ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျွန်တော့ရဲ့ အမြင် ၊ အတွေး :)

BurmaDecember 31, 20111min67444

♦ အိုကေ.. တန်ဖိုး… ဒေါ်အောင်ဆန်းစုကြည်ကို တန်ဖိုးထားကြတယ်။. . ဗမာပြည်ကြီးတိုးတက်ဖို့ လက်တွေ့ကျကျဘာတွေများလုပ်ပီးဘီလဲ သိချင်ပါတယ်။ ကျွန်တော့ 15 နှစ်အသက်အရွယ်နဲ့ သိသလောက်ကတော့ နှစ်၂ဝ လောက် နေအိမ်အကျယ်ချုပ် ကျပြီးတော့ စာအုပ်ဖတ်ပီး စာစကားပြောနေတာဆိုတာတော့သိတယ်။ ကျွန်တော့အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ထက် ဟိုနေ့က ဖြစ်ရပ်ဆိုးထဲမှာ ကျသွားတဲ့ မီးသတ်ရဲဘော်ငါးယောက်က ပိုပြီးလေးစားဖို့ကောင်းတယ်လို့ ထင်တယ်။ ဒါ ကျွန်တော့ Opinion.

စာဆိုတစ်ခုရှိသေးတယ် အပြောကြီးသူများသည် အလုပ်နည်းသူများဖြစ်၏ တဲ့.. ဒေါ်စုဖခင် ဗိုလ်ချုပ်အောင်ဆန်းက အပြောကော အလုပ်ကော လုပ်ပြသွားတယ်။ လူတော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂိုလ်ထူးလို့ထင်နေကြတယ်။

အလုပ်တစ်ခုကိုလုပ်တယ်ဆိုတဲ့နေရာမှာအခြေအနေအချိန်အခါ အခွင့်အလမ်းဆိုတာရှိတယ်။ ဒေါ်စုသာ လမ်းဘေးမှာ ဈေးရောင်းတဲ့ခေါင်းရွက်သည်ဆို ၊ ဒါမှမဟုတ် တစ်နေ့လုပ်စာ တစ်နေ့စားနေရတဲ့ သူသာဆို သူ ဒီလိုလုပ်နိုင်မလား၊ နောက်တစ်ချက် ၊ သားပစ်လင်ပစ် ဗမာပြည်မှာလာနေတယ် ၊ လာပြီး ပြည်သူကောင်းကျိုးတွေ လုပ်နေတယ်ဆိုတာကလဲ သူ့သားတွေ လင်တွေ က သူမရှိရင် ငတ်ပြတ်သွားမဲ့အခြေအနေမှာမရှိဘူး။ သူ့မှာလုပ်နိုင်တဲ့အခွင့်အလမ်းတွေ ၊ နေရာတွေရှိတယ် ၊ နောက်ဆုံး လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်ရဲ့ သမီးဆိုတဲ့နာမည်ရှိနေတယ်။ ဒါကြောင့်မို့ သူလုပ်ဖို့အခွင့်အလမ်း ၊ အခြေအနေတွေရှိနေတယ်။ လူကြီးတွေပြောသလိုပဲ. . တရားစာအုပ်တွေဖတ်ပြီး ဉာဏ်စဉ်နာတာတွေ ၊ သောတာပန်တွေသာပြောနေပြီး ကိုယ့်ကိုတိုင်က ဉာဏ်စဉ်နာဆိုတာ ဘာမှန်းမသိ ၊ ပါးစပ်ကပြောနေတာမျိုးမဖြစ်ဖို့ လိုပါတယ်။

တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ ဆိုတဲ့စကားကြားဖူးကြပါသလား။ ဒီစကားအဓိပာယ်အမှန်က တစ်ယောက်ကောင်းစားဖို့အတွက် အယောက်တစ်သောင်းက ညက်ညက်အကြေခံရတဲ့ဆိုတဲ့သဘောပါ။ ကျွန်တော် ဆိုလိုခြင်းကို သဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော်မမွေးခင် 8 နှစ်လောက်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလေ. .

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်ခြင်းမဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင် လူတစ်ဦးတစ်ယောက်ရဲ့ ခံစားချက် အတွေးအမြင် ကို မှတ်ချက်ပေးထားတာပါ။

 

44 comments

  • memeseku

    December 31, 2011 at 12:45 pm

    အင်း…….အင်း……..အင်း………..
    စီနီယာကြီးတို.ရေ……….
    အဟမ်း…….ခဏနေမှပြောမယ်….မင်းလေးကို……. 🙂
    အဲ့ကျမှမငိုရဘူးမရယ်ရဘူးနော်…
    ပုံ.
    မီမီသာရ

  • memeseku

    December 31, 2011 at 12:47 pm

    သားရယ်၁ဝတန်းဖြေပါကွယ်…….
    ငါ.ကောင်လေးကြည့်ရတာ……လူကြီးဖြစ်ချင်ပြီနဲ.တူတယ်……

    🙂 🙂 🙂

  • sadabawa

    December 31, 2011 at 12:51 pm

    စာရေးသူ နဲနဲတော့ အတွေးလိုနေတယ်ထင်တယ် …. ဒါမှ မဟုတ် စစ်အစိုးရ ကြံဖွတ် ပါတီဝင်ဖြစ်မယ် … ဒေါ်စု နဲ့ မီးသတ်သမား ကို နှိုင်းယှဉ်တာ မကောင်းဘူးထင်ပါတယ်၊ ကျဆုံးသွားတဲ့ မီးသတ်သမား ကို လေးစားပါတယ်၊ မီးသတ်သမား က မီးသတ်ရမှာပဲလေ၊ စစ်သား က စစ်တိုက် ရမှာ ပဲလေ၊

  • memeseku

    December 31, 2011 at 12:53 pm

    တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ ဆိုတဲ့စကားကြားဖူးကြပါသလား။
    တားတို့ကြားဖူးပါဝူးဂျာ…… 🙂 🙂 🙂
    ဒါပထမဆုံးအကြိမ်ပါ…….

  • memeseku

    December 31, 2011 at 12:55 pm

    sada ရေသူလေးကခေးကွယ်.
    ခေးကခေးလိုနေဝူး
    ခေးဆိုးလေး……
    ကြီးလာရင်ကဖုန်းကျော်လိုဖြစ်မှာ

  • မှော်ဆရာ

    December 31, 2011 at 1:09 pm

    ကလေးမို့ ကလေးအတွေးနဲ့တွေးတာ အပြစ်မပြောချင်ပါဘူး
    ကလေး ဆိုလိုချင်တာက အောင်ဆန်းဆုကြည်ကို ကြည်ညိုတဲ့လူတွေက မျက်ကန်းမျိုးချစ်တွေ လို့ ဆိုလိုနေတာပါ ..။
    ပြည်တွင်းကို မပြောတော့ဘူး .. ဥပမာ ပြည်ပက အမေရိကန်သမ္မတက ဘာဖြစ်လို့ အောင်ဆန်းဆုကြည်ကို အရေးတယူ စာလှမ်းပို့ရသလဲ ..။ ဘာဖြစ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သူနဲ့လယ်ဘယ်ထိုင်ပြီးတော့ ရင်းရင်းနှီးနှီး တွေ့ဆုံသွားသလဲ ..။အမေရိကန် သမ္မတတို့ ၊ နိုင်ငံခြားရေးဝန်ကြီးတို့က ကမ္ဘာမှာ ထိပ်တန်းအဆင့် ခေါင်းဆောင်တွေနော် ..။ကလေးပြောသလိုဆိုရင် သူတို့က အပြောသမားတစ်ယောက်ကို အလေးထားသလို ဖြစ်မနေဘူးလား ..။ သူတို့ကလဲ အပြောသမားကို လေးစားတဲ့ ညဏ်နဲသူတွေ ဖြစ်မနေဘူးလား..။
    တကယ့်လူတွေ သူ့ကို လေးစားနေတာ သူ့မှာ လေးစားစရာ တစ်ခုခုရှိလို့ဆိုတာ နဲနဲလေးစဉ်းစားကြည့်ရင် သိနှိုင်ပါတယ် ..။
    လူတစ်ယောက်ကို ဝေဖန်တော့မယ်ဆိုရင် ကိုယ်ဝေဖန်မဲ့လူတစ်ယောက် အကြောင်းကို ကောင်းကောင်း သိဖို့လိုလိမ့်မယ် ၊ စာတစ်စောင် ပေတစ်ဖွဲ့ ရေးတော့မယ်ဆိုရင် ပိုဆိုးတယ် .. ကိုယ့်မှတ်တမ်းကြီး ကျန်ခဲ့တာကိုး ..။
    အောင်ဆန်းဆုကြည် အောက်စဖို့တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ် ..။
    ကုလသမ္မဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ရုံးအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ် …။ ဒီအဆင့်က နိုင်ငံခြားမှာဆိုရင်တောင် လူပေါ် လူဇော် နေနှိုင်တဲ့ အဆင့်ပါ …။ဒါပေမယ့် သူ မြန်မာနိုင်ငံမှာ လာနေတယ် .. နိုင်ငံရေး လုပ်ပြီး အပင်ပန်း အဆင်းရဲခံ နေနေတယ်..။စားစရာမရှိလို့ နိုင်ငံရေး လုပ်နေတာမဟုတ်ဘူးနော်.. အေးအေးဆေးဆေးနေနှိုင်ရဲ့သားနဲ့ ဒီမှာ ကိုယ်ကျိုးစွန့်နေနေတာ ဘာကြောင့်လဲ ..။ ဘယ်သူတွေ အတွက်လဲ ..။
    နောက်တစ်ခု ၈၈ ကိစ္စက အောင်ဆန်းဆုကြည်နဲ့ မဆိုင်ဘူး ကလေးရဲ့ ..။ ပုံမှန် ဖြစ်တတ်တဲ့ အစိုးရနဲ့ ပြည်သူကြားက လူထုအုံကြွမှု တစ်ရပ်ပဲ ..။ သူရှိလဲ ဖြစ်မှာပဲ ..။ သူမရှိလဲ ဖြစ်မှာပဲ ..။
    နောက်ဆုံးတစ်ခု ပြောမယ် ကလေးရယ် .. ကလေးကို အနှစ် ၂ဝ လောက် မိဝေး ဖဝေးနဲ့ အကျဉ်းချထားမယ် .. အဲဒီက လွတ်လာရင် ဝန်ကြီးခန့်မယ်ဆိုရင် ကလေး ထောင်ထဲမှာ အနှစ် ၂ဝ နေမလား ..။ လေးလေး မှော်ဆရာတော့ နောက်ပိုင်း ဘာကြီးပဲ ဖြစ်ဖြစ် ထောင်ထဲမှာ အနှစ် ၂ဝလောက် သွားမနေရဲပါဘူးကွယ် ..။ခွန်နှစ်ရက်လောက် တရားစခန်းဝင်ရတာတောင် သေချင်စော် နံလာတယ် ..။ ဘယ်သူနဲ့မှ မတွေ့ရပဲ အကြာကြီးသာ နေရမယ်ဆိုရင် စိတ်ညစ်တာနဲ့တင် သေလောက်ပါတယ် ..။
    အောင်ဆန်းဆုကြည် ထောင်ထဲ အချုပ်ထဲ ခဏ ခဏ ရောက်ခဲ့ပြီးပါပြီ ..တော်ရုံတန်ရုံလူဆို နောက်နောင် နိုင်ငံရေးဆို တော်ပါပြီဆိုပြီး နောက်လှည့်ပြန်သွားလောက်ပြီ ..။ သူ ဘာအကျိုးအမြတ်မှ မရပေမယ့်လဲ
    သူ အခု ဆက်လုပ်နေပါတယ် ..။ သူမားမားမတ်မတ် ရပ်နေလို့လဲ အခုအချိန်မှာ နိုင်ငံရေး ချိန်ခွင်လျှာ ညီနေတယ်လို့ ဆိုရမယ် ..။သူမရှိရင် အတိုက်အခံအနေနဲ့ ဘယ်သူ့ကို အဖေခေါ်ရမှန်းတောင် သိမှာ မဟုတ်တော့ဘူး ..။ ဒါတွေကို ကလေး သိထားဖို့ လိုပါလိမ့်မယ် …။
    ဒေါ်အောင်ဆန်းဆုကြည်အကြောင်း ကောင်းကောင်းသိချင်ရင် ဒေါ်အောင်ဆန်းဆုကြည် (သို့) သဇင်နီ ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ဖို့ တိုက်တွန်းပရစေ ..။ကလေး မသိသေးတာတွေ အများကြီး သိသွားပါလိမ့်မယ် ….။

    • Wow

      December 31, 2011 at 1:35 pm

      မှော်ဆြာလောက်တော့စိတ်ရှည်ဘူး …
      ဟဲ့ကလေး နင်ကဘယ်သူ့သားသမီးလဲ တန်ရာတန်ရာပြော… နို့မို့ဆို ဖင်ချွတ်ပြီး ဆော်ခံထိမယ်။
      နင့်ဖေရို့မေရို့က လေးစားသင့်သူကိုလေးစားရမယ်ဆိုတာသင်မထားဘူးလား…

    • Burma

      December 31, 2011 at 8:35 pm

      ရက်စိ.. ကျွန်တော်ဆိုလိုချင်တာ က ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းဘုရားကိုးကွယ်သလို ကိုးကွယ်နေတဲ့သူတွေကို ပြောချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ချင်တာမဟုတ်သလို ၊ အကို ပြောသလို အဲ့စာအုပ်ရှာဖတ်လိုက်ပါဦးမယ်။ ဒါက ကျွန်တော့အမြင်နဲ့ ကျွန်တော်ရေးလိုက်တာပါ။ ကျေးဇူးတင်ပါတယ်။ အကိုမှော်ဆရာရေ..

      သားပု

      • ုkoyin maung

        December 31, 2011 at 11:10 pm

        ခလေးရေ..
        ခုလိုရင်ထဲကခံစားချက်ကိုရိုးရိုးသားသား
        ပြောသွားတာအပြစ်မဆိုပါဘူးကွယ်
        ကိုမှော်ဆရာပြောသွားတာပြည်စုံနေပါပြီ
        ကြည့်ရတာခလေးရဲ့ပါတ်ဝန်းကျင်က
        ဒေါ်အောင်ဆန်းစုကြည့်ကိုမုန်းတီးနေတဲ့လူနည်းစု
        ကြီးစိုးနေတာဖြစ်မယ်ထင်တယ်..
        ကောင်သည်ဆိုးသည် ဘေးပြောတာကိုမယုံဘဲကိုယ်ကိုယ်တိုင်
        လေ့လာကြည့်သင့်ပါတယ်ခလေးရယ်…..
        ပုံပြင်တွေလဲခလေးနဲ့တွေ့မှဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါကေားလား…..

  • blackchaw

    December 31, 2011 at 1:16 pm

    ၁၅ နှစ်သား လူငယ်လေးတစ်ယောက်ရဲ့ အတွေးပါဗျို့။
    မှော်ဆရာလို ရှင်းပြပေးတာ ကောင်းပါတယ်ဗျာ။

  • myanmarcitizen

    December 31, 2011 at 1:59 pm

    “တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ ဆိုတဲ့စကားကြားဖူးကြပါသလား။ ဒီစကားအဓိပာယ်အမှန်က တစ်ယောက်ကောင်းစားဖို့အတွက် အယောက်တစ်သောင်းက ညက်ညက်အကြေခံရတဲ့ဆိုတဲ့သဘောပါ။ ”
    အဟဲ့ ကောင်လေးက စကားပုံတောင်ပြင်လိုက်သဗျို့ 🙂 … စာမေးပွဲဖြေရင်အဲ့လိုသာဖြေ .. စကားဖြေပြန်ရင်လေ။(သေချာပေါက်ပဲ)။
    ကောင်လေး .. မှော်ဆရာ comment ကိုသေချာဖတ်နှော် … ဒီလောက်ပဲပြောတော့မယ်။ လူဆိုး သေချာလဲ မလေ့လာထားပဲနဲ့ ။ ဘုန်းကျော်အငယ်စားလေး … 🙂

  • memeseku

    December 31, 2011 at 2:20 pm

    ကလေးရေ…..တကယ်တော့’တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ’…….. ဆိုတဲ့စကားက…သူရဲကောင်းတယောက်ရှိရင်ရန်သူ၁သောင်းလဲမမှူဘူးလို.အဓိပ္ပာယ်ရသကွဲ.
    ငါလဲငယ်ငယ်ကလူကြီးစကားတွေကိုအရွယ်နဲ.အလိုက်အောင်ပြောခဲ့ဘူးပါတယ်…
    🙂
    အဲ.တုန်းကအင်တာမှမနက်သေးတဲ.အချိန်ကိုကွဲ.
    မဟုတ်ရင်ခေးလိုပဲကိုယ်လဲဆဲခံရမှာကွယ်…..တော်သေး
    နောက်ဆိုဖေရီးကိုပိုစ့်မတင်ခင်စပါးလုံးရွေးခိုင်းနော်….အဲဟုတ်ပေါင်…..edit လုပ်ခိုင်း

  • eveningstar

    December 31, 2011 at 3:57 pm

    Sခလေး ဘုန်းကျော် idea နဲ့ဝင်လာတယ်
    မင်းပါးပါးကိုသိပ်အားကျနေတာပေါ့ဟုတ်လား။

    • Burma

      January 1, 2012 at 9:12 pm

      စကားကိုကြည့်ပြောဗျ။ ဒီ က စကားကို ကောင်းကောင်းကန်းကန်းအေးအေးဆေးဆေးပြောနေတာ ။ ခင်ဗျားလဲ စကားကောင်းကောင်းပြောလိုု့ရတယ်။ ကျွန်တော် မြင်တာ ကျွန်တော့သဘောကို ဝေမျှနေတာ။ အပေါ်က ကိုမှော်ဆရာကို အားကျစမ်းပါ။ စကားကို မိုက်မိုက်ရိုင်းရိုင်းပဲပြောတတ်သလား။ မသိတဲ့သူ နားမလည်တဲ့သူလို့ ကျွန်တော့ကိုယူဆရင် ထောက်ပြပေးဖို့ စိတ်ကူးမရှိဘူးလား… hahhhaa 🙂

  • Burma

    January 1, 2012 at 9:05 pm

    ♦ ဆိုလိုတာရှင်းပါတယ်သေချာလေးပြန်ဖတ်ကြည့်ပါဦး… ဒီမိုကရေ ဖြစ်ဖြစ် ၊ ဆိုရှယ်လစ်ဖြစ်ဖြစ် ၊ ကွန်မြူနစ်ဖြစ်ဖြစ် ၊ တစ်ယောက်တည်းကောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ကျွန်တော့အတွက် (ပြည်သူတစ်ယောက်အနေနဲ့ပေါ့) ကျွန်တော်ခံစားမိတာ ၊ ဘယ်သူပဲ တက်အုပ်ချုပ်ချုပ် ၊ ဘယ်သူပဲ တိုင်းပြည်ကို ချုပ်ကိုင်ထားထား ၊ ကုန်ဈေးနှုန်းတွေကျရင် ၊ စားဝတ်နေရင်းအဆင်ပြေရင် ၊ စစ်တွေမဖြစ်ရင် ၊ လူ့အခွင့်အရေးတွေချိုးဖောကမခံရရင် ကျေနပ်ပါတယ်။ ပျော်ပါတယ်။ ထိခိုက်စေချင်စိတ် ဘာမှမပါပါဘူး။

  • Burma

    January 1, 2012 at 9:07 pm

    ဝေဖန်တဲ့သူ ၊ အကြံပြတဲ့ သူ ဆုံးမတဲ့ အကုန်လုံးကိုကျေးဇူးတင်ပါတယ် 🙂

  • sadabawa

    January 2, 2012 at 3:20 am

    Burma ရေ
    {♦ ဆိုလိုတာရှင်းပါတယ်သေချာလေးပြန်ဖတ်ကြည့်ပါဦး… ဒီမိုကရေ ဖြစ်ဖြစ် ၊ ဆိုရှယ်လစ်ဖြစ်ဖြစ် ၊ ကွန်မြူနစ်ဖြစ်ဖြစ် ၊ တစ်ယောက်တည်းကောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ကျွန်တော့အတွက် (ပြည်သူတစ်ယောက်အနေနဲ့ပေါ့) ကျွန်တော်ခံစားမိတာ ၊ ဘယ်သူပဲ တက်အုပ်ချုပ်ချုပ် ၊ ဘယ်သူပဲ တိုင်းပြည်ကို ချုပ်ကိုင်ထားထား ၊ ကုန်ဈေးနှုန်းတွေကျရင် ၊ စားဝတ်နေရင်းအဆင်ပြေရင် ၊ စစ်တွေမဖြစ်ရင် ၊ လူ့အခွင့်အရေးတွေချိုးဖောကမခံရရင် ကျေနပ်ပါတယ်။ ပျော်ပါတယ်။ ထိခိုက်စေချင်စိတ် ဘာမှမပါပါဘူး။ }

    မင်းရေးထာတဲ့ အတိုင်း လိုချင်လို့ ပြည်သူအားလုံးက ဒီအာဏာရှင် စစ်အစိုးရ ကို တော်လှန်ခဲ့တာ မဟုတ်လား၊ အသက်ပေးသွားခဲ့တဲ့ တော်လှန်ရေးသမားတွေ ကို လေးစားရင် ဒါမျိုး မရေးပါနဲ့၊ ဒေါ်စု လဲပဲ
    ခေါင်းဆောင် လုပ်ချင်လို့ မြန်မာပြည် လာတာ မှ မဟုတ်တာ၊ ဒို့ပြည်သူက တင်ထားတာလေ၊
    ခေတ်အဆက် ဆက် မြန်မာပြည် ခေါင်းဆောင်တွေ ဒေါ်စု လောက် ပညာ မတတ်ဘူး၊ စွန့်လွတ် အနစ်နာ မခံခဲ့ဘူး၊ ငယ်သေး လို့ နားမလည်ရင် စာများများဖတ်ပါ၊ သမိုင်း ကို သေချာ လေ့လာပါ၊ နားမယောင် ပါနဲ့။

  • kai

    January 2, 2012 at 6:12 am

    9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

    ဆိုတော့…
    .. အချက်အလက်နဲ့ပဲ ပြန်ချေပရေးကြစေချင်ပါကြောင်း….။

  • inz@ghi

    January 2, 2012 at 8:08 am

    ကျနော် သည် ပို့မှာ ရိုးရိုးနဲ့ ယဉ်ယဉ်လေးဘဲ ..စာများများ ဖတ်ပါ ညီလေး ရယ် လို့ မန့်ဖူးတယ်ထင်ရဲ့…
    မည်သူမျက်လှည့်ပြသည်မသိ ….ခု မရှိတော့ ….

    အင်း …
    ကျုပ်ဆို မုန်းကြတယ် ထင်ပါ့ ….

    • kai

      January 2, 2012 at 10:25 am

      ဂီဂီရေ..
      အခုပို့စ်က ၂ခုထပ်နေလို့.. ကော်မန့်နည်းတဲ့.. တခုကို ဖယ်လိုက်တာမှာ.. ပါသွားတယ်ထင်ပါတယ်..။
      အောက်က မန့်ထားသူတွေ.. ဘယ်သူဘယ်ဝါမကြည့်လိုက်ပါကြောင်း…နဲ့..
      အဲဒီအတွက်.. ခွင့်လွတ်ဖို့…။

      • inz@ghi

        January 2, 2012 at 10:34 am

        ဟုတ် …
        စီဘောပေါက်ပါဘီ သဂျီး …
        နောက်ဆို ဂျူဘလီကိတ် ပိုစ့်တွေ သဒိထားပါ့မယ်ဂျ…

        ဇဂါးမစပ် ရရက်နေ့ ..ဖွားဆူးတို့ ..တွေ့ဆုံပွဲ လုပ်မတဲ့ဗျ…
        အဲ့လာ …လက်ဆောင် ထည့်ပေးချင်တာ လူကြုံမရှိဘူး ဖြစ်နေတယ်ဗျာ…
        လကုန် မှ လူကြုံရှိမှာ…
        စကားမစပ် အဲ့နေ့ ကျုပ်မွေးနေ့ဗျ ….
        အမှတ်တရ တခုခုပေးချင်သား …

        လကုန်လောက်မှပဲ ပေးရတော့မှာပေါ့ ….

        ခင်တဲ့ ဂီ…

        • M-Lulin

          January 4, 2012 at 12:25 pm

          ဖေလ်တာ ပေးမှာရား ဟင် .. အဲဒါဆို မရောက်ရောက် အောင် လာခဲ့မယ်..
          ခင်တဲ့ လင်

  • ကောင်းမြတ်သူ

    January 2, 2012 at 10:22 am

    ကို ဗမာ ကျေးဇူးတင်တယ်ဗျာ ……………………………… ခင်ဗျား လုပ်ပေးလို့ ကောင်းမွန်တဲ့ comment တွေ ပေါ်လာသဗျ……………………………….. ဒါမျိုးအရေးအသားလဲ လိုတယ်လို့ထင်တယ်ဗျ……….. စာဖတ်သူများအားလုံး Comment တိုင်းကိုလေ့လာစေချင်တယ် ။ ဒီမိုကရေစီ ဆိုတာ ဒါတွေရှိသင့်တာပေါ့ဗျာ။ မဆဲနဲ့……. ကိုယ်လိုရာကို ယဉ်ယဉ်ကျေးကျေးနဲ့ပြောကြတာပေါ့

  • nozomi

    January 2, 2012 at 11:05 am

    စာရေးသူက ကျောင်းသားတစ်ယောက်ပါ
    မှန် မမှန် ဆိုတာ ကို မဆွေးနွေးချင်ပေမဲ့ ၊ ကျောင်းသား တစ်ယောက် ဆီကနေ အခုလို အတွေးရဲရဲ နဲ့ ရေးရဲ တာကို တော့ ကြိုဆိုသင့်ပါတယ်

    မှားတယ်လို့ ထင်တဲ့လူတွေက လဲ ကျောင်းသားမို့ မင်းမသိသေးပါဘူးကွာ ဆိုတာမျိုး မဟုတ်ပဲ အကျိုးသင့်အကြောင်းသင့်နဲ့ ရှင်းပြရင်၊ သူ့အတွက်ရော နောက်လူတွေကို လမ်းဖွင့်ပေးသလို လဲ ဖြစ်သွား မှာပါ ၊ ကျွန်တော်တို့ငယ်ငယ်က ဒီလို အခွင့်အရေးမျိုး မရခဲ့ပါဘူး

  • ကိုရင်စည်သူ

    January 2, 2012 at 11:12 am

    မျိုးကြီး သီချင်းဟဲမယ်…
    ပန်းတိမ်မတတ်ခင်.. ရွှေခိုးသင်..
    အရွယ်မရောက်ခင်… အစွယ်ပေါက်ချင်…
    ဟိုမှာလည်းပါချင်.. ဒီမှာလည်းပါချင်…
    ဘွားတော်ကြီးဦးနှောက်နဲ့ စိတ်ဓါတ်ကို
    မင်းမပြောနဲ့ တကယ့် ဂုရုကြီးတွေတောင်
    ဝေဖန်ဖို့ တော်တော်စဉ်းစားရဦးမယ်ဟ…
    ညီလေး တခြားဟာတွေတွေးပြီး
    ရေးပါကွာ… ငါ့ညီရာ…

    • မှော်ဆရာ

      January 3, 2012 at 2:02 pm

      အတွေးမှန်ရင် အကျင့်မှန်တယ်လေဗျာ ..
      အကျင့်မှန်မှန်လေးနဲ့ ချိန်ကြည့်ရင် သူ့အတွေးကို ရိပ်မိလိမ့်မယ်ဗျ ..

  • FattyCat

    January 2, 2012 at 4:30 pm

    ညီလေးရေ-
    ဒေါ်စု ရန်ကုန်ပြန်လာပြီး အိမ်ထဲမှာ အနှစ် (၂၀)လောက်နေတာကို အလကားနေတယ်လို့
    မထင်စေလိုပါဘူး
    ဂန္ဒီကြီး ရှေ့နေအလုပ်ကို စွန့်လွှတ်ပြီး ကူလီသမားတွေဝတ်တဲ့ ပိတ်ဖြူပဲဝတ်လို့ သေတဲ့အထိနေသွားတာမျိုး
    အေးဆေးနေနိုင်ရဲ့သားနဲ့ ဘာမှမဆိုင်တဲ့ (နေနိုင်ရင်နေလို့ရတဲ့) လူတွေအတွက် အလုပ်လုပ်ပေးတယ်ဆိုတာ ကိုယ်ကိုတိုင်လုပ်နိုင်လားကို အရင်ပြန်စဉ်းစားကြည့်စေချင်တယ်
    အချို့တွေက ကြည်ညိုလို့ အကြည်ညိုလွန်ကဲလို့ ဘုရားလိုကိုးကွယ်တာကို ပြောတာမဟုတ်ဘူး..
    စုပေါင်းလုပ်ရတဲ့အလုပ်တွေမှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်လိုတယ်
    လူတစ်ယောက်စီကို ထင်းတစ်ချောင်းစီလိုသဘောထားလိုက်ရင် အဲဒီထင်းချောင်းအများကြီးကို စည်းထားဖို့ ကြိုးတစ်ချောင်းရှိမှဖြစ်မယ်လေ
    ဒါမှလိုရသွယ်သွားလို့ရမှာ..မဟုတ်ရင် ထင်းအစည်းပြေသလို ဗရမ်းဗတာနဲ့ လိုရာဘယ်ရောက်တော့မလဲ
    ဒါပေမယ့် ခုနပြောသလို ခေါင်းဆောင်ကို အကြည်ညိုလွန်ကဲပြီး ဘုရားလိုကိုးကွယ်ကြတာကိုတော့ ကိုယ်ပိုင်အသိစိတ်နဲ့ ချင့်ချိန်ယုံကြည်သင့်တယ်…
    သမိုင်းအမှန်ကို ဖုန်းကွယ်ထားပြီး သိစေချင်တာလေးကိုရွေးသင်တဲ့ မြန်မာနိုင်ငံပညာရေးစနစ်ကြောင့်
    ကျောင်းသင်ခန်းစာမှာ ညီလေးမသိရပေမယ်…အပြင်မှာ စာအုပ်တွေ၊ အင်တာနက်ပေါ်မှာ လက်လှမ်းမီ သလောက်ဖတ်ပါ….
    တစ်နေ့တော့ မင်းနားလည်လာပါလိမ့်မယ်..
    .နိုင်ငံရေးဆိုတာ သပွတ်အူထက်ရှုပ်ထွေး၊ အသက်(၁၆)နှစ်ရှိတဲ့ သူဌေးသမီးပါးလေးထက်နူးညံ့ပြီး၊ ဗိုင်းကောင်းကျောက်ဖိ ရှေးရိုးစွဲမိသားစုက အမျိုးသမီးလေးထက် သိမ်မွေ့ပါတယ်..
    အဲဒါကြောင့် အစ်ကိုတော့ နိုင်ငံရေးမှာ စာဖတ်သူအဆင့်ပါပဲ…လက်ရှောင်ထားတယ်ဆိုပါတော့..ဟီး

  • zaw min

    January 2, 2012 at 8:54 pm

    မောင်ရင် ဗမာရေ…မောင်ရင်ဟာ အမှန်တကယ်ပဲ (၁၅)နှစ်ပဲရှိသေးတယ်ဆိုရင်တော့ ဦးလေးအနေနဲ့ အကြံပေးချင်တာက ကျောင်းစာလည်းသင်…အပြင်ဗဟုသုတရှိစေတဲ့ စာတွေလည်းများများဖတ်ပေးဖို့ အကြံပေးချင်ပါတယ်ကွယ်…မောင်ရင်တို့လို လူငယ်တွေအနေနဲ့ သမိုင်းအစစ်အမှန်တွေဆိုတာပါလဲ… သိဖို့သိပ်ကိုအရေးကြီးပါတယ်…အနာဂတ်မှာ တိုင်းပြည်ရဲ့ သားကောင်းရတနာတွေဟာ…တိုင်းပြည်အတွက် ရတာ နာမဖြစ်စေလိုပါဘူးကွယ်…

  • three colors

    January 2, 2012 at 10:23 pm

    ၁၅နှစ်သား အတွေးနဲ့ အင်တာနက် ပေါ ်တင်တော့ရီစရာကြီးဖြစ်နေတာပေါ့၊
    သေသေချာချာ လေ့လာပြီးမှရေးရတယ်၊
    သူ့ကို ကမ္ဘာ ပေါ ်ကဦးနှောက်မရှိတဲ့ ပညာမဲ့တွေက လေးစားနေတာ မဟုတ်ဘူး ဆိုတဲ့အချက် တခုထဲနဲ့တင် မင်းစဉ်းစားဘို့လုံလောက်ပါတယ်၊

  • သားငယ်

    January 2, 2012 at 10:39 pm

    “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်ပါတယ် “
    ကိုယ်တိုင် အရိပ်ပေးနိုင်တဲ့ သစ်ပင် လုပ်မလား..
    နားခိုမယ့်ငှက်လုပ်မလား ဆိုတာ…..
    သစ်ပင်ဆိုရင်လဲ.အရိပ်ကောင်းကောင်းပေးနိင်တဲ ့ အပင်မျိုး
    နားခိုမယ်ဆိုရင်လည်း.အရိပ်ကောင်းမယ့် အပင်ကိုရှာဖွေ နိုင်မယ့်
    အသိဉာဏ်မျိုး ရှိမယ်ဆိုရင် အားလုံးကောင်းသွားမှာပါ ။
    ကိုယ်လိုချင်တဲ ့ပုံစံမျိုးကတော့ ကိုယ်တိုင်ဖန်တီးယူနိုင်တဲ့ စွမ်းဆောင်ရည်
    ရှိမှဘဲရမှာပါ…အားလုံးကတော့ ပြည့်စုံမှာမဟုတ်ပါဘူး..
    အကောင်းဆုံး ဖြစ်အောင် ဘယ်နေရာကနေ ပါဝင်အားဖြည့်ပေးနိုင်မလဲ
    ဆိုတာကို တွေးပြီး လုပ်ကြရမှာပါ ။

  • Thel Nu Aye

    January 2, 2012 at 11:31 pm

    နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဆိုတာအလကားဖြစ်လာတာတော့မဟုတ်ဘူး။ ပေးတဲ့သူတွေရူးနေတာတော့ မဖြစ်နိုင်ပါဘူး။ ဒီတချက်ထဲနဲ့ဒေါ်အောင်ဆန်းစုကြည်ဟာမင်းပြောသလိုဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့ကွာ။ ၁၅ နှစ်ဆိုတာသိသလောက်တော့ဒီဘက်ခေတ်ရဲ့ပညာရေးထိ်န်းချုပ်မှု့အောက်မှာလူလားမြောက်လာတာပါ။ ဘာဗဟုသုတမှရှိမှာမဟုတ်တာသေချာတာပေါ့။ သန်းရွှေရဲ့အထူးလေ့ကျင့်ပေးခြင်းခံရသူများဟာ ဒီအ ရွယ်တွေပါ။ နိုင်ငံရေးမှိုင်းတိုက်ခံထားရတာ။ ပေါက်စလေးနဲ့နိုင်ငံရေးဝင်မဆွေးနွေးပါနဲ့။ မင်းနားမလည်သေး ပါဘူး။

    • Burma

      January 4, 2012 at 9:30 am

      ♦ သန်းရွှေရဲ့အထူးလေ့ကျင့်ခြင်းခံရသူ? အမပြောတဲ့သန်းရွှေအုပ်ချုပ်တဲ့နိုင်ငံ ၊ သန်းရွှေချပေးတဲ့ပညာရေးတစ်ခုတည်းနဲ့သာဆို ကျွန်တော် ကွန်ပျူတာဘာမှန်းတောင်သိမှာမဟုတ်ဖူး။ ဒီဘက်ခေတ်ပညာရေးရဲ့ထိမ်းချုပ်မှုအောက်မှာသာဆို ကျွန်တော် သမိုင်းဆိုလို့ ၊ ကျောက်ခေတ် ၊ ပထမမြန်မာနိုင်ငံတော် ၊ ဒုတိယမြန်မာနိုင်ငံတော် ၊ တတိယမြန်မာနိုင်ငံတော် ၊ ကိုလိုနီခေတ် ၊ လွတ်လပ်ရေးရပြီးခေတ်နဲ့ သူတို့ သိပ်မုန်းကြတဲ့ယိုးဒယားသမိုင်းအကြောင်းပဲ သိမယ် ဒါတောင် လွတ်လပ်ရေးပီးခေတ်တောင်မှ 88 ရှေ့ပိုင်းဟာပဲကျွန်တော်သိမယ် ဒါတောင် လွတ်လပ်ရေးပီးခေတ်ဆို သေချာသိမှာမဟုတ် ၊ ဒါတောင် အမတို့ခေတ်က သင်ရတဲ့သမိုင်းနဲ့ ကျွန်တော်တို့ခေတ်သင်ရတဲ့ သမိုင်းကွာသေးတယ်နော် ၊ စဉ်းစားကြည့်ဦး ၊ ဘာဗဟုသုတမှမရှိရင် ဒီနေရာမှာ ဒီလိုမျိုး ကျွန်တော် ရေးဖို့နေနေသာသာ ၊ ကျွန်တော့ကိုကျွန်တော်မြှောက်တာမဟုတ် ၊ Mozilla ဖွင့်ပြီး Adress Bar မှာ Weblink ကိုမရိုက်နိုင်တဲ့ နာမည်ကြီးကျောင်းမှာတတ်နေတဲ့သူတွေ အများကြီးရှိတယ် ဆိုတာ အမ သိပါလား ??

      ဒေါ်အောင်ဆန်းစုကြည်ကိုနည်းနည်းလေး ပြောမိတာနဲ့ ( ဒါတောင် သူ့ကိုဝေဖန်တိုက်ခိုက်နေတာမဟုတ်။ ကျွန်တော့ဆိုလိုရင်းသိချင်လျှင် ကိုမှော်ဆရာ ရဲ့ ပထမဆုံးကောမန့် ပထမအကြောင်းနားကိုကြည့်။ ) ကြံဖွတ်ပါတီဝင်ဖြစ်ရလေခြင်း ၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်ဖြစ်လာတာနဲ့ နည်းနည်းလေးတောင် ပြောခွင့်မရှိဖူးဆိုရင် တရားနည်းလမ်းကျတဲ့ Democracy ဆိုတာဘယ်ဟာလဲ??

      15 နှစ်ဆိုတာ ဘာမှမသိပါဘူးကွာ ၊ ဘာဗဟုသုတမှမရှိပါဘူး ဆိုတာကိုက အမရဲ့ အသက်အရွယ် ခွဲခြားမှု ကြီးက ပေါ်ပေါ်လွင်လွင်ကြီးဖြစ်နေပြီဆိုတာ ကို့ Comment ကိုပြန်ဖတ်ကြည့်ပါ။ ပုဂိုလ်ရေးထိခိုက်တာမဟုတ်ပါဘူး အမတို့ခေတ် 15 နှစ် ခလေးနဲ့ ၊ 2012 ရဲ့ 15 နှစ်ခလေးဘယ်လောက်ကွာနေမယ်ဆိုတာစဉ်းစားကြည့်ပါ။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဖူး ၊ ကိုယ်ပိုင် အနုပညာ ဖန်တီးနိုင်တဲ့သူတွေရှိနေပြီ။ မယုံရင် ရန်ကုန်မြို့လမ်းတွေ လျှောက်ကြည့် 15 နှစ်လောက်နဲ့ Graffiti ဖန်တီးနိုင်တဲ့သူတွေရှိတယ်။ Web Developer တွေရှိနေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တရုတ်ဝန်ကြီးချုပ်လာတာကို တရုတ်တစ်ယောက်လို ရဲရဲဝင့်ဝင့် နဲ့ ပြောနိုင်တဲ့သူတွေရှိတယ်။ ဘယ်အရာမဆို မရှက်မရွံ ့ ပဲ မေးမြန်း ၊ စူးစမ်း တတ်တဲ့သူတွေရှိတယ်။ 19 ရာစု 20 ရာစုခလေးတွေနဲ့ 21 ရာစုခလေးတွေ အကွာကြီးကွာတယ်ဆိုတာ မယုံရင် ကိုယ်တိုင် လိုက်စူးစမ်းကြည့်ပါ။

      သားပု

  • Khin Latt

    January 3, 2012 at 4:29 am

    သားပု ရေ – တစ်ခါတုန်းက “ကိုးတန်းကျောင်းသား ကျွန်တော်” ဆိုပြီးမင်းရှင်းပြ ထား တာကို အန်တီ ဖတ်ခဲ့ဘူးပါတယ်။ အဲဒီကထည်း က မင်းကို စိတ်ထဲက ချီးကျူးခဲ့ပါတယ်။
    ဘာလို့လဲ ဆိုတော့ မင်းအရွယ် အများစု ဆိုတာ ကွန်ပျူတာသုံးတာ ဂိမ်းကစားဖို့ရယ်၊ တစ်ခြား Fun Website တွေ သုံးဖို့ ရယ် ကိုဘဲ စိတ်ထဲထားတာကလား။ မင်းက ဒီအရွယ်နဲ့ နိုင်ငံရေး ဆိုတာကို စိတ်ဝင်စားပြီး ဒီလို ဂေဇက်ထဲ မှာတောင် ဝင်ရဲ တယ် ဆိုတာ အာဂပါဘဲ။

    သားရေ အန်တီ ကတော့ အခုမင်းဆွေးနွေးထားတဲ့ အကြောင်းမျိုးကို ကြားတိုင်း “မျောက်ငပိ ကိုင်လိုက်မိသလို” ပါဘဲ။ မနေနိုင် မထိုင်နိုင် ဝင်ဝင် ပြီးမှတ်ချက်ပေးရတာလဲ အမောပါဘဲ။

    မင်းကတော့ တစ်ဖက်သတ် အသားလွတ် ပြောတာ မဟုတ်ဘဲ မင်းစိတ်ထဲရှိမိတာကို ဒီမှာ လာဆွေးနွေး တယ်ထင်လို့ အန်တီ လဲ မင်းကို ဘယ်လို ပြန်ဆွေးနွေး သင့်တယ်ဆိုတာကို သေသေချာချာ စဉ်းစားခဲ့ ပါတယ်။ ဒါကို မင်းဖတ်ပြီးရင် အန်တီ မေးတဲ့ မေးခွန်း တွေကို မင်းဖြေကြည့်ပါလား။
    မင်းဖြေတာကို တစ်ခြားသူတွေလဲ ဝင်ဆွေးနွေး အကြံပြုလို့ရတာပေါ့။
    ဒါတောင်ဘယ်ကပါ့မလဲ။ မင်းဆီကတောင် အန်တီတို့ ပညာရသွားနိုင်ပါတယ်။
    ဒီတော့ အန်တီတို့ ဆွေးနွေး ကြရအောင်လား။

    မင်းရဲ့ ကျောင်းမှာ ဘဲဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခု ဖြစ်ဖြစ်၊ တိုင်းပြည်တစ်ပြည် မှာဖြစ်ဖြစ် ဒီလို အတိုင်းပါဘဲ သားရေ။

    သားရေ – ဒီမှာ မင်း ရဲ့ ပထမ ဆုံးမေးခွန်း ကို အန်တီ စ ဆွေးနွေးမယ်။

    ~~~~~~ အိုကေ.. တန်ဖိုး… ဒေါ်အောင်ဆန်းစုကြည်ကို တန်ဖိုးထားကြတယ်။. . ဗမာပြည်ကြီးတိုးတက်ဖို့ လက်တွေ့ကျကျဘာတွေများလုပ်ပီးဘီလဲ သိချင်ပါတယ်။ ~~~~

    ဒီတော့ အလွယ်ဆုံး မင်းရဲ့ ကျောင်း နဲ့ ကြည့်ရအောင်။
    ဥပမာ – (ဟေး …. ဒါ “ဥပမာ” လို့ ထပ်ပြော တယ်နော် :-))
    မင်းတို့ ကျောင်းအုပ်ဆရာကြီး က အတော်ဆိုး၊ စာသင်မကောင်း၊ ကျောင်းမှာလဲ ကျောင်းကြီးကြပ် ရေး ကောင်းကောင်း မလုပ်ဘဲ သူ့ပြင်ပ စီးပွါးရေး ဘဲ ထွက်ထွက် လုပ်နေ၊ ကျောင်းပစ္စည်း တွေကို လဲ သူ့ကိုယ်ပိုင် အဖြစ် သတ်မှတ်ထား၊ ကျောင်းသူ/သား တွေ တစ်ခုခု မှားရင် အကျိုးအကြောင်း ပြော ဆိုဆုံးမ ရမဲ့ အစား ကျောင်းထုတ်၊ ရိုက်နှက်၊ စသဖြင့် လုပ်နေတာ နှစ်ရှည် လများ ရှိပြီ ဆိုပါတော့။
    ဒီတော့ ကျောင်းက ယိုယွင်းလာ၊ ကျောင်းသားတွေ လဲ ညံ့၊ လူဆိုးလူပေ လေးတွေ ဖြစ်လာချိန် တစ်ခြားကျောင်း မှာ နာမည်ကောင်း နဲ့ ရှိနေခဲ့တဲ့ ဆရာကြီး တစ်ယောက် က မင်းတို့ ကျောင်းကို စေတနာ ရှိရှိ နဲ့ လာကူညီ ပေးမယ် လို့ ကမ်းလှမ်း တယ် ဆိုပါစို့။ အဲဒီ ဆရာကြီး က ပိုက်ဆံလဲ ချမ်းသာ၊ တစ်ခြား ပြင်ပ နာမည်ကျော် လူတိုင်းသွား ချင်တဲ့ ကျောင်း တွေ နဲ့လဲ အသင်းအဖွဲ့ ဝင်ဖြစ် လို့ သူ မင်းတို့ ကျောင်းအုပ်ဖြစ်ရင် အလိုလို အဲဒီ ကျောင်းတွေ ရဲ့ ဆက်စပ် ကူညီ မှုပါရမယ် ဆိုပါစို့။
    ဒီအချိန် မင်းတို့ ကျောင်းမှာဘဲ (ကံမကောင်းစွာ အကြောင်းအမျိုးမျိုးကြောင့်) ပညာမတတ် ရှာတဲ့ ကျောင်း အစ ကထဲ က ကျောင်းမှာ ကျောင်းစောင့်လုပ်၊ ကျောင်းခေါင်မိုး ယိုတာ အစ အိမ်သာပြင် အဆုံး သန့်ရှင်းရေးလဲလုပ်၊ ကျောင်းသူ/သား ခလေးတွေ ကိုလဲ ဂရုစိုက်၊ ချစ်ခင်၊ စေတနာထား သဘောမနောလဲ ကောင်းလှ တဲ့ ကျောင်းစောင့် ကြီး လဲ ရှိတယ် ဆိုပါစို့။
    ကျောင်းစောင့် ကြီး ခမျာ ကျောင်းကို သူ့တာဝန်ကျေ ရုံမက စေတနာအပြည့် လက်တွေ့ ကျကျ လုပ်ပေးလာတာ မဟုတ်လား။ အလွန်လဲ လေးစားထိုက်ပါတယ်။
    ဟို ပြင်ပက စေတနာ နဲ့လာမဲ့ ဆရာကြီး ကတော့ဖြင့် မင်းတို့ကျောင်း အတွက် ခုမှ စလုပ်ရမှာ။

    ဒီတော့ကာ – အန်တီ မင်းကို မေးခွန်းမေးမယ်။
    မေးခွန်း (၁)
    မင်း ဘယ်သူ့ကို ကျောင်းအုပ်အဖြစ် ရွေးမလဲ။ ဘာကြောင့်လဲ။?

    သားရေ – ကျန်တာတွေ နောက်နေ့ ဆက်မယ်။ မင်းမှာ ကျောင်းစာလဲ ကြည့်ရဦးမယ် မဟုတ်လား။

    မင်း အနေနဲ့ ဆက်ဆွေးနွေး ချင်တယ် ဆိုရင်ပေါ့။
    ~~~~~~ ကျွန်တော့အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ထက် ဟိုနေ့က ဖြစ်ရပ်ဆိုးထဲမှာ ကျသွားတဲ့ မီးသတ်ရဲဘော်ငါးယောက်က ပိုပြီးလေးစားဖို့ကောင်းတယ်လို့ ထင်တယ်။ ~~~~~~~~~~~
    အဲဒါကို ဆက်ဆွေးနွေးမယ်။

    ခင်မင်စွာဖြင့်

    • Burma

      January 3, 2012 at 8:49 pm

      ♦.အန်တီမေးထားတဲ့ ပုစာ နဲ့ သားအတွေးတိုက်ကြည့်တော့ ပညာတတ်ပေမဲ့
      ပထမကျောင်းအုပ်ဆရာကြီးက လူဆိုး ၊ လူမိုက်
      ဒုတိယကျောင်းအုပ်ဆရာကြီးက လူကောင်း ၊ လူလိမာပေါ့နော်… ( ပထမကျောင်းအုပ်ကြီးကို ပညာမတတ်ပဲ ကျောင်းအုပ်ဖြစ်ပါတယ်လို့ပြောလို့မရပါဘူး ဘာလို့လဲဆိုတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ဖြစ်ဖို့ နှစ်ဆယ်ဂဏန်းလောက် လုပ်သက်ရှိရပါတယ်)

      တစ်ယောက်စီရွေးရကြေး ၊ နှစ်ယောက်ပြိုင်ပြီးတော့ အရွေးခံရမယ်ဆိုရင် အကုန်လုံးက ခြွင်းချက်မရှိ ကောင်းမွန်နေတဲ့ ဒုတိယကျောင်းအုပ်ကြီးကိုရွေးကြ မယ်လို့ထင်တယ်. ကျွန်တော်လဲ ဒုတိယကျောင်းအုပ်ကြီးကိုပဲရွေးမယ်။

      ဒါပေမဲ့ အန်တီပြောထားတာ ဒုတိယကျောင်းအုပ်ကြီးက လာကူညီဖို့ ကမ်းလှမ်းတယ်ဆိုတော့ ၊ . . . လက်ရှိဒီကျောင်းရဲ့ ပထမကျောင်းအုပ်ကြီးကလဲ မထွက်ဖူး ဆိုတော့ နှစ်ယောက်အုပ်ချုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အာဏာကလဲ ပထမကျောင်းအုပ်ကြီးမှာပဲရှိတယ်။ ဒုတိယကျောင်းအုပ်ကြီးမှာ အကြံအဉာဏ်ပေးဖို့ ကူညီပေးဖို့ လောက်ပဲတတ်နိုင်တယ်။ ဒုတိယကျောင်းအုပ်ကြီးက တခြားကျောင်းတွေနဲ့ဆက်စပ်ပေးမယ် ၊ ဆက်သွယ်ပေးမယ်ဆိုရင်တောင် ပထမကျောင်းအုပ်ကြီးက မဖယ်ပေးတဲ့အတွက် ၊ ကျောင်းကြီးက ဒုတိယကျောင်းအုပ်ကြီး ရဲ့ကျောင်းတွေလို တိုးတက်ပါ့မလား ။.. နောက်တစ်ခုကတော့.. သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားထဲကလို ၊ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့.. စသဖြင့် သင်ရတယ်။ မပေါင်းအပ်ဖူးလို့ဆိုထား ပါတယ် ၊ ဆိုလိုရင်းကို အန်တီ သဘောပေါက်မယ်ထင်ပါတယ်။

      ကျောင်းစောင့်ကြီးကတော့ ပညာမတတ်လို့ ကျောင်းအုပ်ကြီးဖြစ်ခွင့်မရှိပေမဲ့ သူ့ရဲ့ စေတနာ ၊ အနစ်နာခံမှုတွေကို လေးစားရမယ် ၊ လေးစားထိုက်တယ်။ ကျောင်းအုပ်ကြီးမဖြစ်နိုင်တာ ၊ဖြစ်နိုင်တာနဲ့ ၊ လေးစားတာ ၊ မလေးစားတာကတော့ တခြားစီလို့ထင်ပါတယ်။ ကျွန်တော်တို့ အရမ်းတန်ဖိုးထား လေးစား မြတ်နိုး ရတဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ ဗိုလ်ချုပ်အောင်ဆန်းသမီး ၊ဒေါ်အောင်ဆန်းစုကြည်လို Oxford မှာ နိုင်ငံရေးသိပံဘွဲ့မရဖူး ၊ နိုင်ငံခြားမှာ ဘွဲ့တွေမရဖူးပေမဲ့ လုပ်ရပ်တွေ ၊ သူကြိုးစားသမျှတွေက သက်သေပြနေတယ်. .၊ 1915 – 1947 ၊ 32 နှစ်အတွင်း ၊ တကယ်တမ်း သုံးဆယ့်နှစ်နှစ်တောင်မပြည့်ပါဘူး။

      ဆွေးနွေးတာကျေးဇူးတင်ပါတယ်။
      သားပု

  • Onyx

    January 3, 2012 at 10:35 am

    မှော်ဆရာလို သေချာ ပြောပြတာကောင်းတယ်ဗျာ ၊ နောက်မလတ်ရှင်းပြတာကိုလဲ ကြိုက်တယ်
    ညီလေးရေ ကျောင်းစာလဲ ကြိုးစားပါ ပြီးတော့ ဗဟုသုတရမဲ့ စာတွေလဲဖတ်ပါ သူများပြောတိုင်းလဲ မယုံပါနဲ့
    ကိုယ်ပိုင် တွေးတောပြီး ဆင်ချင်တက်အောင် လုပ်ပါ ။
    ဘာဘဲဖြစ်ဖြစ် ပြောရဲဆိုရဲ ရှိတာကောင်းပါတယ် ။ ဒါပေမဲ့ မပြောခင်တော့ ကြိုတင်ပြီးလေ့လာ ထားသင့်ပါတယ် ။ ကိုပြောတာက မှန်နေတယ်ဆိုရင် ၊ ဒါမှ မဟုတ် ကို ထောက်ပြတာက မှန်နေမယ်ဆို
    ပိုပြီးတော့ကောင်းမယ်ထင်ပါတယ် ။

  • Khin Latt

    January 4, 2012 at 4:00 am

    အန်တီကို ပြန်ဆွေးနွေးတာဖတ်ရတာ အတော်အားရ စရာပါဘဲ။ ဒီလို အသက်ငယ်ငယ် လေးနဲ့ ဒီလို တွေးနိုင်တာ တကယ်တော်ပါတယ်။ အန်တီ မင်းကို ပြန်မငြင်းပါဘူး။ အခြေအနေ တစ်ခုကို ကြည့်ရင် တစ်နေရာ ထဲကနေ အသေ မကြည့်ဘဲ ဘက်စုံ ကပြောင်းကြည့်တတ်ဖို့ဘဲ လိုတာပါ။
    သူများစကား တွေကို ယုံရမယ် မဟုတ်ပေမဲ့ အချက်အလက် များများ ရပြီး သုံးသပ် နိုင်ဖို့ သူတို့ ဘာပြောတယ် ဘာကြောင့် ပြောတယ် ဆိုတာကို သိသင့်တယ် မဟုတ်လား။

    ~~~~~~ ကျွန်တော့အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ထက် ဟိုနေ့က ဖြစ်ရပ်ဆိုးထဲမှာ ကျသွားတဲ့ မီးသတ်ရဲဘော်ငါးယောက်က ပိုပြီးလေးစားဖို့ကောင်းတယ်လို့ ထင်တယ်။ ~~~~~~~~~~~

    သားရေ – အန်တီတို့ ကိုယ်ခန္တာ မှာ ခေါင်း၊ ခါး၊ ခြေလက်၊အရည်ပြား၊ စတဲ့ အပေါ်ယံ မြင်ရတဲ့ အစိတ်အပိုင်းတွေရော၊ ဦးနှောက်၊ နှလုံး၊ သွေးလွှတ်/ပြန်ကျော၊ အစာအိမ်၊ ကျောက်ကပ် စတဲ့ မမြင်ရတဲ့ ကိုယ်တွင်းက အစိတ်အပိုင်း တွေရော ပေါင်းစုပြီးမှ အဲဒီ ကိုယ်ခန္တာကြီး အလုပ်လုပ်နေတာ မဟုတ်လား။ အဲဒီထဲက တစ်ခုခု ချို့ယွင်းရင်ဖြင့် ခန္တာကြီးလဲ ကောင်းကောင်းမရပ်တည်နိုင်တော့ဘူး။ တစ်ခါတစ်ခါ အပြင်က ဗိုင်းရပ် ပိုးမွှား တွေ၊ မကောင်းတဲ့ ဘက်တီးရီးယားတွေ၊ မကောင်းတဲ့ လေထု တွေ ကို ကာကွယ်ဖို့ အတွက်လဲ သက်ဆိုင်ရာ အစိတ်အပိုင်းတွေဟာ ကြံ့ခိုင်နေရမယ်။
    ဒီမှာ အားလုံးက ဆက်စပ်ပြီး လုပ်ကိုင် နေရပေမဲ့ ပြသနာက နှလုံး က လုပ်တဲ့ အလုပ်ကို လက် က ဝင်လုပ်လို့ မရနိုင်ဘူး။ နားက ကြားရမှာကို ကျောက်ကပ် ကဝင်ကြားလို့ မရ ဘူး။ ခြေထောက်က လှမ်းရမှာကို အစာအိမ်က ဝင်လျှောက် နေလို့ မရဘူး။ သက်ဆိုင်ရာ အလုပ် ကို အဲဒီ အစိတ်အပိုင်းပိုင်ဆိုင် တဲ့ အရည်အချင်း ပေါ်မူတည်ပြီးသာ လုပ်နိုင်တယ်။ ဒီမှာက တစ်ချို့ သော အစိတ်အပိုင်း တွေက ပျက် သွားလဲ ပုံမှန် မဟုတ်တောင် ဆက်ရှင် နေလို့ရသေးတယ်။ တစ်ချို့ အစိတ်အပိုင်း တွေ က ပျက်နေရင် အစားထိုးလိုက်မှ ပြန်ကောင်းတယ်။ တစ်ချို့ ကျတော့ လဲ သူချို့ယွင်း တာနဲ့ အစားထိုး စရာ ဘာမှ မရှိလို့ ဒီအတိုင်း ဘဲ ကြည့်နေရ ပြီး နာတာရှည် လူမမာကြီး ဘဝ နဲ့ အသက်မျှင်းမျှင်း ဘဲ ရှူနေနိုင် တဲ့ ဘဝ ဖြစ်ရတာ ကို သား စိတ်ကူးကြည့်နိုင်တယ် မဟုတ်လား။
    ဒီတော့ ကိုယ်ခန္တာကြီး ပုံမှန်လှုပ်ရှား ဖို့ အားလုံး က ကိုယ့်နေရာ နဲ့ ကိုယ် တာဝန် ကျေကျေ လုပ်ရမှာ။ ကိုယ့်တာဝန် အစိတ်အပိုင်း ပျက်ကွက် လို့ ဖြစ်ဖြစ်၊ တစ်ခြားသူ တာဝန် အစိတ်အပိုင်း ပျက် လို့ ဖြစ်ဖြစ် ဒီခန္တာကြီး တစ်နေရာ ကနေ စပျက် လာရင် အဲဒီကနေစလို့ အားလုံးပါ ပျက်ပါတယ်။ ဒီတော့ အားလုံးညီညီ ညာညာ လုပ်မှ ကိုယ့် အစိတ်အပိုင်းပါ ရှင်သန်မယ်၊ အားလုံး တစ်စုတစ်ဝေး ရှိနေမှ ကိုယ်ခန္တာကြီး တင့်တယ် မယ်။ ဒီတော့ အားလုံးဟာ သူ့နေရာနဲ့သူ ခန္တာကြီး ပုံမှန် လှုပ်ရှားဖို့ အသုံးဝင်ကြ တာ ပါဘဲ။ မဟုတ်လား။
    အမှန်တော့ ကိုယ်ကောင်းစားချင်ရင် ကိုယ်နဲ့ဆက်နွယ်ရာ တွေကိုပါ ကောင်းစေလိုတဲ့ စိတ်ထားရပါမယ်။
    ဒီလို ဘဲ သားရေ – အန်တီတို့ နိုင်ငံရဲ့ တိုင်းသူ/ပြည်သား တွေဟာလဲ ခန္တာရဲ့ အစိတ်အပိုင်း တွေ လိုပါဘဲ။
    အားလုံးညီညီညာညာ ကိုယ့်တာဝန်ကိုယ်ကျေ နေသမျှ၊ ငါ့တစ်ဘို့ တည်းမဟုတ်ဘဲ တစ်ယောက် ကို တစ်ယောက် ဖေးမ နေသမျှ တိုင်းပြည်ကြီး သာယာဝပြော မှာ အမှန်ပါ။
    ပြည်သူလူထု တော်တော် များများ ဟာ အန်တီလို သာမာန်လူတွေပါ။ ဒီတော့ အန်တီ အပါအဝင် အများစု ဟာ ကိုယ်မရှိလဲ သူ့ဟာသူ အစားထိုး အသစ်ပြန်ဖြစ် လာတဲ့ အစိတ် အပိုင်းမျိုးပေါ့။
    ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လို လူမျိုး ကတော့ အစားထိုးဖို့ ခက်တယ်သားရေ။ အန်တီတို့ ကံကောင်းစွာ ဒီလို လူမျိုး ရထားတာ။
    ကိုမှော်ဆရာတို့ ၊ ကိုဖက်တီး တို့ အပါအဝင် အပေါ်မှာလူတွေ ရှင်းထားတာမို့ အရှည်မပြောတော့ပါဘူး။
    နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် က သူလက်မထပ်ခင်ကတည်းက မြန်မာနိုင်ငံ မှာ သူ့ကို တစ်ချိန်လို ခဲ့ရင် တိုင်းပြည်အတွက် အလုပ်သွားလုပ် ပါရစေ ဆိုတာ သူ့ခင်ပွန်းကို ခွင့်ပန်ထားပြီးသား။ သူ့စိတ်မှာ သူ့အဖေချစ်တဲ့ တိုင်းပြည် အတွက် ပေးဆပ်ချင်စိတ် နဂိုထဲကရှိခဲ့ပါတယ်။ ၈၈ ကမှ စိတ်ကူးပေါက်ခဲ့တာ မဟုတ်ပါဘူး။ ဒီတော့ သူ့ကို သူ့မိသားစု က အပြည့်အဝ နားလည်ထားခဲ့တာပါ။
    အဲဒီ အကြောင်းလေးကို ရေးထားတဲ့ ဆောင်းပါးလေး ဖတ်ဘူးတယ်။ ရှာကြည့်ပြီး တွေ့ရင် သားဆီ ကိုပို့ပေးမယ်။
    အန်တီတို့ လေးစား တာ ဗိုလ်ချုပ်သမီး ဆိုတဲ့ အကြောင်းချည်းမဟုတ်ပါဘူး။
    သူ့မှာ အန်တီတို့ တိုင်းပြည် အတွက် တန်ဖိုးရှိတဲ့ အရည်အချင်း တွေနဲ့ လဲ ပြည့်စုံလို့ပါ။
    အန်တီ ပြောတာ လဲ မှန်ချင်မှန် မှာပါ။ ဒါပေမဲ့ အန်တီ ဘာကို ဆိုလိုတယ် ဆိုတာတော့ သား သဘောပေါက်မှာပါ။

    ကဲ သားရေ ဒီအကြောင်း ကို ဒီမှာရပ်လိုက်စို့။ သားဖတ်သင့် တဲ့ Link လေးတွေ တွေ့ရင် ဒီ Post ကတစ်ဆင့် သားဆီ ကိုပို့ပေးမယ်။
    သား အနေနဲ့ ကိုယ့်တိုင်းပြည်ကို အကျိုးဆောင်ဖို့ သာမာန် ထက်ပိုတန်ဖိုး ရှိတဲ့ အစိတ် အပိုင်း လေး ဖြစ်ပါစေလို့ အန်တီ ဆုတောင်းပါတယ်။ သားအတွက် ကြိုးစားချိန် အများကြီး ရပါသေး တယ်။ ဒီတော့ အခုချိန်မှာ ကိုOnyx ပြောသလို ကျောင်း စာဖက်ကို နဲနဲ ပိုပြီး စိတ်ဝင်စားလိုက်ပါဦး။
    တစ်ချိန် ကျရင် အန်တီ တို့ ဂေဇက်မှာ ဆွေးနွေးခဲ့ တဲ့ ခလေး ဟာ တိုင်းပြည်ရဲ့ ထိပ်ပိုင်း ဆိုင်ရာမှာ (အစားထိုးဖို့ ခက်တဲ့ အစိတ်အပိုင်းပေါ့) တာဝန် ထမ်းနေတယ် ဆိုတာ ကြားချင်စမ်းပါဘိ။ 🙂

    ခင်မင်စွာဖြင့်

    • Burma

      January 4, 2012 at 7:31 am

      ♦ အန်တီရေးတာတွေမှန်ပါတယ်။ အားလုံးက ကို့အလုပ် ကိုယ့်တာဝန်ကိုလုပ်နေကြရတာပါ ဒါပေမဲ့ဒါတွေ အားလုံးက ဦးနှောက်စေခိုင်းရာကိုလုပ်နေကြရတာ။ အဓိကကတော့ ခေါင်းပါပဲ။ ခေါင်း ကောင်းဖို့တော့လိုနေပါတယ်။ ဒီခေါင်းထဲမှာကလဲ ကောင်းတဲ့အတွေး ၊ ကောင်းတဲ့စိတ်ကူး၊ ကောင်းတဲ့အမြင်တွေလိုပါတယ်။ ဒီအတွက်မှ တစ်ကိုယ်လုံးကိုကောင်းကောင်း မွန်မွန်ထိန်းချုပ်နိုင်မှာကိုး။ ဦးနှောက်ထဲမှာက ကောင်းတဲ့အတွေး နဲ့ မကောင်းတဲ့အတွေး နှစ်ခုရောနေတယ်ဆိုရင် ဒီခနာကိုတစ်ခုလုံးက ပြီးပြည့်စုံနေမယ်လို့မထင်မိဘူး။ ကျွန်တော်တို့တိုင်းပြည်ဟာ လဲ အဲ့ဒါလိုအပ်နေပါတယ်။ . .

      အန်တီရေးတာတွေကျေးဇူးတင်ပါတယ်။ ကိုမှော်ဆရာကောပဲ။

      သားပု

      • thethtet87

        January 5, 2012 at 3:56 pm

        နိုင်ငံသားတစ်ယောက်က ကိုယ့်နိုင်ငံရဲ့အရေးကိုစိတ်ဝင်စားတာကောင်းတာပေါ့ညီလေးရ။
        နောက်ပြီး ကိုယ်မှန်တယ်ထင်တာကိုယ်လဲ ရဲရဲဝင့်ဝင့်ချပြရဲရမယ်။ကောင်းတဲ့လက္ခဏာဘဲပေါ့
        ဒါပေမဲ့ ကိုယ်မှန်တယ်ထင်တာ ကကော ဘယ်အတိုင်းအတာအထိမှန်လဲဆိုတာတော့ချင့်ချိန်
        တတတ်ရမယ်လေ။အမှား/အမှန် ဝေဘန်ပိုင်းခြားတတ်မှု ဆိုတာ လေ့လာမှု၊စူးစိုက်မှု၊လူကျင့်ဝတ်
        အတ္တကင်းဝေးနိုင် ရမယ်လို့ တော့ကိုယ်ကြမ်းဖျဉ်းလက်ခံထားတယ်။
        ဒေါ်အောင်ဆန်းစုကြည် ကောင်းလား ဦးသန်းရွှေကောင်းလားဆိုတာ သူတို့(၂)ဦးရဲ့အများ
        အပေါ်ထားတဲ့ မေတ္တာတရားနဲ့ ရင်ထဲကစိတ်ဓါတ်အပေါ်မှာဆိုင်တယ်ထင်တယ်။
        တို့ဗုဒ္ဓ တရားနဲ့ပြောရင် မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်တယ်။ အများစုက ဘယ်သူအပေါ်
        မှာရောင်ပြန်ဟပ်နေလဲခွဲခြားကြည့်ပေါ့။ညီလေးနားလည်လာပါလိမ့်မယ်။ နောက်ညီလေးမမှီလိုက်တဲ့
        (၈၈)အရေးအခင်း ဆိုတာကလည်း ဘယ် ပေါ်ပေါက်လာတယ်- မြန်မာသမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့
        နိုင်ငံရေးသမားကြီးတွေ/နိုင်ငံရေးအပြောင်းအလဲ ဆိုတာတွေကို အင်တာနက်တွေစာအုပ်စာပေတွေ
        လေ့လာကြည့်ရင် ညီလေးကောင်းနားလည်လာလိမ့်မယ်။

  • kotun winlatt

    January 4, 2012 at 12:59 pm

    ညီရေ..ညီပြောသွားတယ်နော်..ခေါင်းကောင်းဘို့လိုတယ်လို့လေ…
    ခေါင်းကောင်းအောင် အရင်လုပ်ပြီး စဉ်းစားတွေးခေါ်မှုကောင်းအောင်လုပ်ပါ..
    ဘုရားရှင်ကိုယ်တိုင်က ဟောကြားတော်မူခဲ့တယ်မဟုတ်လားး
    ကိုယ်တိုင်ဝေဖန်စီစစ်ပြီး ယုံကြည်ပါတဲ့လေ…
    ညီ့အရွယ်နဲ့ ဒီလိုအတွေးအခေါ်ရှိတာ ပြောရဲဆိုရဲတာကိုလေးစားပါတယ်..
    ပြီးတော့ ဆက်လက်ပြီးတော့ တွေးခေါ်ပါ.. စာကိုလည်း ဒီထက်များများဖတ်ပါလို့
    အားပေးချင်ပါတယ်… ညီ့အရွယ်နဲ့ ဒီလိုပြောရဲဆိုရဲ တာကို အံ့ဩမိသလို
    လေးလည်းလေးစားပါတယ်..
    နောက်တစ်ခုပြောချင်တာက အမှန်တရားကိုမမြင်နိုင်တာထက်စာရင်ကန်းနေတာက
    ပိုကောင်းတယ်ဆိုတဲ့ တာရာမင်းဝေရဲ့ စကားလေးလိုပဲ..
    အမှန်တရားကိုမြင်နိုင်စေဘို့ ဆုတောင်းပါတယ်နော်..
    ခင်မင်လေးစားလျှက်…

  • htoosan

    January 4, 2012 at 1:17 pm

    သားပုရေ .. သားပုပြောတဲ့ လိုအပ်နေသော ခေါင်း ။
    သားပုပြောတဲ့ လိုအပ်နေသော ခေါင်းဟာ လောလောဆယ် မြန်မာပြည် မှာ ပြည်သူလူထု အများယုံကြည်နေတာက . ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတယ်။
    သားပု ကော အခြားအစားထိုးလို့ ရမဲ့သူမြင်မိသေးလို့လား …….

    • တညင်သား

      January 5, 2012 at 6:12 pm

      တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သေသွားရင် ဘယ်သူကိုလက်ခံမလဲ ဖြေနိင်ရင် သားပုက အစားထိုးလို့ ရမဲ့သူ မြင်တာပြောပြမယ်တဲ့…ဟိ

  • memeseku

    January 6, 2012 at 8:50 pm

    admin ဒီ ပိုစ်မှာမျက်လှည့်တော်တော်များနေပြီ…..ခုနီ ခုစိမ်း ခုပျောက်…. ဟောဘာမှထိခိုက်ရိုင်းပြတာလဲမပါတဲ.ကွန်မန့်ကလဲ….လိုင်းတား…..
    နောက်ဆိုမန့်ရမှာတောင် လန့်နေပြီ

  • ဒီပို ့စ်မှာ အနော်လဲ မမန် ့တော့ဘူးမှတ်ပါတယ်။အမြဲပျောက် ပျောက်သွားပါတယ်။ဒီ သားပုရဲ ့အရေးအသားတွေက
    ကလေးတစ်ယောက်မဟုတ်တာ သေချာတယ်။ဒါပေမယ့် အမေစုအပေါ်မှာ မဝေဖန်တာတော့

  • Khin Latt

    January 7, 2012 at 5:27 am

    သားပုရေ – Generation နဲ့ ပါတ်သက်ပြီး အန်တီ အလွန်ကြိုက်တဲ့ Quote တစ်ခု ရှိတယ်။

    Each generation imagines itself to be more intelligent than the one that went before it, and wiser than the one that comes after it.
    George Orwell

    Generation တိုင်းဟာတော့ဖြင့် သူတို့ဟာ သူတို့ အရင်လူကြီး တွေထက် ပိုပြီး ဉာဏ်ရည် ထက်မြက် ကြတယ်။ သူတို့ ရဲ့ နောက်လာမဲ့ လူငယ် လေးတွေထက် ပိုပြီး ပညာ ရှိကြတယ် လို့ တွေးထင်ကြသတဲ့။

    အဲဒါ တကယ် မှန်တာဘဲ ဆိုတာ အခု သိသွားပြီ။
    ဘာလို့ လဲ ဆို တော့ အန်တီ အရင်က တွေးခဲ့တာ နဲ့ မင်းအခု တွေး တာ တူနေလို့။ 🙂

    တကယ်တော့ သားပု ရေ – တကယ် ပညာရှိရင်၊ တကယ် ပညာဉာဏ်ရည် မြင့် ရင် Generation ဆိုတာ Graph မှာ အပေါ်ကို မြင့်တက်သွား ဖို့ ကိုဘဲ လုပ်သွားရမှာပါ။
    ဒါကြောင့် အန်တီတို့ ထက် မင်း တို့ တကယ်တော်ကြောင်း ပြနိုင်လို့ ကတော့ အလွန်ဝမ်းမြောက် စရာ ပါဘဲ သားရေ။
    မင်းတို့အတွက် အန်တီ တို့ Generation မှာလဲ တာဝန်ရှိပါတယ်။ မင်းတို့ မတော်တဆ ညံ့ခဲ့ရင်တောင် ဒါဟာ အန်တီ တို့ ရဲ့ အပြစ် လို့ ဝန်ခံရမှာပါ။
    မင်း တို့ ကလဲ မင်းတို့ ရဲ့ နောက် Generation ကို မင်းတို့ထက် ပိုကောင်း၊ ပိုမြင့် အောင်ပံ့ပိုး ရမှာ မင်းတို့ တာဝန်ပါ။
    ဒီအတွက် မင်း အစွမ်းကုန် ကြိုးစားဖို့တော့လိုမယ်။
    ဒါဆို အန်တီ ဘာကို ဆိုလိုချင်တယ်၊ ဘာကို ဆိုလို ခဲ့တယ်ဆိုတာ သားနားလည်မှာပါ။
    သားပု ဒါထက်ပိုပြီး ထူးချွန်အောင်မြင် ပါစေ လို့ အန်တီ ဆန္ဒပြုပါတယ်။
    မင်းတစ်ခုခု ထပ်ဆွေးနွေးချင်ရင် လဲ ဒီအထဲ မှာ မင်း ကို ဝိုင်းဆွေးနွေး ပေးမဲ့သူတွေ အများကြီးပါ။
    မင်းအတွက် အဓိက ပိုအရေးကြီး တဲ့ ပညာရေး အကြောင်းတော့ ပိုပြီး ဖြစ်သင့်ပါတယ် သားရေ။
    တစ်ချို့နေရာ တွေမှာ လုပ်ချင်တာ ထက် လုပ်သင့် တာကို လုပ်ရပါတယ်။ 🙂

    ခင်မင်စွာဖြင့်

Leave a Reply