ဘက်ညီ လက်ညီ ရွေ့ကြဖို့လိုပါသည်။

ကြောင်လေးJanuary 1, 20121min753

ဘက်ညီ လက်ညီ ရွေ့ကြဖို့လိုပါသည်။

နွားလှည်းတစ်စီး  ရှေ့ကိုရွေ့ဖို့ဆိုင်ရင် ရှေ့ကလှည်းတံပိုးကိုထမ်းနေတဲ့

နွားနှစ်ကောင်လုံး ပြိုင်တူ ဟန်ချက်ညီညီ ဆွဲဖို့ လိုအပ်ပါတယ်။

တစ်ကောင်ထဲ ဆွဲရင် တစ်ဖက်ဆွဲပြီးလမ်းကြောင်းလွဲသွားနိုင်ပါတယ်။

တစ်ကောင် က သိပ်မရုံးပဲ ရေသာခိုလိုက်နေရင်လည်း ရုံးရတဲ့

တစ်ကောင်တည်း  ပင်ပမ်းပြီး လိုရာခရီးကို လွယ်လွယ်နဲ့ မရောက်နိုင်တော့ပါ။

ကားတစ်စီးမှာလည်း ရှေ့ဘီးနှစ်ဘီးလုံးဘရိပ် ကပ်နေရင်

ရှေ့ကိုအလွယ်တကူဘယ်ရွေ့မလဲ၊တစ်ဘီးပဲ ဘရိပ်ခွာပြီး တစ်ဘီးက

ဘရိတ်ကပ်ပြီးပုံမှန် မလည်ရင် အပေါ်က ဂွေ ကိုင်ထားရတဲ့ ဒရိုင်ဘာကြီး

ဘယ်သက်သာမလဲ။

အဲဒီတော့ “ဟိုဘက်ကနွား မင်းသွားဖို့လိုတယ် ” ဆိုပြီးအော်နေရင်းနဲ့

ကိုယ် ကိုယ်တိုင်လဲ ခြေလှမ်းစရွှေ့ဖို့လိုပါလိမ့်မယ်၊ ကိုယ်က အင်အားကောင်းနေရင်

တစ်ဘက်ကနွား မရွေ့ချင်ဘူးဆိုရင်တောင် ယက်ကန်ယက်ကန်နဲ့ ပါလာပါလိမ့်မယ်။

လှည်းကိုမောင်းနေတဲ့သူကလည်း တဘက်ကနွား အာဟာရလိုသလား၊

သက်သက် မဲ့ ကပ်နေတာလား၊ သုံးသပ်နိုင်ပြီး ကျွေးသင့်တဲ့နွားကိုကျွေး၊

ကြိမ်တို့သင့်တဲ့နွားကို တို့ပြီးမောင်းတတ်ဖို့လိုပါမယ်။

ဒီလိုပဲ ကားမောင်းတဲ့သူကလည်း၊ဘယ်ဘီးက ဘာဖြစ်နေသလဲ ၊ ဘယ်ဘီးကို

ဘာလုပ်ပေးဖို့လိုသလဲ၊ ဆိုတာကို ဆင်ခြင်သုံးသပ်နိုင်ပြီး လိုအပ်သလို

ပြုပြင်ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ကပ်နေတဲ့ဘရိပ်တွေကိုလည်း

နှစ်ဘက်စလုံးကို ခွာချ ပြီး အမဲဆီလေးထိုးလို့  ညီတူ ညာတူလိမ့်ကြဖို့ လိုပါမယ်။

ကဲ    အဲဒီတော့ နှစ်သစ်မှာ ဘာလုပ်ကြမှာလဲ………….

ဆရာသစ်ရေ…………….

လိုအပ်တာလေးတွေဆီမီနာမှာ ဆက်ဆွေးနွေး လိုက်ပါဦးဗျာ…….။

3 comments

  • Khin Latt

    January 1, 2012 at 3:04 am

    ကိုကြောင်လေးရေ – မှန်ပါတယ်။ အားလုံးပြိုင် ရွေ့နိုင်အောင် ကြိုးစားရမှာပါ။
    အဲဒီအတွက် ကျွန်မတို့လဲ တစ်နေရာ ကိုဘဲ ကွက်ကြည့်တတ်သူ မဟုတ်ဘဲ ဘက်စုံကနေ ကြည့်နေနိုင်တဲ့ သူ ဖြစ်အောင်ကြိုးစားရမယ် ထင်ပါရဲ့။
    ပြီးတော့ သူများ ပြောတာ၊ အကြံပြုတာကိုလဲ နားထောင် တတ်အောင် ကျင့်ရမယ်လဲ ထင်ပါတယ်။
    ဒါမှ ကိုယ်မမြင်ခဲ့တာကို သိနိုင်မှာ မဟုတ်လား။
    Post အတွက်ကျေးဇူးပါနော်။

  • Thel Nu Aye

    January 1, 2012 at 10:07 pm

    မှန်ပါတယ်။ ရှု့ဒေါင့်ပေါင်းစုံကကြည့်ပြီးတက်ညီလက်ညီကြိုးစားမှအရာရာအောင်မြင်နိုင်မှာပါ။ အမြင်မတူလဲ အမြင်ချင်းဖလှယ်ပြီးကြည့်နိုင်ရပါမယ်။

  • ငပေါက်ဖော်

    January 1, 2012 at 10:27 pm

    အဲဒီ ့တက်မညီလက်မညီတာတွေကိုက ခက်နေတာခင်ည
    ပြောပြန်ရင်လဲ ငပေါက်လွန်ရာကျဦးမယ်..
    ပြောတော့ဝူး..ညီညာထ.ကြွ. ရုန်းထကြပေလော့ဝေ့.

Leave a Reply