ဆေကိနာရာမ ကျောင်းတိုက် တရားစခန်း သွား တောလား 27 28 29 အမှတ်တရ (အပိုင်း-၂)

BurmaDecember 31, 20112min1434
ဘုန်းဘုန်း ကို ဖိနပ်ပျောက်တာလျှောက်လို့ ကြည့်ပေးနေတာ

ညဘက်အလှအပြန် မနေ့က ရေးတာလေးကို ဆက်ရေးပါပြောကြလို့အားတက်သွားလို့ ဆက်ရေးလိုက်ပါတယ်။ လုပ်ခဲ့တဲ့ကုသိုလ်တွေလဲ အမျှပေးဝေပါတယ်။ သာဓုခေါ်ကြပါကုန်။

ညက အေးတယ်ဗျ။ ဒါပေမဲ့ ပင်ပန်းလို့လားမသိဖူး။ အိပ်လို့လဲမပျော်ပါဘူး။ 12.30 မှာအိပ်ပျော်ပေမဲ့ 1.30 ကျော်ကျော်လောက်ကျ ပြန်နိုးလာတယ်။ ဒါနဲ့အိပ်မပျော်ပါဘူး။ ဟိုလူးဒီလူးနဲ့ပေါ့လေ။ 2.30 လောက်ကျ ဘေးက နှစ်ယောက်ကျော်လောက်ကျ ထကြထကြ လေးနာရီခွဲပြီဆိုတော့ ယောင်ယမ်းပြီး သူငယ်ချင်းကိုနှိုးလိုက်ပီး နာရီကြည့်တော့ 2.30 ပဲရှိသေးတော့ အဆဲခံလိုက်ရသေးတယ်။ ဒါနဲ့ သူလဲ အိပ်မပျော်တော့ပါဘူး။ ထပြီး အကျီင်္လဲ ၊ မနေ့က ရေချိုးထားတော့ ရေလဲ ပုဆိုးတွေ ၊ ပုဝါတွေ ၊ ဘောင်းဘီတွေ အပြင်မှာ လှမ်းထားတာသွားယူ။ ဘောင်းဘီပျောက်နေလို့ လိုက်ရှာတော့ အောက်က သစ်ပင်မှာချိတ်နေလို့ ဆင်းယူရသေးတယ်။ ဒါနဲ့ ခဏနေတော့ မီးတွေအကုန်ဖွင့်ပေး ပြီး မနက် 6.30 ကျတော့  ဗိမာန်မှာ မနက် ဘုရားဝတ်ပြုဖို့ခေါ်ပါတယ်။ ဒါနဲ့ မနက်ပိုင်း ဘုရားသွားဝတ်ပြုပါတယ်။ ဩကာသ ၊ မေတာပို့ ၊ ရှစ်ပါးသီလယူရပါတယ်။ နောက်တော့ တရားထိုင် ပြီးတော့ မိန်းခလေးတွေ ဝတ်ပြုဖို့အလှည့်ရောက်ပါတယ်။ ညီတို့ကတော့ ဆွမ်းစာဆောင်ကို သွားရပါတယ်။ မနက်ဘက် Breakfast ကတော့ ထမင်းကြော် ဒီတစ်ခေါက်တော့ နည်းနည်းအေးနေလို့ နည်းနည်းပဲဆွဲလာခဲ့တယ်။ ဒါနဲ့ ပန်းကန်ဆေးဖို့ သွား ၊ ပန်းကန်ဆေး ကြောပြီး အပြင်ထွက်လာ ၊ ခဏနေတော့ မိန်းခလေးတွေကလဲ ဆွမ်းစားဆောင်လာကြပြီ။ ကျွန်တော်တို့လဲ ဓာတ်ပုံတွေလှမ်းရိုက် ၊ ဝိုင်းထိုင်ကြ ၊ ခဏနေတော့် ဗိမာန်က ပြန်ခေါ်လို့ သွားကြပါတယ်။ ဟိုရောက်တော့ နမောတသတို့ ရွတ် ၊ ကဗျာလေးတွေရွတ် ၊ ရွတ်ရတဲ့ကဗျာလေးက ဒီလိုလေးဗျ

“လိမာတဲ့ခလေးလေး ဖြစ်အောင်ကွယ်။

တို့တစ်တွေရယ် ၊ ကြိုးစားမယ် ၊

ဆရာတော်ရဲ့ စကား ၊ နားထောင်မယ် ၊

ရိုသေလို့ ချစ်ပါ့မယ် ” တဲ့.. ကဲ… ဘယ်လောက်ချစ်စရာကောင်းသလဲ…

ခလေးတွေကလဲ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ဘုန်းဘုန်းက လဲ စည်းကမ်းကြီးပါတယ်။ မနေ့ကတင်ပဲ အိမ်ကလာပို့လို့ လာရတာပါဆိုတဲ့ခလေးတွေကို အိမ်ပြန်ပို့လိုက်တယ်တဲ့။ အရောက်ပို့တာနော်။ ဘုန်းဘုန်းရဲ့ တန်ခိုးက ဘယ်လောက်ကြီးလဲဆို လန်ခရူဇာက 4 စီးလောက်ရှိတယ်။ မာဆေးဒီးစ်က တစ်စီး။ ကျောင်းထဲမှာ ဟိုသွားဒီသွား အရေးပေါ်စီးဖို့ လျှပ်စစ်ကားလိုမျိုးတွေကလဲ ရှိသေးတယ်နော်။ အကုန်လုံး ဒါယိကာ ဒါယိကာမတွေက ကြည်ညိုလို့ လှူထားတာတွေကြီးပဲတဲ့ဗျ။ ဒါနဲ့ ကျွန်တော်တို့ သွားပြီး ဝတ်ပြုရတဲ့ ဗိမာန်တော်ကြီးအကြောင်းပြောပြဦးမယ်။ အရင် မိန်းခလေးတွေအိပ်တဲ့ ဓမာရုံမှာ ဝတ်ပြုကြရတာလို့ သိရတယ်။ ခုခါမှာတော့ လူပေါင်း ထောင်နဲ့ချီဆန့်တဲ့ ဗိမာန်တော်ကြီးကိုဆောက်ထားတာ မကြာသေးပဲ။ ကျွန်တော်တို့ လာမယ်ဆိုလို့ တပ်သုတ်ရိုက် နေ့ညမအားဆောက်ထားတာဖြစ်ပါတယ်။ မီးတွေလင်းသာလင်းနေတာ မီးချောင်းတွေကို မမြင်ရဘူး။ အဲကွန်းတွေကလဲ အကြီးကြီးတွေနဲ့ဗျ။ ဒါကြီးမှာ နောက်လ ဇန်နဝါရီအကုန်ကျ ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ သံယာ ၁၀၀ဝ စည်းဝေးပွဲကြီးလုပ်မှာတဲ့ဗျ။

ဒါနဲ့ နေ့လည်မရောက်ခင် ရေပြေးချိုးလိုက်ပါသေးတယ်။ နေ့လည်ကျတော့ ဗိမာန်ပေါ်ပြန်တက်။ ဘုရားထပ်ဝတ်ပြု ၊ မေတာပို့ အမျှဝေရပါတယ်။ အမျှဝေရင် ကျွန်တော်စဉ်းစားမိတာလေးရှိပါတယ်။ ကျွန်တော်တို့ တစ်နေ့ ကို လေးကြိမ်လောက် ဘုရာရှိခိုး ၊ မေတာပို့ ၊ အမျှဝေကြတယ်။ ဒီလို အမျှဝေရင်း ဘယ်သတဝါတွေ ၊ ဘယ်သူတွေ ဘယ်လို အမျှရပြီး ကျွတ်တမ်းဝင်သွားကြလဲလို့ လေ။ ပီတိဖြစ်မိပါတယ်။ ဒါနဲ့ ဆွမ်းစားဆောင်ကိုသွားကြပါတယ်။ နေ့လည်စာစားပြီးရှစ်ပါးသီလယူထားတော့ နေ့လွှဲညစာမစားရတော့ဘူး။ ဒါနဲ့ နေ့လည်စာ စားဖို့ ဘာဟင်းလဲဟကြည့်လိုက်တော့… ဟိုက်ရှ်ဘား.. ဝက်သားဟင်း ဗျာ ၊ ကျောက်ကျောပါသေးတယ် ၊ ဝက်သားဟင်းကလဲ အဆီမထင်နဲ့နော် ၊ ဝက်သားက အိုးကြီးချက်ဆိုတော့ ပျော့ပီး နူးအိနေတာ ၊ အဆီကော အသားကော နှစ်ခုလုံးရှယ်ပဲ။ တစ်ခါမှ အိမ်မှာက လွဲလို့ တခြားနေရာမှာ ဝက်သားမစားတာ ဒီတစ်ခေါက်တော်တော်စားကောင်းတယ်ဗျ။ အဝ တစ်ပန်းကန်ဆွဲပြီး ကျောက်ကျော နှစ်တုံးလောက် သိပ် လိုက်ပါတယ်။ ဒါနဲ့အပြင်ထွက်တော့ ခဏအပြင်မှာ ဗိုက်ချောင်အောင် လမ်းလျှောက်ကျ ၊ စကားပြောကျ ပေါ့ မိန်းမချောတွေ ဆွမ်းစားဆောင်ကို လှမ်းလာကြပြီ။ ညီတို့လဲ ၁နာရီထိုးခါနီးကျ ဆရာတော်က အိပ်ခိုင်းပါတယ်။ ဒါနဲ့အပေါ်တက်ပြီးအိပ်ကျဖို့ နေရာယူကြပါတယ်။ ဒါနဲ့အပေါ်တက်ပြီး အိပ်ယာလေး ဖြန့်ပီး ခဏအိပ်ကြပါတယ်။ ညီကတော့ အိပ်မပျော်လို့ သူငယ်ချင်းနှစ်ယောက်နဲ့ ပေါင်းသုံးယောက် စကားပြောပြီးလှဲနေကြပါတယ်။ 2 နာရီလောက်ကျ ဝရန်တာထောင့်နားမှာ သူငယ်ချင်းနှစ်ယောက်ထွက်ထိုင်နေပါတယ်။ ညီလဲ ဒီတိုင်းလေးပဲ ဟိုလုပ်ဒီလုပ်နဲ့ နေလိုက်ပါတယ်။ 3 နာရီလောက်ကျ ရေချိုးလို့ရပြီဆိုတော့ အကုန်လုံး ရေထွက်ချိုးကြပါတယ်။ ကျွန်တော်တို့တော့ လူနည်းနည်း နည်းတော့မှပဲ သွားတော့မယ်ဆိုပီးစောင့်နေတာ 4 နာရီထိုးခါနီး မိနစ်နှစ်ဆယ်လောက်မှ ရေထွက်ချိုးကြပါတယ်။ ရေက အေးအေး လေးနဲ့ တကယ်မိုက်ပါတယ်။ ရေချိုးခန်းတွေကလဲအများကြီးပဲ မိန်းခလေးတွေဝတ်တက်နေတော့ ၊ မိန်းခလေးဆောင် နည်းနည်းအကျော်က ရေချိုးဆောင်မှာ ချိုးကြပါတယ်။ ဒါနဲ့ 4 နာရီကျ ဘုရားဝတ်တက်ရမှာ မိန်းခလေးတွေပြန်လာမှာဆိုတော့ ခပ်သုတ်သုတ်တက်ပြေးပြီး အဝတ်လဲ ဘာလဲ အကုန်လုပ် ၊ ရေချိုးဝတ်တွေ လှမ်းပြီးတော့ ဘုရားဝတ်တတ်ပါတယ်။ ညနေ အအေးတိုက်မယ် လို့ သတင်းကြားထားတယ်ဗျ။ ဒါနဲ့ ဘုရားသွားဝတ်တတ်ရပါတယ်။ ကဗျာလေးတွေရွတ် ၊ ဘုရားရှိခိုး မေတာပို့ အမျှဝေရပါတယ်။ ပြန်လာတော့ ဟုတ်တယ်ဗျ။ အအေးအလှူရှိတယ်။ အဝသောက်ရတာဗျာ။ မကုန်ဘူး။ ဘူးတွေနဲ့တောင်ယူလို့ရတယ်။ ဒါနဲ့ ထည့်ကြ ဘာကြနဲ့ပေါ့။ စာရေးသူတော့ ဘူးမပါလို့ ထည့်မလာပါဘူး။ ၂ ခွက်လောက် ဆင့်လိုက်တယ်။ ဒါနဲ့ အကြာကြီး အောက်မှာ အကုန်လုံးကိုပေးဆင်းပါတယ်။ ဒါနဲ့ ဟိုသွားဒီသွား ဟိုလုပ်ဒီလုပ်ပေါ့ ။ ဗဟန်းနှစ်က ကျောင်းသူလေးကိုတောင် သွားမိတ်ဆက်လိုက်သေးတယ်။ ဟဲဟဲ.. ဒါနဲ့မပီးသေးပါဘူး။ ညဘက် ဘုရားဝတ်တတ်ဖို့ကျန်သေးတာကိုးဗျ။ ဒီတစ်ခေါက်တော့ အဆန်းဗျ။ ယောကျာင်္းလေးကော မိန်းခလေးပါ ခေါ်တယ်။ ဒါနဲ့ အကုန်လုံးပေါ့နော်။ ဘုရားဝတ်ပြုပြီးတဲ့နောက် စကားနပန်းတဲ့ဗျာ။ မိန်းခလေးတွေ အရင်လုပ်မှာမလို့ ယောကျာင်္းလေးတွေ ဗိမာန် ဝသွားရတယ်။ အောက်တော့မဆင်းရသေးဘူး။ ခေါင်းစဉ်က အပျိုကြီးလုပ်တာကောင်းတယ်။ အပျိုကြီးမလုပ်တာကောင်းတယ်တဲ့။ ပျော်စရာကြီးဗျာ။ ကောင်မလေးတွေကလဲ ဝင်နွှဲကြပါတယ်။ လက်ခုပ်တီးတာတွေ လိုက်တီးကျ ၊ အော်တာတွေအော်ကျ ၊ မကြိုက်တာတွေကျ လိုက် BOO လိုက်အော်ကြနဲ့ပေါ့။ ပျော်စရာကြီးပေါ့ ။ ယောကျာင်္းလေးတွေကျ အချစ်မရှိတာကောင်းတယ် ၊ အချစ်ရှိတာကောင်းတယ်တဲ့။ အချစ်ရှိတာကောင်းတယ်ပဲနိုင်တာပေါ့။ ဟဲဟဲ.. ဒါနဲ့ မနက်ဖြန်ပြန်ရင် လူပျောက်မှာဆိုးလို့ ကဒ်ပြားလေးတွေ ပေးဖို့ မိန်းခလေးတွေက အဆောင်ပြန် ကျွန်တော်တို့က ကျန်ခဲ့ရပါတယ်။ အကုန်လုံး ဓာတ်ပုံလေးတွေနဲ့ အကုန်ကဒ်ရပါတယ်။ ဒါနဲ့အဆောင်ပြန်ပြီး မနက်ဖြန်ပြန်ရမှာဆိုတော့ အဝတ်တွေ ဘာတွေကြိုသိမ်းထားတယ်။ အဲ့ညတော့ နေသားကြသွားပြီး အိပ်ပျော်ပါတယ်။ အိပ်တော့ 10.30 ၊ 5 နာရီလောက်နိုးတယ်။ မနက်ကျတော့ ဘုရားထဝတ်ပြုပြီး မနက်စာစားဖို့ သွားတော့ ဒီနေ့ကျွေးမှာက မုန့်ဟင်းခါး။.. ရှယ်ပဲဗျို့… အကြော်ဖက်လေးနည်းနည်း နည်းနေတယ်။ ရပါတယ်.. လူပေါင်း 2800 အတွက် ဒီလောက်ရတာကိုပဲ ကျေနပ်ပါတယ်။ မုန့်ဟင်းခါးကတော့ မနေ့ညက မုန့်ဘာမှစားမထားလို့ ဆာဆာနဲ့စားလိုက်တာ တစ်ပွဲကုန်သွားပါတယ်။ ဒါနဲ့ အပြင်မှာခဏနေကြပါတယ်။ ပြန်ရတော့မှာဆိုတော့ စိတ်ထဲတော့ မသက်သာဘူး အကုန်လုံးက ပါးစပ်မှာ ဟကောင် ပြန်ရတော့မယ်နော် ၊ ဘယ်လိုလုပ်ကြမလဲ ၊ မပြန်ချင်သေးဘူးကွာတွေ ကြီးပဲ ။အိမ်လောက် မပြည့်စုံပေမဲ့ အိမ်နဲ့မတူ တမူထူးတဲ့ရသာ တစ်မျိုး ဒီမှာရှိတယ်ဗျ။ ပျော်တယ်။

ဒါနဲ့ ဘုန်းဘုန်းက တရားဟောဖို့ အကုန်လုံးခေါ်ပါတယ်။ ဒီတစ်ခေါက်နောက်ဆုံးဗိမာန်တော်ကြီးပေါ်ကိုလာရတာမလို့လား ဘာလို့လားတော့မသိဘူးဗျ ၊ အကုန်လုံးဒီတစ်ခေါက် ဆူညံမနေဘူး ငြိမ်နေကြတယ်။ ဒါနဲ့ ဘုန်းဘုန်းက တရားမဟောခင် စပြောပါတယ်။ အကြောင်းက ဒီလိုပါ မိန်းခလေးဆောင်မှာ မိန်းခလေးတွေ လူပြည့်သွားလို့ နောက်ကျမှလာတဲ့မိန်းခလေးတွကို ပြန်မလွှတ်ချင်တာရယ် နေရာပေးချင်တာရယ်ကြောင့် ယောဂီဆောင် (ဘန်ဂလိုလို ပုံစံလေးတွေ) မှာ နေရာပေးရပါတယ်။ ဒါကို တစ်ချို့မိဘတွေက ပိုက်ဆံပေးမှ အဲ့နေရာရတာလို့ ပြောကြသတဲ့။ တစ်ချို့ကလဲ ငါ့သမီးလေး ပိုက်ဆံမပေးပဲ ရပါတယ်ဆိုပီးပြောသတဲ့ ။ ဘုန်းဘုန်းက စိတ်မကောင်းကြီးစွာနဲ့ ဪ.. ဒီလို ယုတ်ညံ့တဲ့မိဘတွေ အဲ့လိုကြားလို့ စိတ်မကောင်းဖြစ်ရတယ်တဲ့။ ဒီ့ထက်စိတ်မကောင်းဖြစ်ရတာက…

ကျွန်တော် ဘုန်းဘုန်းကို အဲ့မှာ တော်တော်ကြည်ညိုသွားတယ်ဗျာ…

ဒီလိုမိဘတွေကို သားသားတို့ မီးမီးတို့နဲ့ဘယ်လိုများ ထားရမလဲတဲ့လေ…

ဘုန်းဘုန်းတို့မှာ တစ်ကယ်ပင်ပန်းကြတာပါ ၊ လူကော စိတ်ကော အကုန်ပါ။ ဝေယျာဝစ အကိုတွေ အမတွေလဲ တစ်ကယ်ကို ပင်ပန်းကြပါတယ်။ မိဘတွေက ဒီအကိုတွေအမတွေပြောတာကို မလေးစားသလိုလို မကြားသလိုလိုလုပ်နေကြတာ စိတ်ပျက်ဖို့တကယ်ကောင်းပါတယ်။ ဘုန်းဘုန်းက နှစ်ခွန်းဟောပါတယ်။ နံပါတ်တစ် ဘယ်သွားသွား ၊ ဘာလုပ်လုပ် ၊ ဘာစိတ်ကူးစိတ်ကူး  နမောတသ ရွတ်ဖို့ရယ် ၊ နံပါတ်နှစ် သူ့ဘက်ကိုယ့်ဘက် ကြည့်ဖို့တဲ့။ မိဘတွေကလဲ သားသမီးတွေကို နားလည်ပေးဖို့ မိဘတွေကိုလဲ သားသမီးတွေက ကြည့်ဖို့ ဆုံးမပါတယ်။

ဒါနဲ့ အကုန်လုံးပြန်ရပါတယ်။ မိဘတွေလဲလာကြိုနေကြပါပြီ ကိုယ့်အဆောင်က အိတ်တွေကို ယူ ၊ အကိုတွေဆီမှာ ကဒ်ပြပြီး နာမည် စာရင်းပေးရပါတယ် ပီးမှ ဆင်းရပါတယ်။ ကဲ… တရားစခန်းက ပြန်ရပါပြီ။ ကျွန်တော်တို့က တစ်ရွေ့ရွေ့နဲ့ထွက်သွားကြပါတယ်။ ကျောင်းကြီးက တဖြည်းဖြည်းခြောက်ကပ်လာတယ်။ အကုန်လုံးက တဖြည်းဖြည်းပြောင်းလာတယ်။ အဲ့နေ့ ကျွန်တော်အိမ်ကို ည 7 နာရီပြန်ရောက်တယ်။ ပြန်သွားချင်လိုက်တာဗျာ …  ကျောင်ကြီးနဲ့ ဘုန်းဘုန်း က သားတို့အပေါ်ထားရှိတဲ့ ချစ်ခြင်းတွေပြောင်းလဲမယ်မထင်ပါ။ ဘုန်းဘုန်း နှစ်တိုင်းဒီလိုလုပ်နိုင်ပါစေ။ ကျွန်တော်နောက်တစ်ခေါက်သွားရင် 16-25 နှစ်တန်းက သွားရတော့မယ်။ ခလေးလုပ်ရမှာမဟုတ်တော့ဘူး။ ပျော်ပါ့မလားဗျာ။ ကျွန်တော် ဒီကနေ ဘုန်းဘုန်းတို့ကို ဂါရဝပြုပါတယ်။ ဘုန်းဘုန်းတို့အားလုံး ၊ အားလုံးကိုကျေးဇူးတင်ပါတယ်…

 

ဆိုလာနဲ့နောဆွမ်းစားဆောင်ကြီးအပေါ်စီးကအလှအပကျောင်းသားတွေများကြီးပေါ့

4 comments

  • Khin Latt

    February 24, 2012 at 10:01 pm

    သာဓုပါကွယ်။
    ဒီအရွယ်မှာ အားချိန် အလကား အကျိုးမရှိတာ မလုပ်ဘဲ ဒီလိုတရား အလုပ်လုပ် တာ ချီးကျူးပါတယ်။
    ဘုန်းဘုန်း ကို ဖိနပ် ကူရှာပေးနေတာ သားပုလား? 🙂
    နောက်တစ်ခါ ပုံတင်ရင် ဓာတ်ပုံ size ကို ချုံ့ပြီး တင်ရင် မင်းလဲ upload လုပ်ချိန် သက်သာမယ်။
    ကြည့်ရတာလဲ ပိုကောင်းမယ်။

    • Burma

      March 13, 2012 at 4:17 pm

      သားဖူးမဟုတ်ဖူး အန်တီယေ့ 😀

  • Rose Minn

    February 25, 2012 at 11:30 am

    သားပုရေ မ rose လဲ ဘုန်းဘုန်းကျောင်းက မောင်မယ်ထဲမှာပါတယ်။ အလုပ်ကြောင့် ဝေယျဝစ္စမလုပ်ဖြစ်တာကြာပေါ့။ ပုံတွေ ကြည့်ပြီးလွမ်းလိုက်တာ။ ကျောင်းကတော့ရောက်ဖြစ်တယ်။ တရားစခန်း အချိန်တွေ သာ မရောက်ဖြစ်တော့တာ။ တရားစခန်း ဝင်တဲ့ ကလေးတွေ ဆီက ခံစားချက်လေး တွေ မသိရတာ။ အခုတော့သိရပါပြီ။ အဲလိုခံစားချက်လေးတွေကို ဝေယျာဝစ္စလုပ်ပေးရတဲ့ မမတွေ ကိုကိုတွေကိုုလည်း ပြန်ပြောလိုက်ပါ့မယ်။ သူတို့တွေ အမောပြေအောင်လို့ပေါ့။

  • pooch

    February 25, 2012 at 3:12 pm

    သာဓုပါတော်.. ဒီလိုစခန်းလေးကို စိတ်ဝင်စားတာ ဝင်ချင်စိတ်ရှိတာ နေပျော်တာ ဝမ်းသာပါတယ်။ နောက်လည်း မကြာမကြာဝင်နိုင်ပါစေ။ ကျောင်းသားအရွယ် ကလေးငယ်လေးမှာ ဒီလိုအတွေးရှိနေတာကိုက စိတ်ချမ်းသာရပါတယ်။

    ပုံလေးတွေ အရီးလတ်ပြောသလို ဆိုဒ် ရှုံ့လိုက်ရင် ကြည့်ရတာ ပိုအဆင်ပြေသွားမှာ။

Leave a Reply