၁.၁.၂၀၁၂ စူပါဆန်းဒေး ၊ နှစ်ဆန်းတစ်ရက်

မောင် ပေJanuary 1, 20121min738

မင်္ဂလာပါ စာချစ်သူ စာဖတ်သူ ဘောဝါသနာရှင် အပေါင်းတို ့။
နှစ်သစ်ကူးတဲ့ အချိန်ကာလ ၊ နှစ်ဆန်းတစ်ရက် နေ ့၊ တနင်္ဂနွေ ည မှာ ကန်ကြမယ့် ပရီးမီးယားလိဂ် ပွဲ နှစ်ပွဲအကြောင်း ကို ပြောပြချင်ပါတယ် ။
မနေ ့တုန်းက ၃၁.၁၂.၂၀၁၁ အတွက် နှစ်ပွဲ ခန် ့မှန်းခဲ့ရာမှာ တစ်ပွဲရှုံး ၊ တစ်ပွဲနိုင် ဖြစ်သွားခဲ့ပါတယ် ။
မနေ ့တုန်းက ခန် ့မှန်းချက်အတွက် ၊ မန်ယူ ၂-၃ နဲ ့ရှုံးအပြီးမှာ မိတ်ဆွေတစ်ဦး က ကွန်ပလိန်း တက်လာပါတယ် ။ ထိုပွဲကို မန်ယူ အောက်ထစ် ၃-ဝ ဟု ကျွန်တော် ခန် ့မှန်းခဲ့တာကိုး ။ ဒါနဲ ့အက်စတွန်ဗီလာ တစ်ပွဲထဲကို ရဲရဲကြီး ဆော်ပစ်လိုက် ဟု ပြန်ပြောခဲ့သည် ။ အဆိုပါ မိတ်ဆွေ ကံကောင်းမယ် လို ့ယုံကြည်လိုက်ပါတယ် ဗျာ ။
~~~~~~~ +++++++ ******* +++++++ ~~~~~~~
ဒီကနေ ့ည ပွဲစဉ်များနဲ ့အချိန်များကတော့
၇:၀ဝ ဝက်ဘရွန်း – အဲဗာတန်
၉:၃ဝ ဆန်းဒါးလန်း – မန်စီးတီး
~~~~~~~ +++++++ ******* +++++++ ~~~~~~~
ဝက်ဘရွန်း (၁၁) – အဲဗာတန် (၁၂)
ဝက်ဘရွန်း ပရီးမီယားလိဂ်၁၈ပွဲကန်အပြီး ၆ ပွဲနိုင် ၊ ၄ ပွဲသရေ ၊ ၈ ပွဲရှုံး ၊ ရဂိုး၁၉ ပေးဂိုး၂၆ ၊ ၂၂ မှတ်
အဲဗာတန် ပရီးမီးယားလိဂ်၁ရပွဲကန်အပြီး ၆ ပွဲနိုင် ၊ ၃ ပွဲသရေ ၊ ၈ ပွဲရှုံး ၊ ရဂိုး၁၈ ပေးဂိုး၂ဝ ၊ ၂၁ မှတ်
ဝက်ဘရွန်း ကစားခဲ့သော ပြီးခဲ့သည့်ငါးပွဲမှာ သရေ ၊ နိုင် ၊ နိုင် ၊ ရှုံး ၊ သရေ
အဲဗာတန် ကစားခဲ့သော ပြီးခဲ့သည့်ငါးပွဲမှာ သရေ ၊ နိုင် ၊ သရေ ၊ ရှုံး ၊ ရှုံး
ဝက်ဘရွန်း အိမ်ကွင်းတွင် အဲဗာတန်နှင့် တွေ ့ဆုံခဲ့မှုများမှာ
၁၄.၅.၂၀၁၁ ဝက်ဘရွန်း ၁-ဝ အဲဗာတန်
၂၃.၈.၂၀၀၈ ဝက်ဘရွန်း ၁-၂ အဲဗာတန်
ဝက်ဘရွန်း အသင်း၏ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Ben Foster
နောက် Nicky Shorey, Jonas Olsson, Gareth McAuley, Billy Jones
လယ် Jerome Thomas, Graham Dorrans, Paul Scharner, Chris Brunt
ရှေ ့ Peter Odemwingie, Shane Long
အဲဗာတန် အသင်း၏ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Tim Howard
နောက် Leighton Baines, Phil Jagielka, Sylvain Distin , Tony Hibbert
လယ် Royston Drenthe, Leon Osman, John Heitinga, Phil Neville, Tim Cahill
ရှေ ့ Louis Saha
ဈေးအနေအထားအရ ဒဲ့ သော်လည်းကောင်း သရေဆိုလျှင် ဝက်ဘရွန်း အနည်းငယ် ဆုံးရှုံးမှု သော်လည်းကောင်း ဖွင့်လှစ်လာနိုင်ပါတယ် ။
အခုပွဲမကစားခင် ပြီးခဲ့တဲ့ ပွဲ မှာ ဝက်ဘရွန်း အသင်းဟာ ပရီးမီးယားလိဂ် ရဲ ့တိုက်စစ်အား အကောင်းဆုံး မန်စီးတီး အသင်း ကို ဝ-ဝ သရေ ကစားနိုင်ခဲ့ပြီး ၊ အဲဗာတန် အသင်းကတော့ နည်းပြအသစ်နဲ ့ခြေတက်နေတဲ့ ဆန်းဒါးလန်း အသင်း ကို ၁-၁ သရေ ကစားခဲ့ပါတယ် ။
နှစ်သင်းစလုံး နောက်တန်း ကစားသမား ယှဉ်ကြည့်ရင် မျှတယ် လို ့ကောက်ချက် ချမိပါတယ် ။
ကွင်းလယ် အနေအထား အရကျတော့ အိမ်ရှင် ဝက်ဘရွန်း က အနည်းငယ် သာပါတယ် ။
ရှေ ့တန်း ကစားသမားချင်း ယှဉ်ကြည့်ရင်တော့ ရှိန်းလောင်း နဲ ့အိုဒမ်ဝင်ဂီ တို ့ရဲ ့တိုက်စစ် က ဆာဟာ တစ်ဦးထဲ တိုက်စစ်မှူး ထားကစားတဲ့ အဲဗာတန် ထက် ဂိုးရနိုင်ခြေ ပို ရှိပါတယ် ။
ယခု ပွဲအတွက် အာရှ ဒိုင်များ က ၁-၁ ဖိုးကပ်စ် ခန် ့မှန်းထားပါတယ် ။
ကျွန်တော်ခန် ့မှန်းချင်တာကတော့
“““ ဝက်ဘရွန်း ၁-ဝ အဲဗာတန် ””” ပါဘဲ ။
~~~~~~~ +++++++ ******* +++++++ ~~~~~~~
ဆန်းဒါးလန်း (၁၅) – မန်စီးတီး (၁)
ဆန်းဒါးလန်း ပရီးမီးယားလိဂ်၁၈ပွဲကန်အပြီး ၄ ပွဲနိုင် ၊ ၆ ပွဲသရေ ၊ ၈ ပွဲရှုံး ၊ ရဂိုး၂၂ ပေးဂိုး၂၂ ၊ ၁၈မှတ်
မန်စီးတီး ပရီးမီးယားလိဂ်၁၈ပွဲကန်အပြီး ၁၄ ပွဲနိုင် ၊ ၃ ပွဲသရေ ၊ ၁ ပွဲရှုံး ၊ ရဂိုး၅၃ ပေးဂိုး၁၅ ၊ ၄၅မှတ်
ဆန်းဒါးလန်း ကစားခဲ့သော ပြီးခဲ့သည့်ငါးပွဲမှာ သရေ ၊ နိုင် ၊ ရှုံး ၊ နိုင် ၊ ရှုံး
မန်စီးတီး ကစားခဲ့သော ပြီးခဲ့သည့်ငါးပွဲမှာ သရေ ၊ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင်
ဆန်းဒါးလန်း အိမ်ကွင်းတွင် မန်စီးတီး နှင့် တွေ ့ဆုံခဲ့မှုများမှာ
၂၉.၈.၂၀၁ဝ ဆန်းဒါးလန်း ၁-ဝ မန်စီးတီး
၁၄.၃.၂၀၁ဝ ဆန်းဒါးလန်း ၁-၁ မန်စီးတီး
ဆန်းဒါးလန်း အသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Westwood
နောက် O’Shea, Kilgallon, Brown, Richardson
လယ် Larsson, Vaughan, Cattermole, Colback, Sessegnon
ရှေ ့ Bendtner
မန်စီးတီး အသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Hart
နောက် Zabaleta, Kompany, Lescott, Clichy
လယ် Johnson, Toure, Barry, Silva
ရှေ ့ Dzeko, Aguero
ဈေးအနေအထားအရ မန်စီးတီး တစ်ဂိုးသွင်းရင် ပါးပါးလေး ဆုံးရှုံးမှာပါ ။
ဆန်းဒါးလန်း အသင်းဟာ သူတို ့အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ရှေ ခြောက်ပွဲမှာ တစ်ပွဲ ဘဲ အနိုင်ကစားနိုင်ခဲ့ပါတယ် ။
မန်စီးတီး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး၅၃ဂိုး ရှိနေပြီ ဖြစ်ပြီး ၊ တစ်ကယ်လို ့ဆက်ကစားမယ့် ပွဲတိုင်းမှာ ဂိုးတွေထပ်မြူးခဲ့မယ် ဆိုရင် ၊ ရာသီကုန်တဲ့အခါ စံချိန်အသစ် တစ်ခု ကို မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ် ။
မနေ ့ည က မန်ချက်စတာယူနိုက်တက် အသင်းဟာ ရှုံးခဲ့တဲ့ အတွက် ၊ ဒီပွဲ ကို မန်စီးတီး နိုင်ခဲ့ရင် ၊ ၃ မှတ် ဖြတ်ထားနိုင်မယ့် အနေအထားပါ ။ အဲဒါကြောင့်မို ့မန်စီးတီး သေချာပေါက် အနိုင်ကန်မှာပါ ။
ပရီးမီးယားလိဂ် ရဲ ့ဒုတိယ မန်ချက် လို ့တင်စားခေါ်နေတဲ့ ဆန်းဒါးလန်း အသင်းကတော့ မန်ယူ အတွက် ၊ သူတို ့အတွက် မန်စီးတီး ကို တတ်နိုင်သမျှ တားဆီးမှာ ပါ ။
အခုအနေအထားအရ ဒီဇီကို နဲ ့အဂူရို တွဲလုံး ရဲ ့ဂိုးမိုးရွာသွန်းခြင်း ကို သည်ကနေ ့ည မှာ တွေ ့မြင်ရမယ် လို ့မျှော်လင့်မိပါတယ် ။
ဆိုတော့က
တစ်ဂိုးသွင်းရင် ခပ်ပါးပါးလေး ဆုံးရှုံးမှာ ဖြစ်ပေမယ့် ၊ ၂ ဂိုးလောက်တော့ သေချာပေါက် သွင်းနိုင်စွမ်း ရှိတဲ့ “““ မန်စီးတီး ””” ကို ရွေးခြယ်ထားရင် ပျော်ရွှင်ကြရမှာပါ ။
~~~~~~~ +++++++ ******* +++++++ ~~~~~~~
******* ဖိုက်တာအားလုံး ရွှင်လန်း အောင်မြင်ကြပါစေ *******

8 comments

  • KING

    January 1, 2012 at 7:54 pm

    မန်စီးတီး တကယ်တီးမည်
    မန်ယူကို အမှတ်ဖြတ်ပြီးဇယားထိပ်တွင် ရပ်တည်မည်
    ဂိုးပေါင်းကား အပေါ်တည်းးးးး
    ပုံ
    အာရှအပျိုများအကြိုက်
    ဘွတ်ကီဒိုင် ဇော်ဂျီကင်း … 😛

    • windtalker

      January 1, 2012 at 8:05 pm

      အာရှအပျိုများဆိုလို ့
      ယိုဒယားသူချောချောလေးတွေက
      မောင်ကင်း ကို အပြောင်ရှင်းဖို ့
      စောင့်နေကြတယ် ဆိုကလား

  • pooch

    January 1, 2012 at 8:17 pm

    မနေ့က ဖာဂူဆန်ကို လေဖြတ်ခိုင်းတာ ဘယ်သူလဲဟင် မောင်ရစ်လား မောင်ပေလား ???? :mrgreen:

  • ငပေါက်ဖော်

    January 1, 2012 at 9:15 pm

    ကံကောင်းပါစေ ဘောမောင်ပေ
    ဒါမှ ငါတို ့ကို ဘီယာလာတိုက်နိုင်မှာ
    😆

    • windtalker

      January 1, 2012 at 9:20 pm

      တိုက်ဦးမှာ
      မူးမှောက် ဥဩတွေ ဆွဲတဲ့ အထိ ကို
      တိုက်ပစ်လိုက်မယ်
      ဟွင်းဟွင်း

      • ငပေါက်ဖော်

        January 1, 2012 at 11:44 pm

        သဂျီးမင်းချင့်
        သများကို ဥဩဆွဲအောင် တိုက်ချင်တဲ့လူဂျီးကို အရေးယူပေးပါချင့်
        အရေးယူတဲ့နေရာမှာလဲ
        ပြင်းပြင်းထန်ထန် အထူးသဖြင့် ရောဘတ်တိုကားလို ့စ်ရဲ့ ကစ်ခ် လောက်ပြင်းတဲ့ ကစ်ခ်ချက်
        မျိုးနဲ ့ကစ်ခ် ပြီး ပြင်းပြင်းထန်ထန် အရေးယူပေးပါချင့်
        တစ်ကယ်တော့
        သများက ဘလောက်သောက်သောက် ဥဩမဆွဲတတ်ပါဘူးချင့်
        ပုဆိုး ဂွင်းသိုင်းယုံလောက်သာ လွတ်တာပါချင့်
        ပုံ၊
        သများ

  • htoosan

    January 2, 2012 at 12:21 am

    ကိုပေ တိုက်နိုင်တော့မှာ မဟုတ် .. မန်းစီးတီး ဝ-၁နဲ့ ဆန်းဒါးလန်းကို နောက်ဆုံး စက္ကန့်မှာ ရူံးသွားတယ်။

    • windtalker

      January 2, 2012 at 2:29 pm

      မှန်လိုက်တာ ကိုထူးဆန်း ရာ
      ပရီးမီးယား က ကောင်တွေ လုပ်စားချက်များကတော့ လန်ထွက်နေတာဘဲ ဗျို ့

Leave a Reply