Internet မရှိတော့ရင် ကျွန်မတို့ ဘဝကြီး ဘယ်လောက်ခြောက်သွေ့ သွားလိုက်မလဲ။ စဉ်းစားကြည့်ဘူးကြပါသလား။

တကယ်တော့ Internet ရဲ့ Idea က တော့ ၁၉၆၁ မှာ စခဲ့တယ်လို့ မှတ်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ ယနေ့ ခေတ် မှာတော့ ကျွန်မတို့ လို သာမာန် သုံးစွဲသူ အနေနဲ့ တွင်တွင် ကျယ်ကျယ် သုံးနေ တဲ့ Internet ထဲမှာ Information, Document Text, Images, Multimedia Files စတာတွေ ပါတဲ့ Page တွေ ကို  Internet က တစ်ဆင့် ကိုယ့် ကွန်ပျုတာ Monitor/ Mobile Screen တွေပေါ်မှာ ကြည့်လို့ ရအောင် ထွင်ထားတဲ့  WWW (or) W3 (or) World Wide Web လို့ခေါ်တဲ့ System ကတော့ ၁၉၉၁ မှာမှ စခဲ့တယ်လို့ သိခဲ့ပါတယ်။

၁၉၆၁နဲ့၁၉၉၁ “နှစ် ၃၀” အတွင်း ကျွန်မတို့ရဲ့ ဘဝ တွေကို မယုံကြည်နိုင်လောက်အောင် လွှမ်းမိုးစေမဲ့ တီထွင် မှုတွေရှိခဲ့ပါတယ်။ အဲဒါတွေ ကတော့ Apple ရဲ့ Macintosh နဲ့ IBM/Microsoft ရဲ့ PC (Personal Computer) တို့ ဆိုတာ၊ Apple ရဲ့ ပဲ့ကိုင်ရှင် က Steve Jobs ဖြစ်ပြီး Microsoft ရဲ့ ပဲ့ကိုင်ရှင် ကတော့ Bill Gates ဆိုတာ၊  သူတို့ နှစ်ယောက် ဟာ ကွန်ပျုတာလောက ရဲ့ စွန့်ဦးတီထွင်သူ Pioneer တွေ အဖြစ် သမိုင်းမှာ တွင်ကျန် နေတာ ဆိုတာ တွေဟာ လူတိုင်း အသိပါ။ တကဲ့ အဖြစ်အပျက် တွေထဲမှာ သူတို့ နှစ်ယောက်နဲ့ အတူ ကွန်ပျူတာ လောက ရဲ့ Pioneer တွေရှိပါသေးတယ်။ ဒါပေမဲ့ ဒီမှာတော့ သမိုင်း ဖြစ်စဉ် ကို ဒီလောက် အကျယ်မချဲ့ တော့ပါဘူး။

ကျွန်မ အနေနဲ့ အရင်က သိခဲ့ဘူးတာက သူတို့ နှစ်ယောက်ဟာ နည်းပညာမှာ ပြိုင်ဖက် တွေလို့ ဘဲ ခပ်ကျဉ်းကျဉ်း သိခဲ့တာပါ။ ဒီတော့ Business မှာ ဒီလို အချင်းချင်း ပြိုင်ကြ၊ ကိုယ့် Product မနိုင်နိုင် အောင်လုပ်ကြတာတွေဟာ ဘာဆိုဘာမှ မထူးဆန်း တဲ့ ဇာတ်လမ်းတွေ ပါဘဲ။ ဒါပေမဲ့ Steve Jobs ကွယ်လွန်ပြီးနောက် မှာ ဆောင်းပါးတွေ၊ သတင်းတွေ၊ Documentary တွေအရ သူတို့ နှစ်ဦး ရဲ့ နောက်ကြောင်း ကို ပြန်ကြည့် ခဲ့မိပါတယ်။

ဒီမှာတင် သူတို့ နှစ်ယောက် အစပိုင်း မှာ ဘယ်လောက် နီးကပ်ခဲ့တယ် ဆိုတာသိလာ ခဲ့ ပါတယ်။ အဲဒီကနေပြီး ပြိုင်ဖက် ဆိုတာနဲ့ ကြိုးမျှင်မျှင် လေးခြား နေတဲ့ သူတို့ နှစ်ယောက် ရဲ့ လှပတဲ့ Relationship ကို တွေ့လိုက် မိပါတယ်။

တကယ်တော့ ကျွန်မ ဆက်ပြောမဲ့ အကြောင်းတွေ ဟာ သူတို့ နှစ်ဦးကြားမှာ ဖြစ်ခဲ့တာ ပြောခဲ့တာတွေပေါ်အခြေခံပြီး ကျွန်မ အတွေး ကို ပြောမှာပါ။ ဒီတော့ ကျွန်မ အတွေးတွေ ဟာ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်တစ်ကောင် ကို စမ်းပြီး ကိုယ် ထင်ရာ ပြောသလို ပြောတာမို့ အမှန်လို့ မပြောနိုင်ပါဘူး။ “ကျွန်မက ရုပ်ရှင်တကား ကြည့် ပြီး ခံစားကြည့် တာ လို့” သဘောထားကြပါ။

ဒါပေမဲ့ အချက်အလက် တွေ မှား နေခဲ့ ရင်တော့ ပြင်ပေး ကြပါ။ ဒါမှ တစ်ခြားစာဖတ်သူ များ အလွဲသိ သွား ခြင်း မဖြစ် သလို ကျွန်မ လဲ အချက် အလက်မှန် ကို သိပါ့မယ်။ အဲဒီ အတွက် ကြို ပြီး ကျေးဇူးတင် ပါ တယ်။

စိတ်မပူကြပါနဲ့။  သူတို့သမိုင်းဖြစ်စဉ်ကို အကျယ်မချဲ့ပါဘူး။:-)

သူတို့ နှစ်ယောက် စသိပုံ အကျဉ်းချုပ်ရယ်။ Turning Point တစ်ခုရယ်။ Steve Jobs ရဲ့ Key Note ထဲက အကြောင်း တစ်ခုရယ်။ သူတို့ နှစ်ယောက် မျက်နှာချင်းဆိုင် ဆုံပြီး လုပ်ခဲ့တဲ့ Interview တစ်ခု ကစကား တစ်ချို့ အကြောင်း ရယ်ပါဘဲ။

စသိပုံ အကျဉ်းချုပ်

၁၉၇၅ မှာ Apple ကို Steve Jobs နဲ့ သူ့သူငယ်ချင်း Steve Wozniak တို့ စတဲ့ အချိန် Bill Gates ကလည်း သူ့သူငယ်ချင်း Paul Allen နဲ့ Altair ကွန်ပျူတာ ပေါ်မှာ Application တွေ Run လို့ ရနိုင်စေမဲ့ Language အတွက် Altair Basic လို့ခေါ်တဲ့ Interpreter ကို စရေး နေပါပြီ။ အဲဒါဟာ Paul နဲ့ Bill ရဲ့ ပထမဆုံး Product ဖြစ်ပါတယ်။ အဲဒီနောက် Micro-Soft လို့ဆိုပြီး နှစ်ယောက်သား Partnership လုပ်ခဲ့တယ် ဆိုပါတယ်။ နောင် IBM Personal Computer (IBM PC) အတွက် Microsoft Disk Operating System (MS-DOS) ပေါ်မှာလဲ Microsoft့ BASIC Language ဟာ ပထမဆုံးသော Computer Programming Language ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာ Bill Gates နဲ့ သူ့ရဲ့ Microsoft Team ကို Steve Jobs က ငှါးပြီး ($31,000 နဲ့) “Apple မှာသုံးဖို့ Application တွေ” အတွက် Applesoft Basic ကို ရေး စေခဲ့ပါတယ်။ အဲဒါဟာ သူတို့ နှစ်ယောက် ရဲ့  Relationship အစပါဘဲ။

 

Turning Point

၁၉၈၃မှာ Steve Jobs က PepsiCo ရဲ့ Technical President John Sculley ကို Apple ရဲ့  President and CEO အဖြစ်လုပ်ဖို့ ဆွယ်ပြီး ငှါးခဲ့ပါတယ်။ တကယ်တော့ သူ့လောက် နည်းပညာ မှာ ဗဟုသုတ မရှိသူမို့ သူ့ကို မကျော်နိုင်ဘူးလို့ တွက်မိလို့ လားတော့ မသိပါဘူး။ အဲဒီ လူက သူ့ကို Apple ကနေ ၁၉၈၅ မှာ ကန်ထုတ် ခဲ့ပါတယ်။  အဲဒီနောက် သူဟာ NeXT ဆိုပြီး Company အသစ် ထောင်ပါတယ်။ ဒီမှာတင် “Apple က Steve Jobs ဟာ NeXT မှာ Apple  ရဲ့ နည်းပညာတွေ ကို ယူပြီး သုံးပါတယ်” ဆိုပြီး တရားစွဲပါသေးတယ်။

(အတော်လေး တရားကျဖွယ် လောက ပါဘဲ)

နောက်ပိုင်း Microsoft က အရှိန်နဲ့ ထိုးတက်လာချိန် မှာ Apple ရဲ့ Product တွေ မအောင်မြင်တာ ဖြစ် Stock Share ဈေးများ ထိုးကျကာ အရှုံးနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ၁၉၉၇ မှာ Apple က NeXT ကို ဝယ်ပြီး Steve Jobs ကို Advisor အဖြစ်ပြန်ခေါ် ခဲ့ပါတယ်။ အဲဒီနောက် လက်ရှိ CEO Gil Amelio ကို ပြန်ကန်ထုတ်ပြီး Steve Jobs ဟာ interim CEO ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ရာထူး Nickname က “iCEO” တဲ့။

 

Steve Jobs ရဲ့ Key Note – Boston MacWorld Expo (၁၉၉၇)

Apple ကို Steve Jobs ပြန်ရောက်ချိန် Apple ဟာ Bankrupt ဖြစ်လု ဆဲဆဲ ပါဘဲ။

Steve Jobs ဟာ Apple ကို ပြန်ရောက်ပြီး နောက် ပထမဆုံး Keynote ကို Boston MacWorld Expo – ၁၉၉၇ မှာ ပြောခဲ့ပါတယ်။ အဲဒီမှာ သူစပြောချိန် လက်ခုပ်သံ တစ်ချို့ဘဲ ရှိပြီး  “ဘူး” အလုပ်ခံရတာ က အကြိမ်ပေါင်း များစွာပါ။ Apple ရဲ့ အနာဂါတ် ကို Presentation ပေး တဲ့အထဲမှာ Meaningful Partner အကြောင်း ရောက်လာပါတယ်။ Apple ရဲ့ Meaningful Partner ဟာ Microsoft လို့ ကြေငြာခဲ့ချိန် မှာတော့ လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီကနေ Microsoft နဲ့ပူးပေါင်းလုပ်မဲ့ နေရာတွေ အကြောင်း ရှင်းပြပါတယ်။ အဲဒီနောက် Microsoft ကနေ Apple မှာ $150 million ပိုက်ဆံထဲ့်မဲ့ အကြောင်း ပြောရင်း Special Guest တစ်ယောက် ကို Projector Screen ပေါ်ကို တင် ပေးခဲ့ပါတယ်။ သူကတော့ Bill Gates ပါဘဲ။ Bill Gates မျက်နှာ ပေါ်လာချိန် လက်ခုပ်သံ တွေ ကြားမှာ “ဘူး” သံတွေ လဲ ပါပါတယ်။

Bill Gates က သူနဲ့ Steve Jobs  အရင်က အတူအလုပ်လုပ် တာဟာ သူ့ဘဝရဲ့ Career မှာ “Some of the most exciting work” လို့ စခဲ့ပြီး မကြာခင် Macintosh ပေါ်မှာ run မဲ့ Mac Office 98 အကြောင်းကို ရှင်းပြခဲ့ ပါ တယ်။

Bill Gates အပြီး Steve Jobs ပြောခဲ့တဲ့ အထဲမှာ စကားတစ်စုကို ကျွန်မ အလွန် သဘော ကျ ပါတယ်။ အဲဒါကတော့ –

Apple ရဲ့ အနာဂါတ် ကို တဖန် ပြန်လည် ရှင်သန် တောက်ပ အောင်မြင် စေချင်တယ် ဆိုရင် – “Apple နိုင်ပြီး Microsoft ရှုံးရမယ်” ဆိုတဲ့ အတွေးအခေါ် စိတ်ဓာတ်မျိုးကို ဖယ်ရှား ပြစ်ရပါမယ်။ “Apple နိုင်ဖို့ Apple ကဘဲ အရမ်းကောင်းအောင် လုပ် ရမယ်” ဆိုတဲ့ အတွေးစိတ်သာထားရပါမယ်။ တစ်ခြားသူ တွေရဲ့ အကူအညီရမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါဘဲ။ တကယ်လို့ Apple က ကောင်းအောင် မလုပ်နိုင်ရင်၊ဒါဟာ တစ်ခြားဘယ်သူရဲ့ အပြစ်မှ မဟုတ်ပါဘူး။ Apple ရဲ့ အပြစ်ပါဘဲ။ ဒါဟာ အလွန်အရေးကြီး တဲ့ ခံယူချက် လို့တွေးပါတယ်။

Microsoft Office ကို Mac ပေါ်မှာသုံးချင် ရင်၊ ဒီ Software ကိုထွင်တဲ့ Company ကျေးဇူးလေးတင်တတ်ကြဖို့ကောင်းပါတယ်။ သူတို့ Software တွေကို ကျွန်တော်တို့ ကြိုက်ကြပါတယ်။ ဒါကြောင့် ကျွန်တော့ အတွက်ကတော့ Apple နဲ့ Microsoft ရဲ့ကြား က ပြိုင်ဆိုင်မှုတွေ ဟာ ပြီးဆုံးသွားပါပြီ။ အခုအခါဟာ Apple ပြန်လည် ရှင်သန်ဖို့ အချိန်ပါဘဲ။ Industry ထဲကို Apple ရဲ့ အံ့မခမ်းတဲ့အရာတွေ ပေးစွမ်းဖို့၊ Apple တဖန် ပြန်လည် ရှင်သန် တောက်ပ အောင်မြင် ဖို့ အချိန်ပါဘဲ။

“If we want to move forward and see Apple healthy and prospering again, we have to let go of a few things here. We have to let go of this notion that for Apple to win, Microsoft has to lose. We have to embrace a notion that for Apple to win, Apple has to do a really good job. And if others are going to help us that’s great, because we need all the help we can get, and if we screw up and we don’t do a good job, it’s not somebody else’s fault, it’s our fault. So I think that is a very important perspective. If we want Microsoft Office on the Mac, we better treat the company that puts it out with a little bit of gratitude; we like their software. So, the era of setting this up as a competition between Apple and Microsoft is over as far as I’m concerned. This is about getting Apple healthy, this is about Apple being able to make incredibly great contributions to the industry and to get healthy and prosper again.”

ကျွန်မ အတွေး က – Steve Jobs ဟာ  Bill Gates ဆီ က ရတဲ့ Investment ငွေ လောက် ကတော့ တစ်ခြားမှာလဲ ရချင်ရင် ရနိုင်မှာပါ။ ဒါပေမဲ့ လိုတဲ့အချိန် သူ ပထမဆုံး အကူအညီ တောင်း ဆက်သွယ် ခဲ့သူဟာ Bill Gates ပါဘဲ။ အဲဒီအချိန်မှာ Microsoft နဲ့ Technical ကိုပါပေါင်းလုပ် မှ Apple  ပြန်ရှင် မယ်ဆိုတာ တွက်လို့သာပါ။

Bill Gates ဘက်ကရော Genius Steve Jobs အကြောင်းကို မသိဘဲ နေပါ့မလား။ သူ့ကို ပြန် ကျော်တက် သွားနိုင်တယ် ဆိုတာ သိရက် နဲ့ ဝင်ကူခဲ့တာဘဲ။ ဘယ်လောက် Professional ဆန်ကြပါသလဲ။ တနည်းကြည့်ရင်လဲ သူတို့ဟာ ကိုယ့်အရည်အချင်းကို အပြည့်အဝ ယုံကြည်သူတွေ၊ စိန်ခေါ်မှူကို နှစ်သက်သူတွေ အဖြစ် တွေ့နိုင်ပါတယ်။

အဲဒီ Keynote Video ကို ကြည့်ရင်း ကျွန်မ အဲဒီလူ နှစ်ယောက် စလုံးကို တကယ် လေးစားမိပါတယ်။

အထူးသဖြင့် Steve Jobs ဟာ Apple ကို သူပြောခဲ့သလိုဘဲ အံ့မခမ်းဖွယ် ထက်တောင် ပိုပြီး ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

 

Interview တစ်ခု

၂၀၀၇  ခုနှစ် မေလ  All Thing Digital ဆိုတဲ့ Online Publication Show ပေါ်မှာ Steve Jobs နဲ့  Bill Gates ကို အတူတွဲပြီး မြင်ခဲ့ကြရပါတယ်။ အဲဒီမှာ သူတို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်၊ လက်ရှိ ကာလ အခြေအနေ နဲ့ အနာဂါတ်အတွက် ရည်မှန်းချက် တွေ၊ သူတို့ ရဲ့ Product အကြောင်းတွေ၊ သူတို့ နဲ့တွဲ လုပ်တဲ့ အခြားသူတွေ အကြောင်းတွေ – ပြောခဲ့ကြ ပါတယ်။ စိတ်ဝင်စားသူများ အောက်ဖော်ပြပါ Link မှ အသေးစိတ် ဖတ်နိုင်ပါ တယ်။ ကျွန်မ ကတော့ ကျွန်မ အလွန်ကြိုက်ပြီး Highlight လုပ်လိုက် တဲ့ သူတို့ ရဲ့ စကား တစ်ချို့ကို မျှဝေ ပါရစေ။ အမှန်တော့ ဒီမေးခွန်းဟာ Interview လုပ်သူရဲ့ နောက်ဆုံး မေးခွန်းပါ။ “သူတို့နှစ်ယောက် ရဲ့ Relationship အကြောင်းပေါ့”

အဲဒီမှာ Bill Gates ဖြေခဲ့တာက –

အလုပ်အတူတူလုပ်ခဲ့တဲ့ အချိန်တွေဟာ ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတဲ့။ အခုအချိန်မှာ အတူ မရှိနိုင်တော့တဲ့  သူတစ်ချို့ ကိုလည်း သတိရ တတ်ပါတယ်။ ဒီ Industry ထဲမှာ ဝင်လာသူ တွေရော၊ ထွက်သွားသူတွေပါရှိတယ်။ တကယ်လို့ တစ်စုံတစ်ယောက် – အလုပ်ဖြစ်တဲ့ အရာတွေ ရော၊ မဖြစ်တာတွေကိုပါ နားလည်သူ တစ်ယောက်ဟာ အနားမှာအမြဲ တမ်း ဆက်ရှိ နေ မယ် ဆိုရင် တော့ အရမ်းကို ကောင်းတာပါဘဲ။ သိတဲ့ အတိုင်းပါဘဲ။ Industry ဆိုတာက အသစ်အသစ် သော အရာတွေ က အမြဲတမ်း ဖြစ်နေတာမဟုတ်လား။ လူတွေရဲ့ အမြင်မှာ အောင်မြင်တဲ့ Company ဆိုတာ တစ်ချိန်မှာ ပျောက်ကွယ်သွားမယ် ဆိုတဲ့ အမြင် ရှိတယ်။ အဲဒီလိုမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ ကြားက အရေးတကြီး လိုအပ်လာတဲ့ အခါမျိုးမှာ စွန့်စားပြီး အသစ်အဆန်းတီထွင်တဲ့ လူတွေ ရှိနေတာဟာ အလွန်ဟန်ကျလှ ပါတယ်။

it’s been fun to work together. I actually kind of miss some of the people who aren’t around anymore. You know, people come and go in this industry. It’s nice when somebody sticks around and they have some context of all

the things that have worked and not worked. The industry gets all crazy about some new thing, you know, like, there’s always this paradigm of the company that’s successful is going to go away and stuff like that. It’s nice to have people seeing the waves and waves of that and yet, when it counted, to take the risk to bring in something new.

Steve Jobs ကတော့ တိုတို ရှင်းရှင်းပါဘဲ။

Bill နဲ့ ကျွန်တော် ပထမဆုံး တွေ့ပြီး အလုပ်အတူလုပ်တုန်းက ကျွန်တော်တို့ နှစ်ယောက် လုံးဟာ အခန်းထဲမှာ အသက်အငယ်ဆုံးပါဘဲ။ ကျွန်တော်က ၆လပိုကြီး တယ်ဆိုပေမဲ့ အရွယ်တူပါဘဲ။ ဒါပေမဲ့ အခုကျွန်တော်တို့ သက်ဆိုင်ရာ Company တွေ အတွက် လုပ်နေကြတယ်။ ခင်ဗျား တော့ မသိဘူး။ ကျွန်တော်က တော့ အခန်းထဲမှာ အကြီးဆုံးသူ အချိန်များများ ဖြစ်နေတာပါဘဲ။ ဒါကြောင့် အခုဒီမှာ ရှိနေတာကို နှစ်သက်တာပါ။

ကျွန်တော်က ဘဝအကြောင်းအရာ အတော်များများ ကို Bob Dylan သီချင်း လို၊ Beatles သီချင်း လိုလို့ တွေးမိတယ်။ ခုလဲ Beatles သီချင်း တစ်ပုဒ်ထဲ က စာကြောင်း လေး တစ်ကြောင်း က “မင်းနဲ့ ငါ ရဲ့ အမှတ်ရစရာ တွေဟာ ရှေ့ဆက်မဲ့ ခရီး အရှည် ထက် ပိုပါတယ်။” အဲဒါဟာ ဒီမှာ ရှင်းရှင်းလင်းလင်းကို မှန်ပါတယ်။

You know, when Bill and I first met each other and worked together in the early days, generally, we were both the youngest guys in the room, right? Individually or together. I’m about six months older than he is, but roughly the same age. And now when we’re working at our respective companies, I don’t know about you, but I’m the oldest guy in the room most of the time. And that’s why I love being here.

And, you know, I think of most things in life as either a Bob Dylan or a Beatles song, but there’s that one line in that one Beatles song, “you and I have memories longer than the road that stretches out ahead.” And that’s clearly true here.

အဲဒါနဲ့ Interview ကို အပိတ်မှာ Interview လုပ်သူ အမျိုးသမီး က “ကျွန်မ တော့ မျက်ရည်လည်မိပြီ” လို့ ပြောခဲ့တယ်။

ကျွန်မ က ရော ……….

–         ငွေကြေးထက် တီထွင်ချင်စိတ် တွေကို ရှေ့တန်းထား တဲ့

–         စွန့်စားမှုကို ကြိုက်ပြီး ရှုံးနိမ့်ခြင်း ဆိုတာတွေ ကို မမှုတဲ့

–         အရေးကြုံရင် ပြိုင်ဖက်လို့ စိတ်ထားတာထက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ စိတ် ထားတတ်ကြတဲ့

–         သူတို့ နှစ်ယောက် ပြန်ပေါင်းချိန် “ဘူး” လုပ်ခံရတဲ့ အသံတွေ ကို လစ်လျုရှုပြီး ကိုယ့်လမ်းကြောင်းကိုကိုယ် ကောင်းအောင် အာရုံထား ဆက်လျှောက် ခဲ့ကြတဲ့

–         ကိုယ့်ရှုံးနိမ့်မှု ဟာ ကိုယ့်တာဝန်လို့ အတွေးအခေါ် အယူအဆရှိတဲ့

–         ကိုယ့်ပြိုင်ဖက် ကို ရှင်သန်စေရင်း သူတို့ ရဲ့ အားနည်းမှု၊ အားသာမှုတွေ ကနေ ပညာယူတတ်တဲ့ ……. စသဖြင့်

ကျွန်မ နဲနဲ လေးသားသိတဲ့ သူတို့ နှစ်ယောက်အကြောင်း မှာ သူတို့ ရဲ့ လေးစားဖွယ် စိတ်ဓာတ် ကောင်းကွက် တွေကို မြင်ပြီးတဲ့ နောက် ကျွန်မ လဲ မျက်ရည်ဝဲ တဲ့ အထိ ခံစားမိခဲ့ရပါတယ်။

အဲဒီနောက်မှာ ကျွန်မ အတွေးတွေ ထဲမှာ

” ပြိုင်ဖက် ဆိုတာကို ချစ်တတ် တဲ့ အပြင် အဲဒီပြိုင်ဖက် နဲ့ ညှိနှိုင်း ပြီး အတူတွဲလုပ်နိုင်တဲ့ သူ နှစ်ယောက် တွေ့ရင် သူတို့ ပါတ်ဝန်းကျင် နဲ့ ကမ္ဘာကြီးမှာ ကြီးမားပြီး အင်အားရှိတဲ့ အံ့မခမ်းဖွယ်ရာ တိုးတက်မှုတွေကို ဖြစ်ခဲ့စေတာဘဲ”

ဆိုတာပါ။

နှစ်သစ်မှာ ရွာသူ/သား အပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။

စာကြွင်း – တကယ်တော့ Steve Jobs နဲ့ Bill Gates တို့ ရဲ့ အတိတ်အကြောင်းတွေ မှာ အဆိုးမြင် ဖွယ်ရာ အချက် တွေလဲ အများကြီး ရှိပေမဲ့ သမိုင်းကြောင်း မှာ တော့ သူတို့ ဟာ ကျွန်မတို့ အားလုံးရဲ့ အားကျဖွယ်ကောင်းတဲ့ Role Model တွေ အဖြစ် ရှိနေတော့ မှာတော့ ကျွန်မ ပြောရင် ပို လွန်းတယ် ပြောကြမလား ဆိုတာတွေးမိရင်း ……

(ဘာသာပြန် အချိုးမကျ နိုင်တာ သည်းခံကြပါ၊ အမှားပါရင်လဲ ပြင်ပေးကြရင်ဖြင့် အားလုံးအတွက် အတိုင်းထက်အလွန် အကျိုးရစေမှာပါ)

ကျေးဇူးတင်စွာဖြင့် :-)

 

မှီငြမ်း

Apple & Microsoft History

http://applemuseum.bott.org/sections/history.html

http://www.thocp.net/companies/microsoft/microsoft_company.htm

Apple Keynote 1997 – Boston Macworld expo

http://www.youtube.com/watch?v=PEHNrqPkefI&mode=related&search=

http://www.mac-history.net/apple-history-tv/2008-07-19/macworld-boston-1997-steve-jobs-returns-bill-gates-appeares-on-screen

All Things Digital Conference 2007 – D5

http://en.wikipedia.org/wiki/All_Things_Digital

http://allthingsd.com/category/conferences/

http://allthingsd.com/20070530/d5-gates-jobs-interview/

http://allthingsd.com/video/?video_id=60C4F9FA-9AD5-4D04-8BB6-015AEBB1C052

About မြစပဲရိုး

Khin Latt has written 240 post in this Website..