နှစ်သစ်လက်ဆောင် သက်ရောက်ဆန်ပုံယတြာ

koyin sithuDecember 31, 20111min1378

တစ်ခုသော ဒီဇင်ဘာလ၏ ကျွန်ုပ်မွေးနေ့ ညနက်ပိုင်းတွင် အခန်းထဲတွင် တစ်ယောက်တည်းထိုင်၍ ကျွန်ုပ်ကိုယ်တိုင်နှင့် ကျွန်ုပ် လုပ်ရမည့် အလုပ်များကို ထိုင်စဉ်းစားနေမိသည်။ ကျွန်ုပ်ဘဝတွင် အလုပ်ကိစ္စများ ဆောင်ရွက်လုပ်ကိုင်ရာတွင် မည်သည့်အခါမှ တစ်ခါတည်းနှင့် ပြီးမြောက်မအောင်မြင်ခဲ့ပါ။ တပတ်စဉ်ထဲ ထွက်လာကြသော ကျွန်ုပ်၏ သူငယ်ချင်းများသည် သင်္ဘောတက်ရန် ရုံးကိစ္စများ၊ ကုမ္ပဏီများဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် တခါတည်းဖြင့် ပြီးမြောက်အောင်မြင်ပြီး Sea Time ပြည့်ကြကုန်၍ အရာရှိစာမေးပွဲဖြေရန်အထိ အဆင်ပြေနေကြသလောက် ကျွန်ုပ်တွင်မှု Sea Time မပြည့်သေးရုံမက၊ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ပြီး ကြန့်ကြာပြီး နှစ်ခါ၊ သုံးခါ ထက်မက အပြန်ပြန်လှန်လှန် လုပ်ကိုင်ရလေသည်။ ထိုကဲ့သို့ ကျွန်ုပ်သည် အစစအရာရာတွင် သူများထက် နောက်ကျနေပြီး၊ စီးပွားရေး အဆင်မပြေသော ကိစ္စများကို မည့်သို့မည့်ပုံ ဆောင်ရွက်လုပ်ကိုင်၍ လတ်စသတ်ရမည်နည်းဟု စဉ်းစားတွေးတောလျက် ဘာဆက်လုပ်၍ ဘာလုပ်ကိုင်ရမည်မသိအောင် ရင်ထဲတွင် မောပန်းလာလေတော့၏ ထိုကဲ့သို့ ရှိနေလေရာ ရှေ့တွင် ဖွင့်ထားသော ကွန်ပျူတာကို ပိတ်ပစ်လိုက်၏။ စောင်တစ်ထည်ကို ကြမ်းပြင်ပေါ်ကို ခင်း၍ ငါအိပ်တော့မည်ဟု ဆုံးဖြတ်ကာ အိပ်ယာထဲတွင် ကျောဆန့်လိုက်၏။ သိပ်မကြာခင်အချိန်တွင် ကျွန်ုပ်သည် အိပ်ပျော်သွားလေတော့၏
ကျွန်ုပ်သည် အိပ်မက်မက်နေလေ၏။ အိပ်မက်ထဲတွင် ဆရာသခင် အဘမင်းသိင်္ခနှင့် တွေ့ရလေ၏။
ကျွန်ုပ်၏ အိပ်မက်ထဲတွင် အဘသည် စမ်းချောင်းလေးတစ်ခု ဘေးရှိ ဝါးတဲလေးတစ်လုံးပေါ်တွင်
စိတ်အေးချမ်းသာစွာ ထိုင်နေသည်ကိုတွေ့ရလေ၏။ အဘသည် ကျွန်ုပ်အား ပြုံးရွှင်စွာဖြင့်
လာ ကောင်လေးဟု လှမ်းခေါ်လေ၏။ အဘရှေ့ တွင် သစ်သား စားပွဲလေးတစ်လုံးလည်း ရှိလေ၏။
ထိုစားပွဲပေါ်တွင် တားရော့ထုပ်လေး ရှိ၏။ ရေနွေးကြမ်း တစ်ဖန်ခွက်လည်း ရှိလေ၏။
အိပ်မက်ထဲတွင် အဘအား ကျွန်ုပ်သည် ရိုသေစွာရှိခိုးကန်တော့ပြီးနောက် အဘအား
အဘတို့ကတော့ အေးအေးဆေးဆေးလေးကို ထိုင်နေလိုက်တာ။ ဘာအပူအပင်မှကို မရှိဘူးနော်အဘ။
ကျွန်တော်တို့ကတော့ လုပ်စရာအလုပ်တွေ တစ်ပုံတစ်ပင်ကြီး။ ဘယ်ကနေဘယ်လို စလုပ်လို့
လုပ်ရမှန်းကို မသိတော့တာ အဘရေ။ အဘလို အေးအေးချမ်းချမ်းလေး နေချင်လိုက်တာ အဘရယ်ဟု
ကျွန်ုပ်က ပြောလိုက်လေလျှင် အဘသည် နူးညံ့စွာဖြင့် ပြုံးလေတော့၏။ ထို့နောက် အဘက
အလုပ်လုပ်တယ်ဆိုတာ မလုပ်သလိုလိုနဲ့ လုပ်ရတယ်ကွ။ အလုပ်ကို အင်တိုက်အားတိုက် ဘယ်တော့မှ
မလုပ်လေနဲ့ကွ။ ဘာကြောင့်လည်းဆိုတော့ မင်းတို့ ပြောပြောနေတဲ့ အလုပ်ဆိုတာကြီးက မသေမချင်းကို
လုပ်နေရမည့် အရာဖြစ်တယ်။ လူသားရယ်လို့ မွေးဖွားလာပြီ ဆိုကတည်းက အလုပ်တို့ တာဝန်တို့ဆိုတာ
တွဲပါလာတာ မဟုတ်လား။ ဒါကြောင့် အလုပ်ဆိုတာကို ရှောင်လွဲလို့ ဘယ်တော့မှ မရဘူးကွ။
နောက်တစ်ခုက မင်းကို ငါပြောမယ်ကွ။ လူတော်တော်များများက ကောက်ရိုးမီးလို ဟုန်းခနဲ့
ထတောက်တတ်တဲ့ အကျင့်ရှိတယ်။ အရှိန်ကုန်သွားရင်တော့ ချက်ချင်းကို ငြိမ်သွားတော့တာ။
အဲဒီတော့ ကောက်ရိုးမီးလို မကျင့်နဲ့ကွ။ ဖွဲမီးလို တမြေ့မြေ့ တောင်လောင်နေတာက ပိုကောင်းတယ်ကွ။
ဒါကြောင့် အလုပ်လုပ်တဲ့ နေရာမှာ အင်တိုက်အားတိုက် အားကုန်သုံးပြီး လုပ်တဲ့ လူတွေဟာ ခနလေးနဲ့
အလုပ်ကို စိတ်ကုန်သွားတယ်။ ငြီးငွေ့သွား တတ်ကြတယ်။ ဒါကြောင့် ဖြေးဖြေးချင်း
စိတ်အေးလက်အေးနဲ့ အလုပ်လုပ်တတ်အောင် လေ့ကျင့်ထားမယ်ဆို ရင် အလုပ်ကလည်း ပြီးစီးတယ်။
အလုပ်တွင် မကပါဘူး။ ဘယ်အရာမဆို ခရီးပေါက်တယ် ကောင်လေး။ ဒါကြောင့် ဖြေးဖြေးမှန်မှန်နဲ့
ခရီးရောက်အောင် ခရီးပေါက်အောင် သွားတတ်အောင် လေ့ကျင့်ထားပါ ကောင်လေးဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်ကလည်း ဟုတ်ကဲ့ပါအဘ ။ ကျွန်တော် နားလည်ပါပြီ။ ကြိုးစားပါ့မယ်။ အခု ကျွန်တော်
တစ်ခုလောက် မေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်အပါအဝင် လူတော်တော်များများက သူတို့တွေရဲ့ ဘဝတွေ အောင်မြင်ချင်တယ်။ တိုးတက်ချင်တယ်။ ကျော်ကြားချင်တယ်။ ပြီးတော့ ပြဿနာတွေ အန္တရယ်တွေလည်း ကင်းဝေးချင်ကြတယ်။ နောက်ပြီး မိတ်ဆွေ အပေါင်းအသင်း
အခြံအရံတွေလည်း ပေါများချင်တယ်။ လူချစ်လူခင်လည်း ပေါများချင်ကြ တယ်အဘ။ အဲဒီတော့
ကျွန်တော်တို့ ဗေဒင်ဆရာတွေဆီကို လာပြီး အကူအညီတောင်း တတ်ကြတယ်။ အဲဒီတော့ သူတို့တွေရဲ့
လိုအင်ဆန္ဒတွေ ပြည့်စုံအောင် သူတို့ မလိုချင်တဲ့ အရာတွေ မလာအောင် လာဘ်လာဘရွှင်လန်းအောင်
ဘာယတြာ လုပ်ခိုင်းရင် ကောင်းမလဲ အဘဟု ကျွန်ုပ်က မေးလိုက်လေရာ အဘသည် ကျွန်ုပ်အား ခေတ္တ
ငြိမ်သက်ကြည့်နေရာမှ မင်းဒီမှာ ခနစောင့်နေကွာဟု ပြောပြီးလျှင် ဝါးတဲလေး၏ နောက်ဘက်
တွင်ထားသော ဆန်ပုံးထဲမှ ဆန်များကို လက်ထဲတွင် ဆုပ်ကိုင်ရင်း တဲလေးပေါ်မှ ဆင်းသွားလေ၏။
ထို့နောက် ဝါးတဲလေး၏ ရှေ့ဘက်ရှိ မြေပြောင်ပြောင်ပေါ်တွင် သူယူသွားသော ဆန်များကို အပုံလေးများ
ချရင် သတ္တဝါများကို ကျွေးမွေးနေလေ၏။ အဘ၏ ပါးစပ်မှလည်း တဖွဖွ ရွတ်ဆို၍ နေလေတော့၏။
ထို့နောက် အဘသည် တဲပေါ်တွင် ထိုင်နေသော ကျွန်ုပ်အား လှည့်ကြည့်လိုက်ပြီးလျှင် ကျွန်ုပ်အား
ပြုံးပြလိုက်လေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်သည် အိပ်ယာမှ လန့်နိုးသွားလေ၏။ ကျွန်ုပ်သည်
အိပ်ယာထဲမှ မထသေးဘဲ နာရီးကို လှမ်း၍ ကြည့်လိုက်လေရာနံနက် (၇)နာရီပင်
ထိုးနေပြီ ဖြစ်လေတော့၏။
ကျွန်ုပ်သည် အိပ်ရာမှထ၍ ရေမိုးချိုး သွားတိုက် အဝတ်အစားလဲပြီး မြတ်စွာဘုရားအား သောက်တော်ရေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ အစသဖြင့် မိုး¬¬¬သောက် ဘုရားဝေယျာဝိစ္စများကို လုပ်ပြီး ဘုရားရှိခိုးပြီး ခေတ္တတခနမျှ ငြိမ်သက်စွာ ထိုင်နေရင်း ညတုန်းက အဘမင်းသိင်္ခကို အိပ်မက်မက်ခဲ့သည့် အကြောင်းကို ပြန်လည်တွေးတောမိလေတော့၏။ ထို့နောက် ဆက်လက် စဉ်းစားကြည့်နေမိ၏။ ကျွန်ုပ်သည် အိပ်မက်ကို အစမှ အဆုံးတိုင် ပြန်လည်၍ မှတ်မိနေ၏။ ကျွန်ုပ်က အဘအား ယတြာအကြောင်း မေးခွန်းမေးခဲ့၏။ အဘက ဆန်များကိုယူ၍ မြေပြောင်ပြောင်တွင် ပုံ၍ သတ္တဝါများအား ချကျွေးနေ၏။ ကျွန်ုပ်၏ မေးခွန်းအား အဘသည် ပြန်လည်၍ မဖြေခင်မျာပင် ကျွန်ုပ်အိပ်ယာမှ လန့်နိုးလာခဲ့၏။
အိပ်မက်ထဲတွင် အဘသည် ဆန်များကို ပုံ၍ သတ္တဝါများအား ချကျွေးပြခဲ့လေ၏။ ထိုသည်ပင်လျှင်
အဘ၏ အဖြေပင် ဖြစ်သလောဟု တွေးတောကြည့်နေမိလေ၏။ ဆက်လက်၍ ကျွန်ုပ်တို့အား
အဘသင်ထားပေးခဲ့သော ဆန်ပုံယတြာကို ချက်ချင်း သတိရလိုက်မိလေတော့၏။ ဆန်ပုံယတြာကို
ဆန်းဗေဒင်နည်းနှင့် အခြေခံ၍ ဆောင်ရွက်ရခြင်းပင် ဖြစ်၏။ ထိုဆန်ပုံယတြာမှာ လွန်စွာ ထူးခြား၍
လွန်စွာမှလည်း အစွမ်းထက်သော ပွဲတွေ့ ယတြာပင် ဖြစ်လေ၏။ ထိုယတြာကို ကျွန်ုပ်သည် မကြာမကြာ
ကိုယ်တိုင်လည်း ဆောင်ရွက်ဖူး၏။ ကျွန်ုပ်နှင့် မြင်တွေ့ဘူးကြသော၊ မြင်တွေ့ဘူးခြင်း မရှိကြသော ချစ်ခင်ရသောရွာသူားများ နှစ်သစ်တွင် အစစအရာရာ အောင်မြင်အဆင်ပြေစေရန်အတွက် ကျွန်ုပ်၏ ရိုးသားလှစွာသော စေတနာဖြင့် နှစ်သစ်လက်ဆောင်ဖြစ်တဲ့ ဆန်ပုံယတြာအား လုပ်ဖြစ်အောင်လုပ်ကြည့်ပါဟု တိုက်တွန်းလိုက်ပါတယ်။
လွန်စွာထူးခြားသော သက်ရောက်ဆန်ပုံယတြာ
နံပါတ်(၁)က သင်ဟာ ဒီနှစ် ဘာသက်ရောက်လဲဆိုတာကို အရင်သိအောင် လုပ်ရမယ်။
သင်၏ အသက်ကိုတည်ပါ။ ၈-နှင့်စားပါ။ အကြွင်းအတိုင်း သင်၏မွေးနံ ဂြိုဟ်အိမ်ကစ၍
မျှားပြထားတဲ့အတိုင်း ထောက်ပါ။ ၁-ကြွင်းလျှင် ၁-ကွက်ထောက်ပါ။ ၂-ကြွင်းလျှင် ၂-ကွက်ထောက်ပါ။
၃-ကြွင်းလျှင် ၃-ကွက်ထောက်ပါ။ ၄-ကြွင်းလျှင် ၄-ကွက်ထောက်ပါ။ ၅-ကြွင်းလျှင် ၅-ကွက်ထောက်ပါ။
၆-ကြွင်းလျှင် ၆-ကွက်ထောက်ပါ။ ၇-ကြွင်းလျှင် ၇-ကွက်ထောက်ပါ။ ဝ-ကြွင်းလျှင် (၈-ကြွင်း)
၈-ကွက်ထောက်ပါ။ ကျရာ ဂြိုဟ်ခွင်ဟာ မိတ်ဆွေရဲ့ သက်ရောက်ရာ ဂြိုဟ်ခွင်ပါပဲ။ အောက်မှာ
ကျွန်တော်ပုံတစ်ပုံ တင်ပြပါ့မယ်။


ဥပမာ တွက်ပြပါ့မယ်ဗျာ…
ဒီလိုပါ.။ တနင်္ဂနွေသား အသက် (၂၇)ကို တွက်ကြည့်မယ်ဗျာ။ သူရဲ့အသက် (၂၇)ကို ၈-နဲ့စားဗျာ။
၃-ကြွင်းတယ်။ (၃) ကြွင်းတော့ တနင်္ဂနွေ ဂြိုဟ်အိမ်ကနေ (၃) ကွက်ထောက်ဗျာ။ အဲဒါဆိုရင် အင်္ဂါဂြိုဟ်မှာ
ကျပါတယ်။ ဒါကြောင့် သူဟာ အင်္ဂါ သက်ရောက် ဖြစ်ပါတယ်။ ကျန်တဲ့ နေ့သားသမီးတွေ မည်သူမဆို
အတူတူပါပဲ။ သတိထားရမှာ တစ်ခုက ကိုယ်နေ့ရဲ့ နေရာကနေ စထောက်ရတယ် ဆိုတာလေးကိုတော့
ဂရုစိုက်ပါဗျာ။
သင်ဟာ တနင်္ဂနွေသက်ရောက်တယ်ဆိုရင်…..
ကြာသပတေး (သို့) တနင်္ဂနွေနေ့များမှာ တောင်အရပ်ကို မျက်နှာမူ၍ ဆန်(၅၁)ပုံ ပုံကာ သတ္တဝါတို့အား
ဒါနပြုပါ။
သင်ဟာ တနင်္လာသက်ရောက်တယ်ဆိုရင်…..
တနင်္ဂနွေ (သို့) ဗုဒ္ဓဟူးနေ့များမှာ အနောက်တောင်အရပ်ကို မျက်နှာမူ၍ ဆန်(၄၁)ပုံ ပုံကာ သတ္တဝါတို့အား
ဒါနပြုပါ။
သင်ဟာ အင်္ဂါ(သို့) ဗုဒ္ဓဟူးသက်ရောက်တယ်ဆိုရင်…..
တနင်္လာ (သို့) သောကြာနေ့များမှာ အနောက်အရပ်ကို မျက်နှာမူ၍ ဆန်(၆၂)ပုံ ပုံကာ သတ္တဝါတို့အား
ဒါနပြုပါ။
သင်ဟာ စနေသက်ရောက်တယ်ဆိုရင်…..
အင်္ဂါ (သို့ ) စနေနေ့များမှာ မြောက်အရပ်ကို မျက်နှာမူ၍ ဆန်(၇၃)ပုံ ပုံကာ သတ္တဝါတို့အား ဒါနပြုပါ။
သင်ဟာ ကြာသပတေးသက်ရောက်တယ်ဆိုရင်…..
တနင်္လာ (သို့) ကြာသပတေးနေ့များမှာ မွန်းတည့် (၁၂းဝ၀) နောက်ပိုင်း အရှေ့မြောက်အရပ်ကို
မျက်နှာမူ၍ ဆန်(၅၂)ပုံ ပုံကာ သတ္တဝါတို့အား ဒါနပြုပါ။
သင်ဟာ ရာဟုသက်ရောက်တယ်ဆိုရင်…..
အင်္ဂါနေ့ (သို့) သောကြာ နေ့များမှာ မွန်းတည့် (၁၂းဝ၀) နောက်ပိုင်း ။ အရှေ့အရပ်ကို မျက်နှာမူ၍
ဆန်(၆၃)ပုံ ပုံကာ သတ္တဝါတို့အား ဒါနပြုပါ။
သင်ဟာသောကြာသက်ရောက်တယ်ဆိုရင်…..
ဗုဒ္ဓဟူး (သို့) စနေနေ့များမှာ မွန်းတည့် (၁၂းဝ၀) နောက်ပိုင်း ။ အရှေ့တောင်အရပ်ကို မျက်နှာမူ၍
ဆန်(၇၄)ပုံ ပုံကာ သတ္တဝါတို့အား ဒါနပြုပါ။

နှစ်သစ်မှာ အစစအရာရာပျော်ရွှင်ချမ်းမြေ့ကြပါစေ
ကိုရင်စည်သူ…

8 comments

  • ကိုရင်စည်သူ

    December 31, 2011 at 1:54 pm

    သက်ရောက်ဆန်ပုံ တွက်နည်း ပုံလေးကို ကျနော် နောက်မှ
    ပြန်တင်ပေးပါ့မယ်ဗျာ… ခုသုံးတဲ့ ဆိုင်က ကွန်နက်ရှင်
    ရေလည်မလန်းတာနဲ့ တစ်လက်မှပတ်လည်ပုံလေးတောင်
    တင်မရဖြစ်နေလို့ပါ။ နှစ်သစ်မှာ ဒါနအစုစု ကောင်းမှု
    ပြုနိုင်ကြပါစေဗျာ… 🙂 🙂

  • windtalker

    December 31, 2011 at 2:08 pm

    အိုခေ ၊ ဟုတ်ဘီ
    ကူးသွားတယ်နော် ၊ အိမ်က မဒမ် ကိုလည်း ပြရဦးမယ်
    ထူးခြားမှု ရှိရင် ဘီယာဆုချမယ်
    ပုံ
    မစ်စတာပေ

  • manawphyulay

    December 31, 2011 at 2:19 pm

    ကိုရင့် မွေးနေ့ ယတြာလုပ်ရင်းနဲ့ မနောကိုလည်း တစ်ခါထဲ ယတြာလုပ်ပေးပါလား… ပုံလေးပါတော့ ပိုကောင်းတာပေါ့…

  • ငပေါက်ဖော်

    December 31, 2011 at 3:33 pm

    အကယ်၍ သင်ဟာ စော်ကြည်၊ထီပေါက်၊နိဗ္ဗာန်ရောက်၊အလုပ်မလုပ်ပဲ ပိုက်ဆံရ ချင်ပါက
    ရောက်တဲ့နေရာကစ၍ ဆန်အိတ်၉၉အိတ်ကို ငပေါက်ဖော၏ခြံထဲသို ့လာပုံသွားပါ
    မနှေးမြန်စွာ အကျိုးပေးပါလိမ့်မည်
    ပုံ၊
    ပေါက်သိင်္ခ

    ကိုရင်ရေ.
    နောက်ဒါနော့
    အပြိုဂျီးတွေမြန်မြန်ကျွတ်အောင် ဘာယတြာ ဆောင်ရမလဲ ရှင်းပေးလိုက်ပါဦး
    အထူးတဖြင့်
    အပေါ်က ဒေါ်ပိစိစိတ်ဖွေး ဆိုလား.ဘာလား

    • နီကီတာ

      December 31, 2011 at 6:24 pm

      အကယ်၍ သင်ဟာ စော်ကြည်၊ထီပေါက်၊နိဗ္ဗာန်ရောက်၊အလုပ်မလုပ်ပဲ ပိုက်ဆံရ ချင်ပါက
      ရောက်တဲ့နေရာကစ၍ အကြွေးသမား၉၉ယောက်ကို ငပေါက်ဖော၏ခြံထဲသို ့လွှတ်လိုက်ပါ
      မနှေးမြန်စွာ အကျိုးပေးပါလိမ့်မည်…။ 😀

      • ငပေါက်ဖော်

        December 31, 2011 at 10:10 pm

        ကောင်းဘီကွဲ ့
        လောလောဆယ်တော့
        မေပေါင်လေချောင် ဆိုတဲ့ အကြွေးမဆပ်တဲ့ လူတစ်ယောက်ပဲရသေးသကွဲ ့
        သူဟာ
        ကျပ်မပြည်ပဲ ကိုးဆယ့်ကိုးပဲ ရှိတဲ့အတွက်
        ဓာတ်ရိုက်ဓာတ်လိုက်ဓာတ်ဆင်နည်းနဲ ့ဆို
        ကွိတက်..ကွက်တိပဲမိုလို ့
        ဤနည်းကို မနှေးမြန်စွာ အကောင်အထည် ဖော်လိုက်ပါတော့မယ်ကွဲ ့

        ပုံ၊
        ဓာတ်ရိုက်၊ဓာတ်ဆင်၊မီးပြင်ငပေါက်

        • windtalker

          January 1, 2012 at 4:57 pm

          ဓါတ်တိုင်ပေါ်ကနေ ပြုတ်ကျဘီး
          ဟိုဟာ ကျိုးဘာစေ ဗျာ
          ထီး ပြောတာနော
          ငပေါက်ဖော် က ဘယ်သွားသွား
          ထီးတစ်ချောင်းနဲ ့မို ့
          ဟီဟိ

  • ကိုရင်စည်သူ

    January 2, 2012 at 12:16 pm

    ဟိုတစ်နေ့က ကွန်နက်ရှင်မကောင်းလို့
    ဆန်းသက်ရောက်ပုံကို မတင်ပေးလိုက်ရလို့
    အခုပြန်တင်ပေးလိုက်တာပါဗျာ..
    အားလုံးအဆင်ပြေကြပါစေ..

Leave a Reply