ဆာဗာဒေါင်းနေတယ်ချစ်သူ။ အင်တာနက်ထဲမှာ မင်းမျက်နှာကို မတွေ့နိုင်တော့ဘူး
ပရောက်ဇီကျွသွားပြီချစ်သူ။ အင်တာနက်ထဲမှာ မင်းအပြုံးတွေ မချိုနိုင်တော့ဘူး
လိုင်းကျပ်နေတယ်ချစ်သူ။ အင်တာနက်ထဲမှာ မင်းအလှတွေ မလှပတော့ဘူး
ကွန်နက်ရှင်တိုင်းမ်အောက်နေပြီချစ်သူ။ ဗွီဇက်အိုမှာ မင်းစကားတွေ မချိုမြိန်တော့ဘူး
အစက်ဆ်ဒီနိုင်းပါချစ်သူ။ တို့ချစ်ခြင်းတွေ ရှေ့မဆက်နိုင်တော့ဘူး
မင်းလိပ်စာကို ရီထရိဗ် မလုပ်တော့ဘူးချစ်သူ။ တို့ချစ်ခြင်းတွေ လမ်းပျောက်ခဲ့ပြီ
ဒီလိုနဲ့ဒို့ဝေးခဲ့ကြပြီ…
ဪ…အင်တာနက်ထဲမှာလည်း မင်းမျက်နှာကို မတွေ့ခဲ့ရပါလား အချစ်ရယ်
2 comments
myominkhine
May 29, 2010 at 4:18 pm
so good ,Yangon က connection က သူငယ်ချင်းပြောသလိုဖြစ်နေတယ်
zaylay
June 10, 2010 at 6:00 am
what mean. i don’t understand. explain me/