နှစ်သစ်ကူးဆုတောင်း

Maung YuGhan SDYDecember 31, 20111min852

မကြာမီအချိန်လေးမှာဘဲနှစ်သစ်ကူးပါတော့မယ် လူတိုင်းမှာနှစ်သစ်ကူးဆန္ဒလေးတွေရှိကြမှာပါ ဆုတွေလဲ အမျိုးမျိုးတောင်းကြပေါ့၊ကျွန်တော့်မှာလဲရင်ထဲကတောင်းနေမိတဲ့ဆုတောင်းလေးတွေ ဆန္ဒလေးတွေရှိပါတယ်ပထမဦးစွာ မန္တလေးဂေဇက် မိသားစုဝင်တွေအားလုံး ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ဗျာ၊

ဪ ကျွန်တော့်ဆန္ဒလေးပြောရဦးမယ်  ကျွန်တော်တို့မြန်မာပြည် အေးချမ်းပါစေလို့ဆုတောင်းတယ်  ဒါမှကျွန်တော်တို့တိုင်းပြည်တိုးတက်မယ်  ဒီလိုအေးချမ်းပြီးတိုးတက်လာတဲ့အခါ ကျွန်တော်တစ်ဦးချင်းဆိမှရှိတဲ့ ပရဟိတစိတ်တွေဆီကနေ တကယ်လက်တွေ့ကြကြ လွတ်လွတ်လပ်လပ် အလုပ်တွေလုပ်လို့ရကြမှာ   အရင်နှစ်တွေကဆို ကိုယ့်ဟာကို ကင်းကင်းရှင်းရှင်း လုပ်တာတောင် စုန်းပြူးတွေက နိုင်ငံရေးပါတီ မြေအောက်လိုလို မိုးပျံလိုလိုတောင်တယ်ဆိုပြီး တိုင်ခံရလို့ အားကစားလုပ်တာတောင် အပိတ်ခံရတယ်၊

အခုကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးကိုဦးဆောင်ကြတဲ့ ခေါင်းဆောင်တွေကလဲ ချစ်ချစ်ခင်ခင်နဲ့ စေတနာအပြည့်နဲ့လုပ်နေကြပြီ၊ ကျွန်တော်တို့လိုသေးမွှားတဲ့ပရဟိတလုပ်ငန်းကနေ ကြီးကျယ်တဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နေသူတွေပါ လွတ်လပ်စွာလုပ်လို့ရတော့မယ်လို့ကျွန်တော်ယူဆမိပါတယ်ဒါကြောင့်မို့လို့ အေးချမ်းပါစေဆုတောင်းတာပါ၊

ဒီနှစ်အတွက် ကျွန်တော်အားကစားကိစ္စကို  ပြောရမယ်ဆိုရင်တော့  2011 တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဦးရခိုင်ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အမျိုးသားအားကစားသမား7 ဦး အမျိုးသမီးကစားသမား7ဦးလုံးဟာ ကျွန်တော်ကိုယ်တိုင်သင်ထားတဲ့ ရခိုင်ပြည်နယ်တွင်းနေထိုင်သူတွေပါ၊ တခြားအသင်းတွေကတော့ ရန်ကုန်က ကစားသမားတွေငှားကစားကြပါတယ်၊ ကျွန်တော်တို့ရခိုင်အသင်းဟာ အမျိုးသမီးကော အမျိုးသားပါကွာတားဖို်င်နယ်ကိုရောက်ပါတယ်။ရခိုင်ဟာအမျိုးသမီးအသင်း ပါဝင်မကစားခဲ့တာနှစ်20 ကျော်ခဲ့ပါပြိ ဒါပထမဆုံးဝင်ပြိုင်တာပါ၊အမျိုးသားအသင်းဟာလဲ2000ခုနှစ်ကစလို့ကျွန်တော်ကြိုးစားခဲ့တာ2006ခုနှစ်မှဝင်ပြိုင်နိုင်ပါတယ်၊ကျွန်တော်သင်တဲ့တပည့်တွေဝင်ပြိုင်ခဲ့တာပါ

သက်တန်းအလိုက်မှာငွေနဲ့ရွှေရခဲ့ပါတယ် ကျွန်တော်ကြည့်ခွင့်မရပါဘူး အစ္စလာမ်ဘာသာကိုးကွယ်လို့ဆိုပြီး ခရီးသွားခွင့်ပိတ်ပါတယ်ကျွန်တော်ကမန်တိုင်းသားနဲ့ရခိုင်တို်င်းရင်းသားဘိုးဘွားတွေကမွေးဖွားလာသူပါ ကျွန်တော့်ဦးကြီး ဦးထွန်းစိန်ဟာလွတ်လပ်ရေးတိုက်ခဲ့သူပါ သို့သော်လဲ လွတ်လပ်ပြီးမြန်မာနိုင်ငံမှာ လွတ်လပ်ရေးတိုက်ခဲ့တဲ့မျိုးဆက်မှပေါက်ဖွားခဲ့သူက လွတ်လပ်စွာခရီးမသွားရပါဘူး 2008ခုနှစ်မှာတော့ ပြိုင်ပွဲသွားရဘို့အတွက် လဝကဦးစီးကိုငွေလေးသောင်းပေးမှ စာရွက်လေးတရွက်ထုတ်ပေးတယ် ဒီစာရွက်ကိုလမ်းတွေ့သမျှ ဂိတ်တွေမှာလက်မှတ်ထိုးပြီးမှရန်ကုန်ကိုရောက်ရတဲ့ကျွန်တော့်ဘဝပါ။

ပြီးခဲ့တဲ့မေလကဆို မန္တလေးမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ကျွန်တော့်ကိုခရီးသွားခွင့်မပေးခဲ့လို့ အသက်14နှစ်အရွယ်ခလေးတွေဟာ ကျွန်တော်မပါဘဲသွားပြိုင်ရလို့ မြန်မာတနိုင်ငံလုံးကြက်တောင်သမားတွေစိတ်မကောင်းဖြစ်ရပါတယ်။ဒါလိုအဖြစ်ဆိုးတွေကျွန်တော်ထပ်ပြီးမကြုံချင်တော့ပါဘူး နှစ်ဟောင်းမှာဘဲချန်ထားခဲ့ချင်ပါတယ်၊

ကျွန်တော်တို့ဟာ ဘဝမှာခဏတာနေခွင့်ရတုန်း ကိုယ့်ပတ်ဝန်းကျင်ကောင်းဘို့အတွက် စိတ်စေတနာ မေတ္တာဆိုတာတွေနဲ့ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်စေချင်ပါတယ်

ဒီနှစ်ထဲမှာရခိုင်ပြည်နယ်ကြက်တောင်ရိုက်အသင်းကို ထူးခြားစွာကူညီပေးခဲ့သော supplement  မိသားစုကို ကျွန်တော်ဘယ်လိုကျေးဇူးတင်ရမယ်မှန်းမပြောတတ်အောင်ပါဘဲ၊နောက် ကြက်တောက်အားကစားတိုးတက်ဘို့နဲ့ကျွန်တော့်ရဲ့မိဘမဲ့ကလေးများ ကြက်တောင်အားကစားသင်ကြားရေးမှာအမြဲတမ်းကူညီပေးခဲ့သော မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် လဲ့လဲ့ရီ ၏ဖခင်ဦးအောင်တင်နှင့်မိခင်ဒေါ်စိုးစိုးတို့အားလည်ကောင်းသံတွဲမြို့မှ ကျွန်တော့်အားကစားလုပ်ငန်းတွင် တတ်စွမ်းသရွေ့ ကူညီခဲ့သူများအားလည်းကောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များဖြစ်ကြသော ဦးအောင်နိုင်ဦး နှင့် ဦးလှဟန်အားလည်းကောင်း ကျွန်တော့်ကိုငယ်စဉ်မှကြက်တောင်အားကစားကို စည်းစနစ်ကျစွာသင်ပေးပါသော ဆရာဦးကိုလေး(အငြိမ်းစား ကျောင်းဆရာ)နှင့်သား ကိုကျော်သက်အောင်(ရခိုင်လက်ရွေးစင်ဟောင်း)နှင့်တကွမြန်မာနိုင်ငံကြက်တောင်ရိုက်အဖွဲ့ချုပ်ရှိ သင်ဆရာမြင်ဆရာများအားလုံးကို ရိုသေစွာဂါရဝပြုပါကြောင်းနှင့်

နှစ်သစ်ကူးအခါသမယတွင် ကျွန်တော်ကြုံတွေ့ခံစါးခဲ့ရသော စိတ်ဆင်းရဲကိုယ်ဆင်းရဲမှုမျိုးတို့နှင့်ကင်းဝေးကာ  နှစ်သစ်မင်္ဂလာချိန်တွင် ပျော်ရွှင်စွာ ဘဝကိုဖြတ်သမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျား

ထွန်းထွန်းဦး(ကြက်တောင်နည်းပြ)

ဗြိတိန်မြန်မာချစ်ကြည်ရေးကြောင်း

သံတွဲ

 

 

2 comments

  • ငပေါက်ဖော်

    December 31, 2011 at 9:40 pm

    အကိုရေ
    နှစ်သစ်မှာ ကမ္ဘာကျော်ကြက်တောင်အားကစားသမား များများမွေးထုတ်ပေးနိုင်ပါစေလို ့
    ဆုမွန်ကောင်းတောင်းပေးရင်း အဆင်မပြေမှုများကိုထားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် နှစ်သစ်ကူးသွားနိုင်ပါစေဗျား

  • Gipsy

    December 31, 2011 at 11:35 pm

    ဟုတ်ပါ၏ …၊
    မှန်ပါ၏…….၊
    ယနေ့ယ္ခုမှ စ၍ အခက်အခဲတွေ ပပျောက် ၊ အဆင်ပြေမှုများစွာနဲ့ နှစ်သစ်ကိုဖြတ်သန်း
    နိုင်ပါစေဗျာ…။

Leave a Reply