မန္တလေးက ကျောင်းအိုအို………………………

1 12လမ်း 86လမ်းမှာရှိတဲ့ ကျောင်းအိုအို မဟာဂူကြီးပါတဲ့
2 အနီးကပ် ကျောင်းကတော့ တော်တော်လေးအိုနေပါပြီ
3 တောင်ဘက်မြင်ကွင်း
4 အလယ်လှေခါးတက်
5 အလယ်ခေါင်ကမြင်ရတဲ့ပုံလေးပါ
6 အတော်လေးကို အိုဟောင်းနေတဲ့ကျောင်း ပစ်ထားတာနှမျောစရာ
7 အဝေးကမြင်ကွင်းလေး
8 ဘေူးဘက်က မြင်ကွင်း
9 အနောကဘက်ခြမ်းက မြင်ကွင်း အဲဒီကျောင်းထဲမှာ ကွန်ကရစ်ကုန်တွေလုပ်တဲ့လုပ်ငန်းရှိတယ်
10 ပျက်စီးနေတဲ့ပြုတင်းပေါက် ကို အသားတွေနဲ့ပိတ်ထားတာ နှမျောစရာ
11 ဘေးဘက်မြင်ကွင်း

“ရှေးရှေးက ကျောင်းဟောင်းကြီး”

 

ကျနော်မြောက်ပြင်ဘက်ကို ကိစ္စရှိလို့သွားတယ်ဆိုရင် 86လမ်း 12လမ်းနဲ့13လမ်းကြားမှာရှိတဲ့

ကျောင်းအိုကြီးကို ဖြတ်ပြီးသွားကြည့်လေ့ရှိပါတယ်။

ဒါပေမယ်  ဖြတ်သွားဖြတ်လာဆိုတဲ့အတိုင်း ကျောင်းဝင်းထဲတောင်မရောက်ပါဘူး။

အခုရက်တော့ အဲဒီနားမှာရှိတဲ့ရုံးတစ်ခုကိုသွားတော့ ချိန်းထားတာ ဆယ်နာရီ။

တစ်ယောက်မှမရောက်သေးတော့ အဲဒီကျောင်းဝင်းထဲကို ဝင်လို့ ဓါတ်ပုံရိုက်မိပါတယ်။

ကျောင်းကြီးရယ်အိုဆိုတဲ့သီချင်းအတိုင်းပါဘဲ။

အတော်လေးကို အိုနေပါပြီ။

အထဲမှာတော့ နေသူရှိသေးတဲ့ပုံပါဘဲ၊+

ကျောင်းနဖူးစီးမှထိုးထားတဲ့ သက္ကရာဇ်သာမှန်လို့ကတော့ အတော်လေးကို ရှေးကျတယ်ပြောရမှာပါဘဲ။

ကျနော်ဓါတ်ပုံရိုက်တာမြင်တော့ ကျောင်းထဲမှာ ကွန်ကရစ် စည်ပိုင်းတွေ လုပ်နေသူက

အသစ်ဆောက်တော့ မယ်ထင်တယ်လို့ မှတ်ချက်တွေပေးသံကြားလိုက်ရပါတယ်။

ကဲ ပုံလေးတော့ တင်ပေးလိုက်ပါပြီ။

ကျောင်းအိုကို ဖျက်မလား ရှေးလက်ရာမပျောက်ပျက်အောင်ထိန်းသိမ်မလားဆိုတာကတော့

……………………………….

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

(1-1-12)

 

 

 

 

 

 

 

 

 

 

 

20 comments

  • water-melon

    January 2, 2012 at 1:17 pm

    မဟာဓမ္မဇောတိတာရုံ ( ၁၂၈ဝ ) လို့ရေးထားတယ်ထင်တယ်နော့ လေးပေါက်
    အောက်ကစာတွေကလည်း သိပ်မသဲကွဲလို့

  • windtalker

    January 2, 2012 at 1:32 pm

    ပြီးခဲ့တဲ့ ၁ဝ နှစ်လောက် က အဲ့ကျောင်းကြီးမှာ အလှူလုပ်တာ မြင်ဖူးခဲ့တယ်ဗျ
    အခုကိုပေါက်တင်မှဘဲ တစ်ခေါက်လောက်ထပ်သွားကြည့်ဦးမယ်

  • လေးပေါက်ရေ ကျေးဇူးပါဗျာ။သမိုင်းထဲက လက်ကျန်အမွေတွေမို ့မဖျက်ပြစ်ကြပါစေနဲ ့လို ့
    ဆုတောင်းနေပါရဲ ့ဗျာ နော်။

  • kuroko

    January 2, 2012 at 1:40 pm

    ကျောင်းအိုပေမယ့် လှနေတုန်းပါပဲ…အရမ်းကောင်းတဲ့ဗိသုကာလက်ရာတွေပေါ့ဂျာ….

  • ကျနော်လဲအကြီးချဲ့ပြီးဖတ်ကြည့်တော့ မဟာဇောတိကာရုံလို့ အမည်ပေးထားပြီး
    1280လို့ ဖတ်ရပါတယ်
    ဘိုလိုဆိုရင် 1918 ခုနှစ်ဖြစ်ပါတယ်။
    တကယ်အန်းဒိတ်အစစ်ကလေးပါ။

  • hmee

    January 2, 2012 at 3:06 pm

    ကျွန်မတို့ ရွာက ဘုန်းကြီးကျောင်းက လှေကားကလည်း ဓါတ်ပုံထဲက ကျောင်းလိုပဲ။ အဖွားပြောတာကတော့ သူသိတတ်ပါပြီဆိုကတည်းက ဒီကျောင်းက ရှိတာတဲ့ ဘယ်တုန်းကတည်းက စမှန်းတောင်မသိဘူး။ အဲ့လောက်ရှေးကျတဲ့ ကျောင်းကြီးရဲ့ လှေကားကို အသစ်ဆောက်ပြင်ဖို့ စီစဉ်ကြတော့ ပြသာနာတွေ တက်လိုက်ကြသေးတယ်။ ရှေးဟောင်းမို့ ထိန်းသိမ်းထားရမယ် မဖျက်ရဘူးကတဖွဲ့၊ အသစ်ပြင်မှာကတဖွဲ့ အကြီးအကျယ်ကို ပြသနာတက်လိုက်တာ။ ကျွန်မလည်း ခဏနေပြီး ပြန်လာတော့ ဘယ်သူနိုင်လည်း မသိလိုက်ဘူး။ လေးပေါက် ပို့စ်ကို ဖတ်မှ ပြန်သတိရပြီး ဖုန်းဆက်တဲ့အခါ သတိတရ မေးလိုက်ဦးမယ်။
    နောက် ဘုန်းကြီးကျောင်း အရှေ့ဘက်မှာ လေရဟတ်မှ အကြီးကြီးပဲရှိသေးတယ်။ ကျောင်းကို စစ်တောင်းမြစ်ကနေ ရေတင်တာ။ အဲ့ဒါတွေဟာ ရှေးဟောင်းပစ္စည်းတွေ တန်ဖိုးထားရမယ် ဆိုတာ သိလာတော့ အခုမရှိတော့ဘူး ဖျက်ပြစ်လိုက်ပြီ။ ဓါတ်ပုံရိုက်ပြီး မှတ်တမ်းလေးထားမယ်ဆိုပြီး သွားတာ မရှိတာမြင်လိုက်ရတော့ နှမျောလိုက်တာ။ ဒီတခါ ရွာပြန်ဖြစ်ရင် လေးပေါက်ကို အတုယူပြီး အဲ့လို ရှေးဟောင်း အိမ်တော်ပုံတွေကို ဓါတ်ပုံလိုက်ရိုက်ဦးမယ်။

  • pooch

    January 2, 2012 at 4:02 pm

    လေးပေါက်ရေ ဒီကျောင်းလေးထိန်းသိမ်းနိုင်ဖို့ပဲ လိုလားပါတယ်…ဒီလိုမှတ်တမ်းလေးက နောင်များဆိုသိပ်အဖိုးတန်နေမှာ လေးပေါက်စိတ်ကူးတကယ်
    ကောင်းတယ် အပြည့်အဝအားပေးတယ်….

    • MaMa

      January 2, 2012 at 6:43 pm

      မယ်ပုကို ထောက်ခံပါတယ်။
      ရှေးလက်ရာ ခန့်ခန့်ထည်ထည်တွေကို ထိန်းသိမ်းထားနိုင်ရင် တော်တော်တန်ဖိုးရှိမှာပါ။
      ကျောင်းကြီးကို တက်တဲ့လှေကားက အမြင်ဆန်းနေတယ်။
      ကိုပေါက်ဓာတ်ပုံက သမိုင်းမှတ်တမ်းပေ့ါ။ 🙂

  • Thel Nu Aye

    January 2, 2012 at 4:36 pm

    ဟောင်းလေကောင်းလေပါ။ တန်ဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှု့အမွေအနှစ်တွေပါ။ နှစ်ပေါင်းများစွာအဓွန့် ရှည် အောင်ထိန်းသိမ်းသင့်ပါတယ်။ ပုဂံလိုတော့အသစ်ပြင်ခြင်းဖြင့်မထိန်းသိမ်းစေလိုပါဘူး။ အဟောင်းလေး ကိုပဲကောင်းအောင်ထိန်းသိမ်းသင့်ပါတယ်။

  • ဒါတွေက မပြင်ဘဲ ပြိုမကျအောင်ထိန်းသိမ်းနိုင်ရင် တိုးတွေစိတ်ဝင်စားစရာ နေရာဖြစ်လာမယ်လို့ ယုံကြည်ပါတယ်

  • inz@ghi

    January 2, 2012 at 6:28 pm

    4 အလယ်လှေခါးတက်
    ညာဘက်နည်းနည်း စောင်းရိုက်လိုက်ရင် ပိုလှမယ်ထင်၏

    6 အတော်လေးကို အိုဟောင်းနေတဲ့ကျောင်း ပစ်ထားတာနှမျောစရာ
    ကတော့ အတော်နှစ်သက်ပါ၏

    10 ပျက်စီးနေတဲ့ပြုတင်းပေါက် ကို အသားတွေနဲ့ပိတ်ထားတာ နှမျောစရာ
    နောက်ထပ် လှတဲ့ ရိုက်ချက်တခုဗျ

    11 ဘေးဘက်မြင်ကွင်း
    ကျနော် အကြိုက်ဆုံးပုံပါပဲဗျာ..

    မန်းလေး လာလည်ဖြစ်တဲ့အခါ …ကျနော့်ကို ပို့ပေးပါနော်..
    ရိုက်ဖူးဖြစ်ချင်တဲ့နေရာတနေရာလို့ မှတ်သားထားပါကြောင်း ..
    တည်နေရာမသိပေမယ့် ..နေထွက်
    ဒါမှမဟုတ် နေဝင်ချိန်နဲ့ ကိုက်ပြီးရိုက်ရင် အလွန် လှမယ့် ပုံကောင်းလေးတွေ
    ရမယ်လို့ ထင်ပါကြောင်း….

    အားပေးသွားပါသည်…
    ခင်တဲ့ ဂီ

    • water-melon

      January 2, 2012 at 6:57 pm

      ကိုဇာဂိ မန်းလေးသာ အရောက်လာခဲ့ အစုုံအစုံလိုက်ပို့မယ်နော့
      လေးပေါက်ပြောတဲ့ စားသောက်ဆိုင်ရော ဘီယာရော ပြီးတော့ ❓
      အင်း အကုန်လိုက်ပြမယ်ဗျ

      • inz@ghi

        January 2, 2012 at 7:12 pm

        ဂယ်နော်. …. ၂လပိုင်းကုန် လာမည် ….
        ညာရဝူးနော်…
        အရူးကွက် နင်းရဝူးနော်….

        😀
        ခင်တဲ့ ဂီ

        • water-melon

          January 2, 2012 at 7:17 pm

          အရူးကွက်တော့ မနင်းပါဘူး
          အမူးကွက်ဘဲနင်းတာပါ
          လာရင်ကြောလေ
          ကျွန်တော့် စက္ကထရီ နှစ်ယောက်ကိုလာကြိုခိုင်းလိုက်မယ် 😛

  • နေထွက်နေဝင် ကျနော်လဲစမ်းကြည့်ချင်ပါသည်
    ဒီပုံတောင်ဆယ်ခါမြောက်ဖြတ်သွားပြီးမှရိုက်ဖြစ်တာပါ……..
    သူကလဲ ကပ်ကျော်ပါဘဲ
    ဟုတ်ပါ့ 4ကိုသာ နည်းနည်းစောင်းလိုက်ရင် သိပ်မိုက်သွားမယ်နော်

  • weiwei

    January 2, 2012 at 7:36 pm

    တကယ့်အဖိုးတန် ဓါတ်ပုံတွေပဲ …
    နောင်တစ်ချိန်မှာ လေလံတင်ပြီး ရောင်းချရင်တောင် ဈေးကောင်းရနိုင်တယ် …
    ဒီပုံတွေက သူကြီးက ဒေါ်လာ ၅၀၀ဝ အောက် ပေးဝယ်ရင် မရောင်းလိုက်နဲ့နော် (မောင်ပေ့လေသံဖြင့်)

  • blackchaw

    January 2, 2012 at 9:19 pm

    ကိုပေါက်ရေ။
    ဂီဂီ ပြောတဲ့ အတိုင်းပါဗျာ။
    ပုံတွေက ကော်နက်ရှင်ကြောင့် မပေါ်လို့
    သူ့ ကွန်းမန့်ကို ဖတ်ပြီး ပုံတွေကို
    စိတ်ထဲက မှန်းကြည့်သွားပါတယ်ဗျာ။

  • မဝေရေ
    အခုတော့ရိုက်ထားတဲ့ပုံတွေကိုဘယ်လိုသိမ်းရမယ်ဆိုတာ အတော်ဦးစားနေပြီ
    အခုလောလောဆယ်တော့ ဒီဗွီဒီခွေတွေရိုက်ပြီးသိမ်းထားပါတယ်။
    ဟုတ်တယ် မိတ်ဆွေတွေပြောတာကိုနားထောင်မယ်၊
    ငါးထောင်အောက်မရရင်မရောင်းဘူး သူကြီး။
    အလကား ကူးချင်ရင်တော့ကူးသွားပေတော့…………………….
    မကူးနဲ့ပြောလဲကူးမှာဘဲဟာနေ့ာ…………………….

  • cum min

    August 24, 2012 at 9:29 am

    ကျေးဇူတင်ပါတယ်..ရှင့်

Leave a Reply