2011 အတွက် Listing တစ်ခု လုပ်ချင်လို့ပါ

2011 ခရစ်သက္ကရာဇ် ကုန်ဆုံးလို့ 2012 ကိုလည်း ရောက်ခဲ့ပြီ။ ဒါဖြင့် နှစ်ဟောင်း 2011 မှာ ဘာတွေများ ပြောစမှတ် ဖြစ်ခဲ့လဲ … ? ဘာတွေများ သမိုင်းဝင် ဖြစ်ခဲ့သလဲ … ? တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ ပြောရရင် အိုစမာဘင်လာဒင် ကို အသေဖမ်းမိခဲ့တာ။ အာရပ်နွေဦး တော်လှန်ရေး ပေါ်ပေါက်ခဲ့တာ။ လစ်ဗျားနိုင်ငံမှာ ကဒါဖီ ကျဆုံးသွားခဲ့တာ။ ကျုပ်တို့ မြန်မာပြည်မှာလည်း ဒီမိုကရေစီ စနစ်ကို စတင် အကောင်အထည်ဖော်ခဲ့တာ။ နည်းပညာ ရပ်ဝန်းထဲမှာတော့ Apple တည်ထောင်သူ စတိဂျော့စ် သေဆုံးသွားခဲ့တာ စသည်ဖြင့် … စသည်ဖြင့်ပေါ့။

2011 ခုနှစ်အတွင်း ကမ္ဘာကျော်ခဲ့တဲ့၊ သမိုင်းတွင် သမိုင်းဝင်သွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ကိုယ့်သမိုင်း ကိုယ်ရေးနေကြတဲ့ ကျုပ်တို့တွေမှာရော 2011 ခုနှစ်အတွင်း စိတ်ကျေနပ်စရာ ကောင်းလောက်တဲ့ ကိုယ့်ရဲ့ သမိုင်းမှတ်တိုင် (ဘတ်စ်ကားမှတ်တိုင် မဟုတ်ပါ 🙂 ) တစ်ခုကို စိုက်ထူနိုင်ခဲ့ကြပါသလား … ?

လူတိုင်းလူတိုင်းမှာ ပြီးခဲ့တဲ့ 2011 ခုနှစ်အတွင်း ကိုယ့်အတွက် သမိုင်းတစ်ခု မဟုတ်တောင်မှ ကျေနပ်စရာ ကောင်းလောက်တဲ့၊ တစ်သက်တာအတွက် အမှတ်တရ ဖြစ်စေလောက်တဲ့ အဖြစ်အပျက်၊ အကြောင်းအရာတွေ ကိုယ်စီ ရှိကြမှာပါပဲ။

ဒါကြောင့် ဒီနေရာမှာ အကိုတို့၊ အမတို့၊ ညီငယ်၊ ညီမငယ်တို့ရဲ့ 2011 အတွင်း ကျေနပ်စရာ၊ အမှတ်ရစရာ အဖြစ်အပျက် အကြောင်းအရာတွေကို ဝင်ရောက် ရေးသားပေးကြဖို့ ကျွန်တော် အံစာတုံးက ဖိတ်ခေါ်ပါတယ် ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ Listing တစ်ခု လုပ်ချင်လို့ပါ။ အဲဒီ Listing လုပ်ပြီးသွားရင် ဒီနေရာမှာ Post တစ်ခုအနေနဲ့ တင်သွားမှာ ဖြစ်ပါတယ်။ Post ရဲ့ နာမည်ကိုတော့ ‘2011 အတွင်း ကိုယ့်သမိုင်း ကိုယ်ရေးခဲ့သူများ’ လို့ပဲ ပေးမိမယ် ထင်ပါတယ် ခင်ဗျာ။

အံစာတုံး
(http://anzartone.tk)

25 comments

  • Anzartone

    January 1, 2012 at 10:36 am

    ကျွန်တော် အံစာတုံး အနေနဲ့ ပြောရမယ်ဆိုရင် – လွန်ခဲ့တဲ့ (၂) နှစ်လောက်က Gmail, Gtalk, Account ဆိုတဲ့ စကားလုံးတွေ သူငယ်ချင်းတွေကြားမှာ ခေတ်စားနေပေမယ့် ကျွန်တော်မှာတော့ ဘာမှန်း မသိခဲ့လောက်အောင်ပဲ ‘အ’ ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ 2011 အတွင်းမှာတော့ ကိုစောစံ (http://sawsan23.com/) ရဲ့ ကျေးဇူးကြောင့် hosting, domain name, wordpress တွဲဖက်ပြီး ကိုယ်ပိုင် Blog တစ်ခု တည်ဆောက် နိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ဒါကတော့ ကျွန်တော့်အတွက် 2011 ခုနှစ်အတွင်း IT ဘက်မှာ အားရလောက်တဲ့ တိုးတက်မှုတစ်ခုကို ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။

  • pooch

    January 1, 2012 at 11:11 am

    ကျမအနေနဲ့ကတော့ ၂၀၁၁ ရဲ့ နှစ်ဝက်လောက်မှာ ရွာထဲ ရောက်လာပြီးတော့ အသိအမြင်တွေ ဗဟုသုတတွေ ရခဲ့ပြီး စာမဖြစ်ပေမဖြစ်မတတ်တခေါက်များကို စာစီတတ်လာပြီး ကျမဘဝရဲ့ ပထမဆုံးစာစုလေးကို ဒီရွာမှာ ရေးဖြစ်ခဲ့တာရယ် ရွာကမိတ်ဆွေများနဲ့ ခင်မင်သိကျွမ်းခွင့်ခဲ့ရတာပါပဲ…..

    ဒါလေးကတော့ ကျမရဲ့ ၂၀၁၁ အတွက် ထူးခြားမှုလေးပါပဲ

  • inz@ghi

    January 1, 2012 at 11:15 am

    ၂၀၁၁ မှာ ဒါ့ပုံဆြာ စဖြစ်လာတယ်ဗျ….
    ပုံ၂သောင်းခွဲကျော်ရိုက်ဖြစ်ခဲ့တယ်…

    အောက်တိုဘာလောက်ကစလို့ ..ပိုစ့် ပေါင်း ၈ဝလောက် ဂေဇက်ထဲမှာရေးဖြစ်ခဲ့သပေါ့ဗျာ…
    မှတ်မှတ်ရရရှိနေမယ့် နှစ် ၁နှစ်ပါ

  • small cat

    January 1, 2012 at 11:39 am

    ၂၀၁၁မှာ အင်တာနက်ဆိုတာကြီးအိမ်ပေါ်တက်လာပါတယ်။
    မျက်မှန် မဖြစ်မနေတတ်လိုက်ရပါတယ်။
    အကြောမတက်တတ်တဲ့သူ ဇက်ကြောတွေတက်လာပါတယ်။
    အူကြောင်ကြောင် စာတွေ ရေးဖြစ်ခဲ့ပါတယ်။
    ကျိန်းသေပေါက် လစဉ်ပုံမှန်ထွက်ငွေတစ်ခု ရရှိခဲ့ပါတယ်။

  • that naing oo

    January 1, 2012 at 12:21 pm

    နားမလည်
    ပါးမလည်း
    အွန်လိုင်းပေါ်ရောက်တယ်
    ချက်မယ် ပြုပ်မယ် ကြူမယ် ဖွမယ်
    နောက်တော ့
    ရေးတယ် ကဗျာတွေ ရူးတယ် ထူးရှယ်
    နောက်တော ့
    ကလိတယ် ကလိတယ်
    ဟတ်မယ် ဖျက်မယ် ဆိုးလာတယ်
    ပြီးတော ့ မျက်လုံးက
    ပုလင်းဖင်ဖြစ်တယ်
    ဂွမ်းတယ် ဂွမ်းတယ် …………….

  • hmee

    January 1, 2012 at 3:35 pm

    မှတ်မှတ်ရရ ၂၀၁၁ အစမှာ ဂေဇက်ရွာသူ ဖြစ်လာပြီး တသက်လုံးစိတ်ကူးယဉ်ခဲ့ရတဲ့ စာရေးတဲ့သူ ဖြစ်လာဖို့ စပြီး အကောင်အထည်ဖော်ခွင့်ရတာ၊ ရွာကနေတဆင့် တခါမှတောင် မမြင်ဖူးပဲနဲ့ ငယ်ပေါင်းကြီးဖော်တွေလို စိတ်ထဲမှာ ခံစားခဲ့ရတဲ့ သူငယ်ချင်းတွေ ရလာတာ၊ အခုနှစ်ကုန်ခါနီးမှာ လူ့လောကမှာ မှီဆိုတဲ့ ကျွန်မရှိခဲ့ပါလားလို့ သက်သေပြမဲ့ သက်သေခံလေး နောက်တယောက် ထပ်ရတာ ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေပါပဲ။

  • rain pricess

    January 1, 2012 at 6:30 pm

    မှတ်မှတ်ရရ 5.6.2011 မှာအင်တာနက်သင်တန်းကိုစတက်ဖြစ်ခဲ.တာပါ
    အွန်လိုင်းသူငယ်ချင်းဆိုတာအင်မတန်ရှားပါတယ် မသိတာတွေလည်းအများကြီးရှိပါတယ်
    ဂေဇက်ဆိုတာ ကိုရှာတွေ.ခဲ.တာမန်ဘာဝင်တစ်ယောက်ကပြောလို.
    အစကသိပ်စိတ်မဝင်စားခဲ.ပေမယ်.အခုတော. ဂေဇက်ရဲ.ညှို.ငင်မှုကိုမလွန်ဆန်နိုင်တော.ပါဘူး
    စာပေကိုမြတ်နိုးပေမယ်.စာရေးဖို.ပါရမီမပါလေတော.စာဖတ်သူစစ်စစ်တစ်ယောက်သာ
    ဖြစ်လာပါတော.တယ်
    ဒီတော. ဂေဇက်မန်ဘာတစ်ယောက်ဖြစ်ခွင်.ရတာအရမ်းဂုဏ်ယူမိပါကြောင်း…….

  • windtalker

    January 1, 2012 at 7:28 pm

    ၂၀၁၁ ရေ ဂွတ်ဘိုင်
    ၂၀၁၂ မှာ အပီလန်းမယ် ဗျာ

  • Thel Nu Aye

    January 1, 2012 at 10:03 pm

    2011 မှာ မန်းဂေဇက်ကိုဘယ်လိုကနေဘယ်လိုရှာတွေ့မှန်းမသိပဲရောက်ခဲ့ရတာပါ။ မသိတာတွေအများ ကြီးသိလာရပြီး အကျိုးကျေးဇူးတွေအများကြီးရခဲ့ပါတယ်။ မန်းဂေဇက်တရက် မဖတ်ရရင်မနေနိုင်တော့တာ 2011 ရဲ့အမှတ်တရပါ။

  • ငပေါက်ဖော်

    January 1, 2012 at 10:39 pm

    အနော်
    စာတွေချစ်သွားတဲ့ နှစ်ပါ

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    January 1, 2012 at 10:42 pm

    မကျေနပ်တဲ့ကောင်ကို ကီးဘုတ်နဲ့ ကောင်းကောင်းဆဲတတ်သွားဘီ 😀 😀 😀

  • တောတွင်းပျော်

    January 2, 2012 at 12:19 am

    ၂၀၁၁၊၉လပိုင်း၊၃ ရက်နေ ့ ၄လုံးထီ ဆုသေးတစ်ဆု ပေါက်တယ်။
    အဲဒီနေ ့မှာပဲ ဟိုင်းလပ်ကားနဲ ့တောင်ပေါ်ကမောင်းဆင်းရင်း ဘရိတ်ပေါက်
    ကားရော လူပါ တစ်ပတ်ဂျွမ်းထိုးလိုက်တယ်။
    အဲ..အဲ..
    ၂၀၁၁ ရဲ ့ဒီဇင်ဘာနောက်ဆုံး ၃၁ ရက်နေ ့မှာ ဒီရွာထဲ ပိုစ်လေးတစ်ခု
    ပထမဦးဆုံးအကြိမ် တင်လိုက်တယ်…….။

  • Khin Latt

    January 2, 2012 at 5:43 am

    ၂၀၁၁ ကုန်ခါနီး တစ်ဖက်သတ် အပုတ်ချ နေတဲ့ အကြောင်းလေးတစ်ခု ကို ရင်ဖွင့်ချင်လို့ ဂေဇက်ကို ဝင်ခဲ့တယ်။
    ပထမ က “အပျော်ကြံ” တာပါ။ အတည်တကျ နေဖို့ အစီအစဉ် မရှိပါဘူး။
    ဒါပေမဲ့ ရွာထဲကို လည် ကြည့်လိုက်တော့ အရမ်းကိုဘဲ ချစ်စရာကောင်းတဲ့ ရွာသူ/သား တွေကို တွေ့ခဲ့တယ်။
    အတိတ်ရေစက် ပါလို့လားမသိ။ တစ်ချို့ ဆို မမြင်ဘူးဘဲ၊ သူဘယ်သူမှန်းကို မသိဘဲ ရက်တိုတို လေးအတွင်း ခင်သွားမိတယ်။
    ဒါနဲ့ဘဲ ကျွန်မ ရွာမှာ အခြေချ ဖြစ်သွားပါတယ်။
    နောက်ဆက်တွဲ က
    – သူများကိုလဲ ဆရာလုပ်ချင်၊ ကိုယ်လဲကောင်းကောင်း မသိတော့ စာပိုဖတ်ဖြစ်လာတယ်။
    – မိတ်ဆွေ တွေတိုးလာတယ်။ သူတို့ ဆီက ဗဟုသုတတွေ အများကြီး ရလာတယ်။
    – Facebook နဲ့ အခြား Website တွေ ကို မသုံးဖြစ်တော့ သလောက်ဖြစ်လာတယ်။
    ဒီတော့ကာ ….. လက်ရှိမှာတော့
    သူကြီးက ရွာက နှင်ထုတ်ရင်တောင်မှ သူ့ကို မိုက်ကြေး(ဆက်ကြေး) ပေးပြီး နေဖို့ ဆုံးဖြတ်ထားပါ၏။
    ဒီလို Listing လုပ်ပေးတာ ကျေးဇူးပါဘဲ – ခြောက်မျက်နှာ ရေ ( Oppps … sorry) အန်စာတုန်း ရေ 🙂

  • နီကီတာ

    January 2, 2012 at 10:00 am

    ၂၀၁၁ မှာ

    * ဂေဇတ်ထဲ စတင်ဝင်ရောက်ခဲ့တယ်…
    * ပို့စ်တွေ မတောက်တခေါက်စရေးခဲ့တယ်…
    * facebook သုံးခြင်းကို စွန့်လွှတ်ခဲ့တယ်…
    * ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ခြေလှမ်းတွေ စလှမ်းခဲ့တယ်…

  • kai

    January 2, 2012 at 11:31 am

    မနှစ်ကကျုပ် ဒီနှစ်ငါက အနိုင်ရခဲ့
    သူတထူး ဒိုင်လုပ်တာမဟုတ်
    ကိုယ်စောင့်နတ် မင်းဖြစ်တဲ့ငါ
    နောင်အစဉ်နှစ်တို့ ဖြစ်စေ…။ ။

  • Moe Z

    January 2, 2012 at 11:38 am

    သေချာတာကတော့ မနှစ်ကထက် ဒီနှစ်အသက် ၁နှစ်ကြီးသွားတယ်ဆိုတာပဲ
    သဂျီးနဲ့အမြင်မတူဘူးနော 😛

  • 2011 အတွင်းမှာ စာရေးသူထက် လက်ဆော့သူအဖြစ်ပိုပြီးရွာထဲက အသိများပါတယ်။
    နဂိုရ်အခံရှိတဲ့ဓါတ်ပုံ ပိုး ပိုရင့်သွားတဲ့နှစ်လို့ဆိုနိုင်ပါတယ်။
    ကျန်တဲ့ဆိုက်တွေမှာ တော့ စာဘဲရေးတယ် ဓါတ်ပုံမတင်ပါ။
    အချိန်အများကြီးပေးရလို့ဖြစ်ပါတယ်။
    2011 ထဲမှာ လူကြိုက်အများဆုံးလို့ ထင်ရတာကတော့
    (1)အတိတ်သို့အလွမ်း(ကဗျာ)
    (2)ရွာကိုပြန်လာကြပါဗျုးိ(ကဗျာ)
    (3) တစ်စေ့တစ်ဆုပ် တစ်မူတ်တစ်ခွက်( shade journal တွင်ပုံနှိပ်ပြီး)
    (4)နွေးသီး (ဝတ္တု)
    (5)ထမီချွတ်၏ မချွတ်၏ ( shade journal တွင်ပုံနှိပ်ပြီး)
    ဒီပိုစ်လေးက ဆိုက်ပေါင်းစုံမှာလူကြိုက်များခဲ့ပါတယ် စုစုပေါင်း ဝင်ကြည့်သူအရေအတွက်
    (4000)ရှိပါတယ်။
    ဖတ်မဖတ်တော့ မသိပါဘူးခင်ဗျာ။

    2011 အတွင်းကျနော့်အတွက်လုံးဝအထူးခြားဆုံးသောပိုစ်ကတော့
    (31-12-2011)နေ့မှာတင်တဲ့
    လက်သီးပုန်းအနီ တူညီခြင်းအစိမ်း …………………ပိုစ်ပါဘဲ။
    လက်မအောက်စိုက်တာ 8ခုတိတိလက်ခံရပြီး ကျနော်အတွက်ပေးသမျှကော်မင်းအားလုံးလောက်
    အနီပေးခံရပါတယ်။
    တစ်နှစ်လုံးရေးတဲ့အထဲမှာ လူမုန်းအများဆုံးပိုစ်လို့ ကျနော်က မှတ်တမ်းတင်ပါတယ်။
    ဒါပေမယ့် 2010ခုနှစ်မေလက စလို့ အခုအချိန်အထိ ရွာထဲမှာနေရ တာကိုလုံးဝကျေနပ်နှစ်သက်ပါတယ်။
    ပိုထူးခြားတယ်လို့ပြောရရင် 2011 ခုနှစ်အတွင်းမှာ ရွာသူရွာသားအတော်များများနဲ့ ရန်ကုန်မှာရော မန်းလေးမှာပါ လူချင်းခင်မင်ရင်းနှီးခွင့်ရပါတယ်။
    မန်းလေးမှာ (ပေါက်ပေပု) အသင်းဖွဲ့စည်းပြီးပါကြောင်း။
    မောင်းခတ်လိုက်ပါတယ်။

  • KING

    January 2, 2012 at 2:00 pm

    နောင်တတွေရခဲ့တယ် …… 😛
    မတူအောင် ရေးခဲ့တယ်နော့ … 😀

  • nature

    January 2, 2012 at 3:12 pm

    ကျွန်တော် ကဒီနှစ်ဦးပိုင်းကမှ ရွာထဲဝင်လာတာပါ။ ဝင်ဝင်ချင်း nigimi77 နဲ့ မိုးပြာနဲ့ ချဲရသေးတယ်။ ကျွန်တော်မန့်ရင်တော့ လူကိုသိပ်မကြည့်ဘူး။ ချဲပေမဲ့လည်း nigimi77 ရဲ့ သူတို့ဆီကအမဲဂိုဏ်းများ ပိုစ့်မှာ မန့်သူတယောက်မှ မရှိပေမဲ့ ရေးတာကြိုက်လို့ ဝင်မန့်ခဲ့တယ်။ ခုတော့လည်းရွာထဲမှာ သူကြီးကအစ ရွာသားအားလုံး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းပါတယ်။

  • koaung

    January 3, 2012 at 3:16 am

    ၂၀၁၁ မှာမှဘားဂလစ်စပြီးသုံးတတ်လာလို့ ပျော်လို့မဆုံးပါ 😀

  • တစ်ချိန်က…

    ပညာမတတ်၊ အလုပ်အကိုင်မရှိ
    ကြင်သူမရှိ၊ ဘာဆိုဘာမှမရှိတဲ့သူ

    ထိုသူ…

    ၂၀၁၁ မှာမှ
    စာရေးဖြစ်တယ်
    ချစ်တတ်ခဲ့တယ်
    အောင်မြင်ခဲ့တယ်

    ဒါပေမယ့်..

    ဒီနာမည်မြင်တိုင်း
    နောက်ထပ်မကျရှူံးအောင်လို့
    ရှူံးနိမ့်မှုများနဲ့.. လူ ဖြစ်နေဆဲပဲ။

  • အော်….၂၀၁၁မှာ မန်းတလေးဂေဇက်ကနေ စာရေးဖို ့တွန်းအားပေးတဲ့အခွင့်လေးတစ်ခုရခဲ့ပါပီ။
    ရေးတတ်ဖို ့နဲ ့အတွေးကောင်းတွေရဖို ့လေ့ကျင့်နေရဆဲပါဗျာ။

  • padonmar

    January 4, 2012 at 12:22 am

    2010 ထဲမှာ မိတ်ဆွေတစ်ယောက် forward လုပ်တဲ့ ရတနာနတ်မယ် အကြောင်း post လေး ဖတ်မိရာက မန်းဂေဇက်ဆိုတာသိလာပါတယ်။
    ၂၀၁၁ ဇန်နဝါရီထဲမှာ သူငယ်ချင်းမမရဲ့ လမ်းညွှန်မှုခံယူပြီး member ဖြစ်ခဲ့ပါတယ်။
    ကျွန်မအသက် ၁နှစ်ပြည့်ပါပြီ။
    ၂၀၁၁ ဖေဖော်ဝါရီ ၃ရက်မှာ မြူနှင်းမှုန်မှုန်ရွှေတိဂုံ ဆိုပြီး ကိုယ်လက်ဆော့ထားတဲ့ မှုန်ဝါးဝါးဒါ့ပုံ ကိုယ့်ဖာသာ အဟုတ်ထင်ပြီး post တစ်ခုစတင်ခဲ့ပါတယ်။ပထမဆုံးမန့်တာကတော့ ဆူးပါဘဲ။
    သူကြီးနဲ့ ရွာသူရွာသားတွေ လက်တွဲခေါ်လို့ ရွာထဲကို တစ်လှမ်းပြီးတစ်လှမ်း ဝင်လာမိပါတယ်။
    ဇော်ဂျီနဲ့ မြန်မာ font ကိုလည်း အဲဒီတော့မှ စမ်းတဝါးဝါးစသုံးကြည့်ပြီး ကြိုက်သွားပါတယ်။
    စိတ်ထဲကနာကျည်းချက်လေး ပေါက်ကွဲမိတဲ့ နိုင်ငံကိုတစ်ကယ်မချစ်လို့ စွန့်ရစ်လေရော့သလား ကို ၂၀၁၁ ဩဂုတ်လ ၁၅ရက်မှာ တင်ခဲ့တာကို အားပေးခဲ့ကြတော့ ကိုယ့်ကိုကိုယ် ငယ်ငယ်ကရူးခဲ့ရတဲ့ စာရေးဆရာဘဝရတော့မလားတောင် စိတ်ကြီးဝင်ခဲ့ပါတယ်။ဦးကြောင်ကြီးကလည်း မြှောက်မြှောက်ပေးတယ်လေ။
    ၂၀၁၁ ဇူလိုင် ၂ ရက် ကိုပေါက် ရန်ကုန်လာတာကစလို့ ရွာသူရွာသားတွေကို မျက်ဝါးထင်ထင်သိခဲ့ရတာ
    ငယ်ပေါင်းကြီးဖော်တွေလို ခင်ခဲ့ရတာ ဝမ်းသာမဆုံးပါဘဲ။
    လိုရင်းချုပ်ရရင်တော့ ၂၀၁၁ ဟာ မန်းဂေဇက်၊ဇော်ဂျီ၊ရွာသူရွာသားများ စတဲ့ မိတ်သစ်မိတ်ကောင်းများနဲ့ပေါင်းဆုံရတဲ့နှစ်ဖြစ်လို့ အထူးခြားဆုံးနှစ်လို့ ပြောပါရစေ အန်စာတုံးရေ။

  • aungnng87

    January 4, 2012 at 11:33 am

    2011 နှစ်ကတော့ ကိုယ့်အတွက် မရေရာမသေချာနေသောနှစ်၊ ဖောက်ထွက်၍ မရသေးသောနှစ်ဖြစ်နေတုန်းပါ။ ၂၀၁၂ အတွက် ကို တိကျရှင်းလင်းသောနှစ်(ကိုယ့်အတွက်) ဖြစ်ပါစေလို့ဆုတောင်းရင်း….

  • TTNU

    January 4, 2012 at 2:30 pm

    ၂၀၁၁ ဇန္နဝါရီ
    ပုဂံဘုရားဖူး (၅)ခေါက်မြောက်။ လကုန်ခါနီးမှာပဲ စာသင်နေတုန်း
    နောက်ဖေးကပ်ရက်အိမ်မီးလောင်၍ သေကောင်ပေါင်းလဲ ပြေးရ။
    ၂၀၁၁ ဖေဖေါ်ဝါရီ
    ဖခင်သဖွယ်လေးစားရသော ဆရာကြီးတစ်ဦးကွယ်လွန်၊ နာရေးလိုက်ပို့ရင်း
    စိတ်မကောင်းဖြစ်ခဲ့ရ။
    မြောက်ဦးဆရာတော်တရားစခန်းဝင်ပြီး ဆရာတော်ရဲ ့ မြောက်ဦးပညာရေး
    ဖောင်ဒေးရှင်းအတွက် လှူနှိုင်ခဲ့။
    ၂၀၁၁ မတ်
    (၆၁)နှစ်ပြည့်မွေးနေ့အလှူ
    ဦးသုနန္ဒတရားစခန်းဝင်ခဲ့။
    ၂၀၁၁ ဧပြီ
    ကျီးပေါင်းမသက်သာ၍ တိုင်းရင်ဆေး အပ်စိုက်ကု။ မြန်မာတိုင်းရင်းဆေးကို အထင်
    ပိုကြီးလာမိ။
    ၂၀၁၁ မေ (မထူးခြား)
    ၂၀၁၁ ဇွန်
    မန ္တလေးဈေးချိုနားဗုံးပေါက်၍ ချောက်ချားမိ။
    ၂၀၁၁ ဇူလိုင်
    ဝါဆိုသင်္ကန်းကပ်။
    ၂၀၁၁ ဩဂုတ်
    မန ္တလေး ပညာရေးကောလိပ် ဆရာဆရာမများ အတွက် English Proficiency Course
    တစ်ခု မေတ္တာဖြင့် သွားရောက်ဖွင့်လှစ်သင်ကြားပေးခဲ့။
    ချစ်တပည့် (Pooch) က သူရေးထားတာလေးတွေ ဖတ်စေချင်လို့ ဖိတ်တာနဲ့
    MG ရွာထဲသို့ ရောက်ခဲ့။ မြန်မာလို သိပ်မရသေးလို့ ဘိုလိုရိုက်မိရာ တစ်စုံတစ်ယောက်၏
    အကောခံခဲ့ရ။ (အမည်မဖော်ပြချင်ပါ)( ထို Comment ကို သိမ်းထားပါသည်။)
    ရွာထဲဆက်နေရကောင်းမလား၊ ပြန်ရကောင်းမလား တွေးခဲ့မိသေး။
    ၂၀၁၁ စက်တင်ဘာ
    အိုလို့နာခဲ့ပြီ။ သွားနှုတ်ရတယ်။ ဝါးစရာသိပ်မရှိတော့ဘူးပေါ့။
    ၂၀၁၁ အောက်တိုဘာ
    သီတင်းကျွတ်မို့လို့ ဆရာမအိုကြီးကို လာကန်တော့ကြတဲ့ ကျောင်းသူကျောင်းသားတွေ
    နဲ့ အမေ့အိမ် လူစည်နေလေရဲ ့။
    ၂၀၁၁ နိုဝင်ဘာ
    မန္တလေးရှိ ဂဇက်ရွာသားများဖြစ်ကြတဲ့ မောင်ပေါက်၊ မောင်ဝင်းထောလခါ၊ Pooch တို့
    အိမ်အလည်လာကြပြီး စကားဝိုင်းတစ်ဝိုင်းဖြစ် ခင်မင်မှုတွေ သိုင်းရစ်ခဲ့ကြ။
    ကထိန်သင်္ကန်းကပ်။
    ဦးသုနန္ဒ တရားစခန်းဝင်။ နိဗဒ္ဓစုဗူး (တစ်နှစ်လုံး စုရန်ကြို ယူထား) ဖောက်ရာ (၂)သိန်းလှူနှိုင်ခဲ့။
    နေ့တိုင်းနည်းနည်းချင်းစုငွေဖြစ်လို့ ပို ဝမ်းသာရ။
    ၂၀၁၁ ဒီဇင်ဘာ
    MG မှာ တော်တော်ရေးလာပြီ၊ အခြားနေရာလေးတွေမှာရေးရင်း…ရေးရင်း…
    I have been surfing the internet when 2012 comes in.

Leave a Reply