ဖြစ်မဖြစ် ကတော့ သံသယ ဝင်စရာပေါ့နော် ။

ဒါပေမယ့် အဲဒီ ပညာရှင်တွေမှာလဲ
တန်ဖိုးထားမခံရ နေရာပေးမခံရ Update လဲလုပ်ခွင့်မရတော့
ပညာရှင်တွေခမျာမှာ စိတ်ဓါတ်လဲကျ တုံးလဲတုံး လာပြီး
တဖြေးဖြေး vanish ပျောက်ကွယ်သွားပါတယ် ။
ပညာရှင်တွေအတွက် ပိုက်ဆံမဟုတ်တောင် နေရာ နှင့်
update လုပ်ခွင့် လေးတော့ အမြန်လုပ်ပေးရပါတော့မယ် ။

ဒါနှင့် စကားမစပ်
အခု ရက်ပိုင်း ဖြစ်နေတဲ့ မီးလောင်မှုတွေနှင့် ပါတ်သက်လို့
အဘ Personal အမြင်ကို ပြောရမယ်ဆိုရင်
” မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အပေါင်းတို့ ပြင်သာထားကြပေတော့ ”
လို့သာ ပြောချင်တာပါပဲ ။

ထုံးစံအတိုင်း ဆင်းရဲမှုကတော့ အားလုံးရဲ့ အရင်းခံ အကြောင်းတရားပေါ့လေ ။

ဆင်းရဲတော့ မီးကြိုး ကောင်းကောင်းတွေ ဝယ်မသုံးနိုင်
မြန်မာနိုင်ငံအတွက်သာသီးသန့် တရုတ်ကထုတ်ပေးလိုက်တဲ့
အညံ့စား အပေါစား မီးကြိုးတွေကို ဝယ်သုံးကြ ။

အစိုးရမင်းများပေးနေတဲ့ လျှပ်စစ် ဓါတ်အားကလည်း
ဆောင့်တက်လိုက် ဆောင့်ကျလိုက် နှင့် ဆိုတော့ကာ
မီးလောင်မှု ဆယ်မှုမှာ ရှစ်မှုလောက်က ဝါယာရှော့ ။

အဆောက် အဦးတွေကလည်း ဖြစ်သလို ပြွတ်သိပ် ကျပ်ငြပ်ပြီး ဆောက်ထားကြ ။

မီးသတ်ဦးစီးဌာနကိုချပေးတဲ့ ဘတ်ဂျက်ကလည်း ဆင့်ပါးစပ် နှမ်းပက်သလောက် ။
ခောတ်မီ မီးသတ် ကိရိယာများ နှင့် နည်းပညာများကလည်း မရှိ ဆိုတော့ကာ ၊

မီးသတ် ဝန်ထမ်းများခမျာ မတော့
ကံဆိုး လွန်းလို့ မြန်မာနိုင်ငံမှာ လူဖြစ်ရတယ် ။
အဲဒီအထဲကမှ ထပ် ကံဆိုး လွန်းလို့ မီးသတ်ဖြစ်ရတယ်လို့သာ
ငိုချင်းချကြဖို့ ရှိရပါတော့တယ် ။

ကြုံတုံး အဘတို့ သင်္ဘောတွေမှာ
( တနည်း နိုင်ငံတကာကလက်ခံထားတဲ့ Standard ပေါ့လေ )
ကျင့်သုံးနေတဲ့ Fire & Safety အလေ့အထ လေးတွေ ဗဟုသုတ ဝေငှချင်ပါတယ် ။
အဘထက် ပညာဉာဏ် ကြီးမားသူတွေပါရင် သီးခံပါကွယ် ။ မသိသေးသူများအတွက်ပါ ။

Protective gear ( ဘေးအန္တရာယ် ကာကွယ်တဲ့ ဝတ်စုံ or ပစ္စည်း )
အပြည့်အစုံ ထုတ်ပေး / ဝတ်ဆင် ရကြောင်းကတော့ ရှင်းလွန်း ရိုးလွန်းလို့ မရေးတော့ပါဘူး ။
လုပ်ပုံကိုင်ပုံ Procedure နှင့် တွေးပုံခေါ်ပုံ Idea လေးပဲ တင်ပြပါရစေ ။

ပထမဦးဆုံး ဘာအလုပ်မဆို မခိုင်းခင်မှာ အရာရှိက
Risk Assessment Form ( ဘေးအန္တရာယ် စီစစ်မှု ပုံစံ ) ဖြည့်ရပါတယ် ။
ဥပမာ – သံချေးခေါက်ခိုင်းမယ် ဆိုရင် မျက်စိကို သံချေးဖတ်စင် နိုင်တယ် ။ မီးပွားထွက် နိုင်တယ် ။

ပြီးရင် အဲဒီ ဘေးအန္တရာယ်ကို Category ( အန္တရာယ်ရှိမှု အဆင့် ) ထပ်ခွဲရပါတယ် ။
ဥပမာ – Unlikely ဖြစ်ခဲ ၊ Imminent ဖြစ်ကို ဖြစ်မှာ ။

ပြီးမှ အန္တရာယ်ရှိမှု အဆင့်ပေါ်မူတည်ပြီး Precaution တွေယူ Permit တွေတောင်းခံရပါတယ် ။
ဥပမာ – သံချေးဖတ်စင် နိုင်ရင် Precaution/Protection အရ Goggle မျက်မှန်တပ်ရပါတယ် ။
ဥပမာ – Electrical Hazard ရှိရင် ရှိကြောင်း Sign/Placard ပြထားရပါမယ် ။
ဥပမာ – Hot work ( မီးပွား ထွက်မယ့် ) အလုပ် ပါရင် Hot Work Permit တောင်းခံရပါတယ် ။
ဥပမာ – အမြင့်တက်ရင် Working Aloft Permit တောင်းခံရပါတယ် ။

အဲဒီ Permit တွေအားလုံးကို
သင်္ဘောရဲ့ အကြီးဆုံး အုပ်ချုပ်သူ Captain ကိုယ်တိုင် လက်မှတ်ထိုးရပါတယ် ။
ပြီးရင် Captain မှ relevant သက်ဆိုင်ရာ ဌာန ပုဂ္ဂိုလ် အသီးသီးကို
ဒီအလုပ်တွေကို ဘယ်အချိန်မှာလုပ်မယ့်အကြောင်း ဆက်အသိပေးရပါတယ် ။

အဲဒီ Captain ကိုယ်တိုင် လက်မှတ်ထိုး ထားတဲ့ Permit မပြနိုင်ရင်
သင်္ဘောသားက မလုပ်ပဲ ငြင်းခွင့်ရှိပါတယ် ။

Deck Fitter တွေဆို
Hot Work Permit နေ့စဉ် အသစ် မပြနိုင်ရင် အလုပ် လုံးဝ မစပါဘူး ။

ဒါက Safety ပိုင်းပေါ့နော် Fire ပိုင်း အနေ နှင့် သင်္ဘောတိုင်းဟာ
IMDG ( International Maritime Dangerous Good ) Code
ဥပဒေ ကိုလိုက်နာရပါတယ် ။
အဲဒီထဲမှာ ဘယ် ပစ္စည်းတွေဟာ ဘယ်လို အန္တရာယ်ရှိတယ် ။
အဲဒီ ပစ္စည်းတွေကို ဘယ်လို သယ်ဆောင် ထားသိုရမယ်
ဘယ်လို Sign/Placard တပ်ထား ဖေါ်ပြထားရမယ်
ဆိုတာပြထားပါတယ် ။ လိုက်နာရပါတယ် ။

သင်္ဘောထဲကို မဝင်ခင် အဝမှာ အပြင်မှာတင်
International Shore Coupling နိုင်ငံတကာစံ မီးသတ် ပိုက်ဆက် ရှိရပါတယ် ။

နောက်တော့ သင်္ဘောထဲကို မဝင်ခင် အဝမှာ အပြင်မှာတင် Box တစ်ခု နှင့်

( ၁ ) သင်္ဘောတစ်စီးလုံးရဲ့ Safety Plan
( သင်္ဘော တည်ဆောက်ပုံ မြေပုံ ပုံစံ စာရွက် နှင့်
Safety & Fire ပစ္စည်းကိရိယာများ ထားသိုရာ နေရာ Detail )

( ၂ ) Cargo Plan သင်္ဘောတစ်စီးလုံးမှာ တင်ဆောင်ထားတဲ့
ကုန်အမျိုးအစားတွေ နှင့် တည်နေရာ

( ၃ ) အန္တရာယ်ရှိကုန်တွေရဲ့
အမျိုးအစား ပမာဏ အန္တရာယ် တည်နေရာ ငြိမ်းသတ်ပုံ

အဲဒါတွေ အမြဲတမ်း Update ရှိနေရပါမယ် ။ မရှိရင် အရေးယူပါတယ် ။

အဲဒီတော့ မီးလောင်ခဲ့ရင် မီးသတ်သမားက အဆောက်အဦး/သင်္ဘော ထဲ မဝင်ခင်မှာ
အဲဒီ Box ထဲက မြေပုံ ကုန်ပစ္စည်း အမျိုးအစား တည်နေရာ အန္တရာယ် အကုန်လုံးကို
တစ်နေရာထဲက တထိုင်တည်း စစ်ဆေးပြီး မီးသတ်မယ့်ပုံစံ ဆုံးဖြတ်နိုင်ပါတယ် ။

အခု ၂၉ ရက်နေ့ ပေါက်ကွဲမှုမှာ မီးသတ်သမား တွေခမျာ
လုံလောက်တဲ့ Information မရတော့
ဂိုဒေါင် နံပါတ် ၇၉ ကို မီးသတ်နေတုန်းမှာ
ဂိုဒေါင် နံပါတ် ၈ဝ က ထပေါက်ပြီး သေခဲ့ရတာပါ ။

စကားမစပ် ပေါ့နော် ၊
အဘ အနေနှင့် ဒီအဖြစ်အပျက်မှာ အပြစ်တင်ကြေးဆိုရင်
ဖြစ်လာတော့မှသာ ၊
အန္တရာယ်ရှိတဲ့ကုန်တွေကို အဲဒီနေရာမှာ ထားတဲ့ ကုန်ပိုင်ရှင်ကို တဦးတည်း အပြစ်ပုံမချချင်ပဲ ။

အဲဒီ အန္တရာယ်ရှိတဲ့ကုန်တွေကို တင်သွင်းခွင့် စုဆောင်းခွင့် လက်လွတ်စပယ်ထားခွင့် ပြုခဲ့တဲ့
လျော့ရဲပြီး ခေတ်မမှီ မပြည့်စုံတော့တဲ့ ဥပဒေ စနစ်ကြီး ကိုပဲ အပြစ်တင်ချင်ပါတယ် ။

ဒါ့အပြင် ၊ ဥပဒေ ပြဌာန်းယုံတင်မက အဲဒီ ဥပဒေ ကို ပြည်သူတွေ လိုက်နာချင်အောင်
ပံပိုးပေးရမယ့် ပံပိုးမှုတွေကလည်း အားနည်းလွန်းတယ် ထင်ပါတယ် ။

ဥပမာ ပြောမယ်နော်
အဘ တစ်နေ့က လမ်းဘေးမှာ မုန့်ဖက်ထုပ် ဝယ်စားတယ်ကွယ် ။
မုန့်ဖက်ထုပ်သည်ဆီမှာလည်း အမှိုက်ခြင်းက မရှိဘူး ။
အဘ လည်း ဩဇီက အကျင့် အတိုင်း အမှိုက် ဒီအတိုင်းပြစ်ချရမှာ ရှက်လို့
ဖက်လေးကိုင်ပြီး အမှိုက်ပုံး လိုက်ရှာပါတယ်
တစ် ဘလောက်လဲမတွေ့ နှစ် ဘလောက်လဲမတွေ့ နှင့်
ဟင်းးးးးး နောက်ဆုံးတော့ ။

အဲဒီ အဖြစ်အပျက်မှာ
အမှိုက် ဒီအတိုင်းပြစ်ချရင် ဒါဏ်ငွေ ရိုက်တဲ့ ဥပဒေ ပြဌာန်းရမှာဖြစ်သလို ၊
အဲဒီ ဥပဒေ ကို ပြည်သူတွေ လိုက်နာချင်အောင်
အမှိုက်ပုံးတွေလည်း ပံပိုးပေးရမှာ ဖြစ်ပါတယ် ။

အဆုံးသတ်အနေနှင့်ကတော့ ။

ဒီနေရာကနေပဲ ပြည်သူလူထုကြီး ရဲ့ အသက် စည်းစီမ် အတွက်
စွန့်လွှတ် စွန့်စား ခဲ့တဲ့ ၊ စွန့်လွှတ် စွန့်စား နေဆဲ
မီးသတ် သူရဲကောင်းတွေကို
လေးစားစွာ အလေးပြု လိုက်ပါတယ် ။

Salute to Our Real Hero !!!

ကြုံကြိုက်တုံး ပြောချင်တာ တစ်ခုကတော့
ဖွံဖြိုးတိုး တက်ပြီးတဲ့ နိုင်ငံကြီးတွေမှာ
တိုင်းပြည်ရဲ့ တကယ့်သူရဲကောင်းတွေဟာ
မီးသတ်သမား တွေပါ။

အဲဒီ မီးသတ်သမား တွေဟာလည်း
မီးသတ်ယုံတင်မက
ရှေးဦးသူနာပြု မှသည်
သစ်ပင်ပေါ်ရောက်နေတဲ့ ကြောင်ကို ပြန်ခေါ်ပေးတာအထိ
ပြည်သူရဲ့ ဝန်တာတွေကို ထမ်းဆောင်ရင်း
Civil Defense Force အဆင့်ကို ရောက်နေပါပြီ ။

တော်သေးဘီ ။

မြို့မေတ္တာခံယူမယ့် ။

အဘ FR ။

50 comments

  • htet way

    December 31, 2011 at 10:41 am

    အဘရေ
    ဗဟုသုတရပါပေတယ်ဗျာ
    မီးသတ်ကို သူရဲကောင်းလို့ ဆိုတာလည်းလက်ခံပါတယ်။
    လူရွှင်တော်တွေပျက်တာ သေစမ်းကွာ မီးသတ်ကကောင်တွေ ..ဆိုတုန်းက ပေါ့ပေါ့ပါးပါး
    လေးပဲရယ်မိပါတယ်။တကယ့်ကို မီးဘေးကြုံတော့ ဒီမီးသတ်တွေပဲလေ ကျေးဇူးကြီးမားပါတယ်

  • kaung kin pyar

    December 31, 2011 at 11:30 am

    ဟုတ်ပါတယ်။ မီးဘေးကြောင့်သေရတာကတော့ အတော်ကိုနာကျင်ခဲ့ရမှာပါ။ အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ရတဲ့သူတွေအတွက် လစာတွေကို ပြန်စဉ်းစားသင့်ပြီ ထင်ပါတယ်။

  • windtalker

    December 31, 2011 at 11:40 am

    မီးကြိုး ဆိုတာ ဖတ်ရလို ့…
    ဟုတ်တယ် တရုတ်က လာတဲ့ ၊ ကျူစီတော့ ရေးထားတာဘဲ
    ဒီကြိုးတွေ ဘဲ ဈေးကွက်ထဲမှာ ဝယ်လို ့ရတယ်
    နောက်ထပ်ရှိတာက မြန်မာနိုင်ငံမှာ စက်ရုံတည် ထုတ်ထားတယ် ဆိုတဲ့
    ကြိုးတွေပေါ့ ၊ အဲဒါကလည်း ကျူစီ ဘဲတဲ့
    နောက်ပြီး ရှိသေးတယ် ၊ ဝါယာကြိုး အဟောင်း သီးသန် ့ရောင်းတဲ့ ဆိုင်တွေ
    ကန်ထရိုက်တွေ ရဲ ့ဝိတ်ချ အသုံးပြုမှုကြောင့် ၊ ဈေးကွက်က ခိုင်မာတယ် ဗျ ။
    ကျုပ်နေတဲ့ တိုက် က ရှေးတိုက်ဗျ ၊ နှစ်ပေါင်း ၇ဝ လောက်တော့ သေချာပေါက် သက်တမ်းရှိတယ် ။
    ဘိုးဘွားတွေ လက်ထက်ကတည်းကပေါ့ဗျာ ၊ မီးကြိုးတွေ ဆင်ထားတာတော့ ၊ အနည်းဆုံး နှစ်ပေါင်း ၃၅ နှစ် အထက်ပေါ့ ၊ ဘာရှော့မှ မဖြစ်ခဲ့ဖူးကြောင်းပါဗျာ ။ ဒါပေမယ့် ပြီးခဲ့တဲ့ ငါးနှစ်လောက်ကတော့ ၊ မီးကြိုးတွေ လဲသင့်ပြီ ဆိုတာနဲ ့ ၊ အကုန်လဲလိုက်တယ် ။ အဲ့တုန်းက ဝါယာကြိုးအဟောင်းတွေ ကို ခွာကြည့်တော့ ၊ ကောင်းလိုက်တဲ့ ကြေးတွေဗျာ ၊ တစ်ကယ်ဘာ ၊ လွမ်းစာကြီး ……..

  • Wow

    December 31, 2011 at 1:08 pm

    ဒီနေရာကနေပဲ ပြည်သူလူထုကြီး ရဲ့ အသက် စည်းစီမ် အတွက်
    စွန့်လွှတ် စွန့်စား ခဲ့တဲ့ ၊ စွန့်လွှတ် စွန့်စား နေဆဲ
    မီးသတ် သူရဲကောင်းတွေကို
    လေးစားစွာ အလေးပြု လိုက်ပါတယ် ။
    Salute to Our Real Hero !
    ဆိုတဲ့ စကားကို ထောက်ခံပါတယ်။ ဟိုတစ်လောကလည်း လပြည့်ဝန်းပလာဇာ ဓာတ်လှေကားမှာ လူပိတ်မိနေတုံးကလဲ မီးသတ်ဦးစီးက ဝန်ထမ်းတွေပဲသွားကယ်ရတာပါ…
    မရှိမဲ့ရှိမဲ့ချို့တဲ့တဲ့အထောက်အကူပစ္စည်းတွေကြား အသက်တွေရင်းပြီး စွန့်စားရတာ မြန်မာ့မီးသတ်ရဲဘော်တွေပါ။
    စက်ဆန်းဂိုဒေါင်ပေါက်ကွဲမှုမှာ မီးသတ်ဦးစီး ညွန်မှုးရဲ့ မျက်ရည်ဝဲနေတဲ့ ပုံစံနဲ့ မီးသတ်ရဲဘော်တွေက မီးငြိမ်းဖို့အမြန်ဆုံးသွားပြီး သက်စွန့်စံဖြားငြိမ်းကြတာ ဒီလို ယမ်းစိမ်းတွေ ကမ်မစ်ကယ်တွေ သိုလှောင်ထားမှန်း ဘယ်သိကြမှာလဲ… ဆိုတဲ့ စကားကို ရင်နင့်အောင်ခံစားမိပါတယ်။

  • ကိုရင်စည်သူ

    December 31, 2011 at 1:34 pm

    အဘဖောရေ… မီးအာားက စောင့်တက်လိုက်
    စောင့်ပျက်လိုက်နဲ့ မီးဖိုးပိတ်ဖို့မေ့၊ ဟိုဟာမေ့ဒီဟာမေ့နဲ့
    မီးလောင်ကျတာများတယ်ဗျာ.. ဖြစ်လိုက်ရင်
    ဝါယာရှော့ဆိုတာချည်းပဲ… တတ်နိုင်ဘူး…
    သူရို့မီးမမှန်တာနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ
    ဆုံးရှူံးရတယ်….
    မီး.. မီး.. မီး.. 👿 👿

    • small cat

      January 1, 2012 at 10:23 am

      ဪ……………
      မီး —မီး
      မီး ကြောင့်
      မီး လောင်ရ
      မီး မကောင်းမှန်း
      မီး မမှန် မှန်း
      မီး ကဒုက္ခပေးမှန်းသိပေမဲ့
      မီး ကို မစွန့်လွှတ်နိုင်ပါလား
      မီး ရဲ့ဖြည့်စီးပေးနိုင်တာလေးတွေ ရှိနေတော့
      မီး မရှိရင် မနေတတ်ဖူး
      မီး မလာရင် တောင့်တမိတယ်
      မီး ရယ် မြန်မြန်ကောင်းပါတော့ကွယ်
      မီး မီး မီး မီး မီး မီး မီး

  • chityimhtoo

    December 31, 2011 at 1:50 pm

    မဆဲဘူး…ဘကြီးဖောကို တိပ်တိပ်ဂျစ်ဒယ်။ဒါမျိုးတွေရေးပေးလို့။လူ့အီးပေါလော ဘုန်းကျော်ဆိုတဲ့ကောင်
    မီးသတ်လုပ်ပြီးမီးထဲပါသွားရမှာ။
    သိုင်းကျူးဘဲရီးမတ်….. 🙂

  • pooch

    January 1, 2012 at 12:31 am

    အဘဖောရေ မီးသတ်တင် မဟုတ်ဖူးနော် ရှေးဦးသူနာပြုတွေ ပြည်သူ့ရဲ့ ဆိုတဲ့ လူတွေကိုပါ လုံလောက်တဲ့ ထောက်ပံ့မှု လစာ သင်တန်းတွေ ပေးပြီး စနစ်တကျ ကိုလုပ်သင့်နေတာ ပါ…

    • Foreign Resident

      January 1, 2012 at 12:46 pm

      ” ထုံးစံအတိုင်း ဆင်းရဲမှုကတော့ အားလုံးရဲ့ အရင်းခံ အကြောင်းတရားပေါ့လေ ”

      ဩ သမီး Pooch ရယ် ….
      တိုင်းပြည်က အမှန်တကယ်ဆင်းရဲပါတယ် လွန်စွာမွဲတေနေပါတယ်
      ပိုက်ဆံ မရှိပါဘူး ဆိုမှပဲ ပိုက်ဆံ ကုန်မယ့် ကိစ္စတွေပဲ ထပ်လုပ်ခိုင်းနေတယ် ။
      ဘတ်ဂျက် ဘတ်ဂျက် အရမ်း အရေးကြီးပါတယ်ကွယ် ၊ အခရာပဲ လို့ ပြောချင်ပါတယ် ။

      မြန်မာ နိုင်ငံ နှင့် Australia နိုင်ငံ တို့ရဲ့
      2011 ခုနှစ် အတွက် ဘတ်ဂျက် ဖြန့်ဝေမှု တွေယှဉ်ကြည့်လိုက်ရင်

      ကျန်းမာရေး မှာ မြန်မာနိုင်ငံက 1.30 % နှင့် Australiaနိုင်ငံက 16 %
      ပညာရေး မှာ မြန်မာနိုင်ငံက 4.13 % နှင့် Australiaနိုင်ငံက 8 %
      ကာကွယ်ရေး မှာ မြန်မာနိုင်ငံက 23.60 % နှင့် Australiaနိုင်ငံက 6 %
      လူမှုဖူလုံရေး မှာ Australiaနိုင်ငံက 33 %

      ဒီလို ဘတ်ဂျက် ဖြန့်ဝေမှု နှင့်ကတော့ သိကြားမင်းကြီး ဆင်းအုပ်ချုပ်တောင်
      သမီး ပြောခဲ့တဲ့ အချက်တွေ ဖြည့်စည်းနိုင်ဖို့ မလွယ်ပါဘူးကွယ် ။

      ဒါကြောင့် အခု အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေး ကိုတွန်းလုပ်နေရတာပေါ့ ။
      ပြည်တွင်း ငြိမ်းချမ်းရေး ရမှ ၊
      စစ်စရိတ်တွေ လျော့ကျသွားမှ ၊
      တိုင်းသူပြည်သားတွေရဲ့
      ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ကိစ္စတွေမှာ သုံးဖို့
      ပိုက်ဆံ ပိုထွက်လာမှာပေါ့ကွယ် ။

      By the way,
      သမီး တို့ နိုင်ငံတော်ကြီးကို ထိထိရောက်ရောက် ကူညီနိုင်တာ တစ်ခုကတော့
      သမီး တို့ ကိုယ့်ဖာသာကိုယ် ချမ်းသာအောင်သာ အစွမ်းကုန် ( အစွမ်းကုန် ) ကြိုးစားပါကွယ် ။
      သမီး တို့ တဦးချင်းစီတိုင်းက ချမ်းသာလာရင် နိုင်ငံ လဲ ချမ်းသာလာမှာပါကွယ် ။

  • nayminkabyar

    January 1, 2012 at 8:34 am

    ဟုတ်လိုက်လေ အဘရေ၊ ….တွေးမိ (တွေးမိ)….ကြဖို့လိုပါပြီဗျာ။

  • ဆူး

    January 1, 2012 at 12:05 pm

    ဦးဖော ပြောတာ ဗဟုသုတ ရပါတယ်။ မြို့မေတ္တာခံယူတယ် ပြောပြော အဆဲခံချင်တယ် ပြောပြော ဗိုက်ဆာနေတဲ့ သူ အတွက် ထမင်းရည်က ဗိုက်ပြည့်စေတဲ့ အစွမ်းပေးပါတယ်။
    မသိသေးတဲ့ သူတွေ အတွက်လည်း ဗဟုသုတ အသိပညာပေးစွမ်းပါတယ်။
    သိထားတော့ တချို့ကိစ္စတွေ သူများ ထက် ပိုပြီး မြင်တတ်လာတာပေါ့။ မြင်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ ပင်ကိုယ် ဗီဇ တုန့်ပြန်ချက် မြန်ဆန်တာတော့ ပြင်လို့ မရသေးဘူး။
    ကျေးဇူးတင်ပါတယ်။

  • weiwei

    January 1, 2012 at 2:09 pm

    မီးသတ်တစ်ယောက်ကို အဓိကဇာတ်ကောင်နေရာကထားပြီးရိုက်ထားတဲ့ဇာတ်ကားတစ်ခု ကြည့်ဖူးတယ် …
    ရုပ်ရှင်နံမည်က 15 minutes …

    စကားမစပ် အဘဖောရေ …
    ဩဇီနိုင်ငံသားမိတ်ဆွေတစ်ယောက် ရန်ကုန်လာလည်လို့ မတောက်တခေါက်ဂိုက်လုပ်ရင်း မော်လမြိုင်ကို အတူသွားဖြစ်ခဲ့တယ် …. တရုတ်ပြည်မှာ ဆရာလုပ်နေတဲ့ ဆရာ (အသက်ကြီးသူ) မို့ မြန်မာပြည်ကို အကောင်းဘက်ကနေပဲ ကြည့်ပေးသွားတယ် … တချို့အကြောင်းအရာ (ဘာသာရေး) တွေက ရှင်းပြရတော်တော်ခက်တယ် … အယူအဆကွဲတာလေးတွေရှိပေမယ့် ပျော်စရာကောင်းတဲ့ ခရီးတစ်ခုဖြစ်ခဲ့ပါတယ် …

  • phone_kyaw

    January 1, 2012 at 4:22 pm

    ကျနော်ပြောနေတာက ရန်ကုန်တက္ကသိုလ်တောင်မှာ OHS ဆိုတဲ့ ဘတ်ချလာအဆင့်တောင်မရှိတာကိုပြောတာပါ။ ခင်ဗျားလဲ ဩစီမှာနေတာပဲ။ သဘောပေါက်မှာပါ။ အလုပ်သမားဝန်ကြီးဌာက ပေးတဲ့သင်တန်းက ဘယ်နှစ်ရက်လဲဗျ။ ဒီလောက်ရက်တိုနဲ ့ဘယ်လိုမျိုးစီမံနိုင်မှာလဲ။ ကျနော်လည်း Edith Cowan Uni မှာ Unit တစ်ခုအနေနဲ ့ OHS ကိုလေ့လာဘူးပါတယ်။ အဘပြောတဲ့ဟာတွေကိုလည်း မိုင်းမှာ ခဏခဏ သင်ဘူးတယ်။ ဩစီက မိုင်းက ဘယ်လောက် စေ့ဖ်တီးကို ဂရုစိုက်လဲဆိုတာ သိမှာပါ။ တိုုင်းပြည်အတွက် ကျနော်ပြောနေတဲ့ ပလန်က Big Picture အတွက်ပါ။ တစ်ပတ်သင်တန်းလောက်တော့ အလုုပ်မဖြစ်ဘူးလေဗျာ။ ဒါနဲ ့စကားမစပ် ဩစီမှာ ခုန်ချပြီး မပြန်တော့ဘူးလားဗျ။ ပညာမဲ့တဲ့ စစ်ဗိုလ်ချုပ်တွေပါဗျာ။

    • Foreign Resident

      January 1, 2012 at 9:01 pm

      ကိုဘုန်းကျော် ရေ

      ကိုဘုန်းကျော်က ” Ministry for Work Safe လိုနေပြီ ” ဆိုတဲ့ Post ထဲမှာ
      ” ဒီပညာရပ်ကို မြန်မာနိုင်ငံမှာ သင်ကြားနေတာ မရှိပါဘူး ” လို့ပဲ ဆိုထားတာဆိုတော့
      အဘ လည်း သင်တော့သင်နေပါတယ် ဆိုတဲ့အကြောင်း အကြောင်းပြန်လိုက်တာပါကွယ် ။
      Bachelor, Master, PhD အထိ သင်မသင်ကတော့ အဘ လည်း
      သေချာ မစုံစမ်းရသေးတော့ အတိအကျ မပြောနိုင်ပါဘူးကွယ် ။

      ဒီလိုပါပဲ ၊
      ဖွံဖြိုးပြီး နိုင်ငံ မှာ အသားကျနေတဲ့ လူတွေရဲ့ အမြင်မှာတော့
      ဖွံဖြိုးဆဲ နိုင်ငံ တစ်ခုမှာ လိုအပ်နေတဲ့ အရာတွေ
      နေရာတိုင်းမှာ ( နည်းပညာ ၊ အတွေးအခေါ် ၊ ရုပ်ဝထ္ထု ပစ္စည်း )
      အများကြီး ရှိနေမှာပါပဲ ။

      အဲဒီ ဖွံဖြိုးပြီး နိုင်ငံကလူတွေရဲ့ အမြင် / အတွေးအခေါ် / အလေ့အကျင့် တွေဟာ
      မြန်မာ နိုင်ငံကို ဖွံ့ဖြိုးအောင် တည်ဆောက်တဲ့နေရာမှာ
      တတပ် တအား လိုအပ်တာကလည်း မှန်ပါတယ်ကွယ် ။

      အမှန်တော့ အဘလည်း မြန်မာ နိုင်ငံက လူတွေကို
      အဲဒီ အလေ့အထ အတွေးအခေါ် တွေနှင့် ယဉ်ပါးလာအောင်
      ကြားကနေ မနေနိုင် မထိုင်နိုင် စာတွေရေးပြနေမိပါတယ် ။

      ဒါပေမယ့် အဘတို့ လုပ်နိုင်တာ / လုပ်သင့်တာ ( လုပ်သင့်တာ ) က
      မြန်မာ နိုင်ငံက လူတွေ မျက်စိပွင့်ဖို့အတွက်သာ
      ဖွံဖြိုးပြီး နိုင်ငံကလူတွေရဲ့ အမြင် / အတွေးအခေါ် / အလေ့အကျင့် တွေကို
      တင်ပြယုံ ( တင်ပြယုံ ) သာပါကွယ် ။

      မှန်တယ် မမှန်ဘူး ၊ လိုက်နာသင့်တယ် မလိုက်နာသင့်ဘူး ၊
      ကောင်းတယ် မကောင်းဘူး ဆုံးဖြတ်မှာကတော့
      အုပ်ချုပ်ရေး အာဏာများရဲ့ ပိုင်ရှင် အမှန်ဖြစ်တဲ့
      မြန်မာပြည်သူ တွေ ကိုယ်တိုင်ပါပဲကွယ် ။

      အဲဒီတော့ ကြားကနေ မနေနိုင် မထိုင်နိုင် ဝင်ပြောနေမိတဲ့
      အဘ အနေ နှင့်တော့ အဘစာတွေထဲမှာ
      ဒေါသသံ ဒေါမနဿ စကား မပါအောင်
      ကြိုးစားရတာပေါ့နော် ။

      ” ပညာမဲ့တဲ့ စစ်ဗိုလ်ချုပ်တွေပါဗျာ ”

      ကိုဘုန်းကျော်ရဲ့ ခံစားချက်ကို နားလည်ပါတယ်ဗျာ ။

      ” ဒါနှင့် စကားမစပ် ဩစီမှာ ခုန်ချပြီး မပြန်တော့ဘူးလားဗျ ”

      အဘ က သင်္ဘော Captain ပါကွယ် ။
      သင်္ဘော Captain တွေက လစာ ကောင်းကြတဲ့ အတွက်
      ဩစီမှာ ခုန်ချလေ့ မရှိပါဘူးကွယ် ။
      ဩစီမှာ လာနေတဲ့ သင်္ဘော Captain တောင် ခပ်ရှားရှားပါကွယ် ။
      လက်ချိုးရေရင်တောင် လက်တဖက်စာ လောက်ပဲရှိတာပါ ။

      မှန်တာကို မကွယ်မဝှက် ဝန်ခံရရင်တော့ ဝိုင်းဆဲကြတော့မှာပဲ ။
      ဩစီမှာ Permanent အိမ်ဖေါ် ၊ မာလီ ၊ ဒရိုင်ဘာ နှင့်မှ မနေရတာကွယ် ။
      ဇိမ်သိပ်မခံရတဲ့ ဘဝတွေလို့ ဆိုရမှာပေါ့နော် ။

      နေ့စဉ် ဝင်ငွေ 2000 $ လောက်ရတဲ့ အဘ မိန်းမ ဆရာဝန်မကြီးကတောင် အဘကို
      Permanent အိမ်ဖေါ် ၊ မာလီ ၊ ဒရိုင်ဘာ နှင့် မထားနိုင်ပါဘူးကွယ် ။
      ( ရက်စက်ထာ ၊ ယောက်ကျား တစ်ယောက်ကို ယူတုန်းကယူထားပြီး
      ပြီးတော့ မျက်နှာလွှဲ ခဲပစ် ) Just Kidding နော် ။

      ” မပြန်တော့ဘူးလားဗျ ” ဆိုတာ နှင့် ပါတ်သက်ပြီးတော့
      အဘ နှစ်စဉ် မြန်မာပြည် ပြန်ပါတယ်ကွယ် ။
      အခု ဒီစာကိုလည်း ရန်ကုန် ကနေ ရေးနေတာပါကွယ် ။

      ကိုရင် ဘုန်းကျော် နှင့်လည်း တနေ့နေ့မှာ
      မြန်မာပြည် ဒါမှမဟုတ် Australia မှာ
      ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ် ။

      မေတ္တာဖြင့်
      အဘ Foreign Resident

    • Foreign Resident

      January 1, 2012 at 9:22 pm

      ဒါနှင့် စကားမစပ် ကိုရင် ဘုန်းကျော်ရဲ့ တချို့ Post တွေမှာ ဆဲရေးထားတဲ့
      ရွာသားများရဲ့ အပြုအမူအတွက် ကိုယ်စား အဘ တောင်းပန်ပါတယ် ။

      လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိပေမယ့်
      လွတ်လပ်စွာ ဆဲရေးခွင့် မရှိပါဘူး ။

      ရွာသားများရဲ့ ဆဲရေးထားတဲ့ အပြုအမူကြောင့်
      အဘ ကိုရင် ဘုန်းကျော်ရဲ့ တချို့ အစွန်းရောက်တယ်ထင်ရတဲ့ အယူအဆတွေကို
      ဝေဖန်ချင်တာတောင် မဝေဖန်နိုင် တော့ပါဘူးကွယ် ။
      တောင်းပဲ တောင်းပန် ရတော့မှာပဲ ။

  • Khin Latt

    January 1, 2012 at 9:05 pm

    အဘ ရေ မှတ်သား သွားပါတယ်။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    January 1, 2012 at 10:39 pm

    ဘယ်လိုဘဲပြောပြောနောက်ဆုံးတော့ ခင်ဗျားတို့ဟာ စာဖတ်ပြီး လေထဲတိုက်စောက်နေသူတွေဖြစ်ကုန်ဘီ
    ကျုပ်မလဲ ခင်ဗျားတို့လို သတ္တဝါတွေကို ဘယ်လို ပြောရမယ် တွေးတတ်တော့ဘူး
    စာတွေ့ထက် လက်တွေ့ကို အားထုတ်ကြဘို့တိုက်တွန်းပါတယ်
    ဒီအဖိုးကြီးက ချောင်တဲ့နေရာမှာလုပ်ခဲ့ဘူးတိုင်း အာနေတာကို ဝင်ပြီးထောက်ခံလို့ရမလား
    မီးသတ်ဖိုက်တာဆိုတာ ကင်းခလွတ်တယ် ပေါ်တာခလွတ်တယ် ဟုတ်ပါဘူး ယောင်လို့
    မီးသတ်သမားဆိုတာ မီးသတ်တဲ့အခါ ဘာဝတ်စုံ ညာဝတ်စုံ ဝတ်ရတယ်ဆိုတာ
    သူ့ဖွဲ့စည်းပုံ မှန်တဲ့နေရာကနေ ပြောတာပေါ့
    ဒါကတော့ဟုတ်ပါပြီ
    ဗမာပြည်မှာ ဒီလိုမရှိဘူး မရဘူး
    ကဲ …
    ခင်ဗျားတို့ ဘာလုပ်ခြင်လဲ
    ဘာတတ်နိုင်လဲ
    ဒီကိစ္စ အကောင်ထည်ပေါ်ရေး ခင်ဗျားတို့ ဘာစောက်ဖြစ်ရှိလဲ
    ဘာလုပ်ပေးလို့ရလဲ
    ဒီ
    ငါလိုးမသား စစ်အာဏာရှင်တွေ ရှိနေသ၍ ဘာမှ မပြောနဲ့
    ဘာမှမရဘူး
    ခင်ဗျားတို့ ဒီလိုဘဲ ဟိုလိုဖြစ်သင့်ပါတယ် ဒီလိုဖြစ်သင့်ပါတယ်
    ခွေးတွေလို ဟောင်နေလို့ ဘာရမှာလဲ
    သစ်ပင်ခုန်ရင် အရိပ်မဲ့တာ
    မီးသတ်သမား လုံခြုံရေး ဝတ်ဆုံဝတ်ရမှာကို ကျုပ်လို ခုနစ်တန်းမအောင်တဲ့ကောင်တောင်သိတယ်
    လက်ရှိ ငါလိုးမသား စစ်အာဏာရှင်တွေကို ဘယ်လို တွန်းထုတ်ပြစ်ရမလဲ ပြော
    တစ်ခါလာလည်း ဟိုလို ဖြစ်သင့်တာနဲ့ ဒီလိုဖြစ်သင့်တာနဲ့
    နှစ်ခါလာလည်း ဟိုလိုဖြစ်သင့်တာနဲ့ ဒီလိုဖြစ်သင့်တာနဲ့
    ဖြစ်သင့်တာကို ပြောရင်
    ကျုပ်ကိုယ်တိုင် စကြ်ာဝတေးမင်းဖြစ်သင့်တယ် ဘယ့်နဲ့လဲ
    စောက်ရူးတွေ
    လီးလိုဘဲ
    ဘာတစ်ခု လက်တွေ့လုပ်ဘူးလို့ လီးလို လာဖြစ်နေတာလဲ
    ( ဟဲဟဲဟဲ အရဂါးနောက်ဒါ )

    • Foreign Resident

      January 1, 2012 at 11:22 pm

      ကိုအောင်ပု ရဲ့

      ဘယ့်နှယ်ကြောင့် ကျွန်တော့် Post ထဲမှာ လာဆဲရေးနေပြန်တာတုန်း ။
      အခုလေးတင်ပဲ ဒီ ဆဲရေး တဲ့ကိစ္စကြောင့် ကိုရင် ဘုန်းကျော်ကို တောင်းပန် နေရတာ ။
      ဒီ ဆဲရေး တဲ့ကိစ္စကြောင့်ပဲ သံတွဲက ရွာသားတွေက
      Senior ရွာသားတွေ နှင့် သူကြီးကို ထောက်နေတာ ။

      မှန်တာပြောရရင် ဒီလို ဆဲရေးတဲ့ကိစ္စတွေကို လစ်လျူရှုထားလွန်းလို့
      သူကြီး Kai ရဲ့ တရားမျှတစွာ အုပ်ချုပ်နိုင်မှု စွမ်းရည် ကိုတောင် သံသယဝင်နေတာ ။

      ကိုအောင်ပု အပြင်ဘဝမှာ ဆဲရေးတိုင်းထွာတာတွေ နှင့် ဘယ်လောက်ပဲ ယဉ်ပါး ယဉ်ပါး ၊
      ဒီမှာဖတ်နေတဲ့ သူတွေထဲမှာ အသက် ဝါ ပညာ ကြီးသူတွေ ၊ လူကြီးလူကောင်းတွေ
      အများကြီးပါနေတယ်လေ ။ ဆင်ခြင် ရမှာပေါ့ ။

      MG စည်းကမ်းအရလည်း ဆဲဆိုခြင်း မပြုရလို့ ပါပြီးသားပဲ ။
      9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

      ရွာသူား တော်တော် များများက ဖက်ပြိုင်ပြီး မဆဲခြင်ကြလို့
      အသာရှောင်နေကြတာကို အဟုတ်မှတ်နေရင်တော့ မှားတော့မပေါ့ဗျာ ။

      အဲဒီတော့ ကိုအောင်ပု ကိုယ့်ဖာသာကိုယ်
      လူကြီးလူကောင်း Gentleman တစ်ယောက်လို့ ယူဆတယ်ဆိုရင်
      အခု ဆဲရေး ခဲ့တဲ့ကိစ္စအတွက် ပြန် တောင်းပန်သင့်တယ် ။
      ကျွန်တော် စောင့်ကြည့်နေပါ့မယ် ။

      • kai

        January 2, 2012 at 5:10 am

        ကျုပ်ကပဲ..ကြားထဲက.. ဆဲထားတဲ့.. ဆဲခဲ့တဲ့.. ရွာသူားများကိုယ်စား… စာဖတ်သူ..စာရေးသူအားလုံးကို.. တောင်းပန်ပါတယ်ဗျာ…။
        ကိုရင်FRရောပေါ့..။
        တကယ်ပါ..။

        ပုဂ္ဂိုလ်ရေးဦးတည်ပြီး.. ဆဲရေးတိုက်ခိုက်တာတွေကြောင့်.. တချို့သူတွေ.. ဝင်မရေးတော့ပဲ.. ကိုယ့်အယူအဆတွေလွတ်လွတ်လပ်လပ် မပြောတော့ပဲ.. နေကြတယ်ဆိုတာလည်း.. သိထားပါတယ်..။
        ဒီတော့.. အတွေးအခေါ်အသစ်တွေအတွက်.. လမ်းပိတ်ဆို့ကုန်ပါတယ်..။

        ဆိုတော့….
        ဒီဆဲဆိုပြီး.. ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ကိစ္စကို.. ဒီနှစ်ထဲသေသေချာချာ ကိုင်တွယ်တော့မယ်လို့လဲ.. ဆုံးဖြတ်ထားပါတယ်..။

        တကယ်တော့ ကိုရင်ဘုန်းကျော်ရေးတာကို.. ပြင်ပြင်းထန်ထန်.. ဆဲကြ..ပုဂ္ဂိုလ်ရေးတိုက်ခိုက်ကြတာတွေ..တွေ့ကတည်းက.. စည်းကမ်းမှာ ..
        – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ….
        ကိုအနီရောင်ပြောင်းလိုက်တာ .. သတိမထားမိကြလို့ပါ..။
        အင်မတန်အရေးကြီးပါတယ်..။
        ဒီမိုကရေစီနဲ့.. လွတ်လပ်စွာ ရေးသားပြောဆိုခွင့်မှာ.. အဲဒီစည်းကမ်းတွေဟာ အင်မတန်အရေးကြီးပါတယ်..။

        ကိုယ်နဲ့ အယူအဆမတူ..သဘောမတူပါရင်.. လိုက်ညှိရန်မလို.. တိုက်ခိုက်ရန်မလိုပါ..။
        လွတ်လပ်စွာ ကွဲလွဲခွင့် (agree to disagree)ကလွဲပြီး အခြားအခွင့်မရှိပါကြောင်း….

    • ဆူး

      January 3, 2012 at 5:21 pm

      စက်ဆန်းမှာဖြစ်တဲ့မီးလောင် ပေါက်ကွဲမှုမှာ မီးသတ်တွေရောက်လာပြီး မိနစ် ၂ဝ လောက်မှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး မီးသတ်တွေအပါအဝင် ပြည်သူတွေ သေကြေ ထိခိုက်ဒဏ်ရာရခဲ့ကြတယ် ၊ ဒါအားလုံးသိပြီးသားပါ ထူးခြားတာက အဲဒီပေါက်ကွဲမှုကြောင့်ဒဏ်ရာ ရသွားတဲ့အထဲမှာ ရန်ကုန်တိုင်းမီးသတ်က တိုင်းမှူး ဦးကြည်ဝင်းပါနေတယ်ဆိုတာပါဘဲ ဒါဆိုရင် ဒီမီးသတ်တိုင်းမှူးဟာ မီးလောင်လောင်ချင်း သူ့တပည့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးလောင်တဲ့နေရာကို ချက်ချင်းဆိုသလို ရောက်နေတယ်ဆိုတာ ထင်ရှားပါတယ် ၊ နောက်ပြီးမီးလောင်တဲ့ အချိန်က နေ့ခင်းရုံးချိန်ဆိုရင် သိပ်မထူးခြားပါဘူး ခုဟာက ညသန်းခေါင်ကျော် ကြီးမှာလောင်တာ ဆိုတော့ သိပ်ကို ထူးခြားသွားပါပြီ ။

      မီးလောင်တယ်လို့ မီးသတ်က သတင်းရရချင်း သူ့ကိုအကြောင်းကြား ၊ သူကအိပ်ယာကချက်ချင်းထ ၊ မျက်နှာသစ် ယူနီဖေါင်းဝတ် ပြီးတာနဲ့ ကိုယ့်ကားကို ကိုယ်မောင်းသွားရင်တောင် ဒီလောက်အချိန်တိုလေးအတွင်းမှာ အခင်းဖြစ်တဲ့နေရာကို မရောက်နိုင်ပါဘူး ၊ ပြည်သူတွေ အိပ်နေချိန်မှာ မီးလောင်ရင် တော့ဒုက္ခပါဘဲ ငါစောင့်နေမယ် မအိပ်ဘူးဆိုတဲ့ စိတ်ထားမျိုးရှိတဲ့ တိုင်းဦးစီးမှူးကြီးပါဘဲ ၊ တိုင်းပြည်အတွက် အားထားရတဲ့ နိုင်ငံ့ဝန်ထမ်းကြီးပါဘဲ ၊ လူထုအပေါ်သိပ်ကိုတာဝန်ကျေတဲ့ ပြည်သူ့ သားကောင်းကြီးပါဘဲ ။ ဦးကြည်ဝင်းသာ ကျန်းမာရေးအရ တာဝန်ဆက်ပြီးထမ်းဆောင်နိုင်ဘို့ အခြေအနေပေးလို့ သူသာ ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးကြီး ဆက်ဖြစ်နေဦးမယ်ဆိုရင် ရန်ကုန်တိုင်းက ပြည်သူတွေဟာ မီးလောင်ရင် တို့ဦးကြည်ဝင်းရှိတယ်ကွ ဆိုပြီး အားကိုးလောက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါဘဲ ၊ မချီးကျူးပဲ နေကို မနေနိုင်ဘူးဗျာ ….။

      မီးလောင်ပြီး ၂ရက်လောက်နေမှရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သတင်းတွေမှာဝေဝေဆာဆာ ဖေါ်ပြကြတယ် ၊ ကောင်းပါတယ် ထင်ရှားတဲ့ခေါင်းဆောင်တစ်ယောက်ပေဘဲ …ဖေါ်ပြရမှာပေါ့ ၊ အနုပညာရှင်တွေလာတဲ့သတင်းတွေကို အများအပြားဖေါ်ပြကြတယ် ၊ ကောင်းတာပါဘဲ ပြည်သူချစ်သော အနုပညာရှင်တွေကိုး….၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး ဦးကြည်ဝင်းအကြောင်းကိုတော့ ချန်မထားကောင်းဘူးထင်တယ်ဗျာ ၊ ကံသီလို့ အသက်ဘေးက လွတ်ခဲ့ပေမယ့် သူနားတွေ ကောင်းကောင်း မကြားရတော့ဘူး ၊ သူ့လက်တွေခြေထောက်တွေ မှာ ဒဏ်ရာတွေအပြည့်နဲ့ဖြစ်သွားပြီ စိတ်မကောင်းဘူးဗျာ…

      ဘယ်သတင်းမီဒီယာမှမရေးတဲ့ ဦးကြည်ဝင်းအကြောင်းကို လူငယ်တစ်ဦးဖြစ်တဲ့ ချမ်းငြိမ်းဝင်းကတော့ ရေးတယ်ဗျာ .. သူ့ရေးသားချက်တွေမှာ ဦးကြည်ဝင်းရဲ့ ခေါင်းဆောင်မှုတွေ ၊စွန့်လွှတ်အနစ်နာခံမှုတွေ ပါနေပါတယ် … ကိုချမ်းငြိမ်းဝင်းရဲ့ ဖေါ်ပြချက် အပြည့်အစုံကို ဖေါ်ပြလိုက်ပါတယ် …..။

      ဒေါက်တာဆိတ်ဖွား

      မီးငြီးမ်းသွားပြီလား မိုးလင်းသွားပြီလားတဲ့။ သူအဲဒီလိုအော်နေတဲ့အချိန်မှာ ကျွန်တော်သူ့ဘေးမှာ ရှိနေတယ်။ ကယောင်ကတမ်းအော်တာနဲ့မတူပဲ သူ့အသံဟာ စေတနာအပြည့်တာဝန်ယူမှု အပြည့်နဲ့လို့ခံစားရတယ်ဗျာ။ အရမ်းကိုထိခိုက်ကြေကွဲရပါတယ်။ ဒါဏ်ရာရတဲ့အထဲမှာ ရန်ကုန်မီးသတ် တိုင်းမှုးဉီးကြည်ဝင်းလည်းပါတယ်။ နားစည်တစ်ဖက်ပေါက်သွားတယ်။ လက်တွှေခြေထောက်တွေမှာလည်း ဒါဏ်ရာတွေအပြည့်။ သူ့ရဲ့ခေါင်းဆောင်စိတ်ဓာတ်ကအင်မတန်လေးစားဖို့ကောင်းပါတယ်။ဒါဏ်ရာရရချင်း သူ့တပည့်တွေကစိုးရိမ်ပြီး ဆေးရုံပို့ဖို့စီစဉ်ပေးခဲ့တယ်။ဒါပေမယ့်ကား မလောက်လို့ သူငြင်းခဲ့တယ်။ အဲဒီအချိန်မှာသူ့မိသားစုကသတင်းရလို့ဆေးရုံရောက်နှင့်နေပြီ။သူက သူ့တပည့်တွေ အကုန် ဉီးစားပေးပြီး ဆေးရုံရောက်အောင်စီစဉ်ပေးတယ်။ သူကျတော့နောက်ဆုံးကားနဲ့မှလိုက်ခဲ့တယ်။ ကားပေါ်တက်တဲ့အထိ ကျန်ခဲ့ တဲ့မီးသတ်တွေကို စနစ်တကျညွှန်ကြားပြီး မီးငြိမ်းသတ်နိုင်ဖို့ အားပေးစကားတွေပြောခဲ့တယ်။သူ့တပည့်တွေကသူ့ကိုကြည့်ပြီးမျက်ရည်တွေဝဲလို့။အဲဒီလိုအနစ်နာခံ တတ်တဲ့ခေါင်းဆောင်တွေ ကျွန်တော်တို့တိုင်းပြည်မှာရှိပါတယ်ဗျာ။ သူ့အကြောင်းကိုဘယ်သူမှ မရေးကြသေးလို့ အားလုံးသိအောင်ဝေမျှလိုက်ပါတယ်ခင်ဗျာ။

      Chan Nyein Win ၏ facebook မှ

      http://doctorsatephwar.blogspot.com/2011/12/blog-post_30.html

  • phone_kyaw

    January 2, 2012 at 7:24 am

    ကွန်း မန် ့တွေကို ဖတ်ကြည့်မိတယ်။ လက်ချိုးရေလို ့ရတဲ့လူနည်းစုကသာ အဆင့်အတန်းရှိရှိ ပြန်ပြီး ဆွေးနွေးတာ အင်မတန်ကောင်းတယ်။ လူများစုကတော့ သေချာမစဉ်းစား မလေ့လာပဲ အသားကုန်စွပ်ပြီးဆဲတာတော့ မကောင်းဘူး။ ဒါတွေကို ကြည့်ရင် ဒီရွာထဲမှာတောင် ပညာမဲ့တွေလူတွေများနေသလားလို ့တောင် ကောက်ချက်ချမိတယ်။ ကျနော်လည်း ကောင်းကောင်းဆဲတက်ပါတယ်။ ဆဲတာမှ စစ်သားသားသမီးပီပီ အဆဲမျိုးစုံတက်ပါတယ်။ ကျနော်ကလည်း ကျနော်ပဲဗျ။ သူများမကြိုက်တာကိုမှရေးတော့ အဆဲခံရတာ နည်းတောင်နည်းသေးတယ်။

    နေအုံးဗျ….။ အဘဆိုတဲ့ လူကြီးမဟုတ် လူငယ်မဟုတ်လူက ပြောတယ်။ သူ ့မိန်းမဆရာဝန်အကြောင်းကို။ တစ်ရက်ကိုဒေါ်လာ နှစ်ထောင်တောင် ဝင်တဲ့ဆရာဝန် ဪစီမှာ တစ်ခါမှ မတွေ ့မိပါဘူး။ ကျနော်ဩစီမှာနေတာ (၇) နှစ်ရှိနေနတာတောင် မသိလို ့များလားမသိဘူး။

    နောက်ပြီး ကပ်ပတိန်ဆိုတဲ့လူကြီးက ခုန်မချပဲ ဩစီမှာ ဘယ်လိုနေလဲတော့မသိဘူး။ ကပ်ပတိဆိုတဲ့ရာထူးက ရန်ကုန်-ဒလပြေးတဲ့ သင်္ဘောလိုမှာရတဲ့ ကပ်ပတိန်လားလို ့တောင်မေးချင်တယ်။ ဖြစ်နိုင်ရင် တယ်လီဖုန်းနံပါတ်လေးနဲ ့နာမည်အရင်းလေးပေးဗျာ။ အဘ မိန်းမကို ဆက်ပြီး ဝင်ငွေအကြောင်းမေးချင်လို ့ပါ။ ဂွတ်ဂယ်မှာလည်း သုတေသနလေး လုပ်ကြည့်ပါအုံးမယ်။

    အဘဆိုရင် ကျနော်တို ့လို ခလေးအရွယ်တွေ ကစားတဲ့ အင်တာနက်မှာ မကစားပဲ အေးအေးဆေးဆေး တရားအားထုတ်စေချင်ပါတယ်။

    • Foreign Resident

      January 3, 2012 at 5:04 pm

      ကိုရင် ဘုန်းကျော်ရဲ့
      ကိုရင်ရဲ့ လစာနှုန်းတွေက ဆေးရုံမှာ လုပ်ရင် ရတဲ့နှုန်းတွေပါကွယ် ။
      Medical Centre နှင့် Clinic တွေမှာ ရတဲ့နှုန်း/ပုံစံ မတူပါဘူး ။

      အဘရဲ့
      ပင်လယ်ကမ်းခြေသွား Conference ခရီးစဉ် နှင့် ဆင်ခြင်တွေးတော ပုံလေးတွေ အပိုင်း ( ၁ )
      မှာဖတ်ကြည့်ပါကွယ် ။

      ကိုရင်တို့ Perth မှာတော့မသိဘူး Sydney မှာတော့ ဆေးခန်းကောင်းရင်
      ဆရာဝန်တွေ တနေ့ လူနာ ၅ဝ – ၆ဝ ကြည့်ကြရပါတယ် ။
      ၈ဝ ထက်တော့ ပိုကြည့်လို့ မရပါဘူး Medicare နှင့် ပြဿနာရှိပါတယ် ။

      Fellowship GP ဆရာဝန်တွေဟာ
      လူနာတစ်ယောက်ကြည့်ရင် ၄ဝ လောက်ရပါတယ် ။
      စနေ တနင်္ဂနွေ Holiday ဆိုရင် လူနာကြည့်ခ ပုံမှန်ထက် 10 $ ပိုရပါတယ် ။
      အဲဒီအခါ လူနာတစ်ယောက်ကြည့်ရင် ၅ဝ လောက်ဖြစ်သွားပါတယ် ။
      ကလေး ကိုကြည့်ရင် ၅ $ ပိုရပါတယ် ။
      Care Plan တွေလုပ်ရင် ၁၅ဝ နှင့်အထက် ရပါတယ် ။

      နောက်ပြီးတော့ နေ့စဉ်ဆိုတာ အလုပ်လုပ်တဲ့နေ့တွေကိုပဲပြောတာပါ ။
      တပါတ် ၂ ရက် နားတဲ့ရက်တွေမရပါဘူး ။
      အကြမ်းဖျင်း ပြောရရင် ဆေးခန်း / GP ကောင်းရင်
      တနေ့ လူနာ ၄ဝ မှ ၆ဝ ကြား လောက် ကြည့်ရင်
      Fellowship GP ဆရာဝန် တယောက်ဟာ
      တစ်လ ၃ဝ ဝ၀ဝ နှင့် ၄ဝ ဝ၀ဝ ကျော် လောက်ထိဝင်ပါတယ် ။

      ” ကပ်ပတိန်ဆိုတဲ့လူကြီးက ခုန်မချပဲ ဩစီမှာ ဘယ်လိုနေလဲတော့ မသိဘူး ”

      ကပ္ပတိန်ဆိုတဲ့ ရာထူးတွေက ပညာတတ်တွေဖြစ်တဲ့ အတွက်
      ဩစီမှာ ခုန်ချစရာ မလိုပဲ PR တန်းရပါတယ်ကွယ် ။
      ဩစီ ဟာ နတ်ပြည် မဟုတ်တဲ့အတွက် ပညာတတ်တွေကို
      သူတို့နိုင်ငံကလဲ ကြိုဆိုရပါတယ်ကွယ် ။

      အဲလိုရထားတဲ့ အဘသူငယ်ချင်း ကပ္ပတိန်တွေအကြောင်းကို
      ကိုရင် ဘုန်းကျော်ရဲ့ Personal Mail = wgdperth@gmail.com ကို mail ပို့လိုက်ပါတယ်ကွယ် ။
      ဒီ Post မှာတော့ သူတို့ရဲ့ Privacy information တွေမရေးပါဘူးကွယ် ။
      အဘ ကို Contact လုပ်ချင်ရင်တော့ Contact လုပ်နိုင်တဲ့ information ပါ အဲဒီ mail ထဲထည့်ပေးလိုက်ပါ့မယ် ။
      အဘ မိန်းမနှင့်တော့ မဆက်သွယ်ချင်ပါနှင့်ကွယ်နော် ။ 🙂

      ဩစီမှာ (၇) နှစ်နေနေပေမယ့် ကိုယ်နှင့် မနီးစပ်တဲ့ ကိစ္စတွေကို မသိနိုင်ပါဘူးကွယ် ။
      အဘ ပြောတဲ့ကိစ္စတွေ မှန်မမှန် သေချာ စုံစမ်းပါဦးကွယ် ။
      မသေချာသေးဘူးဆိုရင်လည်း အဘရဲ့ Personal Mail ကိုထပ်မေးနိုင်ပါတယ် ။
      အဘ MG ကနေ ပြန်ဖြေမယ် မဖြေဘူး ဆိုတာ မသေချာလို့ပါကွယ် ။
      အဘ ပြောတဲ့စကားတွေက နားထဲ အဝင်မချောရင်တောင် မုသား မပါပါဘူး ။

      ” အဘဆိုရင် ကျနော်တို ့လို ခလေးအရွယ်တွေ ကစားတဲ့ အင်တာနက်မှာ မကစားပဲ ”

      အင်းးးးး ( အခုတလော ) ဆဲရေးသံတွေ မိုးမွှန်နေတဲ့ MG မှာဝင်ရေးမိတဲ့အတွက်
      အဘ မှားတယ်လို့တော့ အဘ သံသယ ဝင်နေပါတယ် ။

      အခု ကိုအောင်ပု ဆဲရေးတဲ့ ကိစ္စကိုလည်း ဒီနေရာကနေပဲ
      အရေးယူပေးဖို့ သူကြီး Kai ကို တရားဝင် တောင်းဆိုပါတယ် ။

      ( အခု ကိုအောင်ပု ဆဲရေးတဲ့ ကိစ္စကိုလည်း ဒီနေရာကနေပဲ
      အရေးယူပေးဖို့ သူကြီး Kai ကို တရားဝင် တောင်းဆိုပါတယ် )

      တစ်ခါ တစ်ရံ / တစ်ယောက် တစ်လေ ကိစ္စဆိုရင်တော့
      အဘ ဝင်ပြောလေ့ မရှိပါဘူး ။

      အခုက မကြာခဏ လူပေါင်းစုံကို စော်ကားတဲ့ ကိစ္စဖြစ်နေပါပြီ ။
      သူ့ အတုယူပြီး လူတော်တော်များများ ကလဲ လိုက် ဆဲရေးနေတဲ့အတွက်
      အခုတလော MG Page တွေဟာ တော်တော် အကျည်းတန်လာပါပြီ ။

      အခုလို ဆဲရေးသံတွေ ဆက်ပြီး မိုးမွှန်နေမယ်ဆိုရင်တော့
      အဘ ရဲ့ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကိုထောက်ပြီး
      အဘ MG မှာဆက်မရေးတော့ဖို့ ဆုံးဖြတ်ထားပါတယ် ။

      သူကြီး Kai ရဲ့ ဆုံးဖြတ်နိုင်မှု Judgement ကိုပဲ စောင့်ကြည့်ရတော့မှာပဲ ။
      ရွာသူား အားလုံးကို ကြိုတင် နှုတ်ဆက် လိုက်ပါတယ် ။

      အဘ Foreign Resident.

      • htoosan

        January 4, 2012 at 1:07 pm

        ဘဖောရေ..
        ဆဲရေးသူတွေ များလာတဲ့ အတွက် ဂေဇတ်မှာ မရေးတော့ဘူး ဆိုတာတော့ မဖြစ်သင့် ဘူးလို့ထင်ပါတယ် ။ လက်လျှော့တော့မှာလား ဘဖောရေ။
        အနည်းစု အတွက် အများစုကို မျက်ကွယ်ပြုတော့မှာလား ???

      • Oo Oo

        January 4, 2012 at 9:30 pm

        အဘဖေါရေ..
        ဆက်ရေးစေချင်ပေမယ့်…
        စိတ်ဓါတ်ရိုင်းရိုင်း၊စရိုက်ကြမ်းကြမ်းတွေလွှမ်းမိုးနေတဲ့အရပ်ကို ပညာရှိတို့ရှောင်ခွာကြတာ
        ဓမ္မတာမို့ ..ဆက်ရေးပါလို့လည်းမပြောလိုပါဘူး၊
        တကယ်လို့များဂေဇက်မှာစိတ်ဓါတ်၊ ပညာမြင့်မားသူတွေဝင်မရေးတော့ဘူးဆိုရင်
        ကျနော်လဲနောက်နောင်..ယောင်လို့တောင်ဝင်ကြည်ဖြစ်မှာမဟုတ်တော့ဘူး..ဘာကြောင့်လဲဆိုတော့
        အားလပ်ချိန်ရှားပါးတဲ့ကျနော့အတွက်..အင်တာနက်အသုံးပြုခြင်းဟာသတင်းအချက်အလက်များနဲ့
        ဗဟုသုတ.အတွေးအခေါ်ကောင်းလေးတွေရှာဖွေလေ့လာဖို့အတွက်သာရည်ရွယ်အသုံးပြုခြင်းဖြစ်လို့ပါ။
        သူကြီးကိုတော့လေးစားပါတယ်..ရှင်းရှင်းပြောရရင်..ရွာထဲမှာကျနော်နဲ့သိတဲ့သူတယောက်ပဲရှိတာပါ..ဒါပေမယ့်
        ကျနော်ဦးဦးကတော့ ခင်တာမခင်တာထက် မှန်တဲ့ဘက်မှာပဲနေမယ့်ကောင်မို့..ဘယ်သူ့မှဂုမစိုက်တတ်ဘူး

      • awra-cho

        January 5, 2012 at 10:49 am

        အဘ ကို ထွက်မသွား စေ ချင်ပါဘူး။စာတွေ ဆက်ရေးပါ အုံး။ ဂဇက်မှာ diversity လိုပါတယ်၊ စောင့်နေပါ့မယ် အဘ ဆရာရေ။

    • မဟာ ထမိန်ကြီးဝါဒ

      January 4, 2012 at 12:00 pm

      ဘုန်းကျော်ရဲ. ။ ကိုယ်နဲ.မကြုံဘူးတိုင်း ကိုယ်မမြင်ဘူးတိုင်း မရှိဘူး၊ မဟုတ်ဘူး လို.ဖင်ပိတ်မငြင်းရဘူး…မင်းလိုသူများတွင်းမှာ တွင်းတူးတဲ့ဝန်ထမ်းမှ မဟုတ်တာ..ဆရာဝန်ကဆရာဝန်လစာလောက်ရမှာပေါ.၊ မြေတူးသမားက မြေတူးသလောက်ပဲရမှာပေါ.

  • phone_kyaw

    January 2, 2012 at 7:36 am

    Salaries in Australia vary slightly from state to state but each state’s Government fixes all doctors’ salaries. Here are approximate figures for basic salaries in Australia. After overtime and on-call work these salaries will be approximately 15-25% higher.

    All the following figures are in Australian $

    Intern
    Approximate Basic Salary 45,000
    Estimated Salary after average overtime 50,000
    Grossed up pay with salary packaging 55,000

    Resident/ SHO
    Approximate Basic Salary 55 – 70,000
    Estimated Salary after average overtime 65 – 80,000
    Grossed up pay with salary packaging 70 – 85,000

    Registrar
    Approximate Basic Salary 70 – 80,000
    Estimated Salary after average overtime 80 – 90,000
    Grossed up pay with salary packaging 88 – 98,000

    Consultant (Specialist)
    Approximate Basic Salary 115 – 200,000
    Estimated Salary after average overtime 130 – 220,000
    Grossed up pay with salary packaging 145 – 240,000

  • nayminkabyar

    January 2, 2012 at 9:27 am

    ဖြစ်သင့်တာ၊ ဖြစ်သင့်တာပဲ ပြောနေလို့ ဘာမှဖြစ်မလာဘူး ပြောနေပြီး ဒီလိုမျိုး ဆဲနေလို့ရော ဘာတွေဖြစ်လာမှာ မို့လို့လဲ။ ကိုယ်တိုင်အိမ်မဆောက်နိုင်သေးလို့ ပုံကြမ်းဝင်ဆွဲကြတဲ့ လူတွေချည်းပဲမို့ online ပေါ်မှာ ကိုယ့်ပုံမပေါ်တိုင်း လျှောက်ဆဲနေတဲ့ အရည်အချင်း ဇ မျိုးတော့မပြကြပါနဲ့။ တကယ် ဇ ရှိတယ်ဆိုရင်တော့ ၈ ရက်နေ့မှာ ဒဂုန်ရွှေအောင်လံ ဗိုလ်လုပွဲ ရှိသေးတယ်။ စာရင်းသွားပေးလိုက်။ ဘက်တူတာမရှိရင် ပွဲစီစဉ်ပေးပါမယ်။

  • anewgenerationbone

    January 2, 2012 at 11:48 am

    ဆဲတာတွေကတော့ ဘယ်လိုမှ မသင့်တော်ဘူးလို့မြင်မိပါတယ်
    တစ်ခါတစ်ရံကြတော့လည်း လူ့ဂွစာတွေက
    ဆက်ဆံရတာခက်တဲ့သဘောမှာဆိုတော့ ပြောရတော့ ခပ်ခက်ခက်
    အကြောင်းမညီညွတ်လို့ ဆဲတော့မယ်ဆိုရင်တောင် ကမန့်တစ်ခုထဲမှာ
    တစ်လုံးတစ်လေလောက်ကို အက္ခရလေးပြောင်းရေးပြီး ပြောလိုက်တော့
    အမြင်သာတာလေးဖြစ်လာမလားဘဲ … ဥပမာ ( သောက်တစ်လွဲ )
    ဆဲပါလို့ ပြောတာမဟုတ်ဘူးနော
    မျက်စေ့မှိတ်ပြီးဝေဖန်လိုက်ပါဦးမည် ( ဘုရားတွေ သိကြားတွေမပါ 🙂 )
    ကမန့်တစ်ခုထဲမှာ အတော်ဆိုးရွားတဲ့ စကားလုံးတွေကို အက္ခရာမပြောင်းထားဘဲ
    တစ်ခါထက် ပိုပြီးသုံးနှုံးထားတာအလွန် အကျဉ်းတန်လှပါတယ်
    သေခြာတွေးကြည့်တော့ ရယ်ရမလား ငိုရမလား တောင် ပြောရခပ်ခက်ခက်
    အဆဲခံခြင်တဲ့ သူကို ဝင်ဆဲသွားတာကြီးက ( ဘယ်လိုမှ စိတ်မရှိပါနဲ့နော )
    ကျနော် စာဖတ်ပရိတ်သတ်တစ်ဦးမျှသာ ဖြစ်ပါတယ်
    အရမ်းကြီးဖြေရှင်းရခက်နေရင်တော့ မိမိတို့ အုပ်စုတူရာ အဖွဲ့တွေဆက်သွယ်ပြီး
    သက်ဆိုင်သူကို ပလပ်ထားလိုက်ရင် အဆင်ပြေတန်ကောင်းပါရဲ့ ( ခွင့်လွှတ်ပါခင်ဗျ )

  • minnannawar

    January 2, 2012 at 3:43 pm

    Foreign Resident ရေးသွားတာ မီးလောင်ရင် မီးငြိမ်းသတ်ဖို့တကဲ့ လိုအပ်ချက်အစစ်အမှန်တွေပါ။ သူသင်္ဘောလိုက်ခဲ့တဲ့အတွေ့အကြုံအရ ရေးပေးထားတာကို မသိသူတွေအနေနဲ့ အသိပညာသစ်ရပ်အဖြစ်လက် ခံသင့်ပါတယ်။ မီးသတ်သမားတွေအနေနဲ့ ဘယ်လိုဝတ်စုံ ဘယ်လိုကရိယာတွေဝတ်ပြီးမှ မီးငြိမ်းဖို့နေရာကိုဝင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။
    ဒါပေမဲ့ မီးသတ်သမားတွေအနေနဲ့ ဘာအချက်အလက်မှမရရင်တော့ သာမန်မီးလိုဘဲသဘောထားပြီး ဝင်ငြိမ်းကြမှာပါ။ မီးမသတ်ခင်ကြိုတင် information ရဘို့အရေးကြီးပါတယ်။ ဒါမှ class of fire အလိုက်ဘာနဲ့ငြိမ်းမယ် ဘယ်လိုငြိမ်းမယ်ဆိုတာ ကြိုတင်ဆုံးဖြတ်နိုင်မှာပါ။ မီးသတ်သမားတွေရဲ့ ဝတ်စုံအစစ်ကိုနိုင်ငံခြားကမီးငြိမ်းသတ်တဲ့သတင်းတွေမှာမြင်ဖူးကြမှာပါ။ အဲဒီလိုဝတ်ပြီးမှ မီးငြိမ်းရမှာပါ။
    မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အတွက် လိုအပ်နေတာတွေအများကြီးရှိနေပါသေးတယ်။ အငြင်းပွားမနေကြဘဲ ဝိုင်းဝန်းကူညီကြရင်ပိုကောင်းမလာလို့ပါ။

  • အဆဲခံချင်လို ့ရေးတဲ့ကို FR နဲ ့ကိုဘုန်းကျော်ကို ဘယ်သူမှန်တယ်မှားတယ်ပြောမနေတော့ပါဘူး။
    အကိုတို ့နှစ်ယောက်ထဲမှာ ရေးတဲ့စာရဲ ့အဆင့်အတန်းကို ကြည့်ပြီးဘယ်သူကတော့ လူကောင်း၊
    လူမှန်ခွဲခြားလို ု့ရပါတယ်။

  • သာမိညောင်

    January 4, 2012 at 1:38 pm

    ဘကြီးဖောရောင်ကိုင်းခင်ဗျား
    ကေသရာဇာခြင်သေ့မင်းကိုတုပြီး ခွေးအတို့ ဝုအုအုကြတာ သဘာဝပါခင်ဗျ
    တုကြပါစေ
    ပ ကြပါစေ
    ဖားကိုတုလို့ ခရုခုန်တာပါ
    ခွေးကလေးခုန်သာခုန် ခွေးကြီးလောက်ဘယ်ဖုန်ထမလဲခင်ဗျား
    တိန် !!!!
    ဒီဥပမာမကောင်းဘူးခင်ဗျ
    နွားသိုးမှန်ရင်တော့ ချိုချက်ဘယ်ကင်းပါ့မလဲ လေးဖက်ထောက်ကြီးဆိုတော့ ဒါလည်းမနိမ့်ပါဘူးခင်ဗျ
    ခွေးဟောင်လို့ တောင်မရွေ့ဘူးဟေ့
    ခွေးဟောင်လို့ တောင်မရွေ့ဘူးးးးးးးးးးးးး
    ငါ့ဘာကြီးကို ထိရဲထိကြည့် မီးပွင့်သွားမယ်

  • မှော်ဆရာ

    January 4, 2012 at 4:42 pm

    နက်လေးမကောင်းလို့ ရွာထဲ ၂ ရက်လောက် မဝင်ဖြစ်ပါတယ်. ..
    အခြေအနေတွေ ဆိုးနေကြသကိုး
    အားလုံးက ကိုယ့်ထက်သိတဲ့လူတွေကြီးပဲဆိုတော့ ကလေးပီပီ ဘာမှ မပြောတာ အေးမယ်ထင်တယ် ..

  • phone_kyaw

    January 5, 2012 at 10:25 am

    ဩစတျေးလျ ဆရာoefတွေ လစာများတာကိုတော့ အားကျပါတယ်။ အခွန်ဖြတ်ပြီး၊ အဆောက်အဦးခ၊ အလုပ်သမားခ၊ ရေဖိုး မီးဖိုပါ နုတ်ပြီးရင် ကိုယ်ပိုင်ဆေးခန်းဖွင့်တဲ့ ဆရာဝန်တစ်ဦးအနေနဲ ့ဘယ်လောက် ဝင်ငွေရှိလဲဆိုတာကို ပြောပေးပါအုံးအဘရေ။

    မရှင်းလို ့မေးအုံးမယ်။ အဘက မိန်းမရဲ ့အလုပ်အကိုင်ကိုပဲ ကြွားနေတယ်။ ဩစတျေးလျမှာ အဘအနေနဲ ့ ဘာလုပ်ပါသလဲ။ ပြီးတော့ အဘရဲ ့နေအိမ်တွေကို ဖေ့ဘွတ်စ်မှာ ကြွားတယ်ဗျာ။ မိန်းမကိုမှီပြီး ဩစီကို လာတယ်ဗျာ။ ဆိုတော့ အဘကို ဒီလိုပြောလို ့ရမလား။ မိန်းမထမိန်နားခိုစားတဲ့သူလို ့။ ဒီလိုပြောလို ့စိတ်မဆိုးပါနဲ ့အုံး။ အကြွားသန်လို ့ပြောနေခြင်းပါတယ်။ မပြည့်တဲ့အိုးဘောင်ခတ်တာတော့မဟုတ်ဘူးထင်တယ်။ ကျနော်လစာက အဘမိန်းမလောက်တော့မရပါဘူး။ ဆင်းရဲတဲ့လူပါဗျာ။

    • kai

      January 5, 2012 at 4:19 pm

      ကိုရင်ဘုန်းကျော်ရေ..
      စည်းကမ်းအတိုင်း… ခြစ်ချလိုက်ပါတယ်..။

      – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

    • Foreign Resident

      January 5, 2012 at 8:40 pm

      အော် ကိုရင် ဘုန်းကျော် ရေ

      အဘ အလုပ်အကိုင်က သင်္ဘော ကပ္ပတိန် လေ ၊ ပြောပြီးပြီပဲ ။
      သင်္ဘော ကပ္ပတိန် ဆိုတော့ Ausi မှာပဲနေနေ ၊ မြန်မာနိုင်ငံမှာပဲနေနေ ၊
      ပင်လယ်ထဲကို သင်္ဘော လိုက်ရပါတယ်ကွယ် ။
      အခုလည်း ရန်ကုန်မှာ နောက်တစ်ခေါက် သင်္ဘော လိုက်ဖို့ ပြင်ဆင်နေတာပါကွယ် ။
      သိပ်မကြာခင်မှာပဲ သင်္ဘော ပြန်တက်ရတော့မှာပါကွယ် ။

      အဘ မိန်းမက အဘထက် ဝင်ငွေ ကောင်းနေရတာကတော့ ၊
      အဘ အပြစ် မဟုတ်ဘူး ထင်ပါတယ်ကွယ် ။ ကံ ဇတ်ဆရာ အလိုကျပါကွယ် ။
      အဲဒီအတွက် အဘကို မိန်းမ ထမိန်နားခိုစားတဲ့သူလို ့စွပ်စွဲချင်ရင်တော့ 😀

      အဘ Ausi မှာလည်း Surveyor အလုပ် Offer ရခဲ့ပါတယ်ကွယ် ။
      မြန်မာပြည် ပြန်ချင်စိတ်က အားကောင်းနေသေးတာနှင့် ငြင်းလိုက်ရပါတယ်ကွယ် ။

      မှန်တာပြောရရင် ၊
      အဘ ပင်လယ်ပျော် ဘဝကို ချစ်တဲ့စိတ် မကုန်သေးတာရယ် ၊
      မြန်မာပြည်ကြီးကိုလည်း မကြာခဏ ပျော်ပျော်ပါးပါး သွားလိုက်ပြန်လိုက် နေချင်တာရယ် ၊
      ကိုယ့်ချွှေးနှဲစာနှင့်ရတဲ့ ပိုက်ဆံလေးနှင့် တန်ဖိုးရှိရှိ လှူချင်တန်းချင်တာရယ် ၊
      ကိုယ်တွေကို ကပ္ပတိန် ဖြစ်အောင် ပြုစုပျိုးထောင် ပေးခဲ့တဲ့ အမိနိုင်ငံတော်ကိုလည်း အားနာတာရယ်ကြောင့် ၊
      သင်္ဘော ပြန်လိုက်နေတာပါကွယ် ။

      အဘ လည်း ငယ်ရွယ်စဉ်ကတည်းက ကြိုးစား ရှာဖွေထားတဲ့အတွက် ၊
      သင့်တင့်လျှောက်ပတ်အောင် စုဆောင်းမိပြီး ဖြစ်တာကြောင့် ၊
      အခု အချိန်မှာတော့ ရေထဲမှာ ရှာနေတဲ့အချိန်ထက်
      ကုန်းပေါ်မှာ နားတဲ့အချိန်က များသွားပြီပေါ့ကွယ် ။

      အဘ မိန်းမကဆိုရင် အဘကို အလုပ်လုပ်ခြင်းကနေ အပြီးအပိုင် ( retied ) အနား ယူဖို့ ခိုင်းနေပါပြီ ။

      အဘရဲ့ Face Book မှာ အဘ ရဲ့ အိမ်တွေပုံတင်ထားမိတာတော့ ၊
      ကိုရင် ဘုန်းကျော် စိတ်တိုင်းမကျဘူး ဆိုတာသိရလို့ စိတ်မကောင်းပါဘူး ။

      ” အဘ မိန်းမလောက်တော့မရပါဘူး။ ဆင်းရဲတဲ့လူပါဗျာ ”
      ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ နှိုင်းယှဉ်မှုတွေပါကွယ် ။
      Bill Gates နှင့်ယှဉ်ရင် ကျန်လူတွေဟာ ဆင်းရဲနေမှာပါပဲ ။
      အဲဒါကို အဘ သိပ်အလေးမထားလှပါဘူး ။
      အဘ အလေးထားတာကတော့ စိတ်ထားကောင်းမွန်မှု နှင့် ကိုယ်ချင်းစာ နားလည်ပေးနိုင်မှုတွေပါပဲ ။

      တော်သေးဘီ ။

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 5, 2012 at 1:28 pm

    ရေနံဆီထည့်၍ မောင်းနှင်ရသော ဧရာမတောင်လောက်ကြီးသည့် သင်္ဘောကြီးကို
    ဦးစီးဆောင်ရွက် ကက်ပတိန်အဖြစ်တာဝန်ထမ်းဆောင်တော်မူထသော
    ဩစတီးလျှနိုင်ငံတွင် မှီတင်းနေထိုင်ထသော
    Foreign Resident အမည်နာမရသော ဘကြီး အက်ဖ်အာ
    အား
    ဘာလောင်စာမျှမထည့်ရသော
    စွမ်းအင်ခြွေတာခြင်းသဘောရှိသော
    လှော်တက် နှစ်ချောင်းတပ် လက်ဖြင့်အသကုန်ဖင်ပျဲအောင်ခတ်ရသော
    ကျနော် သဗ္ဗာန်ကက်ပတိန်
    ဘဒ္ဒ န္တဦးဘဇင်းမိုက်ကယ်ဂျော်နီအောင်ပု တစ်ဖြစ်လည်း မိုက်ကယ်ဂျော်နီချီးဘတ် မှ
    မုသားပြောဆိုခြင်း။ ကုန်းစကားပြောဆိုခြင်း။ ကြမ်းတမ်းသောစကားကိုဆိုခြင်း။
    ပြိန်ဖျင်းသောစကားကိုဆိုခြင်း ဟုဆိုသော နှုတ်ဖြင့် မတရားမှု့ ပြောဆိုခြင်း လေးပါးအနက်မှ
    ကြမ်းတမ်းသောစကားကိုဆိုခြင်း။ ပြိန်ဖျင်းသောစကားကိုဆိုခြင်း နှစ်ပါးဖြင့် လွန်ကျူးမိခြင်းအား
    ကိုယ့်ထမင်းကိုယ်စား ဘကြီးနွား ငှားကျောင်းတော်မူထသော ကိုသစ်မင်းအား 😀 အမှူးထား၍
    တောင်းပန်အပ်ပါသည်ခင်ဗျား။
    ဤအမှု့ကိုပြုရခြင်းကြောင့်
    အဟံအကျွန်ုပ် ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပု တစ်ဖြစ်လည်း မိုက်ကယ်ဂျော်နီချီးဘတ် အား
    ဂျော်နီလမ်းလျှောက် ခပ်ကြီးကြီးတစ်ပုလင်း အလကားမတ်တင်းရရှိခြင်းအကြောင်းသည်
    ဟောတု ဖြစ်ပါစေသတည်း။
    …..
    မိုက်ကယ်ဂျော်နီချီးဘတ်

    • kai

      January 5, 2012 at 4:13 pm

      ကျေးဇူးအထူးတင်ပါတယ်ကိုရင်အောင်ပုခင်ဗျား…။

      အသစ်ထွက်တဲ့.. Double Blackဂျော်နီလမ်းလျှောက်က.. အခုတလော.. ထိုင်းဂျူတီဖရီးရှော့မှာ ဈေးသက်သာတယ်ပြောတယ်..။
      ဝယ်လို့လည်းရတယ်တဲ့..။
      အဲဒါ.. မြန်မာပြည်က ပြန်လာတဲ့ မိတ်ဆွေ.. ၃လုံးဝယ်လာခဲ့ဖူးတယ်…
      ဂျပန်လေဆိပ်မှာ.. ယူအက်စ်သယ်လို့မရဘူးဆိုပြီး အသိမ်းခံရသတဲ့..။

      ဆိုတော့..
      ယူအက်စ်မှာ အင်မတန်ရှားပါးနေဆဲမို့.. အင်တာနက်နဲ့ပဲ.. ကျန်တဲ့လမ်းလျှောက် ၅လုံးပို့လိုက်ပါတယ်..။

      သောက်ပြီး မူးခြင်း.. ဟောတုပါစေသတည်း..

      • nature

        January 6, 2012 at 6:19 am

        အခုမှပဲဂျော်နီဝါးကား Red, Black, Green, Gold, Blue လေဘယ် ဆိုပြီး ၅မျိုးရှိတာသိတော့တယ်။

    • Foreign Resident

      January 5, 2012 at 7:12 pm

      ကျေးဇူးအထူးတင်ပါတယ် ကိုရင်အောင်ပု ခင်ဗျား…။
      အဘ ကိုယ်တိုင်ကလည်း ” အဆဲခံခြင်လို့ကိုရေးတယ် ” လို့ ခေါင်းစဉ်တပ်မိပေသကိုး ၊ 😀
      အဘ အပြစ်လည်း ပါပါတယ်ကွယ် ။

      ကိုရင်အောင်ပု ရဲ့ MG အပေါ်ထားတဲ့ စေတနာ နှင့် သံယောဇဉ် ကို အသိအမှတ်ပြုပါတယ် ။

      ” အဟံ အကျွန်ုပ် ဘဒ္ဒန္တ မိုက်ကယ်ဂျော်နီအောင်ပု တစ်ဖြစ်လည်း မိုက်ကယ်ဂျော်နီချီးဘတ် အား
      ဂျော်နီလမ်းလျှောက် ခပ်ကြီးကြီးတစ်ပုလင်း အလကားမတ်တင်း ရရှိခြင်း အကြောင်းသည်
      ဟောတု ဖြစ်ပါစေသတည်း ”

      ကိုရင်အောင်ပု ရန်ကုန်ကိုလာလို့ ၊ အဘ လည်း ရန်ကုန်မှာရှိရင်တော့ ၊
      ဂျော်နီလမ်းလျှောက် or ချီးဘတ် နှင့် ပြုစုဖို့ ကတော့
      အဘ လှိုက်လှိုက်လဲလဲ တာဝန်ယူချင်ပါတယ်ကွယ် ။

      • Oo Oo

        January 5, 2012 at 8:56 pm

        ဝမ်းသာပါတယ်ဗျာ..
        ကျနော်အပါအဝင် လူတိုင်းဟာ အမှားမကင်းတတ်ကြပါဘူး
        ကိုယ့်အမှားကို ဝန်ခံရဲတဲ့ သတ္တိ ရှိတာ လူတော်
        အမှားကိုသိလို့ အမှန်ပြင်တတ်တဲ့ သူဟာ လူကောင်းပါပဲ
        ကိုအောင်ပုနဲ့အဘဖေါတို့ရဲ့ အတွေ့အကြုံနဲ့အမြင်လေးတွေကို ဆက်လက်အားပေးခွင့်ရလို့အထူးဝမ်းသာရပါ၏။

      • pooch

        January 5, 2012 at 9:08 pm

        ခုမှပဲ စိတ်အေးသွားတော့တယ် အဘဖောနဲ့ ဘဘပုရယ်

      • thit min

        January 5, 2012 at 9:28 pm

        အဟောသုခံ၊အဟောသုခံ ကောင်းလေစွ၊ကောင်းလေစွ။
        မာနကင်းသူတို့၏ အေးချမ်းခြင်းကား မေတ္တာ (ကိုပုပြောသော အ ဒေါသ)တရားကူးလူးခြင်းပါဘဲ။
        ငြိမ်းချမ်းသာယာသော ရွာသာယာကိုပိုလှပစေသော စုတ်ချက်များကား အံ့ဘွယ်သုတ။
        လေးစားမိပါခင်ဗျား။
        မောင်သစ်မင်း(^^)

  • MaMa

    January 5, 2012 at 6:09 pm

    FR ရေ-
    ရွာသူားတွေ အားလုံး စုံစုံလင်လင်မှပဲ ပျော်ဖို့ကောင်းပါတယ်။
    FR ရဲ့ စေတနာကိုလည်း သဂျီးအပါအဝင် ရွာသူား အားလုံးက သိကြပါတယ်။
    ဒါ့ကြောင့်မို့ ရှေ့ဆက်ပြီးတော့လည်း ဆြာသစ်ရေးတဲ့ စတုဒိသာ မဏ္ဍပ်ကြီးကို အချိုပွဲလေး ယူလာပေးပါဦးလို့…

    • Khin Latt

      January 5, 2012 at 7:01 pm

      မမ ပြောတာ ကျွန်မလဲ အပြည့်အဝ ထောက်ခံပါတယ်။ 🙂

  • MaMa

    January 5, 2012 at 9:23 pm

    မင်္ဂလာအပေါင်းနှင့် ခညောင်းသော ရွာကြီးပါတကား……:)
    င်္ွအဲဒီလို အကျိုးဆက်ရရှိအောင် သဘောထား ကြီးကြတဲ့
    FR ကိုရော၊ ကိုရင်အောင်ပုကိုပါ ကျေးဇူးတင်ပါတယ်။

  • padonmar

    January 5, 2012 at 10:46 pm

    အဆဲခံချင်လို့ရေးတယ်ပြောပြီးမှ မဆဲပါနဲ့ပြောတဲ့ FR နှင့်
    တကယ်အဆဲခံချင်တယ်မှတ်ပြီး ဆဲပေးမိသော ပုပု တို့ နှစ်ယောက်၏ ဇာတ်လမ်း ကို
    ဘကြီးနွားကျောင်းသော ကိုသစ်မင်း post မှ ခြေရာခံရင်း ငြိမ်းချမ်းရေးချိုးငှက်လေး ပျံသွားတာတွေ့ရသောကြောင့် ပျော်သွားမိပါကြောင်း

  • ကြောင်ကြီး

    January 6, 2012 at 9:44 am

    ရော…ခက်ပြီ။ စကားမများကြပါနဲ့လို့ အသံကောင်းဟစ်မလို့ ကြံကာရှိသေး ပြေလည်သွားကြပြီဆိုတော့ ရန်ဖြစ်ကြပါဗျို့…… 👿

  • ရာမည

    February 5, 2014 at 9:31 am

    သမိုင်းတွင်တဲ့ဒီပို့စ်ကို အမှတ်တရဖေါ်ပြဖို့ကူးယူခွင့်ပြုပါခင်ဗျာ

Leave a Reply