သေချာကြည့်လေ ရသမြောက်လေ ….

fattyJanuary 1, 20121min17216

နိုင်ငံရပ်ခြားမှာတော့ လက်ဖဝါးခြေဖဝါးမှာ စုပ်ခွက်လိုကရိယာတတ်ပြီး
နံရံတွေပေါ်တွယ်ကပ်တက်ဖို့ ပင့်ကူကိုအတုယူပြီး တီထွင်နေကြပါပြီ ။
ဒီမှာတော့ ပင့်ကူက အရှူံးပေးရလောက်တဲ့ နက်ဝပ် ကွန်ယက်တွေ
ပေါ်နေတာကြာပါပြီ ..။

16 comments

  • windtalker

    January 1, 2012 at 4:10 pm

    ရသ မြောက်မမြောက်တော့ မသိဘူး ဦးဖက်ရေ
    ဒိန်းဂျား ဖြစ်နိုင်ဖွယ် ရှိတယ် လို ့တော့
    တွေးမိတာဘဲ

  • ဆူး

    January 1, 2012 at 4:16 pm

    ဘန်ကောက်မှာလည်း အဲလို ရှိတယ် မြို့လည်ခေါင်မှာ အများကြီးပဲ..
    ဒီမှာတင် ရှိတာ မဟုတ်လို့ တကိုယ်တည်း ဘိုစွဲမယ်လို့ မထင်ပါနဲ့။

  • naywoonni

    January 1, 2012 at 5:02 pm

    အဲဒိလောက်ရှုပ်ထွေးနေတဲ့ ကြိုးအထွေးထဲမှာ ဘယ်ဟာကိုယ့်အိမ်ကို သွယ်ထားတဲ့ကြိုးဆိုတာ မှတ်မိနေကြတာတော့ တော်တော်လေး အံ့ဩစရာကောင်းတယ်နော်……….. ဘယ်လောက်ဆင်တူဖြစ်နေနေ မလွဲစေရဘူး……..။

  • manawphyulay

    January 1, 2012 at 6:04 pm

    နှစ်သစ်မှာ အရှုပ်တွေ မမြင်ချင်ဘူးလေးဖက်ရေ… ဦးဇောတိကစာအုပ်ထဲက အရှုပ်ထဲမှာ ရှင်းအောင်နေပဲ နေချင်တော့တယ်…. အန္တရာယ်ကတော့ တကယ်ပဲနော်။ လမ်းထိပ်က ဓာတ်တိုင်တွေဆို မီးပွားတွေ အမြဲထွက်တာ ကားစောင့်စီးတာတောင် ခေါင်းပေါ် လာလာစဉ်တယ်…

  • mandalarthu

    January 1, 2012 at 7:20 pm

    ရသမြောက်မမြောက်တော ့မသိဘူး။
    ခေါင်းတော ့ရှုပ်သွားတာဘဲ။ ပုံ ကြည် ့ပြီး……း)

  • alinsett

    January 1, 2012 at 7:25 pm

    ရသ မြောက် တယ်…ဆိုလို ့ ဝင်ကြည့်တာ..။

    တစ်ခုခုတော့ သိလိုက်တယ ်။

    အဲဒါ….

  • nwnn

    January 1, 2012 at 7:39 pm

    ခေါင်းရှုပ်မနေနဲ့ ဒါဟာတစ်ကယ်ဖြစ်နေတာ …………။ လက်တွေ့ဖြစ်နေတာကို ဘယ်လိုဖြစ်သင့်သလဲ ဘယ်လိုလုပ်သင့်တာလဲ …………………………………………………………….. ???????????????????????????????????

  • comegyi

    January 1, 2012 at 8:55 pm

    ပန်းချီဆြာတွေ
    အကြိုက်ပေါ့
    ဦးဖက်ရယ်…..

  • inz@ghi

    January 1, 2012 at 9:10 pm

    ဟုတ်တယ်ဗျို့ …အဲ့လောက်ကြိုးတွေ ရှုပ်မနေသင့်ဘူး …
    တအိမ် ဝါယာရှောခ့်ဖြစ်ရင် ကျန်တဲ့အိမ်က လျှပ်စစ်ပစ္စည်းတွေ အကုန်ပျက်ပေးရမှာလား..

    ပညာရှင်များ ပြုပြင်ပြောင်းလဲပေးကြပါခင်ဗျာ…

  • nature

    January 1, 2012 at 9:33 pm

    ဒီအတိုင်းလေးပဲကောင်းပါတယ်ဆိုသလိုပေါ့။ ဒီအတိုင်းအဆင်ပြေနေတော့ ဒီအတိုင်းလေးပဲကောင်းပါတယ်။ ပိုကောင်းအောင်လုပ်ကာမှ ပိုဆိုးကုန်မှာလည်းစိုးရသေးတယ်။

  • Thel Nu Aye

    January 1, 2012 at 9:46 pm

    အင်း***************** ဘယ်လိုပြောရပါ့။ တော်ပြီမပြောတော့ဘူး။ ဘာပြောရမှန်းမသိလို့။

  • ကြောင်ကြီး

    January 2, 2012 at 2:53 pm

    အိမ်ဖုံးတလုံး မြို့ထဲဈေးဆို ဘယ်လောက် ပေါက်သလဲဗျို့…..

  • char too lan

    January 2, 2012 at 4:37 pm

    ဟုတ်ပ!!
    သူများနိုူင်ငံတွေများ မြေအောက်ချည်းကြိုးတွေစွပ်စွပ်ထဲ့နေတော့
    ဒါမျိုးအနုပညာဆန်ဆန်လေးတွေ ဘယ်ခံစားရတော့မလဲ နော့် !! 😉

  • blackchaw

    January 2, 2012 at 9:34 pm

    မော်ဒန်အတ် ကို သရုပ်ဖေါ်ထားတာ ကိုဖက်တီးရေ။

  • MaMa

    January 3, 2012 at 10:11 am

    ဦးဖက်တီးရဲ့ ဓာတ်ပုံကတော့ သူမတူအောင် ထူးခြားလို့ ၂၀၁၂ အတွက် ထူးထူးခြားခြား ဦးဦးဖျားဖျားဆုကို ရသင့်တယ်။

  • etone

    January 3, 2012 at 12:54 pm

    နေရာလေး မှန်းကြည့်ရလျှင် ဦးဖီးလမ်းနဲ့ စမ်းချောင်းလမ်းထောင့်လို့တော့ ထင်မိတာပဲ … ။ သေချာတော့ မမှတ်မိဘူးနော် … မှားချင်လည်း မှားမပေါ့ … ဟီး 😀

Leave a Reply