“သစ္စာပန်းခင်းစိုက်ရအောင်”

aye.kkJanuary 1, 20121min14211

နှစ်ထောင့်ဆယ့်နှစ်..
အသစ်ဖွင့်လှစ်မဲ့စာမျက်နှာတွေ..
ဖြူစင်ကာလေစေတနာများနဲ့..
မုဒိထားကာလှမ်းလို့သာဝင်ခဲ့ပါဂေဇက်ရွာ..
အာဃာတတွေဖယ်ကာရှား..မေတ္တာတွေထားပါလို့..
မှားတာတွေရှိရင်လည်းအားလုံးက ခွင့်လွတ်နားလည်ပေးနိုင်အောင်..
ဝန်ချကာတောင်းပန်တတ်ရင်း..
သူကြီးပေးတဲ့နှစ်သစ်လက်ဆောင်ရွှေစောင်းနှစ်လက်ကမျက်နှာချင်းဆိုင်လျှက်ပေမို့…
တွေးယူပါရွာသူားများ.. အပေးနဲ့အယူကြည်ဖြူကာမျှတထားလို့ သူကြီးကိုဝိုင်းရံကာကူညီရင်း..
တစ်ယောက်နဲ့တစ်ယောက်ကြိုက်မတူတာရှောင်ရှားလို့သိတာတွေဖလှယ်ရင်း..
သမုဒိချစ်စကြိုးရှည်ရှည်နဲ့ခိုင်ခိုင်မြဲမြဲတုပ်နှောင်ကာချည်ကာထားလို့..
တွဲလက်တွေမဖြုတ်စတမ်းပေါ့ လျှောက်လှမ်းကြစို့အတူတူ..
စာချစ်သူဆွေသဟာများရယ်..
ပေါင်းစည်းကာသာအောင်ကြောင်းဝေဖြာစွာနဲ့..
ဂေဇက်ရွာဝင်စာရနံ့တွေသင်းပျံ့မွှေးကြူကြိုင်လှိုင်စေဘို့..
တို့တွေအားလုံး..
သစ္စာပန်းခင်းစိုက်ရအောင်..။

11 comments

  • KING

    January 1, 2012 at 8:09 pm

    ချစ်ကမ္ဘာ(ရွာ)လမ်းက
    သစ္စာပန်းခင်းကို
    မေတ္တာရေစင် သွန်းလောင်းလို့
    သံယောဇဉ် စည်းရိုးလေးတွေနဲ့ကာရံ
    ကြင်နာမှုတွေ ထည့်သွင်းရင်းးးးးးးးးးးးးး
    ……………………. <3

  • Khin Latt

    January 1, 2012 at 9:02 pm

    အစ်မ အေး နဲ့ အတူ သစ္စာပန်းလေးတွေ အတူစိုက်သွားပါတယ်။
    အစ်မ နဲ့ မိသားစု နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။

  • windtalker

    January 1, 2012 at 9:45 pm

    လူ ့ဘဝ ဆိုတာ တိုတိုလေးမို ့
    ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်း ကို သာ တန်ဘိုးထားကြပါစို ့

  • Thel Nu Aye

    January 1, 2012 at 10:18 pm

    ဟုတ်ကဲ့ရှင့်။ ရွာထဲကမြေလွတ်တွေအားလုံးမှာ အစ်မ အေး နဲ့ အတူ သစ္စာပန်းလေးတွေ အတူစိုက် ကြရအောင်နော်။

  • TTNU

    January 1, 2012 at 11:16 pm

    မအေးရေ
    နှစ်သစ်မှာ မိသားစုနှင့်တကွ ချမ်းမြေ ့ပါစေရန်
    မေတ္တာပို့သပါတယ်။

    မုန်းစကိုတို၍
    ချစ်စတွေရှည်ကာ
    သစ္စာပန်းခင်းကြီးထဲ
    အမြဲ ငြိမ်းချမ်းနေပါစေသတည်း။

    မေတ္တာဖြင့်
    တီတီနု

    • Khin Latt

      January 2, 2012 at 5:23 am

      တီချယ်ကြီး TTNU-
      နှစ်သစ် မှာ တီချယ်ကြီး နဲ့ မိသားစု ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။
      ချစ်ခင်စွာဖြင့်
      မလတ်

  • comegyi

    January 2, 2012 at 12:22 am

    သစ္စာပန်းခင်းလေးစိုက် …..
    ပြီးရင် ရှင်သန်နေတဲ့ပန်းပင်လေးကို
    ရေလောင်းပေါင်းသင်
    အတ္တမြက်ပင်လေးတွေကိုဖယ်ရှား
    မောဟ ပိုးကောင်လေးတွေကို ကာကွယ်
    တစ်နေ့မှာ…..
    မေတ္တာ၊ ဂရုဏာ၊ မုတိတာ ဆိုတဲ့
    ပန်းလှလှတစ်ပွင့်
    ပွင့်လာပါလိမ့်မယ်…..

  • aye.kk

    January 2, 2012 at 6:52 am

    ကီးရဲ ့မေတ္တာရေစင်…
    မလတ်ကစိတ်အတူ..
    ကိုဝင်းတော့ကာရဲ ့တန်ဘိုး..
    သဲနုကတတပ်တအား..
    တီတီနုရဲ ့မုဒိတရား..
    ကမ်းဂျီးရဲ ့ပန်းတစ်တပွင့်..
    အားလုံးကိုပင်ကျေးဇူးအထူးမြင်…။

  • blackchaw

    January 2, 2012 at 9:25 pm

    ကျွန်ုပ်ဘလက်ကလည်း
    နှစ်သစ်မှာ
    စိတ်ရောကိုယ်ပါ
    ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

  • nature

    January 2, 2012 at 11:03 pm

    နှစ်သစ်မှာ-
    သစ္စာပန်းခင်းထဲမှာ မေတ္တာလမ်းခင်းပြီး ပျော်ရွှင်နိုင်ပါစေလို့ ..ဆုတောင်းပေးလိုက်ပါတယ်။

  • aye.kk

    January 4, 2012 at 7:13 pm

    ကိုဘလက်,natyre ရောပေးတဲ့ဆု..
    ယူသွားပြီနော်..ကျေးဇူးပါ ။

Leave a Reply