ပစ္စုပ္ပန်ကံ ဓမ္မသစ္စာ တရားပါ။

ariyathitsaDecember 31, 20111min670

တရားမရှိတဲ့သူဆိုတာ ဘယ်လို?

တရားရှိတဲ့သူဆိုတာ ဘယ်ပုံစံဆိုတာ ကွဲပြားဖို့လိုတယ်။

လူဟာ လွတ်လွတ်လပ်လပ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် နေတတ်ဖို့ ရည်ရွယ်ထားရမယ်။

ဒီလွတ်လပ်၊ ငြိမ်းချမ်း၊ ပျော်ရွှင်မှုတွေမှ မရှိရင် လူ့ဘဝမှာရှုံးပြီ။

လူဆိုတာ မသေခင်အကြောင်းပဲ ပြောရမယ်။

သေပြီးနောက်ကို ပြောနေမယ်ဆိုရင် သပ်သပ်အပိုတွေ (စိတ်ကူးပြီး) ပြောနေတာပဲ။

ဒီနေ့ ရိုးရာဗုဒ္ဓဘာသာတွေဟာ သေပြီးနောက် ကိစ္စတွေပဲ ပြောနေ လုပ်နေကြတာပဲ။

မှတ်ချက်။    ။

(ရိုးရာဗုဒ္ဓဘာသာဆိုတာ = ဂျိန်းအယူ အလွှမ်းခံနေရသော ဗုဒ္ဓဘာသာဖြစ်သည်။

ဂျိန်းကံနှင့် ဗုဒ္ဓကံ

(Download)စာအုပ်တွင် ဖတ်ရှုပါရန်။

 

တကယ့်ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘုရားက သေပြီးနောက် ဖြစ်တာ၊ မဖြစ်တာတွေ မယူဖို့ အဗျာကထနတရားတော်တွေမှာ အသေအချာဟောကြားထားသည်။

ဗုဒ္ဓဘုရားသာသနာနှင့် မြန်မာပြည်

(Download)စာအုပ်နှင့်

အယူမှားများနှင့် ဗုဒ္ဓညွှန်ပြ မိစ္ဆာဒိဋ္ဌိများ 

(Download)စာအုပ်တွင် ဖတ်ရှုပါရန်။  ။

 

မသေခင်မှာ (အစွဲကင်းကင်းနဲ့) ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်၊ စိုးစိုးပိုင်ပိုင်လေး နေရဖို့လိုတယ်။

ကိုယ်၊ နှုက်၊ နှလုံး ကောင်းအောင် နေတဲ့သူဟာ ကံကောင်းတဲ့သူပဲ။ အဲဒါ ပစ္စုပ္ပန်ကံ

ကိုယ် လွတ်လပ် ငြိမ်းချမ်းဖို့ ကိုယ်တိုင်လုပ်ရမှာ။

ငြိမ်းချမ်း လွတ်လပ်ဖို့အတွက် လုပ်ရမှာက – – – – –

ကိုယ်၊ နှုက်၊ နှလုံးဆိုတဲ့ “ပစ္စုပ္ပန်ကံ”ကို ကောင်းအောင် လုပ်ရမှာ။

“ပစ္စုပ္ပန်ကံ”ကောင်းအောင်လုပ်တာက “တရားဓမ္မ”၊

အဲဒီတရားဓမ္မဟာ အမှန်ဖြစ်လို့ “သစ္စာ”၊

ဒီ “ပစ္စုပ္ပန်ကံ ဓမ္မသစ္စာ” ကို ယုံယုံကြည်ကြည် ချဉ်းကပ်ပြီး

“ပစ္စုပ္ပန်ကံ ဓမ္မသစ္စာ”အတိုင်း ကျင့်သုံးကြရမှာဖြစ်တယ်။

အဲဒါကိုပဲ “ပစ္စုပ္ပန်ကံ ဓမ္မသစ္စာ”လို့ ပြောရတာ။

တကယ်တော့ တရားရတယ်ဆိုတာ ဘာမှ မဖြစ်တော့တာ၊ ဘာမှ မရှိတော့တာ၊ ဘာမှ မလုပ်တော့တာကို ပြောတာမဟုတ်။

အလုပ် (ကံ/သင်္ခါရ)တွေ အပေါ်မှာ (အစွဲကင်းပြီး) ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နဲ့ ထောင့်စေ့အောင် တာဝန်ကျေအောင် လုပ်တတ်သွားတာ၊  စသော တရားများနှင့်

ဗုဒ္ဓဘာသာအရ တရားရပုံ၊
တရားကပေးတဲ့ နိဗ္ဗာန်က လွတ်မြောက်ပုံ၊
နိဗ္ဗာန် ရောက်တော့၊ ရတော့ ဘာဖြစ်မလဲဆိုတာတွေကို သိရှိလေ့လာလိုပါက www.ariyathitsa.org website တွင် ပါရှိသော
” ပစ္စုပ္ပန်ကံ ဓမ္မသစ္စာ” အမည်ရတဲ့ MP_3 အသံ တရားတော်ကို (Download) ရယူပြီး နာကြားနိုင်ပါသည်။

“အရိယသစ္စာ ထွန်းကားရေး”