happy new year & happy birthday ferguson

မောင် ပေDecember 31, 20111min1018

မင်္ဂလာပါ စာချစ်သူ စာဖတ်သူ ဘောဝါသနာရှင် အပေါင်းတို ့ ။
ဘာလိုလိုနဲ ့၂၀၁၁ ရဲ ့နောက်ဆုံးည ကို ရောက်ရှိလို ့လာပါပြီ ။
မနေ ့ညကတော့ လီဗာပူး အသင်းဟာ ကျွန်တော် ခန် ့မှန်းတဲ့ အတိုင်း ဂိုးပေါက်တွေ ့ခဲ့လို ့ နယူးကာဆယ် ကို ၃-၁ နဲ ့နိုင်ခဲ့ပါတယ် ။
ဒီကနေ ့ညမှာ ကန်ကြမယ့် ပရီးမီးယားလိဂ်ပွဲစဉ်များထဲမှ အကောင်းဆုံးဖြစ်မယ့် ပွဲတွေ ကို ရွေးခြယ်ပြချင်ပါတယ် ။
၂၀၁၁ မှာ ဘောဝါသနာရှင်များ အခြေအနေကောင်းခဲ့မှာပါလို ့မျှော်လင့်ပါတယ် ။
မကောင်းခဲ့ဘူးဆိုရင်လည်း ၊ အခုက စပြီးကောင်းပြီလို ့သာ ရဲရဲကြီး ယုံလိုက်ပါ ။
ကျွန်တော် မစ်စတာပေ တစ်ယောက် ပွဲစဉ်တွေ အားလုံး ကို တစ်ပွဲချင်းစီ စဉ်းစား ၊ အသည်းအသန်ဦးစားပြီးမှ ဂေဇက်ကိုတက်ရေးတာပါ ။ ဒါကြောင့်မို ့လည်း ၊ ပွဲကြို အထောက်အကူပြု ပို ့စ်များကို ရက်ကြို မတင်နိုင်ဘဲ ၊ ကစားမယ့်ရက်ကြမှ တင်နိုင်တာ ဖြစ်ပါတယ် ။
~~~~~~~ +++++++ ******* +++++++ ~~~~~~~
ဒီကနေ ့ည ကစားမယ့် ပွဲစဉ်များနဲ ့အချိန်များကတော့
၇:၁၅ မန်ချက်စတာယူနိုက်တက်(၂) – ဘလက်ဘန်း(၂၀)
၉:၃ဝ အာဆင်နယ်(၆) – ကျူပီအာ(၁၆)
။ ဘော်တန်(၁၉) – ဝုဗ်(၁၇)
။ ချဲဆီး(၄) – အက်စတွန်ဗီလာ(၁၂)
။ နော့ဝှစ်(၁၁) – ဖူဟမ်(၁၃)
။ စတုတ်စီးတီး(၈) – ဝီဂန်(၁၈)
။ ဆွမ်စီး(၁၄) – စပါး(၃)
~~~~~~~ +++++++ ******* +++++++ ~~~~~~~
မန်ယူ (၂) – ဘလက်ဘန်း (၂၀)
မန်ယူ အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်၁၈အပြီးမှာ ၁၄ နိုင် ၊ ၃ သရေ ၊ ၁ ရှုံး ၊ ရဂိုး၄ရ ပေးဂိုး၁၄ ၊ ၄၅မှတ်
(မန်စီးတီး နဲ ့ကန်ပြီးပွဲအရေအတွက် တူ ၊ အမှတ်တူသော်လည်း ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ )
ဘလက်ဘန်း အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်၁၈အပြီးမှာ ၂ နိုင် ၊ ၅ သရေ ၊ ၁၁ ရှုံး ၊ ရဂိုး၂၅ ပေးဂိုး၃၉ ၊ ၁၁မှတ်
မန်ယူ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ နိုင် ၊ နိုင် ၊ နိုင် ၊ နိုင် ၊ ရှုံး
ဘလက်ဘန်း နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ သရေ ၊ ရှုံး ၊ ရှုံး ၊ ရှုံး ၊ နိုင်
မန်ယူ အိမ်ကွင်းမှာ ဘလက်ဘန်း နဲ ့တွေ ့ဆုံခဲ့မှုများမှာ
၂၇.၁၁.၂၀၁ဝ မန်ယူ ၇-၁ ဘလက်ဘန်း
၃၁.၁၀.၂၀၀၉ မန်ယူ ၂-ဝ ဘလက်ဘန်း
၂၁.၂.၂၀၀၉ မန်ယူ ၂-၁ ဘလက်ဘန်း
မန်ယူ အသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားစာရင်းမှာ
ဂိုး De Gea
နောက် Smalling, Ferdinand, Jones, Evra
လယ် Valencia, Carrick, Giggs, Nani
ရှေ ့ Rooney, Berbatov
ဘလက်ဘန်း အသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားစာရင်းမှာ
ဂိုး Bunn
နောက် Lowe, Samba, Hanley, Olsson
လယ် Vukcevic, Dunn, N’Zonzi, Pedersen
ရှေ ့ Formica, Yakubu
ဈေးအနေအထားအရ မန်ယူ ၂ဂိုးသွင်းရင် တစ်ဝက်ကျော် ဆုံးရှုံးမှာ ဖြစ်ပါတယ် ။
ဒီကနေ ့၃၁.၁၂.၂၀၁၁ ဟာ မန်ယူ နည်းပြ ဖာဂူဆန် ရဲ ့အသက် ၇ဝ ပြည့် မွေးနေ ့ဖြစ်ပါတယ် ။
မန်ယူ အသင်းဟာ ချန်ပီယံလိဂ် မှာ ဘေဆဲ ကို ရှုံးပြီး ထွက်ခဲ့ရကတဲက ပြီးခဲ့တဲ့ ပွဲအထိ ၄ ပွဲ ဆက်တိုက် ဂိုးပြတ်တွေ နဲ ့ချည်း အနိုင်ကစားခဲ့ပါတယ် ။ ပရိသတ်ကြီး ကို အပြည့်အဝ လုပ်ကျွေးခဲ့တာပါ ။
ခါတိုင်းဆိုရင် ၁ဂိုး လောက်နဲ ့အနိုင်ကစားတာကနေ ၊ ဂိုးပြတ်တွေ သွင်းနေတဲ့ အကြောင်း ကို စဉ်းစားကြည့်ရာမှာ ၊ ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို ယူမယ့် ပုံ မြင်နေရပါတယ် ။
ဘာလို ့လဲ ဆိုတော့ မန်စီးတီး အသင်းက ဂိုးကွာခြားချက် အသာနဲ ့ထိပ်ရောက်နေတာ ကို ကွာခြားချက် ကျဉ်းမြောင်းလာအောင် ပွဲတိုင်း ဂိုးပြတ်သွင်း အောင်ပွဲယူနေတာ ကို တွေ ့ရပါတယ် ။
ဘလက်ဘန်း အသင်း ကတော့ နောက်ဆုံးကစားခဲ့တဲ့ ၁၃ ပွဲ မှာ ၁ ပွဲဘဲ အနိုင်ရရှိခဲ့ပါတယ် ။
ဘလက်ဘန်း နည်းပြ စတိဗ်ကိန်း ကို ထွက်ဖို ့ဘလက်ဘန်း ပရိသတ်များ ကတောင်းဆိုနေတာ ၊ နှစ်သစ်မှာ ဆန္ဒပြည့်လောက်တယ် လို ့မြင်မိပါတယ် ။
သည်ပွဲကို ဒီလိုတွေးကြည့်မိတယ်ဗျာ
ဖာဂူဆန် ရဲ ့၇ဝပြည့်မွေးနေ ့အတွက် ရွန်းနီ နဲ ့ဘာဘာတော့ တို ့က သွင်းဂိုးတွေ နဲ ့မွေးနေ ့လက်ဆောင်ပေးကြမှာ အမှန်ပါဘဲ ။ ဖာဂူဆန် ကိုယ်တိုင်လည်း အိမ်ကွင်းမှာ ကန်တဲ့ ပွဲမျိုးမှာ ဂိုးများများသွင်းပြီး မန်စီးတီး အထက် ကို ပြန်တက်မှာပါ ။
ဘလက်ဘန်း အနေနဲ ့မန်ယူ ကို ဂိုးပြန်သွင်းနိုင်မလား လို ့စဉ်းစားကြည့်ဖို ့ကို မလိုပါဘူး ။
ဆိုတော့ဗျာ…..
“““ မန်ယူ အားပေးပြီး သူ ့သွင်းဂိုးတွေ ကို ၃-ဝ ကနေ စရေတွက်ရင်း ဟက်ပီးနယူးရီးယား မှာ ပျော်ပျော်ကြီးကဲရမှာ အသေအချာဘဲ လို ့ပြောလိုက်ပါရစေနော် ။ ”””
~~~~~~~ +++++++ ******* +++++++ ~~~~~~~
အမှန်ကတော့ ဒီကနေ ့မှာ အကြိုက်တွေ ့မိတာ မန်ယူ တစ်ပွဲ ထဲ ပါ ။
ပို ့စ်က တိုလွန်းမှာ စိုးတာနဲ ့၊ အခြားပွဲစဉ်တွေ ထဲ က ပရိသတ်များ ကို လုပ်ကျွေးပြုစု နိုင်တဲ့ ပွဲကောင်း တစ်ပွဲကို ထပ်ရွေးကြည့်ရာမှာ…
~~~~~~~ +++++++ ******* +++++++ ~~~~~~~
ချဲဆီး (၄) – အက်စတွန်ဗီလာ (၁၂)
ချဲဆီးအသင်းဟာ ပရီးမီးယားလိဂ်၁၈ပွဲကန်အပြီးမှာ ၁ဝ နိုင် ၊ ၄ သရေ ၊ ၄ ရှုံး ၊ ရဂိုး၃၆ ပေးဂိုး၂၁ ၊ ၃၄မှတ်
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်၁၈ပွဲကန်အပြီးမှာ ၄ နိုင် ၊ ၈ သရေ ၊ ၆ ရှုံး ၊ ရဂိုး၁၉ ပေးဂိုး၂၃ ၊ ၂ဝမှတ်
ချဲဆီးအသင်း နောက်ဆုံးကစားထားတဲ့ ငါးပွဲရလဒ်များမှာ သရေ ၊ သရေ ၊ သရေ ၊ နိုင် ၊ နိုင်
အက်စတွန်ဗီလာ နောက်ဆုံးကစားထားတဲ့ ငါးပွဲရလဒ်များမှာ သရေ ၊ ရှုံး ၊ ရှုံး ၊ နိုင် ၊ ရှုံး
ချဲဆီး အိမ်ကွင်းမှာ အက်စတွန်ဗီလာနဲ ့တွေ ့ဆုံခဲ့သော မှတ်တမ်းများ မှာ
၂.၁.၂၀၁၁ ချဲဆီး ၂-၂ အက်စတွန်ဗီလာ
၂၇.၃.၂၀၁ဝ ချဲဆီး ၇-၁ အက်စတွန်ဗီလာ
ချဲဆီး ရဲ ့ဖြစ်နိုင်ဖွယ် လူစာရင်းမှာ
ဂိုး Cech
နောက် Ferreira, Terry, Luiz, Cole
လယ် Lampard, Meireles, Romeu
ရှေ ့ Mata, Torres, Sturridge
အက်စတွန်ဗီလာ ရဲ ့ဖြစ်နိုင်ဖွယ် လူစာရင်းမှာ
ဂိုး Guzan
နောက် Hutton, Collins, Dunne, Warnock
လယ် Albrighton, Clark, Petrov, N’Zogbia
ရှေ ့ Agbonlahor, Heskey
ဈေးအနေအထားအရ ချဲဆီး ၂ဂိုး ဆိုရင် တစ်ဝက်ကျော် အမြတ်ရမှာ ဖြစ်ပါတယ် ။
လက်ရှိအနေအထား အရ ချဲဆီး ကော ဗီလာ ပါ ခြေစွမ်းညံ့နေတယ် လို ့ပြောလို ့ရပါတယ် ။
ချဲဆီး နောက်တန်း က ပိုဆိုးတယ် လို ့မြင်မိပါတယ် ။ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲစလုံး တစ်ပွဲ ကို တစ်ဂိုးပေးခဲ့ရတယ် ။
ဗီလာကတော့ ပြီးခဲ့တဲ့ ပွဲမှာ ခြေတက်နေတဲ့ စတုတ် ကို ဂိုးမရှိသရေ ကစားခဲ့ပြီး ၊ ပြီးခဲ့တဲ့ သုံးပွဲရှုံးခဲ့ရာမှာ လီဗာပူး ၊ မန်ယူ နဲ ့အာဆင်နယ် တို ့လို အသင်းကြီးတွေ ကို ရှုံးခဲ့ရတာပါ ။
ဒါတောင် လီဗာပူး နဲ ့ပွဲဘဲ ၂ဂိုးပြတ် ရှုံးခဲ့တာ ဖြစ်ပြီး ၊ အာဆင်နယ် ကို ၂-၁ ၊ မန်ယူ ကို ၁-ဝ နဲ ့ရှုံးခဲ့တာ ဆိုတော့ ၊ အက်စတွန်ဗီလာ နောက်တန်းနဲ ့ဂိုးသမား ဟာ ချဲဆီး နောက်တန်း ဂိုးသမား ထက်စာရင် ပိုသာတယ် လို ့ကောက်ချက် ချမိပါတယ် ။
ချဲဆီး ရှေ ့တန်းဟာ ဒရော့ဘာမပါရင် ဂိုးရဖို ့အရမ်းခက်ခဲတာ ကို တွေ ့ခဲ့ရပါတယ် ။ ရပြန်တော့ တစ်ဂိုး ၊ နောက်တန်းက ညံ့နေတော့ ဂိုးပြန်ပေးရပြီး အမှတ်တွေ ဆုံးရှုံးခဲ့တာပါ ။
ဒရော့ဘာ က အာဖရိကနိုင်ငံများ ဖလားပွဲ အတွက် ကစားနေပြီ ဖြစ်ပါတယ် ။
ဆိုတော့က
““ သည်ပွဲကို ချဲဆီး အနိုင်ကန်နိုင်မလား ဆိုတော့ ၊ အလွန်ဆုံး ချဲဆီး နိုင်လှ တစ်ဂိုးလို ့ဘဲ မြင်မိပါတယ် ။ သရေ ကျဖို ့ရာခိုင်နှုန်း ၅ဝ ရှိပြီး ချဲဆီး ၁ဂိုးနဲ ့နိုင်ဖို ့၅ဝ ရာခိုင်နှုန်း ရှိပါတယ် ။ အက်စတွန်ဗီလာ ကို ရွေးခြယ်ထားရင် အားလုံး အိုခေပါ လို ့ပြောပါရစေဗျား ။
~~~~~~~ +++++++ ******* +++++++ ~~~~~~~
——- ဖိုက်တာအားလုံး အောင်မြင်ရွှင်လန်းကြပါစေ ——-

8 comments

  • blackchaw

    December 31, 2011 at 1:28 pm

    happy new year ပါ ကိုပေရေ။
    နှစ်သစ်ကူးမှာ ကိုပေ ကြွေတက်နေပြီလို့ ကျွန်တော် အဟောရှိပါတယ်ဗျာ။
    မနေ့က လီဗာပူးပွဲဆိုလည်း ကွက်တိပဲဗျာ။
    ဒီနေ့လည်း အနိုင်ရလိမ့်ဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်ဗျာ။

  • amatmin

    December 31, 2011 at 3:00 pm

    ကိုပေ ရေ..
    မန်ယူပဲ ကြိုက်သွားပြီဗျာ.
    ဒီညတော့ နယူးရီးယားပျော်ရင်း ဖာဂူဆန် ကိုအားပေးမယ်ဗျို့..
    ပျော်ရွှင်ဖွယ် နှစ်သစ်ကူးညချမ်းလေး ဖြစ်ပါစေဗျာ..

  • water-melon

    December 31, 2011 at 3:10 pm

    ဒို့ကတော့
    မန်ယူမှမန်ယူ ဘဲ။
    New Year မှာ ဒို့မကဲ
    စောင့်ပြီးကြည့်မယ် မန်ယူပွဲ
    12 ထိုးရင် အော်မှာဘဲ
    Happy New Year

  • inz@ghi

    December 31, 2011 at 3:14 pm

    အားပေးပါသည် မစ်စတာ ပီ …

    ခင်တဲ့ဂီ

  • ငပေါက်ဖော်

    December 31, 2011 at 3:19 pm

    ပြောသားပဲ
    လီဗာနဲ ့ပူးလိုက်ပါလို ့ဆိုနေမှ..
    ဒီနေ ့
    ကိုကိုဂူဆန်.ဘဘဂူဆန်.ဂူဆန်ဘူတန်…

  • kuroko

    December 31, 2011 at 4:05 pm

    ဘေဆဲနဲ့ပွဲမှာ ရှုံးသွားလို့ လောင်းရမှာကြောက်နေပါပြီ ဂူဂူရယ်..

  • htoosan

    December 31, 2011 at 10:09 pm

    မန်ယူမြွှေခြောက် ကိုက်ခံလိုက်ရပြီ .. ၃-၂ နဲ့ ဘလက်ဘန်းနိုင်သွားပါတယ်။
    ဖာဂူဆန်ရဲ့ မြင်းကြီးကတော့ မြင်းပွဲမှာ ဗိုလ်စွဲခဲ့ပြီး သူ့လူတွေကတော့ သူ့ ကို မွေးနေ့လက်ဆောင် မပေးနိုင်ခဲ့ပါဘူး…

    • ငပေါက်ဖော်

      December 31, 2011 at 10:30 pm

      တေဘီ..တေဘီ
      ဖေရို ့မေရို ့ကယ်ကြဘာအုန်း
      😆

Leave a Reply