သားကောင်

comegyiJanuary 1, 20121min19015

သူမက ……

ကြယ်ကလေးတွေကို

ကြည့်ပြီးတော့လည်း ရီ(ရယ်)တယ်

ဆိုလိုတာက……

ညဉ့်သန်းခေါင်ယံတိတိအချိန်မျိုးမှာ

ကျွန်တော့် အိပ်မက်ထဲကို

ထိုးစိုက် ဆင်းလာဖို့ လမ်းစရှာနေတာပါ . . .။

 

စတက်ဆံပင် ပုံစံလေးကြောင့်

လည်ပင်းလေး တည်နေရပြန်တော့

မျက်စောင်းလေးတွေကို

ပိုပို သုံးဖြစ်လာတာလည်း ….သူကလေးပါပဲ . . .။

 

ကံကောင်းထောက်မစွာ

မီးပျက်နေခဲ့ပြီး…..

လရောင်အစစ်ရွာတဲ့ ညဦးလေးမှာ

တယောထိုးနေတဲ့ ကြယ်တံခွန်လေးရေ့……..

မယုံနိုင်လောက်အောင် ရိုးစင်းစွာပဲ

လုံလောက်သွားပါပြီ . . .။

 

ရင်ကွဲနာကျ

ငှက်ဆိုးတစ်ကောင်ဖြစ်လာဖို့

ကဗျာပိုးတွေ အမဲလိုက်ရာသီ

ရောက်ခဲ့ပြီကိုး……။       ။

 

 

15 comments

  • windtalker

    January 1, 2012 at 8:41 pm

    ကိုးမီးဂျီး ရဲ ့ကဗျာပိုးတွေ ပေါက်ဖွားမှု ကို အားကျတယ်ဗျာ

  • ငပေါက်ဖော်

    January 1, 2012 at 9:21 pm

    ကဗျာပိုးတွေ အမဲလိုက်ရာသီရောက်ပတဲ့
    အရက်သောက်ဖို ့တော့ ရာသီမရွေးဘူး မလား
    တိနေဒယ်..တိနေဒယ်..

  • comegyi

    January 1, 2012 at 9:49 pm

    တိန်…..
    ယစ်ရွှေရည်မှီဝဲဒယ်ဆိုဒါက
    ရာသီမရွေးပေမဲ့
    ကာလတော့ ရွေးဒယ်လေ အမောင်ပေါက်ဖော်ရယ်…
    ကာလံဒေသံမရွေး
    သုံးဆောင်မယ် ဆိုယင်ဒေါ့…….
    ဟိုလူပေါက်ချွန်းဂျီးကိုင်ထားပြီး
    အူးထုပ် အချွန်ဆောင်းထားတဲ့
    မည်းမည်း ..မည်းမည်းနဲ့ကောင်ဂျီး
    မြန်မြန်လာခေါ်သွားမှာပေ့ါ……..

  • inz@ghi

    January 1, 2012 at 9:50 pm

    ကဗျာပိုးတွေ အမဲလိုက်ရာသီ
    ရောက်ခဲ့ပြီကိုး

    ကိုကမ်းဂျီးရေ ….
    နမိတ်ပုံတင်စားမှုတွေ ကျနော့်ကို သင်ပေးဦးနော်…

  • comegyi

    January 1, 2012 at 10:32 pm

    ကိုဖိလစ်ပိုရေ့
    ကိုရင်ပြောသလို
    သင်ပေးဖို့မဖြစ်နိုင်ပါဘူးဗျာ
    ကျွန်တော်လည်း ကိုယ့်ဘာသာ
    အနိုင်နိုင်ပါ….
    ဒါပေသိဗျာ နမိတ်ပုံဆိုတာကတော့
    လူတစ်ယောက်နဲ့တစ်ယောက်
    ိစိတ်ခံစားမှုမတူတဲ့အတွက်
    ပြောရခက်တယ်ဗျ
    ရှုထောင့်တစ်ခုကို ကိုဂီမြင်တဲ့
    အမြင်နဲ့ ကျွန်တော်မြင်တဲ့အမြင်ကွာရင်
    နမိတ်ပုံလည်းကွာမယ်ထင်ပါတယ်
    နောက်တစ်ခုက
    ကဗျာကို ချဥ်းကပ်တဲ့အခင်းအကျင်းနဲ့
    လည်းကျွန်တော့်အတွက်ကတော့လေ
    သူ့ကိုချဉ်းကပ်တဲ့အခါ သုံးတဲ့စကားလုံးပေါ်
    မူတည်ပြီးတော့ နိမိတ်ပုံကိုပွားယူတာပဲဗျ
    ကျွန်တော်တော့ အဲလိုသွားနေဒယ်ဗျာ..
    ခင်တဲ့..
    ကီးဂျမ်း…

    • inz@ghi

      January 1, 2012 at 10:47 pm

      အဲ့ဒါကိုက သင်ပေးတာပါပဲ ဆြာ ကိုကမ်းဂျီးရယ်…
      မဟုတ်လား…..တင်စားမှု ရသ …ဟုတ်တယ်..ထပ်တူပြုမှုရသ …
      မတူတာတွေရှိပေမယ့် တူသယောင် ထပ်တူပြုပြီး အနှီ မတုူတဲ့ တန်ဖိုးလေးတွေကို
      ကျနော် ပျက်ရယ်ပြုကြည့်ချင်သေးတယ်…
      ဆြာ မရယ်နဲ့နော်…. ကျနော် နည်းနည်းကြိုးစားပြီး ၁ပုဒ်လောက်
      ချရေးချင်ပါတယ်ဗျာ…..

      ကျေးကျေးပါနော….

      ခင်တဲ့ဂီ။

  • comegyi

    January 1, 2012 at 11:01 pm

    ကိုဂီရယ်
    ခင်ညားရေးရေးနေတဲ့
    သည်နေ့က တို့ ဟိုနေ့ကတို့
    လက်ရေးလှတဲ့ သူမတို့က
    ကိုဂီ့ ပရက်ဇင်တေးရှင်း နဲ့ကိုယ်ဂီ
    ရေးထားတာပဲလေ…အဲဒီမှာကတည်းက
    ကိုဂီ့ဟန်ကို ကျွန်တော်တို့မြင်နေရတာကိုးဗျ
    ဒီတော့ …..
    စောင့်ဖတ်နေမယ်ဗျာ….
    ခင်တဲ့

    • inz@ghi

      January 2, 2012 at 4:28 pm

      ကျနော်က သည်ဘက်မှာ နည်းစနစ်ပိုင် းနားမလည်သူပါလေ …
      တင်စားချက် နမိတ်ပုံတွေ ဘောင်တွေ …
      ဘာမှ မသိ နားမလည်ဘဲ …ခံစားရသလောက် တတ်စွမ်းသရွေ့ ..
      အစားထိုး ဖလှယ်ခံ … နာမ် နာမ်စားတွေ သုံးကြည့်နေတာ …
      ကျနော့် ဝေါဟာရကြွယ်ဝမှု ဟာ ကန့်သတ်ချက် များနေလေတော့ ..
      ကျနော် အသံကို အားပြုပြီး ရေးနေရတယ် ဗျာ ….
      သည်အခါ ကျနော်သဒ္ဒါကို ဖောက်ရပြန်တယ်…..

      ပင့်-ရစ်-ဆွဲ-ထိုး- တွေ ကို ဖျောက်ရပြန်တယ်..
      အရစ်တွေ စလုံး ဆလိမ်တွေနေရာမှာ ဇကွဲတွေ သုံးရပြန်တယ်….

      ဆြာတို့ ခံစားအားပေးတယ်ဆိုတော့ ကျနော် ကြိုးစားသွားပါဦးမယ်ဗျာ…
      ကျနော့် မှာ ကွာလတီ မရှိပေမယ့် ရင်ဘတ်ထဲကလာတဲ့ အသံဖြစ်ကြောင်းတော့
      အာမခံပါရဲ့ ….

      P.S တခါက ကျနော့်ကို နားထဲကကြားအောင် ရေးတတ်သူလို့ ခံစားအားပေးသွားတဲ့
      ကိုသစ်ကိုလည်း သည်နေရာက ဂါရဝပြုရင် း…..
      အားလုံးကို ကျေးကျေးပါ နော…

      ခင်တဲ့ ဂီ

  • ကိုရင်စည်သူ

    January 2, 2012 at 12:29 pm

    ကဗျာကဝိ ကိုရင်ကမ်းကြီး..
    လာပါပီ.. ကဗျာအမဲလိုက်ရာသီကို..
    တခွက်တဖလားနဲ့ ငယ်ကျိုးငယ်နာ အသဲကဗျာတွေ
    ပြန်ဖော်ကြမယ်.. ကောင်းဝူးလား..

    ဂီ့.. ကမ်းတို့ ဖော်..
    စည်က မျှော်မယ်နော့… :D: D:

    • inz@ghi

      January 2, 2012 at 1:48 pm

      လူလည်ဂျီး ..

      သူကျဖော်ဝူး …
      သူများကျ ဖော်တဲ့ ….

      တခွပ်တဖလား နဲ့ ..တူညား အတဲကွဲဇာတ်လမ်းလေးဒွေကို မြည်းဂျင်ဒယ်ပေါ့ …
      ဟုတ်စ …..ရဝူးဟေ့ …

      ~~~တူဘယ်မှာရဲ ဒဒိယ နေဒယ် …တခါတလေဒေါ့လည်း …တူးနှဲ့ တယ်နှယ် …~~~~

  • KING

    January 2, 2012 at 3:28 pm

    သားကောင်ဆိုတာ
    တစ်ခြားကောင်မှမဟုတ်တာ
    ကျားထောင်တဲ့ငါ
    မှားသရောင်နဲ့ညာ
    နောက်ဆုံးတော့လည်း
    ..ွားကောင်ဟာငါ …..

  • “ဘီလူးကြီး”ogre

    January 2, 2012 at 5:58 pm

    ကိုကမ်းကြီးရေ
    ကဗျာပိုးတွေအမဲလိုက်နေကြပြီလားဗျ
    လှလှပပ သားကောင်တွေမိပါစေဗျား…. 🙂

  • kotun winlatt

    January 2, 2012 at 6:12 pm

    အမဲလိုက်ရာသီမှာ ကဗျာသားကောင်တွေ
    များများမိပါစေဗျာ….။

  • blackchaw

    January 2, 2012 at 9:27 pm

    ရေးတော့လည်း ဆက်တိုက်
    မရေးတော့လည်း လုံးဝ
    ကမ်းကြီး ကမ်းကြီး ကမ်းကြီး
    အဲဒီလိုကို အားပေးလိုက်ပါတယ်ဗျာ။

  • comegyi

    January 3, 2012 at 5:43 am

    ကိုရင်စည်က
    အသဲဝေဒနာတွေကို
    သုတေသနပြုချင်သပ ဆိုလို့ကတော့
    သည်မောင်တို့က ကြိုက်တဲ့ဖက်ကသာ
    စမ်းလိုက်တော့ဗျာ ……..အပျော့လား
    အကြမ်းလား ……လာထား ……ဟဲဟဲ..
    …………….
    တစ်ခါတစ်ခါ
    မုဆိုးက သားကောင်
    အတင်းဖြစ်ချင်တာမျိုးလည်း ကြုံရတာပါတယ်
    ကိုကင်းရယ်…..
    တစ်ချိန်တုန်းကတော့ ကျွန်တော်လည်း
    အဲလိုပဲပေါ့…..ဟဟ……
    ……….
    ကိုဘီလူးရေ့………
    သားကောင်တွေက လှသလားမမေးနဲ့
    အစ်ကိုလာသာကြည့်တော့……လာသာကြည့်တော့……
    စည်သူတို့ ပေါက်ဖော်တို့……ကိုပေတို့ …..ကိုဂီတို့လည်း လာကြည့်
    ကြမှာတဲ့…….ချင်းဒယ်နော်….လူဂျိ…….
    ……..
    အားပေးတာ
    ကျေးဇူးတင်ပါတယ် ကိုထွန်းဝင်းလတ်ရေ့….
    အမဲလိုက်ရတာ သားကောင်တွေလည်း အရင်လို
    မပေါတော့ဘူးဗျ
    သားကောင်တွေရှားလာတာလား ဒါမှမဟုတ်
    မုဆိုးက အရည်အသွေးကျဆင်းလာတာလည်း
    ဖြစ်မှာပေါ့ဗျာ…..
    ……….
    ကိုဘလက်ကြီးရေ့……..
    နောက်ပိုင်း ကျွန်တော် ပြန်ပျောက်ချင်ပျောက်ဦးမှာဗျ….
    ဟဲဟဲ …..ကိုယ့်အကြောင်းကိုယ်သိလို့ ……
    ဟိုတစ်ခါ ကိုဘလက်ကြီးပြောလို့ရေးဖြစ်နေတာ
    မောင်ရင်စာမရေးတာကြာပြီး ရေးဦးဆိုလို့
    အခုတလော အလုပ်တွေ ပိနေလို့ဗျာ…..

    ………

Leave a Reply