အရင်အတိုင်းပဲ …. ငါ … <3

KingJanuary 1, 20121min1168

ရင်ဘတ်က အောင့်လာ
လွမ်းဆွတ် ဝေဒနာကို
မဖြေသာ
ရင်မှာပိုက်လို့
တိုးတိတ်ကာလွမ်း
ဟိုးအတိတ်က အနမ်း ….. <3
မေ့မရလို့ တမ်းတ
လွမ်းရတဲ့ ငါ့ဘဝ
လှမ်းခွင့်ကမသာ
မင်းဘက်က ဆွေမျိုးကြောင့်ပါ
အခုတော့ငါ …..
မင်းဘဝချမ်းသာဖို့အရေး
နှလုံးသားကိုစတေးလို့
လမ်းခင်းပေးလိုက်ပါ့မယ် ….
ကြမ္မာရဟတ် တစ်ပတ်လည်လို့
ပြန်ဆုံတွေ့ခဲ့ရင်
အရင်အတိုင်းပဲ ချစ်မြဲ
ချစ်နေတဲ့ ငါ …. <3 … ( ! _ ! )

 : : : : : KING : : : : :

8 comments

  • windtalker

    January 1, 2012 at 8:33 pm

    – ချာမ သားရင်ဘတ်ထဲက အောင့်အောင့်နေလို ့
    – အဲဒါကြောင့် သားကို ပြောထှာ ၊ လျှော့သောက်ပါဆို …ဆို
    ဟီဟိ
    စတာနော်

    • ငပေါက်ဖော်

      January 1, 2012 at 9:23 pm

      ဗိုက်ထဲမှာ အစာရှိလဲနာ အစာမရှိလဲနာ
      ဒါဆို ဗိုက်ကြီးတာပဲ ဖြစ်ရမယ်ကွဲ ့

      ကိုကင်းရေ့
      အရင်တိုင်းပဲ ချစ်မြဲ ချစ်နေနိုင်ပါစေဂျာ
      ငပေကတော့ အချစ်များတယ်….သူ ့လိုမလုပ်နဲ ့တိယား

      • windtalker

        January 1, 2012 at 9:49 pm

        မျောက်ကျော် လို လဲ လုပ်နဲ ့
        သူက ကုတ်ကမြင်း ရယ်

        • ငပေါက်ဖော်

          January 1, 2012 at 9:59 pm

          သဂျီးမင်းချင့်
          သများကို ကုပ်ကမြင်းလို ့ပြောတဲ့လူဂျီးကို အရေးယူပေးပါချင့်
          အရေးယူတဲ့နေရာမှာလဲ ပြင်းပြင်းထန်ထန် အထူးသဖြင့် ရောဘတ်တိုကားလို ့စ်ရဲ့ ကစ်ခ်
          လောက်ပြင်းတဲ့ ကစ်ခ်ချက် မျိုးနဲ ့ ကစ်ခ် ပြီး အရေးယူပေးပါစေချင်ပါလယ်ချင့်
          ပုံ
          သများ

        • inz@ghi

          January 1, 2012 at 10:41 pm

          ဟီဟိ…
          သများကို သနားထှာ …
          မ ဖော်ဖော်လေးကို မွ မွ …..
          အာဟိ

  • comegyi

    January 2, 2012 at 12:59 am

    သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ
    သူတစ်ယောက်မှာ ……..
    လင်္ကာလို မျိုးပါလား ကိုကင်းရေ့…..

  • Moe Z

    January 2, 2012 at 11:34 am

    ဦးကင်းရဲ့ကဗျာက ဖတ်ရင်းရဲ့ Rap သီချင်းဖြစ်သွားတယ်
    ဖတ်တဲ့သူတော်တယ်နော် 😛

  • KING

    January 2, 2012 at 3:40 pm

    ကိုပေရေ
    လျှော့သောက်ပါတယ် … ပုဆိုးကို .. 😛
    ဦးဦးဖော်ရေ
    ဗိုက်အကြောင်းမပြောပါနဲ ့ဗျာ … သတိရလွန်းလို ့ပါ … ဘာလဲဆိုတာတော့ မမေးကြေး …. 😀
    ကို comegyiရေ
    ကျွန်တော်က စာဖတ်အားသိပ်နည်းပါတယ် အထူးသဖြင့် ကဗျာတွေပေါ့
    ဒါပေမယ့် စိတ်ခံစားချက် ပြင်းထန်လွန်းလာရင် ဘာမှန်းမသိ ညာမှန်းမသိ လျှောက်ရေးတတ်တယ်ဗျ … အခုလိုမျိုးပေါ့ …
    မတ်ဇိုး ညီမ
    Rap ဆိုလိုရရင်လည်း တစ်ပိုဒ်လောက် ဆိုပြပါအုန်းဗျ … 😛

Leave a Reply