မော်လမြိုင် စက်စဲကမ်းခြေ

weiweiJanuary 1, 20124min27135

မော်လမြိုင်ရောက်တုန်း သွားလည်ခဲ့တဲ့ ကမ်းခြေတစ်ခုပါ။ ငယ်ငယ်ကလေးထဲက ရောက်ဖူးတဲ့နေရာတစ်ခုအနေနဲ့ ရင်ထဲမှာ ရင်းနှီးပြီးသားနေရာတစ်ခု ဖြစ်ပါတယ်။ မြို့ပြကနေ ခေတ္တထွက်ပြေးပြီး မြင်လိုက်ရချိန်မှာ မြင်ကွင်းဆန်းသစ်ပြီး ခံစားချက်တွေလဲ လွတ်လပ်လို့သွားပါတယ် … သဲပြင်ပေါ်မှာ ဖိနပ်မပါနဲ့ လျှောက်ခဲ့ရတဲ့ အရသာကတော့ ရေးမပြတတ်အောင်ပါပဲ … လတ်ဆတ်တဲ့ ပင်လယ်ရေအနံ့နဲ့ အုန်းစိမ်းရေသောက်ခဲ့တယ် … ဂဏန်းဟင်းနဲ့ ပင်လယ်စာတွေနဲ့ စားခဲ့ရတဲ့ စက်စဲကမ်းခြေက နေ့လည်စာကလဲ အမှတ်တရတစ်ခုပါပဲ …

နွားတစ်အုပ်ကလဲ ကမ်းခြေလာလည်ကြတယ်
လူလေးတွေ ကမ်းခြေမှာ သေးသေးလေးဖြစ်နေတယ်
ကမ်းခြေအလှ
သဘာဝပန်းချီ
ရေကစားနေတဲ့ မိသားစု
မြင်းစီးလို့ရတယ်
သဘာဝကျကျ မော်ဒယ်အလှ
လျှပ်တစ်ပြက်ရိုက်ချက်
လှိုင်းလေးတွေ ဖွေးကာဖွေးကာ ...
မောင်ပေအတွက် မော်လမြိုင်သူလေးများ
သူတို့ ပျော်နေလိုက်ကြတာ ...
ဘီဂနီ မဝတ်တဲ့ ရွှေမြိုင်သူတွေ
အုန်းပင်တွေ မရှိတော့တဲ့ ကမ်းခြေအလှ
ကြည့်လို့မဝ၊ လမ်းလျှောက်လို့မဝဖြစ်ခဲ့ရတယ် ..
ပင်လယ်ထဲက ခရုလိုအကောင်တွေ (တမင်ကြိုးနဲ့သီထားသလိုဖြစ်နေတယ်)
ဘီဂနီလိုက်ရှာပေမယ့် မတွေ့ခဲ့လို့ တွေ့တာပဲ ရိုက်ခဲ့ရတယ်

စက်စဲကမ်းခြေက ကျွန်မအမြင်မှာ အရင်ကထက် ပိုသန့်ရှင်းနေတယ်လို့ ခံစားမိပါတယ်။ ကမ်းစပ်နားမှာ ရေအနဲငယ်နောက်နေပေမယ့် နဲနဲဝေးဝေးကူးသွားလိုက်ရင် ပြာလဲ့လဲ့နဲ့ ကြည်လင်နေပါတယ်။ လူများများမတွေ့ရလို့ သန့်ရှင်းပြီး စိတ်လွတ်လပ်ပါတယ်။ ရေထောက်ဗလာနဲ့ ကမ်းခြေနားကပ်ပြီး လမ်းလျှောက်ရတာ အရမ်းကောင်းတယ်။ ကမ်းခြေနဲ့ နဲနဲလှမ်းတဲ့နေရာမှာတော့ အကောင်သေးသေးလေးတွေ သဲပြင်ပေါ် ပြေးလွှားနေတာမို့ ရှောင်လို့မရပဲ တက်နင်းမိနေလို့ လမ်းမလျှောက်ရဲအောင်ပါပဲ ..

ကျွန်မရဲ့ဒီတစ်ခေါက်ခရီးစဉ်က တရုတ်ပြည်မှာရင်းနှီးခဲ့ဖူးတဲ့ ဩစတြေးလျားနိုင်ငံသား ဆရာတစ်ယောက် မြန်မာပြည်လာလည်တာကို ကျွန်မနဲ့ မြန်မာသူငယ်ချင်းတစ်ယောက် အဖော်လိုက်လုပ်ပြီး ခရီးထွက်ခဲ့တာမို့ နေရာတစ်နေရာမှာ အေးအေးဆေးဆေးနေပြီး သေချာခံစား၊ သေချာရှင်းပြခဲ့ဖြစ်တာကြောင့် ခါတိုင်းခရီးထွက်တာတွေထက်တော့ ပိုပြီးလေးလေးနက်နက် မှတ်တမ်းတင်ထားမိပါတော့တယ် ….

ကျွန်မတို့ ၃ ယောက်ရဲ့ ထူးခြားချက်ကတော့ ဘာဘာသာစကားမှန်းမသိတဲ့ ရောကျော်ဘာသာ (အင်္ဂလိပ်၊ တရုတ်၊ မြန်မာ) နဲ့ ကိုယ်ပြောချင်သလိုပြောပြီး သူလည်းနားလည်ချင်သလိုနားလည်ပါတယ်။ တစ်ယောက်ယောက်များ စောင့်ပြီးနားထောင်နေလို့ကတော့ ကျွန်မတို့ကို အရူးတွေလို့ထင်သွားလောက်တယ် … 😛

35 comments

  • mandalarthu

    January 1, 2012 at 7:40 pm

    လှလိုက်တဲ ့ကမ်းခြေ ရှုခင်းလေး
    မြင်ရတာနဲ ့ လေတဟူးဟူးနဲ ့
    လှိုင်းကလေးတွေရဲ ့ ကမ်းပုတ်သံကို
    ကြားမိသလိုဘဲ။

  • comegyi

    January 1, 2012 at 7:40 pm

    စက်စဲကို နှစ်ခေါက်လောက်ရောက်ဖူးတယ်
    မဝေဒါ့ပုံတွေမြင်မှ
    သတိရလိုက်တာဗျာ
    ကျိုက်ခမီရောပေါ့…….

  • water-melon

    January 1, 2012 at 7:52 pm

    ရေကနောက်နေသလားလို့ မျက်စိဘဲမကောင်းတာလားမသိ

    အလှမ်းမဝေးပါ ကမ်းဘေးက
    ပျိုစောင့်နေမှာ
    တစ်ခေါက်သာ အရောက်လာ
    ကြည်နူးရစေမှာ ဤစက်စဲကမ်းခြေသာ

    ပုုံ/ ရွာစား မောင်မောင်ဖရဲ

    • weiwei

      January 1, 2012 at 9:21 pm

      စက်စဲရေက နောက်တယ်လေ … အဲဒါကြောင့်လဲ လူသွားနဲတာနေမှာပေါ့ …
      ဒါပေမယ့် ကျန်းမာရေးအတွက် ကောင်းပါတယ် … ပင်လယ်ရေစစ်စစ်ပဲ (ငံတူးနေတာပဲ) … သဲတွေများနေလို့ နောက်နေသလိုထင်ရတယ် … ရေကတော့ သန့်ပါတယ် …

  • Khin Latt

    January 1, 2012 at 7:54 pm

    မဝေ ရေ စက်စဲ က မွန်ပြည် နယ်ရဲ့ လှပတဲ့ နေရာလေးတွေထဲ က တစ်ခု ပါဘဲ။
    ဓာတ်ပုံ ဗဟုသုတလေး အတွက် ကျေးဇူးပါ။
    မွန်ပြည်နယ် အစားအစာပုံလေးတွေ လဲ Share ပါဦး။
    သွားရည်တမြားမြား နဲ့ ကြည့်ပြီး အားပေးပါမည်။ 😉

    • weiwei

      January 1, 2012 at 9:19 pm

      အစားအစာတွေကို ဓါတ်ပုံရိုက်ဖို့ မေ့လျော့နေခဲ့မိတယ် … စားပြီးမှပဲ သတိရမိတယ် … မော်လမြိုင်က အစား လို့ နံမည်ကြီးပေမယ့် စားသောက်ဆိုင်လက်ရာတွေက စားလို့မကောင်းပါဘူး … အကောင်းမြင်တတ်တဲ့ ကျွန်မတို့ဧည့်သည်က ကောင်းပါတယ်လို့ အားနာပါးနာပြောပြီး စားပေမယ့် ကျွန်မကတော့ များများမစားနိုင်ဘူး … ဈေးကြီးလို့ စားရတာမြိုမကျတာလဲတစ်ကြောင်းပေါ့ … 🙂

      • Foreign Resident

        January 1, 2012 at 9:38 pm

        မ Wei Wei
        အစားအစာတွေ သိပ်ဈေးကြီးလားဟင် ။
        အဘ မနက်ဖြန် မော်လမြိုင် သွားမှာ ။

        • weiwei

          January 2, 2012 at 1:06 pm

          ဂဏန်းနဲ့ ပင်လယ်စာ၊ ကျောက်ပွင့်သုတ်လိုမျိုး ဒေသထွက်တွေစားရင် မဆိုးဘူး တန်တယ် …
          ကြက်သားနဲ့ပတ်သက်တာတွေက လက်ရာညံ့ပြီး ဈေးမသက်သာဘူး …
          ကျိုက်မရောက အသုတ်ဆိုင်လေး ကောင်းတယ် … အသုတ်စုံရတယ် …
          မြို့ပေါ်မှာ ဒေါ်ပု မြန်မာထမင်းဆိုင်လဲ စားလို့ကောင်းတယ် …
          ဘုန်းကြီး တရုတ်ထမင်းဆိုင်လဲ ကောင်းတယ်ပြောတယ် (မစားဖြစ်ခဲ့ဘူး) …
          ငွေမိုးဟိုတယ်က အကင်တွေ စားလို့အဆင်ပြေတယ် …

    • ရွှေ မင်း သား

      January 1, 2012 at 10:11 pm

      ကျနော်လဲမော်လမြိုင်ကပြန်လာတာ ၁ပါတ်လောက်ဘဲရှိသေးတယ်
      အလယ်လမ်းမှာပဲလိပ်ဆိုင်ရှိတယ် ညနေ ၄ း၃ဝ လောက်မှဆိုင်ဖွင့်တယ် ၅ း ၃ဝ လောက် ရောင်းကုန်သွားပြီ။
      ကျနော်တော့ မစားခဲ့ရဘူး ။ ပထမတစ်ရက်က ဆိုင်မဖွင့်သေးလို့ ဒုတိယရက်က နောက်ကျသွားလို့။ နောက်ပြီး အဲဒီဆိုင်က တစ်နေ့ကို ပွဲ၄ဝ ဘဲရောင်းပေးတယ်။
      ကျိုက်မရော ဘုရားနားက အသုတ်ဆိုင်လေး စားလို့ကောင်းတယ်။ ငံပြာရေနဲ့မထွတ်ဘူး။ ကျနော့်အကြိုက်ဘဲ။
      ကျိုက်မရော ဘုရားမှာ ထန်းသီးသည် လေးတွေရှိတယ် ။ ကျနော် ဝယ်စားမလို့မေးကြည့်တာ ၄ ခု ကို ၅၀ဝ တဲ့ ။ ဒါပေမယ့် ကျနော်တို့အဖွဲ့ထဲက အဒေါ်တစ်ယောက်. ထန်းသီးတွေဝယ်လာလို့မေးကြည့်လိုက်တေ့ာ ၅၀ဝ ဖိုး ၁၂ ခု တဲ့။
      နောက်ပြီးပွဲဈေးတန်းထဲက ရေစိမ် မုန့်ဟင်းငါး စားလို့ကောင်းတယ်။

  • koyinmaung

    January 1, 2012 at 8:00 pm

    လူတွေသိပ်မတွေ့ဘူးနော်….
    လူရှင်းနေတာကိုကအပန်းဖြေလို့ပိုကောင်းမယ်ထင်ပါတယ်..
    ဓါတ်ပုံတွေတင်ပေးတာကျေးဇူးဘဲဝေဝေရေ…

  • windtalker

    January 1, 2012 at 8:06 pm

    ဒီပုံတွေ ကို
    သဂျီးက
    တစ်ပုံ ဒေါ်လာ ငါးထောင် ထက် နည်းပေးရင်
    လုံးဝ မရောင်းလိုက်ပါနဲ ့နော်
    အန်တီဝေ

  • pooch

    January 1, 2012 at 8:19 pm

    လှလိုက်တာ ကြည့်ရတာ မျက်စိအေးတယ်..ခရီးထွက်ရရင် ဘယ်လိုပဲ ဖြစ်ဖြစ်စိတ်အပန်းပြေပြီး တခဏတော့ စိတ်ချမ်းသာမိတယ် ထင်ပါတယ်….

  • ငပေါက်ဖော်

    January 1, 2012 at 9:28 pm

    ဘောလုံးသွားကန်မယ်
    မြင်းသွားစီးမယ်
    တူ ့နှယ်.တဲ့နှယ်

  • aye.kk

    January 2, 2012 at 7:41 am

    ပင်လယ်ဆားငံရေကကျန်းမာရေးအတွက်အလွန်ကောင်းတယ်ဆိုပြီး..
    အမေ့ရဲ ့အမတော်စပ်သူကပြောပြဘူးပါတယ်အတီရယ်တဲ့ကလေးတွေကိုတစ်နှစ်တစ်ခါခေါ်လာပြီး
    ပင်လယ်ဆားငံရေစိမ်ပေးသင့်တယ်ပေါ့နော်..လိုအပ်တယ်ဆိုပြီးပြောပြပါတယ်..
    ့ခန္ဓာမှာလိုအပ်နေတဲ့အငံဓါတ်ရရှိဘို့အတွက်ပင်လယ်ရေဆားငံဓါတ်ကအလွန်ကိုကျေးဇူးပြုတယ်ဆိုပြီး
    ပြောပြဘူးပါတယ်..
    ကျိုုက္ခမီရေလယ်ဘုရားကဆုတောင်းပြည့်လို့ဖူးပြီးဆုတောင်းခဲ့ဘို့ရယ်..
    ပင်လယ်ဆားငံရေဓါတ်ကိုအသားထဲထိစိမ့်ဝင်နိုင်အောင်
    အငံဓါတ်ရရှိသည်အထိတစ်နာရီကြာမျှပင်လယ်ဆားငံရေစိမ်ပေးခဲ့ပါဆိုပြီးမှာကြားကာ
    အိမ်အကူအဒေါ်ကြီးနဲ့လိုက်ပို့ပေးလို့ရောက်ဘူးခဲ့ပါတယ်..
    ပြောတဲ့အတိုင်းပဲနားထောင်ကာပင်လယ်ဆားငံရေရေစိမ်ခဲ့၊ဘုရားမှာလည်းဆုတောင်းပြီးပြန်ခဲ့တာပေါ့နော်
    နောက်ပြီးသတိပေးစကားပါမှာကြားပါသေးတယ်ပင်လယ်ရေကနံနက်ဆိုအတက်ဖြစ်ဖြစ်ပြီး၊ညနေစောင်း
    (၃)နာရီနောက်ပိုင်းကအကျပေါ့နော်၊ကျရေဆိုတော့လူကိုဆွဲချသွားတတ်လို့ ၊ကလေးတွေလည်းပါတော့
    စိတ်ပူပြီးမှာကြားကာပြောပြီးမှလွတ်လိုက်ပါတယ်..
    မှတ်သားစရာလေးတွေကြားသိခဲ့ဘူးတာကိုပြန်လည်ဝေငှလိုက်ပါတယ်..။

  • ဆူး

    January 2, 2012 at 10:04 am

    စက်စဲ ကမ်းခြေမှာ တည အိပ်ခဲ့တုန်းက ဘန်ကလိုမှာ တညလုံး အော်နေတဲ့ တောက်တဲ့ ကို သတိရမိတယ်။ အဲဒီတုန်းကတော့ တော်တော် အိပ်ရေးပျက်ခဲ့တယ်။ အခုတော့ အော်နိုင်တော့မယ် မထင်ဘူး။

    • phantom

      January 2, 2012 at 10:58 am

      ဒီလောက်ကံကောင်းတာ တောက်တဲ့များ ဖမ်းရောင်းလိုက်ပြီးရော ပိုက်ပိုက်လဲရ နားညည်းလဲ သက်သာ တောက်တဲ့တွေဈေးကောင်းနေတယ်လေ 😛

  • နီကီတာ

    January 2, 2012 at 10:28 am

    လှလိုက်တာ….

  • ကိုရင်စည်သူ

    January 2, 2012 at 12:48 pm

    မမဝေဝေရေ.. ဘဲရီးဂွတ်ဒ်… ဘဲရီးဘတ်ဒ်ဗျို့..
    ကျေးဇူးတင်တယ်… ဝမ်းနည်းမိတယ်..
    (ကျနော်ဘာပြောချင်လဲ မဝေနားလည်မည်ထင်ပါသည်) 🙂 🙂

  • blackchaw

    January 2, 2012 at 12:55 pm

    အားကျမိတယ်ဗျာ။ တကယ်ပါ။
    ခရီးထွက်မယ်လို့ စီစဉ်လိုက် ပျက်လိုက်နဲ့။
    စက်စဲ က ရန်ကုန်ကနေ ဘယ်လောက်သွားရလဲဗျ။
    တည်းခိုဘို့ ရော အဆင်ပြေရဲ့လား သိချင်ပါတယ်။

    • weiwei

      January 2, 2012 at 1:09 pm

      မော်လမြိုင်မြို့ပေါ်ကနေ စက်စဲကို တစ်နာရီကျော်လောက် ကားစီးရတယ် … စက်စဲနဲ့ ကျိုက်ခမီနဲ့က နီးတယ် …
      မြို့ပေါ်မှာ တည်းခိုခန်းတွေ အရမ်းကောင်းပါတယ် .. ဈေးလဲ သိပ်မကြီးဘူး …
      ရန်ကုန် မော်လမြိုင်က အဝေးပြေးကားနဲ့သွားရင် ရ နာရီကြာပါတယ် … ကိုယ်ပိုင်ကားဆိုရင် ၅ နာရီလောက်ပဲ ကြာတယ် …
      နောက်ထပ် နေရာတွေ ထပ်တင်ပေးပါအုန်းမယ် …
      ဒီနေ့တော့ မအားသေးလို့ .. နောက်နေ့မှပဲ …

  • water-melon

    January 2, 2012 at 1:32 pm

    လေးပေါက်လိုက်ခဲ့ပါလား
    ၂ လ ပိုင်း ၄ ရက်နေ့ တောင်ကြီးဘက်က ရွာမှာ ကျွန်တော် သူငယ်ချင်း မင်္ဂလာသွားဆောင်မှာ
    ရှုခင်းပုံတွေရိုက်ပြီး ပြချင်လိုက်တာ ခက်တာက ကင်မရာမရှိဘူးဗျ။

  • ကြောင်ကြီး

    January 2, 2012 at 2:58 pm

    ဆားအငန်ကို စုပ်နိုင်တာ အာလူးဖြစ်တယ်။ ဟင်းငန်သွားရင် အာလူးထည့် ဖြေပေးရတယ်။ ဒါကြောင့် ကမ်းစပ်မှာ အာလူးခင်းစိုက်ပြီး ပင်လယ်ရေအငံဓာတ်ကို လျော့ချနိုင်ပါတယ်။

  • kai

    January 2, 2012 at 5:22 pm

    ကျိုက္ခမီ..စက်စဲ ငယ်ငယ်က..ကောင်းကောင်းသွားခဲ့ဖူးသပေါ့…။
    စစ်တောင်းမြစ်ကြောင့်.. အဲဒီမုတ္တမကွေ့ပင်လယ်ရေဟာ.. အနည်ကျပြီး ကြည်လင်မနေပါဘူး..။
    ဒါကြောင့်… ကမ္ဘာတန်းဝင်.. ကမ်းခြေဖြစ်လာဖို့လည်း..မလွယ်ပါဘူး…

    ဘာပဲဖြစ်ဖြစ်…
    ကျိုက္ခမီ…ပုံလေးတွေ..အလွမ်းပြေ.. ကြည့်ချင်ကြောင်းပါခင်ဗျား…။

    • inz@ghi

      January 2, 2012 at 8:32 pm

      ကျနော်ငယ်ငယ်က အဲ့သည့်ဘက်ရောက်တော့ ..
      သံခြေကျင်း ခတ်ထားတဲ့ ရုပ်ပွားတော် တစ်ဆူ အကြောင်းကို ကို သွားသတိရတယ်….

      မွန်ပြည် မှာပေါ့ ..ဘယ်မြို့လည်းတော့ မေ့သွားဘီ ….. ထိုင်တော်မူပုံတော်မှာ ထုံးစံအတိုင်း…
      တင်ပြင်ခွေမဟုတ်ဘဲ …ခြေ၂ဖက် ချထားတဲ့ ရုပ်ပွားတော်လေ. ….
      အဆိုပါ ရုပ်ပွားတော်က အိပ်မက်တွေပေးတယ်တဲ့ တခြား ဒေသကို ကြွသွားတော့မှာလို့ …ဆိုပြီး ..
      သည်တော့ သံခြေကျင်း ခတ်တယ်တဲ့လေ ….. ငယ်တုန်းကတော့ အထူးအဆန်း ကြည့်ရ ဖူးရ …..

      အံ့ဩဘနန်း နားထောင်ရနဲ့ … ခုပြန်တွေးတော့ ….အင်း ……..
      ခုရော ရှိသေးလားမသိ. …ကျိုက္ခမီ ..စက်စဲ တကျော က ဘုရား ရုပ်ပွားတော်ပါပဲ …
      သိတဲ့လူရှိရင် ပြောပြပေးကြပါဦးနော်…..

      မတူတဲ့အမြင်နဲ့ မန့်ရရင် …
      ကမ်းခြေမှာ ဆိုင်ကယ်စီးတာ ..မြင်းစီးတာ ကျနော် လုံးဝ (ကွင်းစကွင်းပိတ်) ကန့်ကွက်ပါတယ်ဗျာ…..
      ကိုယ့်အပျော်က သူများ အနှောက်အယှက်မ ဖြစ်သင့်ဘူးရယ်လေ …..
      ပြေးလွှား ဆော့ကစားနေမယ့် …တစုံတယောက် များ တိုက်မိ ခိုက်မိမယ်ဆိုရင်…
      သူလည်း ပျော်ချင်လို့ လာတာ ကိုယ်လည်း ပျော်ချင်လို့လာတာ …….
      သူထိပ်ပေါက်ခေါင်းကွဲ ဖြစ်မယ် …. ကိုယ်လည်း ရုံးရောက် ဂါတ်ရောက်ဖြစ်မယ်ဆိုရင် …????
      လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပြိုင်ပွဲမှ အမေစု၏ မိန့်ခွန်းကို ကိုးကားပါသည်ဗျ…

      ခင်တဲ့ ဂီ

      • weiwei

        January 2, 2012 at 8:40 pm

        ဟုတ်တယ်ဂီဂီ … ကျိုက်မရောက ဆုတောင်းပြည့်ဘုရားပါ …
        ဓါတ်ပုံတွေရိုက်လာသေးတယ် …. မော်လမြိုင်ခရီးမှာ ပုံအကောင်းလေးတွေ အရင်တင်ပြီးမှ စိတ်ထဲဘဝင်မကျတာတွေ လာမှာမို့ ခဏစောင့်ပါအုန်း …
        အကောင်းမြင်သဘာဝရှုခင်းတွေပြီးရင် အဆိုးမြင် ဘာသာရေးအယူအဆတွေလာမည် … 🙂

        • inz@ghi

          January 2, 2012 at 8:43 pm

          ပြန်ဖြေပေးတာ ကျေးကျေးပါ အန်တီဝေဝေရယ်..
          စောင့်ဖတ်နေမယ်နော်. ..

          ခင်တဲ့
          ဂီ

  • MaMa

    January 2, 2012 at 7:25 pm

    စက်စဲကမ်းခြေက အေးချမ်းသာယာနေတာပဲ။
    ပုံလေးတွေ ကြည့်ရတာနဲ့ စိတ်ကြည်လင်လန်းဆန်းသွားစေတယ်။
    နှစ်သစ်မှာ မင်္ဂလာရှိသော ပုံများပါပဲ။ 🙂

  • တညင်သား

    January 2, 2012 at 7:42 pm

    စက်စဲ ကမ်းခြေက ရေ တော်တော်ငံပါတယ် မမြင်ရတဲ့နေရာ ယားနာပေါက်နေသူများ ရေဆင်းကူတာကြည့်ချင်တယ်……:P
    ဒီဇင်ဘာလ ကမ်းခြေမှာ လူရှိတယ်ဆိုတော့ သိပ်မချမ်းဘူးထင်ပါတယ်….

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    January 2, 2012 at 8:21 pm

    သဂျီးမင်းခင်ဗျား ရွာသဂျီးဆိုတိုင်းနဲ့ စွတ်မပြောဘို့ တောင်းပန်ပါတယ်ခင်ဗျ 😀
    ဂျပန်နိုင်ငံမှာ ဗွက်တွေလူးပြီးတောင် ဘာညာကွိကွ ဗွက်တွေ လူးကြသေးတာ
    ပင်လယ်အော်ထဲက နှုန်းရေနောက်တွေဆိုတာ
    ရေငန်နဲ့ ( အီးအီးတွေရော ရှုရူးတွေရော ) ပွေးဝဲညှင်းဒက် ရောဂါတွေကို ပျောက်စေဘာဒယ် 😀
    ငါးမန်းတွေဘာတွေ လာခဲ့စမ်းပါ ဖမ်းပြီးတရုပ်ပြည်ပို့ဘလိုက်မယ်
    နိုင်ငံဂျားသားများ ဘုရားပွဲလို လူရှုပ်ရင် သိပ်မကြိုက်ပါဘူး
    လူတွေမရှုပ်တဲ့အတွက် ကမ်းခြေတစ်ခုလုံး ကိုယ်တစ်ယောက်ထဲပိုင်သလို အကျယ်………………………………………………………………………………………………….
    ဂျီး
    အပီကူး တစ်ယောက်ထဲ ကောင်းမှကောင်းဖြစ်ပါကြောင်း
    အတိုက်ခံပြောကြားလိုက်ပါတယ်ခင်ဗျား

    • kai

      January 3, 2012 at 8:33 am

      ဓါတ်ပုံအရ.. စက်စဲကတခုတော့ ထူးခြားတယ်..။
      သဲသောင်က ကျယ်တာပဲ..။ ကျုပ်တွေ့ဖူးတာတွေထက်တော့ အများကြိးပိုကျယ်နေတယ်…။
      ဝေမမက..တခြားသဲသောင်တွေမြင်ဖူးမှာပါ..။ နှိုင်းပြပါဦး..။

      နောက်သဘောတရားတခုက..သဲသောင်ကျယ်တာဟာ.. ဒီအတက်အကျ.. ရေးအနိမ့်အမြင့်များတာလားတော့ မသိ…။
      ဘာပဲဖြစ်ဖြစ်.. . ထရော့ပစ်ကယ်ရာသီဥတုဖြစ်တဲ့.. အဲဒီဒေသတဝိုက်က.. စစ်တောင်းနှုန်းတွေကြောင့်.. ငါးများမှာသေချာလောက်ပါတယ်..။
      ငါးများများ ဖမ်းနို်င်တဲ့.. ငါးဖမ်းတိုးရစ်ဇင်လုပ်ပြီး… . ဒေသစီးပွားတက်နိုင်တယ်ထင်ပါကြောင်း…။ 🙂

      • weiwei

        January 3, 2012 at 9:28 am

        ထားဝယ်က မောင်းမကန်ကမ်းခြေက ပိုလှတယ် … ရေပိုသန့်တယ် … ကြည်တယ် … အစိမ်းရောင်ဖြစ်နေတယ် … စက်စဲရေထက် ပိုငံတယ် … သဲသောင်ပြင်လဲကျယ်တယ် … အုန်းပင်တွေအများကြီးနဲ့ သာယာတယ် …

        ရခိုင်ပြည်နယ်က ကမ်းခြေတွေက ရေပြာတယ် … သဲသောင်ပြင်သိပ်မကျယ်ဘူး .. ကမ်းရိုးတန်းရှည်တယ် … ရေအငံဓါတ်နဲနဲလျော့တယ် …

        မြန်မာပြည်မှာ ရောက်ဖူးသမျှကမ်းခြေတွေထဲမှာတော့ စက်စဲက အညံ့ဆုံးလို့ထင်တာပဲ … ဒါပေမယ့် ကျိုက်ခမီနဲ့တတွဲထဲသွားဖြစ်လို့ မကြာခဏရောက်ဖြစ်တယ် … highway လမ်းတစ်လျှောက်သာသာယာယာရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ စက်စဲကမ်းခြေကို သွားလည်သင့်ပါတယ် … ငါးခြောက်လဲပေါတယ် … အုန်းစိမ်းရေလဲ ကောင်းပါတယ် …

  • ssa

    January 3, 2012 at 12:58 pm

    သွားချင်စမ်းပါဘိဗျာ..
    ကောင်မလေးတွေတော်တော်ချောရဲ့လား

  • sirikhat

    February 28, 2013 at 1:22 pm

    စက်စဲသွားလည်မလို့ပါ

  • myat pearl phyu

    March 18, 2014 at 5:25 pm

    မရောက်ဖူးသေးလို့ ပုံလေးတွေ နဲ့ သူများအတွေ့ကြုံလေးတွေပဲ ငေးမောရင်း ….
    မော်လမြိုင်ခရီးထွက်ဖြစ်ရင်တော့ စက်စဲကမ်းခြေရောက်ဖြစ်မယ် ထင်ပါရဲ ့ ….

Leave a Reply