ကမ္မဒဿနတရား (အညွှန်း)

ariyathitsaJanuary 1, 20121min663

ကံကိုသိမှ ဗုဒ္ဓဘာသာဖြစ်တယ်။
မင်းတုန်းမင်းခေတ်က ရွှေကျင်ဆရာတော်ရဲ့ နိဗ္ဗာန်အကြောင်း၊

နိဗ္ဗာန်ရချင်လို့ ရှာကြပါတယ်၊ ဒါပေမယ့် ရှာတဲ့နေရာက လွဲနေတယ်။

အခု ရှာနေကြတာက ပရမတ္တသစ္စာထဲမှာ ရှာနေကြတာ၊
အရင်က သမုတိသစ္စာထဲမှာ ရှာခဲ့ကြတာ၊

(လူ) အကောင် (သမုတိသစ္စာ)ထဲမှာ ရှာရမှာမဟုတ်သလို
(လူ) အကောင် ကို စိတ်တဲ့ (ပရမတ္တသစ္စာ)ထဲ ရှာရမှာလည်း မဟုတ်ဘူး။
လူ့ရဲ့ အမှု (ကံ)ထဲမှာ ရှာရမှာ အဲဒါ “ အရိယသစ္စာ

လူရဲ့ ပြုမှု၊ ပြောမှု၊ နေထိုင်မှုတွေထဲမှာ တရားဘယ်လို ရှာရမလဲဆိုတာနဲ့
ကံ၊ ဝိပါတ်၊ ကိလေသာ သံသရာတွေ ဘယ်လို လည်နေတယ်ဆိုတာ ဓမ္မဝိဟာရီဆရာတော်ဟောကြားထားသည့်
www.ariyathitsa.org website တွင် ပါရှိသော
” ကမ္မဒဿန” အမည်ရတဲ့ MP_3 အသံ တရားတော်ကို (Download) ရယူပြီး နာကြားနိုင်ပါသည်။

(ပရမတ္တသစ္စာနဲ့ ဗုဒ္ဓရဲ့အရိယသစ္စာ ကွဲပြားစေရန် ရည်ညွှန်းပါသည်။)

3 comments

  • mgmaung

    January 1, 2012 at 5:22 pm

    နိဗ္ဗာန် အကြောင်းတော့ ရွှေကျင်ဆရာတော်က တစ်မျိုး/
    မြို့ပြင်ကြီး ဆရာတော်က တစ်ဖုံ/
    ဒီနောက်ပိုင်းကျတော့ မြို့မိဆရာတော်က တစ်ခု/ လယ်တီဆရာတော်က တစ်ဘာသာနဲ့ အမျိုးမျိုး ရေးခဲ့ကြတာပဲ။
    အခုလည်း အရိယသစ္စာဆိုပြီး နိဗ္ဗာန်နဲ့ သံသရာကို ဘယ်လို ရှင်ပြထားလည်းဆိုတာ နာကြည့်ရတာပ။ – – -။

  • uzin

    January 1, 2012 at 10:37 pm

    နိဗ္ဗာန်ဆိုတာ သစ္စာနဲ့ ပြောရင် နိရောဓအရိယသစ္စာပါ။
    နိဗ္ဗာန်ကို အမျိုးမျိုးရေးခဲ့ကြတာရဲ့ အကြောင်းရင်းကတော့ ဒုက္ခအရိယသစ္စာထိုက်တဲ့ ဒုက္ခအမှန်ကို မသိတာပါဘဲ။ အရိယသစ္စာကျ ဒုက္ခဆိုတာ သမုဒယအရိယသစ္စာကြောင့် ဖြစ်တဲ့ ဒုက္ခ ဖြစ်ရပါမယ်။ ဒါမှသာ သမုဒယ(ဥပါဒါန်)ကို ပယ်သတ်လျှင် ဒုက္ခလွတ်ခြင်း အဖြစ် နိရောဓကို ဆိုက်ရောက်မှာပါ။

  • mggwa

    January 7, 2012 at 1:23 pm

    ပရမတ္တသစ္စာဆိုတာ ရုပ်နာမ်တွေကို (တက္က)စိတ်ကူးပြီး ခွဲခြမ်းစိတ်ဖြာနေတဲ့တရားပဲ။
    ဒါတွေ သွားခွဲစိတ်နေတော့ ဘာအကျိုးများမှာလဲ။ အခုတော့ ဒါတွေနဲ့ပဲ အချိန်တွေကုန်နေကြတာ ကြာပါပြီ။

Leave a Reply