” အဲဒီအခန်းဖြတ် ” ဇာတ်ကား လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဇကာတင် စာရင်းဝင်
” အဲဒီအခန်းဖြတ် ” ဇာတ်ကား လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဇကာတင် စာရင်းဝင်
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ခံရသော ဇကာတင် ဇာတ်ကားများတွင် ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်မှုကြောင့် ထုတ်ပယ်ခြင်း ခံရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော ဒါရိုက်တာ ဝိုင်း၏ ” အဲဒီအခန်းဖြတ် ” ဇာတ်ကားလည်း ပါဝင်လာခဲ့ကြောင်း
ရုပ်ရှင်ပွဲတော် မစတင်မီကပင် အင်တာနက် မှတဆင့် လူသိများခဲ့သော ဒါရိုက်တာ ဝိုင်း၏ “အဲဒီအခန်း ဖြတ်” ရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူဝါဒနှင့် လုပ်ဆောင်ချက်များ အပေါ်တွင် ထိမိစွာ သရော် လှောင်ပြောင်ထားသော ဇာတ်ကားဖြစ်ပြီး လက်ရှိ ရုပ်ရှင်လောကသားများဖြင့် ရိုက်ကူးထားသော ဇာတ်ကားလည်း ဖြစ်သည်။
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာ ခုနှစ်လွှာတွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအား ယနေ့ ညနေ ၄ နာရီခန့်က ပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား စတင်မီ ကိုရဲလွင်၊ ကိုနေဝင်း၊ ဆောင်းဦးလှိုင်၊ လင်းလင်း၊ ACID အဖွဲ့နှင့် ဂီတမိတ်အဖွဲ့သားများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကြသည်။
ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်သော ဇာတ်ကားပေါင်း ၁၈၈ ကား အနက်မှ ၅၃ ကားအား ဇကာတင် ဇာတ်ကားများအဖြစ် ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခြင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဇကာတင် ၅၃ ကားမှ ၅ ကားကို ဆုပေးအပ်မည် ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို ကြီးကြပ်ဒိုင် အဖြစ် ဆောင်ရွက်နေသူ ဦးသူရ (ခေါ်) ဇာဂနာက ပြောကြားသည်။
The Voice Weekly မှ…………………..
အဲဒီရုပ်ရှင်ကားတွေအားလုံးကြည့်ရင်ကောင်းမယ်။ အခွေထွက်မလားမသိဘူး။ ၁၈၈ ကားလုံးပေါ့။
Was this answer helpful?
LikeDislikeမြန်မာ ဇတ်ကားတွေ ဒီထက်ပိုပြီး တန်းဝင်နိုင်ကြပါစေ။
Was this answer helpful?
LikeDislikeWas this answer helpful?
LikeDislikeမြန်မာကားဆို
ဂျစ်ကားကစလို့ ရုပ်ရှင်ဇာတ်ကားထိ ဘာမှမကောင်းဘူး
ချစ်ကြိုက်ကွဲလွမ်းညား
ဒါပဲကြည့်နေရတာ နှစ်လေးဆယ်လောက်ရှိပြီ
Was this answer helpful?
LikeDislikeဟယ် super custom တော့ကောင်းတယ်လေ။ သူလဲဇုန်ကား ( မြန်မာကား ) ပဲ။
Was this answer helpful?
LikeDislikeသြော်….အဲလောက်လည်းးးးး
မချီးမွမ်းပါနဲ့….ကိုဘီလူးးးရေ
မြန်မာကားတွေကိုလေ..ဟီးးးးး
Was this answer helpful?
LikeDislikeAll may be good.
Was this answer helpful?
LikeDislikeဟိုးအရင်က ကားဟောင်းတွေလောက်သာ(အဖြူအမဲခေတ်)ကောင်းတာ အခုနောက်ပိုင်းတော့
ဟိုနိုင်ငံက ကားကူးချ ဒီနိုင်ငံက ကားကူးချနဲ့ ဘာမှကို အနှစ်မပါဘလာ ကြီးပဲ
ဒီလိုကော်ပီ တွေတော့ ဆင်ဆာ မဖြတ်ပဲနဲ့ ………………….တွေကြတော့
အဲ.. ….. ပြောတော့ပါဘူးလေ ။
ဒီကြားထဲကမှ သမိုင်းထဲက သူရဲကောင်းကို နှာဘူးဖြစ်အောင်လုပ်တာ ကြတော့
ဆင်ဆာအဖွဲ့တွေက………………………………………ပြောတော့ပါဘူးလေ ။
Was this answer helpful?
LikeDislike