ဂေဇက်ဝိုင်းတော်သားများအတွက်

အာဂDecember 31, 20111min15811

၂၀၁၁ ကတော့ တွေ့ကြုံနေကြ ဘဝများအပေါ်ဖြတ်သန်းလို့ မကြာခင်လက်ပြနှုတ်ဆက် ထွက်ခွာ တော့ပါမယ်။ဒီဇင်ဘာက တော့ ကိုယ်ပြုလုပ်လိုက်တဲ့ ကောင်းခြင်း ၊ဆိုးခြင်း၊အပြုမူတွေကို အတိတ်ဆိုတဲ့ အမှိုက်ခြင်းထဲထည့်လို့ သွန်ပြစ်ဖို့ ပြင်ဆင်နေပါပြီ။ ဇန်နဝါရီဟာ နှစ်သစ်တစ်ခုရဲ့ ဖြတ်သန်းစီးဆင်းရာ အစဖြစ်သလို။
ဘဝ တစ်ခုကို ပြင်ဆင်မယ့်လူတွေအတွက်လည်း ခြေလှမ်းအစတစ်ခုဖြစ်နိုင်ပါတယ်။

နှစ်သစ်တစ်ခုကို လူသားအားလုံးက ပျော်ရွင်မှုတွေနဲ့ ကြိုဆိုနေကျချိန်မှာ အချို့သောတိုင်းပြည်
အချို့ သော လူသားမျိုးနွယ်စုများကတော့ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝများထွေးပိုက်လို့ ပူပင် သောက တွေနဲ့ ကြိုဆိုလို့နေမှာ အမှန်ပါပဲ။ ဘာပဲပြောပြော အချိန်ဆိုတာက လူသားတိုင်းအတွက် တားဆီးလို့မရ နိုင်တဲ့ လက်နက်တစ်ခုလိုပါပဲ။ ထိုးနက်တိုက်ခိုက်လို့ နေမှာ အမှန်ပါ။ ပြီးခဲ့ နှစ်တစ်ခုလုံးဟာ မိမိဘဝအတွက် တောမီးတစ်ခုလို လောင်ကျွမ်းခဲ့ရင်လည်း နှစ်သစ် မှာ အေးချမ်းတဲ့ ရေစင်များနဲ့ ငြိမ်းသက်နိုင်ဖို့ ပြင်ဆင်သင့်ပါတယ်။ ထို့အတူ ပြီးခဲ့သော နှစ်ဟောင်းက အေးချမ်းမှုတွေနဲ့ ပွင့်ဖူးဝေခဲ့ရင်လည်း အဆိုပါအေးချမ်းမှု လေးတွေ နှစ်သစ်မှာ မပျောက်ပျက်စေဖို့ ထပ်ဆင့်ဖန်တီးလုပ်ဆောင်ရမှာပါဖြစ်ပါတယ်။
အဓိကကတော့ နှစ်ဟောင်းက အမှားတွေက သေချာလေ့လာဆန်းစစ်ပြီး နှစ်သစ်မှာ ခြေဖျက် ပစ်ရဖို့ကြိုးစားရပါမယ်။

နောက်ဆုံးနေနဲ့ နှစ်သစ်မှာ ငွေနဲ့ဝယ်ယူလို့မရတဲ့ ပျော်ရွှင်မှုအသစ်၊အောင်မြင်မှုအသစ်၊ စိတ်ခံစားမှုအသစ်၊စိတ်ချမ်းမြေ့အသစ်မှန်သမျှကို Mandalay gazette ဝိုင်းတော်သားအားလုံး ပိုင်ဆိုင်နိုင်ကျပါစေ လို့ ကျွန်တော် အာဂ က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

11 comments

  • ငပေါက်ဖော်

    December 31, 2011 at 9:28 pm

    ဟပ်ပီး နယူးရီးယားပါဗျာ..ရွာဆူရွာစားအပေါင်းတို ့ရေ
    မင်္ဂလာအပေါင်းနဲ ့ခညောင်းသော နှစ်သစ် ဖြစ်ပါစေခင်ဗျား

  • koyinmaung

    December 31, 2011 at 11:35 pm

    ပျော်ရွင်တဲ့နှစ်သစ်ဖြစ်ပါစေဗျာ……

  • wathanmin

    January 1, 2012 at 10:05 am

    ဂေဇတ်မှာ ဘာကြောင့် စာမရေးတော့တာလဲ။
    အစ်ကိုရေးတဲ့ စာတွေကို ဖတ်ချင်ပါတယ်။

  • blackchaw

    January 1, 2012 at 10:08 am

    happy new year ကိုအာဂရေ။

  • ဆူး

    January 1, 2012 at 10:24 am

    မင်္ဂလာနှစ်သစ်ပါ ကိုအာဂရေ…
    ကိုအာဂ ရဲ့ ဇနီး အန်တီ မဒမ်အာဂ လည်း ကျန်းမာချမ်းသာပါစေ။
    နှစ်သစ်မှသည် ဘဝခရီးတလျှောက် အောင်မြင်မှုတွေ များစွာပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

  • windtalker

    January 1, 2012 at 4:44 pm

    ပေးတဲ့ဆု နဲ ့ပြည့်ပါစေ ဗျား
    ကိုအာဂတို ့ဇနီးမောင်နှံ လဲ အားလုံးအိုခေပါစေ

  • AKKO

    January 2, 2012 at 1:14 pm

    တစ်ပင်တည်း ရင်ထဲကနွယ်နဲ့ တအာတည်း ရင်ထဲက ဂ တို့လည်း သာယာပြည့်စုံတဲ့နှစ်တစ်နှစ်ဖြစ်ပါစေ ။ 🙂

  • MaMa

    January 2, 2012 at 4:03 pm

    တော်ရုံနဲ့ စာမရေးတဲ့ အာဂလူသားရဲ့ ဆုတောင်းကို ကျေးဇူးတင် ဝမ်းမြောက်စွာ လက်ခံသွားပါ၏။
    တူသောအကျိုးများလည်း ရရှိနိုင်ပါစေ၊ နောင်လာနောင်သားတွေအတွက်လည်း အမွေအများကြီးပေးနိုင်တဲ့ နွယ်ပင်တွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတဲ့ ဖိုးဖိုးကြီး အာဂ ဘဝကိုလည်း အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ။

  • char too lan

    January 2, 2012 at 4:16 pm

    http://api.ning.com/files/-0TBj9ZHxeVriAxhoi83aHzUwTKyFtpcu9EqliFwWNW9qyhBSONk5LJ9hrNPJopPFIjVuhkbUJD9omHRGh9kcWIYXRVL4Kk2/saddestpicture.jpg

    အမလေးးး မနက်ကဒီပုံတွေ ့ရတယ်
    အခုဒီစာဖတ်ရတယ် လူကိုတော်တော်တရားရသွားတယ် ………………
    ပေးတဲ့ဆုကို အပြည့်အဝရသင့်တဲ့လူ ဖြစ်ပါစေ။

  • nature

    January 2, 2012 at 4:34 pm

    Happy New Year ပါ။နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အောင်မြင်မှုအသစ် ပျောရွှင်ချမ်းမြေ့မှုအသစ် မိန်းမအသစ် အဲလေ…မှားလို့ အဲဒါမပါ ရရှိပါစေ။

Leave a Reply