ရွာသားများအားလုံး၂၀၁၂ခုနှစ်  နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ ။ ကြီးပွါးတိုးတက်ပါစေ ။ အလုပ်အကိုင်တွေအောင်မြင်ပါစေ။ ပွိုင့်တွေရကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၂ ရောက်လာလို့ ၁နှစ်တိုး လာတာနဲ့အမျှ ကျွန်တော်တို့အားလုံးလဲ အသက်၁နှစ်ပိုကြီးလာကြပြီဖြစ်ပါတယ်။ ကျွန်တော်ငှားထားတဲ့ ၇၅နှစ်ဂရံသက်တမ်းရှိတဲ့ခန္ဓာအိမ်ကြီးဟာလည်း၄၇နှစ်က ၄၈နှစ်ပြည့်ပြီဖြစ်လို့ ခန္ဓာအိမ်ကြီးပေါ်ကဆင်းပေးဖို့ ဟာလည်း ၂၈နှစ်လိုရာကနေ ၂၇နှစ်ပဲ လိုပါတော့တယ်။

ကျွန်တော်ရွာထဲဝင်လာတာလည်း ၁နှစ်ပြည့်ကာနီး ပြီဖြစ်လို့ ဒီ၁နှစ်အတွင်းမှာသိကျွမ်းခဲ့ရတဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ရွာသားများ နဲ့ရွာလည်နေခဲ့တဲ့ ပျော်စရာ၂၀၁၁ ခုနှစ်ဟာ မမေ့နိုင်တဲ့နှစ်တနှစ်ဖြစ်ပါတယ်။ MG ဟာလည်း မနှစ်က ထက်ဒီနှစ်မှာ များစွာသိသာထင်ရှားစွာ အောင်မြင်တိုးတက် လာတယ်ဆိုတာ သိသာထင်ရှားပြီး လူတိုင်းမငြင်းနိုင်တဲ့ အချက်ကလေးတချက်ပါ။

အောင်မြင်ရတဲ့အကြောင်းအရင်းကလည်း သူကြီးရဲ့ သဘောထားကြီးပြီး ပညာသားပါတဲ့ ထိမ်းကြောင်းမှုကအဓိကဆိုတာဘယ်သူမှ ငြင်းမရပါဘူး။အမြင်မတူသည့်အခါ သူကြီးအားဝိုင်းတွယ်ကြသော်လည်း သူကြီးကား ခေသူမဟုတ်ပါ။ ထို့ကြောင့်သူကြီးဟုခေါ်လေသတည်းလို့ ပြောရမလိုဖြစ်နေပါတယ်။ ဒီမိုကရေစီကျတဲ့ သူကြီးရဲ့ ဆင်ဆာမရှိ တိုက်ရိုက်ရေးတင်နိုင်တဲ့ ပိုစ့်နဲ့ ကွန်မန့်များဟာလည်း လူရဲ့စိတ်ကိုပျော်ရွှင်စေပြီး ထွက်ပေါက်ရစေပါတာဟာလည်းဆွဲဆောင်မှုတခုပါပဲ။ ဘယ်လောက်စွဲလဲဆိုရင်ရွာထဲဝင်မရတဲ့ရက်တွေဆို ရည်းစားနဲ့ကွဲသလို စိတ်သောက ရောက်ခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကို သတိထားပြီးပြန်လျှော့ခဲ့ရပါတယ်။ သူကြီးမှော်အတတ်တွေနဲ့များပြုစားထားသလားလို့တောင်ထင်မိပါတယ်။ ရွာသားများရဲ့ ရှုထောင့်မျိုးစုံကစိတ်ပါဝင်စားစွာပေးတဲ့ ကွန်မန့်များဟာလည်း ဗဟုသုတကို တိုးစေပြီး ရွာတိုးတက်ရေးအတွက်တအား ဖြစ်စေခဲ့ပါတယ်။ သူကြီးပေးတဲ့ ပွိုင့်များဟာလည်းရွာသားများအတွက် အားကိုဖြစ်စေပါတယ်။ ၇ွာထဲကိုအသစ်ေ၇ာက်လာတဲ့ လက်စွမ်းထက်တဲ့ ထက်မြက်တဲ့ လူစွမ်းကောင်း တွေ ရဲ့ ရေးသားတဲ့ ပိုစ်များဟာလည်းအားရစရာ ကောင်းပြီး ထူးခြားတဲ့အမြင်တွေကို ဖြစ်ပေါ်စေပြီး ဗဟုသုတတိုးစေပါတယ်။ လူအများရဲ့ စိတ်ဝင်စားပြီး အားပေးမှုကို သိသာစွာရတာတော့ အမြင်သစ်နဲ့ေ၇းသားတဲ့ blackchaw  ရဲ့တံခါးစောင့်ပိုစ့်နဲ့ ဗဟုသုတများစွာပေးတဲ့သစ်မင်းရဲ့ ပိုစ်များဟာ သိသာပါတယ်။  ဒါတွေဟာလည်းရွာကိုစည်ကားစေတဲ့ အချက်တချက်လို့ ထင်ပါတယ်။ ဒီနှစ်အတွင်းမှာဒီဆိုဒ်ကို ပြုပြင်ပြောင်းလွဲရေးအများကြီးလုပ်ခဲ့တဲ့အတွက်လည်း ပါမယ်ထင်ပါတယ်။ ပြုပြင်ပြောင်းလွဲရေးလုပ်လို့ပိုက်ပိုက်ကုန်လို့ သူကြီးညည်းရင် အားကိုးရတာကတော့ အလှုပေးတဲ့ FR နဲ့ ရွာသားအချို့ပါပဲ။ ကိုယ်နေတဲ့ရွာကို ၀ိုင်းဝန်းပံ့ပိုးရမယ်ဆိုတဲ့ FR ရဲ့အမြင်ကိုလည်းလေးစားပါတယ်။ ရွာထဲရောကရောက်လာ တဲ့အတွက်လက်တွေ့အမြတ်တခုထွက်တာကတော့ ဘူဖေးအ၀စားလိုက်ရတာပါပဲ။ သူကြီးပေးမဲ့လက်ဆောင်ကတော့ ပုဇဉ်းဖမ်းတာ မမိသေးလို့လားမသိ အခုထိမရသေးပါ ၂၀၁၁ ကပို့တာ အခု ၂၀၁၂ ရောက်ပါပြီ။  :)

နှစ်ဟောင်းမှာ ရွာသူားများရဲ့ ရန်ငြိုးတွေ အမုန်းတရားတွေ မကြေနပ်မှုတွေ အာဃာတတွေ ကိုထားခဲ့ပြီး နှစ်သစ်မှာ နွေးထွေး ခင်မင်မှုတွေနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ ပိုမိုအောင်မြင်သော မန္တလေးဂေဇက်ဖြစ်ပါစေလို့တိုက်တွန်း ဆုတောင်းလိုက်ပါတယ်။

၂၀၁၂ ခုနှစ်ဟာ ထူးခြားသောဖြစ်စဉ်များနဲ့ ဆူးခင်းသောလမ်းကို လျှောက်ရဖွယ်ရှိသောကြောင့်သူကြီးနဲ့  ရွာသားများအာလုံး ဒါန ၊သီလ၊ ဘာဝနာတရားများကို သဒ္ဒါတရားအပြည့်ဖြင့် မမေ့မလျှော့မပေါ့မဆ ထက်သန်သောသတိတရားဖြင့် ကောင်းမှုကုသိုလ်များကို မပြတ်ပွားများကြပါလို့တိုက်တွန်းလိုက်ပါတယ်။

ယ္ခုအချိန်အထိ ကျွန်ုပ် ပြုခဲ့သမျှသော ဒါနသီလဘာဝနာ ကုသိုလ်အစုစုတို့ကို သူကြီး ၊ ရွာသူားများ နှင့်တကွ ကမ္ဘာသူားများအားလုံးတို့အား

အမျှ ၊ အမျှ ၊ အမျှ ပေးဝေပါသည်။ သာဓုခေါ်ကြပါကုန်လော်။

ယ္ခုအချိန်အထိ သူကြီး ၊ ရွာသူားများ နှင့်တကွ ကမ္ဘာသူားများ ပြုခဲ့သမျှသော ဒါနသီလဘာဝနာ ကုသိုလ်အစုစုတို့ကို ကျွန်ုပ်က ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါသည်။

သာဓု ၊ သာဓု ၊ သာဓု ။

 

 

၂၀၁၁

http://myanmargazette.net/50763/creative-writing/my-thinking-different

2012

၁။http://myanmargazette.net/90448/creative-writing

…..N+ 010112 ၂၀၁၂ ခုနှစ် နှုတ်ခွန်းဆက်….

၂. http://myanmargazette.net/91212/creative-writing

…..N+ 040112 အသင်းအဖွဲ့များနဲ့ဒီမိုကရေစီ….

၃။http://myanmargazette.net/91851/creative-writing

….N+ 070112 ရထားလမ်းများအန္တရာယ်ကင်းရှင်းရေး…

၎ ။   http://myanmargazette.net/96247/creative-writing

………  N+ 250112 5000ကျပ် တန်ဖုံး  ……

၅။  http://myanmargazette.net/96553/creative-writing

……. N+ 260112 3×3 မက်ထရစ်ကိုဘယ်လိုပေါင်းပေါင်း ရလာဒ်တူအောင် ….

၆။  http://myanmargazette.net/97524/creative-writing

……. N+ 300112 ဘာသာရေးဓမြတိုက်မှုကြောင့်အကျဉ်းချခံနေရသော ဓမ္မ၀ိဟာရီဆရာတော် …….

၇။  http://myanmargazette.net/?p=97533&preview=true

…… N+ 300112 ရေတက်ရေကျ (ရေစုန်ရေဆန်) တွက်နည်း ……

၈။ http://myanmargazette.net/99974/creative-writing

………. N+ 080212 သို့–>မိန်းကလေးတွေကို ဝီစီမှုတ်ခိုင်းမယ် … တဲ့……..

၉။ http://myanmargazette.net/100474/creative-writing

……….N+ 100212 ကွန်ကရစ်ခင်းခြင်း…..

၁၀၊…..http://myanmargazette.net/121943/business-economy
……N+ 110512 ကားပါမစ် အခွန် နှင့်ကုန်သည်…

၁၁၊….http://myanmargazette.net/127392/uncategorized-other/copypaste
……..N+030612 သဘာဝစွမ်းအားရေအားလျှပ်စစ်…..

၁၂၊http://myanmargazette.net/127435/creative-writing
……..N+030612 သာသနာတော်သန့်ရှင်းတည်တန့်ရေး

၁၃၊http://myanmargazette.net/127673/creative-writing
……..N+050612 ဒါနဆိုတာသံသရာရှည်တယ်ဆိုတဲ့လူမိုက်များအတွက် ….

၁၄၊http://myanmargazette.net/130524/creative-writing
………N+160612 Reply to ဇောက်ထိုး

၁၅။ http://myanmargazette.net/134017/creative-writing
………N+270612 မြန်မာနိုင်ငံကို စင်္ကာပူလိုသန့်အောင်….

၁၆။http://myanmargazette.net/138909/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen
N+ 200712 မြတ်စွာဘုရား၏ကျေးဇူးတရား

၁ရ။ http://myanmargazette.net/142427/creative-writing
…….N+ 010812 အဘိဓမ္မာနှင့် သင်္ဂါယနာ အဆက်ဆက်……..

၁၈၊ http://myanmargazette.net/147223/creative-writing
……N+ 300812 ကျွန်ုပ် သူကြီးနှင့်လူ့အခွင့်အရေးဘယ်သူဖောက်သလဲ?……

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)