လေလံအောင်သွားသော ၁၂၅သိန်း တီရှပ်…

kurokoDecember 31, 20111min15714
30-12-2011 ရက်နေ့ MMC ရန်ကုန်တွင်ပြုလုပ်သောပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်မှတ်ရေးထိုးထားသော အကျင်္ ီကို လေလံပစ်ရာ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ဝယ်ယူသွားသည်။
ရန်ပုံငွေပွဲအမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနီရောင်တီရှပ်(XL size)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် အကျင်္ ီကို ကြမ်းခင်းဈေး ကျပ်သိန်း ၃ဝ ဖြင့် Volvo Company မှ ည ၈ နာရီကျော်တွင် စတင်လေလံဈေးပေးပြီး ကုမ္ပဏီ ၆ ခုက အပြိုင်လေလံဆွဲကြကာ ည ၁၂ နာရီကျော်တွင် Common Purpose ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ဝယ်ယူသွားခြင်းဖြစ်သည်။

“အန်တီစုက ပြည်သူလုအတွက် လုပ်ပေးနေတာ။ အဲဒီအတွက် လှူချင်နေတာ။ အခုလှူလိုက်တဲ့သဘောပါပဲ” ဟု ဒေါ်မာလာဝင်းက ပြောသည်။
ဒေါ်မာလာဝင်းအား အကျင်္ ီပေးအပ်ပွဲကို ဇန်နဝါရီ ၁ ရက်တွင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်သွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။။

14 comments

  • ငပေါက်ဖော်

    December 31, 2011 at 4:32 pm

    ဝယ်တဲ့လူလဲ ကုသိုလ်ရတာပေါ့နော့်
    အင်္ကျ ီလဲရ ကုသိုလ်လဲရ..အော်တိုတွေလဲရ နိပ်သဟ

  • water-melon

    December 31, 2011 at 5:28 pm

    ဒို့လည်းစုပြီး လက်မှတ်ဝိုင်းထိုးပြီး E-bay မှာလေလံတင်ပြီးရောင်းရအောင်
    ကဲ ကိုပေါက်ဖော် အရင်ထိုးလိုက်

    အရက်ကို မိန်းမထက် ပိုချစ်ပါတယ်ဆိုတဲ့
    ကိုပေါက်ဖော်က လက်မှတ်ထိုးသွားပါတယ်……..alcohol liquor
    စာရေးပြီးဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့
    ဦးပေါက်က လက်မှတ်ထိုးသွားပါတယ်………….writing @ take photograph
    မှော်တံလေး ကားယားကားယားနဲ့ သက်ဦး သားလေးကို ထုတ်ကြွားတဲ့
    ကိုမှော်ဆရာက လက်မှတ်ထိုးသွားပါတယ်………magician
    အခကြေးငွေပေးပေးမပေးပေး ဒို့ကတော့ ဟောမှာဘဲဆိုတဲ့
    ဗေဒင်ဆရာလေး ကိုရင်ချစ်သူက…………………tell fortunes
    နှစ်လုုံးပြူးထက် မိန်းမကို ကြောက်ပါတယ်ဆိုတဲ့
    သူကြီး Kai က လက်မှတ်ထိုးသွားပါတယ်…………hen-pecked

    အပျော်သဘောနဲ့ရေးတာပါ၊ဘာရည်ရွယ်ချက်မှ မပါပါဘူး ခင်ဗျာ။
    နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးကြပါစေ။

  • water-melon

    December 31, 2011 at 5:29 pm

    ကိုရင်စည်သူ က ကိုရင်ချစ်သူဖြစ်သွားလို့တောင်းပန်ပါတယ်ဗျာ။

  • ငပေါက်ဖော်

    December 31, 2011 at 9:05 pm

    မှော်ချရာ့ဆီမှာ ရွာစားတွေရဲ့ တစ်ဂယ့်လက်မှတ် အစစ်တွေရှိသဗျာ..

    • windtalker

      January 1, 2012 at 4:51 pm

      ငပေါက်ဖော် ရဲ ့ ကိုယ်ပေါ်မှာ
      ဂေဇက်က နှူးဘာဂိုဏ်းဝင်တွေ ရဲ ့လက်မှတ်ဒွေ ရှိတယ် ဆိုဘဲ

  • reviver

    January 1, 2012 at 5:27 pm

    ဘာလုပ်ရမှာလဲ အနုပညာရှင်လဲလူပါဘဲ ရူးပါ့

  • memeseku

    January 1, 2012 at 11:24 pm

    not for aritists…but to donate for those who really need money
    🙂
    i just expose my opinion

  • nature

    January 2, 2012 at 5:20 pm

    အတုယူစရာကောင်းတဲ့အချက်ကလေးတချက်ပါ။ တိုင်းပြည်တခု၊ ပါတီတခု ၊အဖွဲ့အစည်းတခု တည်ထောင်ရာမှာ ခိုင်မာ တောင့်တင်းဖို့ အဓိက အရေးကြီးတဲ့ စီးပွားရေးအခြေခံအုတ်မြစ်ကို ပထမဦးဆုုံးတည်ဆောက်လိုက်တာပါပဲ။

  • Thel Nu Aye

    January 2, 2012 at 5:38 pm

    အမေစုလက်မှတ်တော့လိုချင်တယ်။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    January 2, 2012 at 9:09 pm

    လူကြီးမင်းတို့ခင်ဗျား
    ဒီလိုလေး တွေးကြည့်ကြပါလို့ ဆိုခြင်ပါ၏
    ဒီလိုအမှတ်တရ အိန်းဂျီလေးကို လေလံယူကြတယ်ဆိုတဲ့နေရာမှာ
    ဒီအိန်းဂျီလေးကို မူတည်ပြီး ကော်ပီပြန်လုပ်ပြီး ရောင်းမှာလား ဒီလို တွေးရပါတယ်
    ဒီငွေတွေရဲ့ စီးဆင်းမဲ့လမ်းကြောင်းများကို တွေးတတ်ရပါတယ်
    လေလံပြုသူတွေရဲ့ ပေးဆပ်မှု့ကိုတွေးတတ်ရပါတယ်
    ဘယ်နှစ်ယောက်လေလံပြိုင်ခဲ့သလဲ တွေးရပါတယ်
    လေလံပြိုင်တဲ့သူတွေက ဘာရည်ရွယ်ချက်လဲ တွေးတတ်ရပါတယ်
    ဟိုလိုတွေးရပါတယ်
    ဒီလိုတွေးရပါတယ်

    • သာမိညောင်

      January 2, 2012 at 9:35 pm

      သူများကို ဟိုလိုတွေးပါ ဒီလိုတွေးပါ ဆိုပြီး ဆရာကြီးလာလုပ်နေရအောင်
      ကိုယ့်ကိုယ်ကိုယ်ဘာများ ထင်နေလို့လဲ
      မရှက်မကြောက် သူမို့ပြောရဲတယ်

  • သားငယ်

    January 2, 2012 at 11:36 pm

    အင်း…အီလန် ဆပ်ပြာ မှုန် ့နဲ ့ လျှော်လိုက်လို ့ လက်မှတ်တွေ ပျက်ကုန်ရင် တော့
    အင်း…. ၊၊၊၊

  • ဝမ်းသာစရာ သတင်းပါဗျာ။ခုလို ဈေးမျိုးပေးပြီးစွန် ့စားတဲ့ အလှုူရှင်ကိုတော့ အားကျလေးစားမိပါတယ်။

  • etone

    January 3, 2012 at 11:53 am

    ဒါလည်း လှူနည်းတမျိုးပါပဲ … ။ လေလံဆွဲလို့ ရတဲ့ ပိုက်ဆံတွေကို လှူမှာဖြစ်လို့ … အမှတ်တရပစ္စည်းလည်းရ ၊ အလှူလည်း ဖြစ်ဆိုတော့ … အတော်ကောင်းတဲ့ အစီစဉ်ပါပဲ … ။ 🙂

Leave a Reply