ညီမလေးမှ ..တဆင့်

htet wayDecember 31, 20111min985

ငါတို့ မျှော်လင့်တာတွေ မပြည့်စုံသေးဘူး
ငါတို့လမ်းကမဖြောင့်သေးဘူး
ငါတို့ငြိမ်းချမ်းရေးတေးတွေ မသီကျူးနိုင်သေးဘူး
ငါတို့တွေ..လွမ်းရေးကြောင့် ဝမ်းရေးမလှတာလား
ဝမ်းရေးကြောင့်လွမ်းရေးမလှတာလား။
အို. . .ညီမလေးငဲ့
ငါတို့ လျှောက်ကြမယ့်လမ်း
ငါတို့ သီကျူးမယ့်သီချင်း
ငါတို့ မျှော်လင့်တဲ့အလင်းရောင်
ငါတို့ ရဲ့ချမ်းမြေ့တဲ့သာယာခြင်း
ငါတို့ လိုလားတဲ့ အသင်္ခ ါရဘုံနန်း
ငါချစ်သောနှမ.. .. .ငါ့အားကူမပါ။

5 comments

  • ဆူး

    January 1, 2012 at 12:34 pm

    နှမငယ် ယောင်လည်လည် ဘဝပင်လယ် လွမ်းမောဖွယ် မောပန်းတယ်။
    နှမငယ် သွားမယ်ကွယ် တဆင့်ပြီးတဆင့်ကွယ် မောလည်းကွယ် သွားမယ်ကွယ် ရောက်အောင်ကွယ်။
    နှမငယ် မသွားချင်ဘူး မရဏဘက်ကူး ဇရာ တံတား မဖြတ်ဘူးလို့ ဆုံးဖြတ်သော်ညား နေ့စဉ်မနား ဆက်ခါသွားတယ် သိပ်ကိုမုန်းတယ် သံသရာထဲဝယ်။

  • windtalker

    January 1, 2012 at 3:26 pm

    ညီမလေးရယ်
    အပီချကျွေးမယ်
    ဒီညဈေးဝယ်
    ပီယဆေးနှယ်
    ရီပြအေးတယ်

  • naywoonni

    January 1, 2012 at 4:20 pm

    စိုးရိမ်တယ် ညီမလေးရဲ့ စိုးရိမ်တယ် ညီမလေးရယ်…. ညီမလေးရယ်…….. အဲ htet way ဆိုတဲ့ဟာကို မယုံနဲ့ ညရေး…. စိုးရိမ်တယ် ညီမလေးရဲ့ စိုးရိမ်တယ် ညီမလေးရယ်…. ညီမလေးရယ်…………….

  • htet way

    January 4, 2012 at 3:57 pm

    အော်..အကို ရယ်
    ယုံကြည်မှ ဘဝတည်ဆောက်ပြီးအလှတရားကို ထုဆစ်နိုင်မှာပေါ့
    လျှောက်ရဲသလား နှစ်ယောက်ထဲသွားမယ်မေ
    လမ်းမပြေ ကြမ်းနေခဲ့ရင်လည်း
    အနမ်းဝေ
    အပန်းဖြေလှည့်ပါကွယ်( လျှောက်ရမှာကတော့ )ပန်းခြွေတဲ့နွေ။
    ညီမလေးက မကူမ ဘဲ လက်ထပ်သွားပါပြီ ကိုနေဝန်းနီ

    • windtalker

      January 4, 2012 at 8:53 pm

      အော်..
      ညီမငေး က လူရင် သွားခဲ့ပါပေ့ါ
      ကိုထက်ဝေး ခဗျာ
      ကျန်ဆွေး မနေပါနဲ ့လေ

Leave a Reply